×

အိႏၵိယအမ်ိဳးသားတစ္ဦးဟာ လင္ငယ္နဲ႔ေဖာက္ျပန္ေနတဲ့ ဇနီးျဖစ္သူကို ရက္ရက္စက္စက္ သတ္ၿပီး၊ ေခါင္းကိုျဖတ္ကာ ရဲစခန္းအထိ ယူလာခဲ့ပါတယ္။ သူဟာ ေခါင္းျပတ္ႀကီးကို အိတ္အထဲမွာ ထည့္လာခဲ့တာျဖစ္ၿပီး၊ လူသတ္ရာမွာ အသုံးျပဳခဲ့တဲ့ ဓားေကာက္ႀကီးကိုလည္း လက္က ကုိင္လာခဲ့ပါေသးတယ္။


ရဲစခန္းကို ေရာက္ေရာက္ခ်င္းမွာပဲ အိတ္ထဲက ေခါင္းျပတ္ႀကီးကိုထုတ္ၿပီး ရဲေတြျမင္ေအာင္ ေျမႇာက္ေျမႇာက္ျပခဲ့ပါတယ္။ ရဲတစ္ဦးက ေခါင္းျပတ္ႀကီးကို အိတ္ထဲျပန္ထည့္ဖုိ႔ အမိန္႔ေပးခဲ့ေပမယ့္ သူကေတာ့ ဂ႐ုမစုိက္ဘဲ ေခါင္းျပတ္ႀကီးကုိ အားလုံးျမင္ေအာင္ ျပခဲ့ပါတယ္



ျပစ္မႈက်ဴးလြန္ခဲ့သူရဲ႕အမည္ကို Satish လုိ႔သာ အသက္ကေတာ့ (၃၆)ႏွစ္လုိ႔ သိရပါတယ္။ အခင္းျဖစ္ပ်က္ခဲ့တဲ့ေဒသကေတာ့ Ajjampura ၿမိဳ႕မွာလုိ႔ သိရၿပီး ျပစ္မႈက်ဴးလြန္သူက ျဖတ္လာတဲ့ေခါင္းျပတ္ကို ဆံပင္ေတြကေန ကုိင္ဆြဲၿပီး ” ဒါ ကၽြန္ေတာ့္ မိန္းမရဲ႕ေခါင္းပဲ ဆရာတုိ႔ … ကၽြန္ေတာ့္မွာရွိသမွ်အခ်စ္ေတြ သူ႕ကုိ အကုန္ေပးခဲ့ပါလွ်က္ဗ်ာ “ဆုိၿပီး ငုိပါတယ္။

ယင္းေနာက္ ရဲသားက ” ကုိယ့္လူ ေခါင္းျပတ္ႀကီးကို ျပန္ထည့္ထားလုိက္စမ္း ” လုိ႔ အမိန္႔ေပးေတာ့ Satish က ေခါင္းျပတ္ႀကီးကို အကုန္ျမင္ေအာင္ျပၿပီးမွ ” သူ သစၥာေဖာက္ခဲ့တယ္ … တစ္ျခား ေယာက္်ား ေတြ႕သြားေတာ့ ကၽြန္ေတာ့္စိတ္ကုိ ကၽြန္ေတာ္ မထိန္းႏုိင္ေတာ့လုိ႔ပါ “လုိ႔ ေျပာပါတယ္။

ဇနီးျဖစ္သူ Roopa ဟာ သူရဲ႕ၿပိဳင္ဘက္ Sunil အမည္ရ အမ်ိဳးသားတစ္ေယာက္နဲ႔ ေနာက္ကြယ္က ေဖာက္ျပန္ေနခဲ့ပါတယ္။ အဲဒီ Sunil ဆုိတဲ့လူဟာ လူလည္တစ္ေယာက္ျဖစ္ၿပီး ျပစ္မႈေတြမ်ားစြာ က်ဴးလြန္ဖူးသူတစ္ေယာက္လုိ႔ ဆုိပါတယ္။ ဒါကုိေတာင္ Sunil ဆုိတဲ့လူနဲ႔ Roopa က ေဖာက္ျပန္ျဖစ္ေအာင္ ေဖာက္ျပန္ခဲ့လုိ႔ သူ သည္းမခံႏုိင္ျဖစ္ခဲ့ရတာလုိ႔ ေျပာပါတယ္။

