(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ကၽြန္ေတာ္တို႔ ငယ္ဘဝဟာ တ႐ုတ္သိုင္းကားေတြ၊ ေဘာလိဝုဒ္ဒရာမာေတြနဲ႔ ႀကီးျပင္းခဲ့ရတာဆိုရင္ မွားမယ္မထင္ပါဘူး… ျမန္မာ့အသံနဲ႔ ျမဝတီက လႊင့္သမၽွပဲ ၾကည့္ခဲ့ၾကရတဲ့ ဘဝကိုး… ဒါေပမဲ့ ၂၀၀၀ ခုႏွစ္ ပတ္ခ်ာလည္ေလာက္မွာေတာ့

ေဟာလိဝုဒ္ေရစီးကလည္း အရွိန္မေသးလွပါဘူး.. ကိုရီးယားကားေတြလည္း ေခတ္စားခဲ့တဲ့ အခ်ိန္ကာလတစ္ခုေပါ့…

ကၽြန္ေတာ္ကလည္း ဒီရက္ပိုင္းမွာ အတိတ္ကိုခ်ည္း ျပန္တမ္းတေနတယ္ဆိုရမလား… ငယ္ဘဝကို သိပ္လြမ္းမိေနေတာ့ကာ ငယ္ငယ္က ၾကည့္ခဲ့ဖူးတဲ့ ႐ုပ္ရွင္ေတြ ျပန္ရွာၾကည့္ျဖစ္ပါတယ္… အဲဒီတုန္းက နာမည္ႀကီးခဲ့တဲ့ သ႐ုပ္ေဆာင္ေတြက ခုခ်ိန္မွာ ဘယ္လိုျဖစ္ေနၾကၿပီလဲဆိုတာလည္း သိခ်င္မိေတာ့ အင္တာနက္ေပၚတက္ ရွာေဖြမိျပန္ေရာ… ဒီထဲကမွ ကၽြန္ေတာ္တို႔ ျမင္ကြင္းက အေတာ္ၾကာၾကာ ေပ်ာက္ဆုံးေနၾကတဲ့ သ႐ုပ္ေဆာင္ (၁၀) ဦးရဲ႕ ပုံရိပ္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ ဘယ္သူေတြျဖစ္မလဲဆိုေတာ့…

၁။ မက္ေကာေလး ေကာ္ကင္ (Macaulay Culkin)


သိၾကမွာပါ… ခရစၥမတ္စ္ေတြကို အဖမ္းစားႏိုင္ခဲ့ဆုံး ႐ုပ္ရွင္ေတြျဖစ္တဲ့ Home Alone ထဲက Kelvin ေပါ့… အမွန္ေတာ့ ခုခ်ိန္ထိ ခရစၥမတ္စ္နား နီးၿပီဆိုရင္ Home Alone ႐ုပ္ရွင္ေတြ ျပန္ၾကည့္ေနဆဲပါပဲ။ ဒီေတာ့ ဒီကေလးေလးဟာလည္း မ်က္စိထဲမွာ ဒီအ႐ြယ္ပဲ ျဖစ္ေနေတာ့တာေပါ့.. တကယ့္လက္ေတြ႕ဘဝမွာေတာ့ မက္ေကာေလးေကာ္ကင္ဟာ အသက္ (၃၈) ႏွစ္အ႐ြယ္ လူႀကီးတစ္ေယာက္ျဖစ္ေနပါၿပီ။ ငယ္ငယ္က အရမ္းကို ခ်စ္ဖို႔ေကာင္းခဲ့တဲ့ ႐ုပ္ရည္ေလးနဲ႔ ကေလးေလးဟာ ၾကားထဲမွာ မူးယစ္ေဆးဒဏ္ေၾကာင့္ အေတာ္႐ုပ္က်သြားခဲ့ပါေသးတယ္... ခုေတာ့ ျပန္ၿပီး ဝၿဖိဳးစိုျပည္လို႔ပါပဲ..

