iMyanmarHouse.com - Best Property Website for Myanmar
×






Credit: swelsonenews

#Unicode Version#
မိုးဟေကိုဟာ အနုပညာသက်တမ်း (၁၀) နှစ်အတွင်း ရုပ်ရှင်နဲ့ဗီဒီယို ၃၀၀ နီးပါးထွက်ရှိခဲ့တဲ့မင်းသမီးအနေနဲ့ရော လက်ရှိအနုပညာကြေး တတိယအမြင့်ဆုံးမင်းသမီးဖြစ်ပါတယ်။ မိုးအနေနဲ့ ရုပ်ရှင်ကား ၅ကားလောက်ရိုက်လိုက်တာနဲ့ ဒီနာရီလောက်ကစာမဖွဲ့ဘူးဆိုတာ မိုးရဲ့လက်ရှိဝင်ငွေဇယားများကသက်သေခံလျက်ရှိပါတယ်။

၂၀၀၉ခုနှစ်နောက်ပိုင်းမှစပြီး မြန်မာ့သရုပ်ဆောင်လောကရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံးမင်းသမီးသုံးလက်ထဲမှာ နှစ်စဉ်နှစ်တိုင်းပါဝင်ခဲ့တဲ့ သူမရဲ့ဇာတ်ကားဝင်ငွေတွက်ချက်ကြည့်ရင် သူမရဲ့ကြွယ်ဝချမ်းသာမှုဟာ အံ့သြစရာမရှိတာတွေ့ရပါတယ်။ မင်းသမီး မိုးဟေကို ရဲ့လက်ပတ်နာရီတန်ဖိုးကတော့ ငွေကျပ် သိန်းတစ်ထောင်လောက်တန် တယ်လို့သိရပါတယ်။

ဗီဒီယိုဇာတ်ကားရိုက်ကူးမှုကို ၂၀၁၄ ခုနှစ်မှာလုံးဝရပ်ပစ်ခဲ့တာကြောင့် ၂၀၁၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ဇာတ်ကားတွေဟာ သူမရဲ့ ၂၀၁၄ ခုနစ်ကရိုက်ကူးခဲ့တဲ့ ဇာတ်ကားလက်ကျန်များသာဖြစ်ပါတယ်။

၈ နှစ်အတွင်း ဗီဒီယို/ဒီဗီဒီဇာတ်ကား ၂၁၀ ကျော်ရိုက်ကူးခဲ့ပြီး ရုပ်ရှင်ကားပေါင်း ၃၀ ကျော်ရိုက်ကူးခဲ့ပါတယ်။ အဆိုပါဇာတ်ကားများအနက်မှ “ပန်းပွင့်ကို လှည့်ကြည့်မှ မြင်ရတဲ့လမင်း” နှင့် “တစ်မျိုးမူတဲ့ ပဲခူးသူမို့လေ” နှစ်ကားမှာသာ ဒုတိယနေရာကသရုပ်ဆောင်ခဲ့တဲ့အတွက် ဇာတ်ပို့နေရာသရုပ်ဆောင်မှုမရှိသလောက်နည်းတဲ့ မင်းသမီးတစ်လက်လို့သတ်မှတ်နိုင်ပါတယ်။

ရုံတင်ရန်ကျန်ရှိနေသော ဇာတ်ကားများကတော့

(၁) သေနတ်တစ်လက် ဓားတစ်လက် သနပ်ခါးတစ်စက်နှင့်ကျွန်တော် (ခန့်စည်သူ၊ မိုးဟေကို၊ သင်ဇာဝင့်ကျော်၊ မေမြတ်နိုး)
(၂) မင်္ဂလာရက်မြတ် (ပြေတီဦး၊ ထွန်းထွန်း၊ မိုးဟေကို၊ မိုးပြည့်ပြည့်မောင်)(၃) လူပျိုသိုးရဲ့ည (ပြေတီဦး၊ မိုးဟေကို)
(၄) အမုန်းတွေခေါက်ထားလိုက် (နေတိုး၊ မိုးဟေကို)
(၅) အလှည့် (မြင့်မြတ်၊ နေမင်း၊ မိုးဟေကို)
(၆) ငါ၏အမိန့် (မြင့်မြတ်၊ ထွန်းထွန်း၊ မိုးဟေကို)
(၇) တစ်ခါကရန်ကုန်မြို့ပြ (လူမင်း၊ မိုးဟေကို၊ မင်းရာဇာ၊ Tyron Bejay)
(၈) သူ့နာမည်ရွှေရုပ် (မိုးဟေကို၊ သင်ဇာဝင့်ကျော်)
(၉) ကမ္မဖလ (ပြေတီဦး၊ မိုးဟေကို၊ စိုးပြည့်သဇင်၊ အေးမြတ်သူ)
(၁၀) အာဒံများ၏နံရိုးများ (လူမင်း၊ ပြေတီဦး၊ မင်းမော်ကွန်း၊ ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်၊ မိုးဟေကို)
(၁၁) နတ်ကန္နားစီးခင်သားကြီး (ပြေတီဦး၊ မိုးဟေကို)
(၁၂) ပပဝတီစီရင်ခန်း (ထွန်းထွန်း၊ အလင်းရောင်၊ မိုးဟေကို၊ ဖွေးဖွေး)
(၁၃) ငယ်ကျွမ်းဆွေ (ပြေတီဦး၊ မိုးဟေကို)

ဖိုးသူတော် (www.phothutaw.com)
Credit: swelsonenews


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top