×

ရန္ကုန္တိုင္းေဒသႀကီး၊ ရန္ကုန္ၿမိဳ႕အတြင္းရွိၿမိဳ႕နယ္ ၁၉ ခု၌ ၂ ရက္ၾကာ ေရျပတ္ေတာက္မည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ (YCDC) က စက္တင္ဘာ ၄ ရက္ေန႔က ထုတ္ျပန္ထားသည္။

ေလွာ္ကားပိုက္လိုင္းေဟာင္းေနရာတြင္ တိုက္တာအေဆာက္အအုံမ်ား ေဆာက္လာၾကရာ ပိုက္လိုင္းႏွင့္ မလြတ္ကင္းေသာေၾကာင့္ ေနရာ ေျပာင္းေ႐ႊ႕ ခ်ထားရျခင္း ျဖစ္ၿပီး လိုင္းအသစ္ႏွင့္ ေျပာင္းလဲတပ္ဆင္ခ်ိန္ ယူရမည္ျဖစ္၍ ယခုကဲ့သို႔ ယာယီျဖတ္ေတာက္ရျခင္းျဖစ္ၾကာင္း YCDC ၊ အင္ဂ်င္နီယာဌာန (ေရႏွင့္သန႔္ရွင္းမႈ) အေရွ႕ပိုင္းခ႐ိုင္မႉး ဦးေက်ာ္ေက်ာ္ဦးက ဧရာဝတီကို ေျပာသည္။

ဦးေက်ာ္ေက်ာ္ဦး က “ေလွာ္ကားပိုက္လိုင္းက မလြတ္ကင္းေတာ့ဘူး။ မလြတ္ကင္းတဲ့ အတြက္အစားျဖည့္တလိုင္းက ခ်ၿပီးသြားၿပီ။ အဝင္နဲ႔အထြက္ကို ေပါင္းၿပီေလ။ ၃၆ နာရီအခ်ိန္ယူၿပီး ပိတ္ၿပီးေတာ့လိုင္းေပါင္းမယ္” ဟု ဆိုသည္။

ယင္းသို႔ ျပဳျပင္မႈမ်ား ျပဳလုပ္ရန္ စက္တင္ဘာလ ၁၃ ရက္ႏွင့္ ၁၄ ရက္မ်ား၌ နံနက္ ၁၀ နာရီမွ ည ၁၀ နာရီ အတြင္း ေ႐ႊျပည္သာ၊ အင္းစိန္၊ မဂၤလာဒုံ၊ မရမ္းကုန္း၊ လႈိင္သာယာ၊ လႈိင္၊ ကမာ႐ြတ္၊ ရန္ကင္း၊ ဗဟန္း၊ တာေမြ၊ သာကေတ၊ ေဒါပုံ၊ မဂၤလာဒုံ၊ ပုဇြန္ေတာင္၊ ဗိုလ္တေထာင္၊ ေက်ာက္တံတား၊ ပန္းဘဲတန္း၊ လသာႏွင့္ လမ္းမေတာ္ စသည့္ ၿမိဳ႕နယ္တို႔တြင္ ေရျပတ္ေတာက္မည္ ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

YCDC ၊ အင္ဂ်င္နီယာဌာန (ေရႏွင့္ သန႔္ရွင္းမႈ) အေနာက္ပိုင္းခ႐ိုင္မႉး ဦးခ်စ္ကိုကို က “၉ မိုင္နားမွာ ကြန္ကရစ္ပိုက္ အေဟာင္းအစား HDP ပိုက္နဲ႔ျပန္ၿပီး ေတာ့လိုင္းေ႐ႊ႕တာေပါ့။ နဂိုကြန္ကရစ္ ပိုက္လိုင္းအစား ေနရာေ႐ႊ႕လိုက္တာေပါ့။ အဲဒီအတြက္ကို ယာယီျဖတ္ေတာက္မွာပါ” ဟု ဧရာဝတီသို႔ ေျပာသည္။