၂။ ရွိေရွာင္လုံ (Shi Xiao Long)

မွတ္မိၾကဦးမွာပါ… အသက္ငယ္ငယ္ေလးနဲ႔ ကြန္ဖူးကစားတာ အရမ္းလွတဲ့ ေရွာင္လင္ကတုံးေလးကိုေလ… သူပြဲဦးထြက္ ႐ိုက္ကူးခဲ့တဲ့ ေလေပြကေလးငယ္လို႔ ေခၚရမလား ေရွာင္လင္ကြန္ဖူးကားဟာ လၽွမ္းလၽွမ္းေတာက္ ေအာင္ျမင္ခဲ့တာပါ။ ျမန္မာႏိုင္ငံမွာေတာင္ နာမည္ေတြႀကီးလို႔ေလ… အသက္ေလးတျဖည္းျဖည္းရလာၿပီးတဲ့ေနာက္ ဆယ္ေက်ာ္သက္အ႐ြယ္ထိ ေရွာင္လုံေလးဟာ ႐ုပ္ရွင္ဇာတ္လမ္းတြဲေတြမွာ စတားပါပဲ.. လူငယ္ေပါင္ခ်ိန္ ဇာတ္လမ္းတြဲထဲမွာ က်န္ေက်ာင္းေလးလုပ္ရင္း လူငယ္က်န္ေက်ာင္းဆိုၿပီး နာမည္ႀကီးျပန္ပါေရာလား… ေနာက္ပိုင္း လူႀကီးဇာတ္႐ုပ္အေနနဲ႔ ၂၀၁၆ ေလာက္ထိ ဇာတ္လမ္းေတြ ႐ိုက္ကူးခဲ့ေပမဲ့ ကၽြန္ေတာ္တို႔ဆီမွာေတာ့ သိပ္မျမင္ရေတာ့ပါဘူး… ကိုရီးယားကားေတြပဲ အရမ္းေခတ္စားလာေတာ့တာကိုး… ဆိုေတာ့ ရွိေရွာင္လုံရဲ႕ လက္ရွိ႐ုပ္သြင္ကေတာ့ ပုံမွာ ျပထားတဲ့အတိုင္းပါပဲ… ငယ္႐ုပ္ေလးမေပ်ာက္ေသးသလို ခန္႔ညားမႈပါ ထပ္စြက္လာေတာ့ ပ်ိဳေမေလးေတြ သေဘာက်ဆဲ က်ၿမဲပါတဲ့ေနာ္…

၃။ ေဟာ့ေရွာက္ဝမ္ (Hao Shao Wen)


ရွိေရွာင္လုံအေၾကာင္းေျပာရင္ ေဟာ့ေရွာက္ဝမ္ကိုလည္း ခ်န္ထားခဲ့လို႔ မရပါဘူး… ေရွာင္လင္ဖက္တီးေလးဆိုၿပီး ကေလးဘဝမွာ လၽွမ္းလၽွမ္းေတာက္ ေအာင္ျမင္ခဲ့တဲ့ ေဟာ့ေရွာက္ဝမ္ေလးက ဆယ္ေက်ာ္သက္ဘဝမွာေတာ့ ရွိေရွာင္လုံလို ဇာတ္ကားေတြ မ႐ိုက္ျဖစ္ေတာ့ဘဲ အႏုပညာေလာကကေန ေပ်ာက္ကြယ္သြားခဲ့ပါတယ္။ အင္း.. အ႐ိုက္ႀကဲလာတယ္ဆိုရမွာေပါ့… ရွိေရွာင္လုံကို က်န္ေက်ာင္းအေနနဲ႔ ျမင္ေတြ႕ေနရေသးေပမဲ့ ေဟာ့ေရွာက္ဝမ္ကေတာ့ ကၽြန္ေတာ္တို႔ မ်က္စိေအာက္က ေပ်ာက္သြားတာ ဆယ္စုႏွစ္တစ္ခုေလာက္ ၾကာသြားပါတယ္… မိသားစု စီးပြားေရးအေျခအေနေၾကာင့္ ေက်ာင္းတက္ရင္း တစ္ဘက္ကလည္း ႀကဳံရာအလုပ္လုပ္ကိုင္ရင္း ပညာေရးအတြက္၊ မိသားစုအတြက္ ႐ုန္းကန္ေနရတဲ့ ေဟာ့ေရွာက္ဝမ္ဟာ လက္လွမ္းမီသေလာက္ အႏုပညာအလုပ္ေတြ လုပ္ကိုင္ခဲ့ေပမဲ့ ထင္သေလာက္မေပါက္ေရာက္ခဲ့တာေၾကာင့္ ကၽြန္ေတာ္တို႔ ျမင္ကြင္းကေန ေပ်ာက္ကြယ္ေနခဲ့တာပါ… ဒါေပမဲ့ ကံေကာင္းေထာက္မစြာပဲ မၾကာေသးခင္ကမွ မီဒီယာေပၚ ျပန္ေပၚလာျပန္တဲ့ ေဟာ့ေရွာက္ဝမ္ရဲ႕ လက္ရွိ ပုံစံေလးကေတာ့ျဖင့္ ငယ္႐ုပ္ေလး မေပ်ာက္ေသးေပမဲ့ ပုံစံခ်င္းေတာ့ အေတာ္ကြာျခားသြားတာကို ေတြ႕ရမွာပါေနာ္…

