မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

‘အခ်စ္ဆိုတာ ရယူျခင္းမွ မဟုတ္ဘဲ မဏိစႏၵာ ‘ဆိုတာ အၿမဲတမ္း မဟုတ္ပါဘူးေနာ္။ ယူစရာရွိတာေတာ့ ယူရပါမယ္  🙄🙄🙄

‘အခ်စ္ဆိုတာ ေပးဆပ္မႈတစ္ခုပါပဲ’ ဆိုတဲ့ စကားစုကို အခ်စ္ေရး ဂုရုဆရာႀကီးေတြ ေျပာဆိုၾကတာ ၾကားဖူးမွာေပါ့။ ဒါေပမဲ့ အဲဒါ တကယ္ႀကီးေရာ မွန္ရဲ႕လား? ကိုယ့္ရဲ႕ အနစ္နာခံမႈက ကိုယ့္ကို အရမ္းမထိခိုက္ေစဘဲ တျခားလူကို ေပ်ာ္ရႊင္ေစတယ္ ဆိုရင္ေတာ့ ဒီလို အနစ္နာခံတယ္ဆိုတာ အဓိပၸာယ္ရွိေသးတယ္။

ဒါေပမဲ့ သူေပ်ာ္ဖို႔ဆိုတာ တစ္ခုတည္းနဲ႔ ကိုယ့္ကိုယ္ကိုယ္ အခ်ီႀကီး ထိခိုက္ေစၿပီဆိုရင္ေတာ့ ဒါအခ်စ္မဟုတ္ဘဲ ကိုယ့္ကိုယ္ကိုယ္ ႏွစ္ပစ္ေနတာမ်ိဳး ျဖစ္ေနပါၿပီ။ ဟုတ္ပါတယ္ အခ်စ္ဆိုတာ တစ္ခါတေလမွာ ကိုယ့္ဘက္က အေလွ်ာ႔ေပးလိုက္တာမ်ိဳး၊ ေနာက္ဆုတ္ေပးလိုက္ရတာမ်ိဳး စသည္ျဖင့္ ေပးဆပ္ရတာမ်ိဳးေတြ လိုအပ္တယ္ဆိုေပမဲ့ တကယ္တမ္းေတာ့ ႏွစ္ဦးႏွစ္ဘက္ အေပးအယူလုပ္တတ္ဖုိ႔ ပိုလိုအပ္ပါတယ္။

လူႏွစ္ေယာက္က တစ္ေယာက္ကို တစ္ေယာက္ ဘယ္ေလာက္ပဲ ၁၀၀% အခ်င္းခ်င္း နားလည္တယ္ေျပာေျပာ၊ တစ္ခါတေလမွာေတာ့ သေဘာထား မတိုက္ဆိုင္တာမ်ိဳးေတြ ရွိတတ္ပါတယ္။ ဒါေပမဲ့ အဲဒီလို မတိုက္ဆိုင္တဲ့အခ်ိန္မွာ စကားမ်ားၾကတဲ့အခ်ိန္ ေျပေျပလည္လည္ ညွိႏႈိင္းတာမ်ိဳးမဟုတ္ဘဲ ကိုယ့္ဘက္က တစ္ဖက္သတ္ အေလွ်ာ႔ေပးလိုက္လို႔ အဆင္ေျပသြားတာမ်ိဳးဆိုတာ ကိုယ့္ဘက္က စိတ္ပိုင္းဆိုင္ရာ ေပးဆပ္လိုက္တာပါပဲ။ တစ္ခါတေလ ေျပလည္ရာေျပလည္းေၾကာင္း အေလွ်ာ႔ေပးလိုက္ရတာက ဘာမွမသိသာေပမဲ့ အၿမဲတမ္း ကိုယ္မွားမွားမွန္မွန္ သူ႔ဘက္က ဘာမွမရွင္းျပဘဲ နင္ေလွ်ာ႔ရင္ေလွ်ာ႔၊ မေလွ်ာ႔ရင္ လမ္းခြဲမယ္ဆိုတဲ့ အကြက္မ်ိဳးလာလုပ္ရင္ေတာ့ လာရာလမ္းအတိုင္းပဲ လွည့္ျပန္ခိုင္းလိုက္ပါ။

