(၉) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
×




Credit: သစ်ထူးလွင်

#Unicode Version#
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ ည ၁၁ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ မြို့နယ်၊ ကံရိုးကျေးရွာ၊ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ်(၁၇၂/၅-၆)ကြား Felling စားသောက် ဆိုင်ရှေ့တွင် ဆရာဝန်တစ်ဦး ကားတိုက်ခံရ၍ သေဆုံးသွားကြောင်း သိရပါသည်။

အဆိုပါ ယာဉ်တိုက်မှုအား တောင်ငူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့၊ (၂)ရပ်ကွက်နေ ညွှန့်မောင်ဝင်း(၄၈)နှစ် မောင်းနှင်လာသော 6B/×××× Nissan Diesel Truck ပြာ/လိမ္မော်ရောင်(၁၂)ဘီးယာဉ်သည် လမ်းဖြတ်ကူးသူ အုတ်တွင်းမြို့နေ ဒေါက်တာ ကြည်ဆန်းထက် (၅၂)နှစ်အား တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 ဒေါက်တာ ကြည်ဆန်းထက် တွင် ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားသောကြောင့် ညွှန့်မောင်ဝင်း အား တောင်ငူမြို့မရဲစခန်း ယာဉ်(ပ)၇၅/၂၀၁၈၊ ရာဇသတ် ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ ့၏ သတင်းထုတ်ပြန်ချက်အရ သိပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: သစ်ထူးလွင်
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top