၄။ စကင္ဒါ ကိန္းစ္ (Skandar Keynes)


Naniaက ေခၚမယ့္ ေန႔ကို ေစာင့္ေနတာ ကၽြန္ေတာ္တစ္ေယာက္တည္းလား? အယ္လယ္.. ငယ္ငယ္ကေတာ့ နာနီယာကို တကယ္ကို သြားခ်င္ခဲ့တာပါ… နာနီယာထဲ ေရာက္သြားတဲ့ ေမာင္ႏွမ သုံးေယာက္က ကၽြန္ေတာ့္ဟီး႐ိုးေတြေပါ့... ေနာက္ဆုံး နာနီယာ႐ုပ္ရွင္ ထြက္ထားတာကလည္း အေတာ္ၾကာၿပီဆိုေတာ့ ခုခ်ိန္မွာ သူတို႔႐ုပ္ေလးေတြ ဘယ္လို ျဖစ္ေနၿပီလဲဆိုတာ စိတ္ဝင္စားဖို႔ေတာ့ အေတာ္ေကာင္းပါတယ္… ေနာက္ဆုံး Nania : The Voyage of the Dawn Treader ကလည္း ထြက္ထားတာက ၈ ႏွစ္ေလာက္ၾကာၿပီဆိုေတာ့ကာ လူစီေလးနဲ႔ အက္ဒ္မန္ရဲ႕ လက္ရွိအေနအထားကို ပိုၿပီး စိတ္ဝင္စားၾကမယ္ထင္ပါတယ္ေနာ္.. အက္ဒ္မန္႔ကို အရင္ၾကည့္ရေအာင္ေနာ္.. သူ႕နာမည္ရင္းကေတာ့ စကင္ဒါ ကိန္းစ္ပါတဲ့… ခုေတာ့ အသက္ ၂၇ ရွိၿပီေပါ့ေလ…လက္ရွိ ဒီဇိုင္းကာလာ အေနအထား ႐ုပ္ရည္ေလးကေတာ့ျဖင့္.. <3

၅။ ေဂ်ာ္ဂ်ီ ဟန္ေလ (Georgie Henley)


လူစီေလးရဲ႕ ပုံကေတာ့ ၂၀၁၇ တုန္းက လူမႈကြန္ရက္ေတြေပၚမွာ တစ္ေခတ္ထလိုက္ပါေသးတယ္.. ကေလးတုန္းကနဲ႔မတူ အရမ္းလွလာတာကိုး… နာနီယာေမာင္ႏွမေတြထဲက အငယ္ဆုံး လူစီအျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ ေဂ်ာ္ဂ်ီဟန္ေလက လက္ရွိမွာေတာ့ အသက္ ၂၃ ႏွစ္ရွိေနၿပီျဖစ္ၿပီး သူ႕ရဲ႕ ၂၀၁၈ သြင္ျပင္က ၂၀၁၇တုန္းကနဲ႔ အေတာ္ကို ကြာျခားေနတာ ေတြ႕ရမွာပါ။ လွတာေတာ့ လွဆဲ၊ လွၿမဲပါပဲေနာ္…

