ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ဆံေတာ္ရွင္က်ဳိက္ထီး႐ိုးေစတီကုိ ဖူးေျမာ္ေနသူအခ်ဳိ႕ (ဓာတ္ပုံ−စုိင္းေဇာ္)

 မြန္ျပည္နယ္ က်ိဳက္ ထုိၿမိဳ႕နယ္ က်ိဳက္ထီး႐ုိးေဂါပက အဖြဲ႕သစ္ဖြဲ႕စည္းၿပီးလွ်င္ ယင္း အဖြဲ႕က ရန္ပုံေငြက်ပ္ ၉ ဒသမ ၃ ဘီလီယံခန္႔ အပ္ႏွံမည္ျဖစ္ ေၾကာင္း ေဂါပကဦးေက်ာ္၀င္း လႈိင္က ေျပာသည္။

ယခု ယာယီေဂါပကအဖြဲ႕ကုိ ၂၀၁၆ စက္တင္ဘာ ၃၀ ရက္တြင္ သာသနာေရးႏွင့္ယဥ္ေက်းမႈ၀န္ ႀကီးဌာနက ခန္႔အပ္ခဲ့ၿပီး အဆုိပါ အဖြဲ႕ထံသုိ႔ ယခင္ေဂါပကအဖြဲ႕ ေဟာင္းက ေဂါပကအဆက္ဆက္ လက္က်န္ရန္ပံုေငြက်ပ္ ၁ ဒသမ ၆ ဘီလီယံခန္႔သာ လႊဲအပ္ခဲ့ ေၾကာင္း ဦးေက်ာ္၀င္းလႈိင္ကဆုိ သည္။

က်ိဳက္ထီး႐ုိးေဂါပကအဖြဲ႕ သစ္ကုိ စက္တင္ဘာ ၁၆ ရက္ တြင္ ေရြးခ်ယ္ဖြဲ႕စည္းမည္ျဖစ္ၿပီး အဆုိပါအဖြဲ႕သစ္ထံ အပ္ႏွံေငြ သည္ ယခင္အပ္ႏွံေငြထက္ က်ပ္ ၇ ဒသမ ၇ ဘီလီယံခန္႔ပုိေန ေၾကာင္း ဦးေက်ာ္၀င္းလႈိင္ကဆုိ သည္။

‘‘ေဂါပကအသစ္ကုိ အပ္ မယ့္အပ္ႏွံေငြက ယာယီေဂါပက အဖြဲ႕ရဲ႕ ၂ ႏွစ္တာကာလက ရရွိ ထားတဲ့ေငြေတြပါ။ ကြၽန္ေတာ္တို႔ ရဲ႕ ယာယီေဂါပကလက္ထက္မွာ ဘုရားအတြက္ သုံးထားတဲ့အသုံး စရိတ္ေတြမပါေသးဘူး။ ၂ ႏွစ္ တာကာလရဲ႕အလွဴေငြထဲမွာ အ သုံးစရိတ္သုံးၿပီး က်န္တဲ့ေငြက်ပ္ သိန္းကုိးေသာင္းသုံးေထာင္ခန္႔(၉ ဒသမ ၃ ဘီလီယံခန္႔)ကုိ အခုျပန္ ဖြဲ႕စည္းမယ့္ ေဂါပကအဖြဲ႕သစ္ ကုိ ျပန္အပ္ႏွံသြားမယ္’’ဟု ဦး ေက်ာ္၀င္းလႈိင္က ေျပာသည္။

ေဂါပက(ယာယီအဖြဲ႕)၏ ၂ ႏွစ္တာအတြင္း က်ိဳက္ထီး႐ုိးေစ တီေတာ္အလွဴေငြမ်ားထဲမွ 11 KV ကာဗာႀကိဳးလဲလွယ္ျခင္း၊ ေစ တီရင္ျပင္ေတာ္အားလုံးတြင္ ေက်ာက္ျပားခင္းျခင္း၊ ေရသန္႔၊ အမ်ားသုံးအခမဲ့အဆင့္ျမင့္သန္႔ စင္ခန္းမ်ား တည္ေဆာက္ျခင္းတို႔ ျပဳလုပ္ေထားေၾကာင္း ဦးေက်ာ္ ၀င္းလႈိင္က ဆုိသည္။