Roopa ဟာ သုိက္တူးတဲ့ေငြခ်ဴသမား Sunil ကုိ ေပါင္ (၃၁၇၀)တန္ေၾကးရွိ ေငြေတြလည္း ေထာက္ပံ့ခဲ့ေသးၿပီး လင္ႀကီးျဖစ္တဲ့ Satish ကုိလည္း ေနာက္ပုိင္းမွာ မ်က္ႏွာသာမေပးေတာ့ဘဲ ကြာဖုိ႔ရွင္းဖုိ႔အထိ ေျပာလာခဲ့တာပါ။ ဒါေၾကာင့္လည္း Satish ဟာ ဇနီးျဖစ္သူကုိ ဇာတ္သိမ္းေပးလုိက္ၿပီး သူကုိယ္တုိင္ ရဲစခန္းမွာ အဖမ္းခံခဲ့ပါေတာ့တယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
အိန္ဒိယအမျိုးသားတစ်ဦးဟာ လင်ငယ်နဲ့ဖောက်ပြန်နေတဲ့ ဇနီးဖြစ်သူကို ရက်ရက်စက်စက် သတ်ပြီး၊ ခေါင်းကိုဖြတ်ကာ ရဲစခန်းအထိ ယူလာခဲ့ပါတယ်။ သူဟာ ခေါင်းပြတ်ကြီးကို အိတ်အထဲမှာ ထည့်လာခဲ့တာဖြစ်ပြီး၊ လူသတ်ရာမှာ အသုံးပြုခဲ့တဲ့ ဓားကောက်ကြီးကိုလည်း လက်က ကိုင်လာခဲ့ပါသေးတယ်။

ရဲစခန်းကို ရောက်ရောက်ချင်းမှာပဲ အိတ်ထဲက ခေါင်းပြတ်ကြီးကိုထုတ်ပြီး ရဲတွေမြင်အောင် မြှောက်မြှောက်ပြခဲ့ပါတယ်။ ရဲတစ်ဦးက ခေါင်းပြတ်ကြီးကို အိတ်ထဲပြန်ထည့်ဖို့ အမိန့်ပေးခဲ့ပေမယ့် သူကတော့ ဂရုမစိုက်ဘဲ ခေါင်းပြတ်ကြီးကို အားလုံးမြင်အောင် ပြခဲ့ပါတယ်


ပြစ်မှုကျူးလွန်ခဲ့သူရဲ့အမည်ကို Satish လို့သာ အသက်ကတော့ (၃၆)နှစ်လို့ သိရပါတယ်။ အခင်းဖြစ်ပျက်ခဲ့တဲ့ဒေသကတော့ Ajjampura မြို့မှာလို့ သိရပြီး ပြစ်မှုကျူးလွန်သူက ဖြတ်လာတဲ့ခေါင်းပြတ်ကို ဆံပင်တွေကနေ ကိုင်ဆွဲပြီး ” ဒါ ကျွန်တော့် မိန်းမရဲ့ခေါင်းပဲ ဆရာတို့ … ကျွန်တော့်မှာရှိသမျှအချစ်တွေ သူ့ကို အကုန်ပေးခဲ့ပါလျှက်ဗျာ “ဆိုပြီး ငိုပါတယ်။

ယင်းနောက် ရဲသားက ” ကိုယ့်လူ ခေါင်းပြတ်ကြီးကို ပြန်ထည့်ထားလိုက်စမ်း ” လို့ အမိန့်ပေးတော့ Satish က ခေါင်းပြတ်ကြီးကို အကုန်မြင်အောင်ပြပြီးမှ ” သူ သစ္စာဖောက်ခဲ့တယ် … တစ်ခြား ယောက်ျား တွေ့သွားတော့ ကျွန်တော့်စိတ်ကို ကျွန်တော် မထိန်းနိုင်တော့လို့ပါ “လို့ ပြောပါတယ်။

ဇနီးဖြစ်သူ Roopa ဟာ သူရဲ့ပြိုင်ဘက် Sunil အမည်ရ အမျိုးသားတစ်ယောက်နဲ့ နောက်ကွယ်က ဖောက်ပြန်နေခဲ့ပါတယ်။ အဲဒီ Sunil ဆိုတဲ့လူဟာ လူလည်တစ်ယောက်ဖြစ်ပြီး ပြစ်မှုတွေများစွာ ကျူးလွန်ဖူးသူတစ်ယောက်လို့ ဆိုပါတယ်။ ဒါကိုတောင် Sunil ဆိုတဲ့လူနဲ့ Roopa က ဖောက်ပြန်ဖြစ်အောင် ဖောက်ပြန်ခဲ့လို့ သူ သည်းမခံနိုင်ဖြစ်ခဲ့ရတာလို့ ပြောပါတယ်။

Roopa ဟာ သိုက်တူးတဲ့ငွေချူသမား Sunil ကို ပေါင် (၃၁၇၀)တန်ကြေးရှိ ငွေတွေလည်း ထောက်ပံ့ခဲ့သေးပြီး လင်ကြီးဖြစ်တဲ့ Satish ကိုလည်း နောက်ပိုင်းမှာ မျက်နှာသာမပေးတော့ဘဲ ကွာဖို့ရှင်းဖို့အထိ ပြောလာခဲ့တာပါ။ ဒါကြောင့်လည်း Satish ဟာ ဇနီးဖြစ်သူကို ဇာတ်သိမ်းပေးလိုက်ပြီး သူကိုယ်တိုင် ရဲစခန်းမှာ အဖမ်းခံခဲ့ပါတော့တယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top