ကဲ… ငယ္ဘဝေလးကို ျပန္မွ လြမ္းသြားၾကရဲ႕လား... ေနာက္ထပ္လည္း ဘယ္သ႐ုပ္ေဆာင္ေတြက ဘယ္လိုေျပာင္းလဲသြားတယ္ဆိုတာေလးေတြ ထပ္ၿပီး ေဖာ္ျပသြားဦးမွာမို႔ ေစာင့္ၾကည့္ေပးၾကပါဦးလို႔…


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Angelic Demon (႐ိုးရာေလး)
# Unicode Version ျဖင့္ ဖတ္ပါ #
ကျွန်တော်တို့ ငယ်ဘဝဟာ တရုတ်သိုင်းကားတွေ၊ ဘောလိဝုဒ်ဒရာမာတွေနဲ့ ကြီးပြင်းခဲ့ရတာဆိုရင် မှားမယ်မထင်ပါဘူး… မြန်မာ့အသံနဲ့ မြဝတီက လွှင့်သမျှပဲ ကြည့်ခဲ့ကြရတဲ့ ဘဝကိုး… ဒါပေမဲ့ ၂၀၀၀ ခုနှစ် ပတ်ချာလည်လောက်မှာတော့

ဟောလိဝုဒ်ရေစီးကလည်း အရှိန်မသေးလှပါဘူး.. ကိုရီးယားကားတွေလည်း ခေတ်စားခဲ့တဲ့ အချိန်ကာလတစ်ခုပေါ့…

ကျွန်တော်ကလည်း ဒီရက်ပိုင်းမှာ အတိတ်ကိုချည်း ပြန်တမ်းတနေတယ်ဆိုရမလား… ငယ်ဘဝကို သိပ်လွမ်းမိနေတော့ကာ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်တွေ ပြန်ရှာကြည့်ဖြစ်ပါတယ်… အဲဒီတုန်းက နာမည်ကြီးခဲ့တဲ့ သရုပ်ဆောင်တွေက ခုချိန်မှာ ဘယ်လိုဖြစ်နေကြပြီလဲဆိုတာလည်း သိချင်မိတော့ အင်တာနက်ပေါ်တက် ရှာဖွေမိပြန်ရော… ဒီထဲကမှ ကျွန်တော်တို့ မြင်ကွင်းက အတော်ကြာကြာ ပျောက်ဆုံးနေကြတဲ့ သရုပ်ဆောင် (၁၀) ဦးရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဘယ်သူတွေဖြစ်မလဲဆိုတော့…

၁။ မက်ကောလေး ကော်ကင် (Macaulay Culkin)

သိကြမှာပါ… ခရစ္စမတ်စ်တွေကို အဖမ်းစားနိုင်ခဲ့ဆုံး ရုပ်ရှင်တွေဖြစ်တဲ့ Home Alone ထဲက Kelvin ပေါ့… အမှန်တော့ ခုချိန်ထိ ခရစ္စမတ်စ်နား နီးပြီဆိုရင် Home Alone ရုပ်ရှင်တွေ ပြန်ကြည့်နေဆဲပါပဲ။ ဒီတော့ ဒီကလေးလေးဟာလည်း မျက်စိထဲမှာ ဒီအရွယ်ပဲ ဖြစ်နေတော့တာပေါ့.. တကယ့်လက်တွေ့ဘဝမှာတော့ မက်ကောလေးကော်ကင်ဟာ အသက် (၃၈) နှစ်အရွယ် လူကြီးတစ်ယောက်ဖြစ်နေပါပြီ။ ငယ်ငယ်က အရမ်းကို ချစ်ဖို့ကောင်းခဲ့တဲ့ ရုပ်ရည်လေးနဲ့ ကလေးလေးဟာ ကြားထဲမှာ မူးယစ်ဆေးဒဏ်ကြောင့် အတော်ရုပ်ကျသွားခဲ့ပါသေးတယ်... ခုတော့ ပြန်ပြီး ဝဖြိုးစိုပြည်လို့ပါပဲ..