ယခုအသစ္ျပန္လည္ဖြဲ႕ စည္းမည့္ ေဂါပကအဖြဲ႕သစ္တြင္ ယာယီေဂါပကအဖြဲ႕မွ လူမ်ားမပါ ေသာ္လည္း ယခင္အဖြဲ႕ေဟာင္း မွ လူအခ်ိဳ႕ပါ၀င္ေၾကာင္းမြန္ျပည္ နယ္၀န္ႀကီးခ်ဳပ္ေဒါက္တာေအးဇံ က ေျပာသည္။

‘‘ေဂါပကအဖြဲ႕သစ္ကုိ လွ်ိဳ႕ ၀ွက္မဲစနစ္နဲ႔ ေရြးခ်ယ္သြားမယ္။ ေရြးခံတဲ့ ေဂါပကေတြေဘာင္ထဲ ကေန အေရြးခံၾကပါ။ နည္းနည္း ေလးမွ အခြင့္အေရးေပးမယ္လုိ႔ ေတာ့ မထင္နဲ႔။ ေဘာင္ေက်ာ္ၿပီး စည္း႐ုံးမႈေတြရွိေနမယ္ဆုိရင္ စုံ စမ္းစစ္ေဆးမႈေတြ လုပ္သြား မယ္’’ ဟု ေဒါက္တာေအးဇံက ေျပာသည္။ က်ိဳက္ထီး႐ုိးေဂါပက အဖြဲ႕(ယာယီ)တြင္ ျပည္နယ္၀န္ႀကီးခ်ဳပ္ေဒါက္တာေအးဇံ၊ ျပည္သူ႔ လႊတ္ေတာ္ကုိယ္စားလွယ္ေဒါက္ တာခင္ေဆာင္၊ အမ်ိဳးသားလႊတ္ ေတာ္ကုိယ္စားလွယ္ဦးလွျမင့္ သန္း၊ ျပည္နယ္သာသနာေရးမွဴး၊ ျပည္နယ္ေရွးေဟာင္းသုေတသန ႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနဒုၫႊန္ၾကားေရးမွဴးအပါအ၀င္ အ ဖြဲ႕၀င္ ၁၅ ဦးပါ၀င္သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:.7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီကို ဖူးမြော်နေသူအချို့ (ဓာတ်ပုံ−စိုင်းဇော်)

 မွန်ပြည်နယ် ကျိုက် ထိုမြို့နယ် ကျိုက်ထီးရိုးဂေါပက အဖွဲ့သစ်ဖွဲ့စည်းပြီးလျှင် ယင်း အဖွဲ့က ရန်ပုံငွေကျပ် ၉ ဒသမ ၃ ဘီလီယံခန့် အပ်နှံမည်ဖြစ် ကြောင်း ဂေါပကဦးကျော်ဝင်း လှိုင်က ပြောသည်။

ယခု ယာယီဂေါပကအဖွဲ့ကို ၂၀၁၆ စက်တင်ဘာ ၃၀ ရက်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန် ကြီးဌာနက ခန့်အပ်ခဲ့ပြီး အဆိုပါ အဖွဲ့ထံသို့ ယခင်ဂေါပကအဖွဲ့ ဟောင်းက ဂေါပကအဆက်ဆက် လက်ကျန်ရန်ပုံငွေကျပ် ၁ ဒသမ ၆ ဘီလီယံခန့်သာ လွှဲအပ်ခဲ့ ကြောင်း ဦးကျော်ဝင်းလှိုင်ကဆို သည်။

