iMyanmarHouse.com - Best Property Website for Myanmar
×
Source – Htwe Lynn Ko’s fb
Credit: Burmese - Asia
# Unicode Version ဖြင့် ဖတ်ပါ #
မြန်မာပြည်သူပြည်သားတွေရဲ့ အချစ်တွေကို မွေးကင်းစထဲက သိမ်းပိုက်ထားတဲ့ ချစ်သုေ၀ ရဲ့သမီးနှစ်ယောက် မေမြန်မာခေတ် နဲ့ မေမြန်မာသစ် တို့ဟာ အချစ်တွေပိုတိုးစေတဲ့ အပြုအမူလေးတွေနဲ့ အရမ်းလည်တဲ့ အလည်မလေးနှစ်ယောက်ဖြစ်နေပါပြီ။ ယနေ့မှာလဲ သမီးတွေကို သဲသဲလှုပ်ချစ်တဲ့ အဖေဖြစ်သူ လင်းလင်းကို ပီတိတွေဖြာဝေနေအောင် လုပ်လိုက်ပြန်ပါတယ်။
သူလေးတို့ အမွှာလေး နှစ်ယောက်ဟာ စကားလေးတွေ စပြောနေပါပြီ။ ယနေ့မှာတော့ လင်းလင်းက နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပုံလေးတွေကိုပြပြီး ဒါဘယ်သူလဲလို့ မေးတဲ့ အခါမှာ မပီကလာ ပီကလာနဲ့ “ဘွားဘွားစု” ဆိုပြီး ဖြေကြတဲ့ ခေတ်နဲ့ သစ်ကို ဗီဒီယိုလေးရိုက်ကာ ပီတိတွေဖြစ်နေပါတယ်။
သမီးလေးတွေကလဲ မိဘတွေ ပီတိဖြစ်ရလောက်အောင် အရွယ်နဲ့ မလိုက် အရမ်းလည်တဲ့ အမွှာလေးနှစ်ယောက်ပါ။ သူတို့ရဲ့ ဘွားဘွားစု ဆိုတဲ့ ဗီဒီယိုဖိုင်လေးတွေကို ပရိသတ်တွေကြည့်ပြီး အချစ်တွေတိုးစေဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။ ချစ်ရပါသော ပရိသတ်ကြီးက ချစ်သော မျက်စိနဲ့ ကြည့်ပေးကြပါဦးနော်။
Source – Htwe Lynn Ko’s fb
ဖိုးသူတော် (www.phothutaw.com)
Credit: Burmese - Asia
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top