၂။ ရှိရှောင်လုံ (Shi Xiao Long)

မှတ်မိကြဦးမှာပါ… အသက်ငယ်ငယ်လေးနဲ့ ကွန်ဖူးကစားတာ အရမ်းလှတဲ့ ရှောင်လင်ကတုံးလေးကိုလေ… သူပွဲဦးထွက် ရိုက်ကူးခဲ့တဲ့ လေပွေကလေးငယ်လို့ ခေါ်ရမလား ရှောင်လင်ကွန်ဖူးကားဟာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာပါ။ မြန်မာနိုင်ငံမှာတောင် နာမည်တွေကြီးလို့လေ… အသက်လေးတဖြည်းဖြည်းရလာပြီးတဲ့နောက် ဆယ်ကျော်သက်အရွယ်ထိ ရှောင်လုံလေးဟာ ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ စတားပါပဲ.. လူငယ်ပေါင်ချိန် ဇာတ်လမ်းတွဲထဲမှာ ကျန်ကျောင်းလေးလုပ်ရင်း လူငယ်ကျန်ကျောင်းဆိုပြီး နာမည်ကြီးပြန်ပါရောလား… နောက်ပိုင်း လူကြီးဇာတ်ရုပ်အနေနဲ့ ၂၀၁၆ လောက်ထိ ဇာတ်လမ်းတွေ ရိုက်ကူးခဲ့ပေမဲ့ ကျွန်တော်တို့ဆီမှာတော့ သိပ်မမြင်ရတော့ပါဘူး… ကိုရီးယားကားတွေပဲ အရမ်းခေတ်စားလာတော့တာကိုး… ဆိုတော့ ရှိရှောင်လုံရဲ့ လက်ရှိရုပ်သွင်ကတော့ ပုံမှာ ပြထားတဲ့အတိုင်းပါပဲ… ငယ်ရုပ်လေးမပျောက်သေးသလို ခန့်ညားမှုပါ ထပ်စွက်လာတော့ ပျိုမေလေးတွေ သဘောကျဆဲ ကျမြဲပါတဲ့နော်…

၃။ ဟော့ရှောက်ဝမ် (Hao Shao Wen)

ရှိရှောင်လုံအကြောင်းပြောရင် ဟော့ရှောက်ဝမ်ကိုလည်း ချန်ထားခဲ့လို့ မရပါဘူး… ရှောင်လင်ဖက်တီးလေးဆိုပြီး ကလေးဘဝမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ ဟော့ရှောက်ဝမ်လေးက ဆယ်ကျော်သက်ဘဝမှာတော့ ရှိရှောင်လုံလို ဇာတ်ကားတွေ မရိုက်ဖြစ်တော့ဘဲ အနုပညာလောကကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။ အင်း.. အရိုက်ကြဲလာတယ်ဆိုရမှာပေါ့… ရှိရှောင်လုံကို ကျန်ကျောင်းအနေနဲ့ မြင်တွေ့နေရသေးပေမဲ့ ဟော့ရှောက်ဝမ်ကတော့ ကျွန်တော်တို့ မျက်စိအောက်က ပျောက်သွားတာ ဆယ်စုနှစ်တစ်ခုလောက် ကြာသွားပါတယ်… မိသားစု စီးပွားရေးအခြေအနေကြောင့် ကျောင်းတက်ရင်း တစ်ဘက်ကလည်း ကြုံရာအလုပ်လုပ်ကိုင်ရင်း ပညာရေးအတွက်၊ မိသားစုအတွက် ရုန်းကန်နေရတဲ့ ဟော့ရှောက်ဝမ်ဟာ လက်လှမ်းမီသလောက် အနုပညာအလုပ်တွေ လုပ်ကိုင်ခဲ့ပေမဲ့ ထင်သလောက်မပေါက်ရောက်ခဲ့တာကြောင့် ကျွန်တော်တို့ မြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့တာပါ… ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ မကြာသေးခင်ကမှ မီဒီယာပေါ် ပြန်ပေါ်လာပြန်တဲ့ ဟော့ရှောက်ဝမ်ရဲ့ လက်ရှိ ပုံစံလေးကတော့ဖြင့် ငယ်ရုပ်လေး မပျောက်သေးပေမဲ့ ပုံစံချင်းတော့ အတော်ကွာခြားသွားတာကို တွေ့ရမှာပါနော်…