ကျိုက်ထီးရိုးဂေါပကအဖွဲ့ သစ်ကို စက်တင်ဘာ ၁၆ ရက် တွင် ရွေးချယ်ဖွဲ့စည်းမည်ဖြစ်ပြီး အဆိုပါအဖွဲ့သစ်ထံ အပ်နှံငွေ သည် ယခင်အပ်နှံငွေထက် ကျပ် ၇ ဒသမ ၇ ဘီလီယံခန့်ပိုနေ ကြောင်း ဦးကျော်ဝင်းလှိုင်ကဆို သည်။

‘‘ဂေါပကအသစ်ကို အပ် မယ့်အပ်နှံငွေက ယာယီဂေါပက အဖွဲ့ရဲ့ ၂ နှစ်တာကာလက ရရှိ ထားတဲ့ငွေတွေပါ။ ကျွန်တော်တို့ ရဲ့ ယာယီဂေါပကလက်ထက်မှာ ဘုရားအတွက် သုံးထားတဲ့အသုံး စရိတ်တွေမပါသေးဘူး။ ၂ နှစ် တာကာလရဲ့အလှူငွေထဲမှာ အ သုံးစရိတ်သုံးပြီး ကျန်တဲ့ငွေကျပ် သိန်းကိုးသောင်းသုံးထောင်ခန့်(၉ ဒသမ ၃ ဘီလီယံခန့်)ကို အခုပြန် ဖွဲ့စည်းမယ့် ဂေါပကအဖွဲ့သစ် ကို ပြန်အပ်နှံသွားမယ်’’ဟု ဦး ကျော်ဝင်းလှိုင်က ပြောသည်။

ဂေါပက(ယာယီအဖွဲ့)၏ ၂ နှစ်တာအတွင်း ကျိုက်ထီးရိုးစေ တီတော်အလှူငွေများထဲမှ 11 KV ကာဗာကြိုးလဲလှယ်ခြင်း၊ စေ တီရင်ပြင်တော်အားလုံးတွင် ကျောက်ပြားခင်းခြင်း၊ ရေသန့်၊ အများသုံးအခမဲ့အဆင့်မြင့်သန့် စင်ခန်းများ တည်ဆောက်ခြင်းတို့ ပြုလုပ်ထေားကြောင်း ဦးကျော် ဝင်းလှိုင်က ဆိုသည်။

ယခုအသစ်ပြန်လည်ဖွဲ့ စည်းမည့် ဂေါပကအဖွဲ့သစ်တွင် ယာယီဂေါပကအဖွဲ့မှ လူများမပါ သော်လည်း ယခင်အဖွဲ့ဟောင်း မှ လူအချို့ပါဝင်ကြောင်းမွန်ပြည် နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ က ပြောသည်။

‘‘ဂေါပကအဖွဲ့သစ်ကို လျှို့ ဝှက်မဲစနစ်နဲ့ ရွေးချယ်သွားမယ်။ ရွေးခံတဲ့ ဂေါပကတွေဘောင်ထဲ ကနေ အရွေးခံကြပါ။ နည်းနည်း လေးမှ အခွင့်အရေးပေးမယ်လို့ တော့ မထင်နဲ့။ ဘောင်ကျော်ပြီး စည်းရုံးမှုတွေရှိနေမယ်ဆိုရင် စုံ စမ်းစစ်ဆေးမှုတွေ လုပ်သွား မယ်’’ ဟု ဒေါက်တာအေးဇံက ပြောသည်။ ကျိုက်ထီးရိုးဂေါပက အဖွဲ့(ယာယီ)တွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါက် တာခင်ဆောင်၊ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်ဦးလှမြင့် သန်း၊ ပြည်နယ်သာသနာရေးမှူး၊ ပြည်နယ်ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနဒုညွှန်ကြားရေးမှူးအပါအဝင် အ ဖွဲ့ဝင် ၁၅ ဦးပါဝင်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:.7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top