ထိုကဲ့သို႔ ေရျပတ္ေတာက္မည္ျဖစ္ရာ ေရႀကိဳတင္စုေဆာင္းထားၾကရန္ႏွင့္ အဆိုပါအခ်ိန္ကာလအတြင္း ေရလိုအပ္ခ်က္ရွိပါက ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီထံသို႔ ဖုန္းဆက္ကာ ေရသယ္ယာဥ္မ်ားေတာင္းခံၿပီး ေရရယူႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။

ဦးခ်စ္ကိုကိုက “အခက္အခဲရွိတဲ့ၿမိဳ႕နယ္ေတြကို ေရကားေလးေတြနဲ႔ လိုက္ပို႔ေပးပါတယ္။ ေရျပတ္တိုင္းလည္း စီစဥ္ေပးပါတယ္။ မွ်ၿပီးေတာ့ အေရးေပၚအတြက္ သုံးစြဲလို႔အဆင္ေျပေအာင္ ေရကားေလးေတြ စီစဥ္ေပးတာ” ဟုေျပာသည္။

သာေကတ ၿမိဳ႕နယ္ ေနထိုင္သူ ကိုထက္ျမက္ က “ေရျပတ္မယ္ဆိုရင္လည္း ႀကိဳတင္ၿပီး ေၾကညာ သတိေပးတာတို႔ကို မၾကာခဏ လုပ္ေဆာင္ေပးသင့္တယ္။ ဘာလို႔လဲ ဆိုေတာ့ သူတို႔ ေၾကညာခ်ိန္မွာ မသိလိုက္တဲ့သူရွိႏိုင္သလို ေမ့သြား တာမ်ိဳးေတြ ျဖစ္ၿပီး ႀကိဳတင္ ေရတင္ထားဖို႔ကို ေရစုေဆာင္းထားဖို႔ မလုပ္ျဖစ္တာမ်ိဳးေတြ ရွိေနမွာစိုးလို႔ပါ။ ေရျဖတ္မယ့္ေန႔ ေရာက္ခါနီးရင္လည္း ႐ုပ္ျမင္သံၾကားက တဆင့္ မၾကာခဏ ေၾကညာေပးရင္ အဆင္ေျပမွာပါ” ဟု ဆိုသည္။

အဆိုပါႏွစ္ရက္တြင္ ေရအခက္အခဲျဖစ္ပါက အေရွ႕ပိုင္းခ႐ိုင္မႉး ၀၉၂၅၀၂၈၃၈၂၃၊ အေနာက္ပိုင္းခ႐ိုင္မႉး ၀၉၂၅၀၂၈၃၈၁၂၊ ေတာင္ပိုင္း ခ႐ိုင္မႉး ၀၉၅၀၅၄၅၆၅ ႏွင့္ ေျမာက္ပိုင္းခ႐ိုင္မႉး ၀၉၅၀၈၁၂၂၉ စသည့္ ဖုန္းနံပါတ္မ်ားသို႔ ဆက္သြယ္ႏိုင္ေၾကာင္း YCDC၊ အင္ဂ်င္နီယာဌာန (ေရႏွင့္သန႔္ရွင္းမႈ)က ထုတ္ျပန္ထားသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:irrawaddy
# Unicode Version ျဖင့္ ဖတ္ပါ #
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့အတွင်းရှိမြို့နယ် ၁၉ ခု၌ ၂ ရက်ကြာ ရေပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က စက်တင်ဘာ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။

လှော်ကားပိုက်လိုင်းဟောင်းနေရာတွင် တိုက်တာအဆောက်အအုံများ ဆောက်လာကြရာ ပိုက်လိုင်းနှင့် မလွတ်ကင်းသောကြောင့် နေရာ ပြောင်းရွှေ့ ချထားရခြင်း ဖြစ်ပြီး လိုင်းအသစ်နှင့် ပြောင်းလဲတပ်ဆင်ချိန် ယူရမည်ဖြစ်၍ ယခုကဲ့သို့ ယာယီဖြတ်တောက်ရခြင်းဖြစ်ကြာင်း YCDC ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) အရှေ့ပိုင်းခရိုင်မှူး ဦးကျော်ကျော်ဦးက ဧရာဝတီကို ပြောသည်။