၄။ စကင်ဒါ ကိန်းစ် (Skandar Keynes)

Naniaက ခေါ်မယ့် နေ့ကို စောင့်နေတာ ကျွန်တော်တစ်ယောက်တည်းလား? အယ်လယ်.. ငယ်ငယ်ကတော့ နာနီယာကို တကယ်ကို သွားချင်ခဲ့တာပါ… နာနီယာထဲ ရောက်သွားတဲ့ မောင်နှမ သုံးယောက်က ကျွန်တော့်ဟီးရိုးတွေပေါ့... နောက်ဆုံး နာနီယာရုပ်ရှင် ထွက်ထားတာကလည်း အတော်ကြာပြီဆိုတော့ ခုချိန်မှာ သူတို့ရုပ်လေးတွေ ဘယ်လို ဖြစ်နေပြီလဲဆိုတာ စိတ်ဝင်စားဖို့တော့ အတော်ကောင်းပါတယ်… နောက်ဆုံး Nania : The Voyage of the Dawn Treader ကလည်း ထွက်ထားတာက ၈ နှစ်လောက်ကြာပြီဆိုတော့ကာ လူစီလေးနဲ့ အက်ဒ်မန်ရဲ့ လက်ရှိအနေအထားကို ပိုပြီး စိတ်ဝင်စားကြမယ်ထင်ပါတယ်နော်.. အက်ဒ်မန့်ကို အရင်ကြည့်ရအောင်နော်.. သူ့နာမည်ရင်းကတော့ စကင်ဒါ ကိန်းစ်ပါတဲ့… ခုတော့ အသက် ၂၇ ရှိပြီပေါ့လေ…လက်ရှိ ဒီဇိုင်းကာလာ အနေအထား ရုပ်ရည်လေးကတော့ဖြင့်.. <3

၅။ ဂျော်ဂျီ ဟန်လေ (Georgie Henley)

လူစီလေးရဲ့ ပုံကတော့ ၂၀၁၇ တုန်းက လူမှုကွန်ရက်တွေပေါ်မှာ တစ်ခေတ်ထလိုက်ပါသေးတယ်.. ကလေးတုန်းကနဲ့မတူ အရမ်းလှလာတာကိုး… နာနီယာမောင်နှမတွေထဲက အငယ်ဆုံး လူစီအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဂျော်ဂျီဟန်လေက လက်ရှိမှာတော့ အသက် ၂၃ နှစ်ရှိနေပြီဖြစ်ပြီး သူ့ရဲ့ ၂၀၁၈ သွင်ပြင်က ၂၀၁၇တုန်းကနဲ့ အတော်ကို ကွာခြားနေတာ တွေ့ရမှာပါ။ လှတာတော့ လှဆဲ၊ လှမြဲပါပဲနော်…

ကဲ… ငယ်ဘဝလေးကို ပြန်မှ လွမ်းသွားကြရဲ့လား... နောက်ထပ်လည်း ဘယ်သရုပ်ဆောင်တွေက ဘယ်လိုပြောင်းလဲသွားတယ်ဆိုတာလေးတွေ ထပ်ပြီး ဖော်ပြသွားဦးမှာမို့ စောင့်ကြည့်ပေးကြပါဦးလို့…


ဖိုးသူတော် (www.phothutaw.com)
Credit:Angelic Demon (ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top