ဦးကျော်ကျော်ဦး က “လှော်ကားပိုက်လိုင်းက မလွတ်ကင်းတော့ဘူး။ မလွတ်ကင်းတဲ့ အတွက်အစားဖြည့်တလိုင်းက ချပြီးသွားပြီ။ အဝင်နဲ့အထွက်ကို ပေါင်းပြီလေ။ ၃၆ နာရီအချိန်ယူပြီး ပိတ်ပြီးတော့လိုင်းပေါင်းမယ်” ဟု ဆိုသည်။

ယင်းသို့ ပြုပြင်မှုများ ပြုလုပ်ရန် စက်တင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်များ၌ နံနက် ၁၀ နာရီမှ ည ၁၀ နာရီ အတွင်း ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ လှိုင်သာယာ၊ လှိုင်၊ ကမာရွတ်၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ သာကတေ၊ ဒေါပုံ၊ မင်္ဂလာဒုံ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာနှင့် လမ်းမတော် စသည့် မြို့နယ်တို့တွင် ရေပြတ်တောက်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

YCDC ၊ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) အနောက်ပိုင်းခရိုင်မှူး ဦးချစ်ကိုကို က “၉ မိုင်နားမှာ ကွန်ကရစ်ပိုက် အဟောင်းအစား HDP ပိုက်နဲ့ပြန်ပြီး တော့လိုင်းရွှေ့တာပေါ့။ နဂိုကွန်ကရစ် ပိုက်လိုင်းအစား နေရာရွှေ့လိုက်တာပေါ့။ အဲဒီအတွက်ကို ယာယီဖြတ်တောက်မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုကဲ့သို့ ရေပြတ်တောက်မည်ဖြစ်ရာ ရေကြိုတင်စုဆောင်းထားကြရန်နှင့် အဆိုပါအချိန်ကာလအတွင်း ရေလိုအပ်ချက်ရှိပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံသို့ ဖုန်းဆက်ကာ ရေသယ်ယာဉ်များတောင်းခံပြီး ရေရယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ဦးချစ်ကိုကိုက “အခက်အခဲရှိတဲ့မြို့နယ်တွေကို ရေကားလေးတွေနဲ့ လိုက်ပို့ပေးပါတယ်။ ရေပြတ်တိုင်းလည်း စီစဉ်ပေးပါတယ်။ မျှပြီးတော့ အရေးပေါ်အတွက် သုံးစွဲလို့အဆင်ပြေအောင် ရေကားလေးတွေ စီစဉ်ပေးတာ” ဟုပြောသည်။

သာကေတ မြို့နယ် နေထိုင်သူ ကိုထက်မြက် က “ရေပြတ်မယ်ဆိုရင်လည်း ကြိုတင်ပြီး ကြေညာ သတိပေးတာတို့ကို မကြာခဏ လုပ်ဆောင်ပေးသင့်တယ်။ ဘာလို့လဲ ဆိုတော့ သူတို့ ကြေညာချိန်မှာ မသိလိုက်တဲ့သူရှိနိုင်သလို မေ့သွား တာမျိုးတွေ ဖြစ်ပြီး ကြိုတင် ရေတင်ထားဖို့ကို ရေစုဆောင်းထားဖို့ မလုပ်ဖြစ်တာမျိုးတွေ ရှိနေမှာစိုးလို့ပါ။ ရေဖြတ်မယ့်နေ့ ရောက်ခါနီးရင်လည်း ရုပ်မြင်သံကြားက တဆင့် မကြာခဏ ကြေညာပေးရင် အဆင်ပြေမှာပါ” ဟု ဆိုသည်။

အဆိုပါနှစ်ရက်တွင် ရေအခက်အခဲဖြစ်ပါက အရှေ့ပိုင်းခရိုင်မှူး ၀၉၂၅၀၂၈၃၈၂၃၊ အနောက်ပိုင်းခရိုင်မှူး ၀၉၂၅၀၂၈၃၈၁၂၊ တောင်ပိုင်း ခရိုင်မှူး ၀၉၅၀၅၄၅၆၅ နှင့် မြောက်ပိုင်းခရိုင်မှူး ၀၉၅၀၈၁၂၂၉ စသည့် ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ကြောင်း YCDC၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)က ထုတ်ပြန်ထားသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top