သူခ်စ္ဖုိ႔အတြက္ အေျဖမရွိတဲ့ ပုစာၦေတြကို တစ္ေယာက္တည္း အေျဖထုတ္ေနစရာမလိုပါဘူးေနာ္။ ေနာက္တစ္ခု ကိုယ္က သူ႔ကိုခ်စ္ရင္ အရာအားလံုး ေပးဆပ္ႏိုင္ရမယ္ဆိုတဲ့ စကားစုက ကိုယ့္ဘဝ တိုးတက္မႈနဲ႔ ဆိုင္တဲ့ ဆံုးျဖတ္ခ်က္တခ်ိဳ႕၊ ကိုယ့္လုပ္ငန္းခြင္ကို ထိခိုက္မယ့္ အရာတခ်ိဳ႕ကို မဆိုလိုပါဘူးေနာ္။ (ဥပမာ ကိုယ္ကႏိုင္ငံျခားသြားၿပီး ပညာသြားသင္ရမယ္၊ အလုပ္လုပ္ရမယ္ ဆိုေပမဲ့ သူ႔ဘက္က တစ္ေယာက္တည္း မေနခဲ့ႏိုင္လို႔ လြမ္းတဲ့ဒဏ္ကို မခံႏိုင္လို႔ဆိုၿပီး ဆြဲထား၊ ျပဳထားတဲ့ အခါမ်ိဳးမွာလည္း ကိုယ္က သူ႔ေၾကာင့္ သြားမယ့္ကိစၥကို စြန္႔လႊတ္လိုက္စရာမလိုပါဘူး။ သူလိုက္ခဲ့မယ္ဆိုရင္ တစ္မ်ိဳးေပါ့။ ေနာက္ၿပီး သူ႔မိဘ ေနမေကာင္းျဖစ္ေနလို႔ဆိုၿပီး ရွိသမွ် အလုပ္ေတြ အကုန္ဖ်က္ သူ႔အိမ္သြား တစ္ေနကုန္အခ်ိန္ေတြေပးၿပီး ျပဳစု၊ ဘာေနာက္ေၾကာင္းမွ ျပန္လွည့္မၾကည့္ ဆိုတာမ်ိဳးကလည္း မဟုတ္ေသးဘူးေလ) ေနာက္တစ္ခု ကိုယ္နဲ႔ ယူေတာင္မယူရေသးဘူး သူ႔ရဲ႕ ရွိရွိသမွ်ေသာ အိမ္နဲ႔ တျခားေဝယ်ာဝစၥေတြကို သိမ္းႀကံဳးၿပီး လုပ္ေပးေနရတယ္ဆိုရင္လည္း ျပန္စဥ္းစားဖို႔ လိုအပ္ေနပါၿပီ။ (အိမ္မႈကိစၥဆိုတာ တစ္ဦးတစ္ေယာက္တည္းရဲ႕ တာဝန္မဟုတ္ပါဘူးေနာ္။ ဒါကိုလည္း သတိခ်ပ္မိပါေစ။)

တကယ္ေတာ့ အခ်စ္ဆိုတာ ညွိႏႈိင္းျခင္း အႏုပညာရပ္ထဲက တစ္ခုပါပဲ။ အနစ္နာခံတယ္၊ ေပးဆပ္တယ္ဆိုတာ တစ္ဖက္သတ္ဆန္ေပမဲ့ ညွိႏိႈင္းမႈေတြကေတာ့ မွ်တပါတယ္။ ေပးဆပ္တယ္ဆိုတာ ဘဝရဲ႕ႀကီးမားတဲ့ အခ်ိဳးအေကြ႔ေတြမွာပဲ အသံုးတည့္ေပမဲ့ ညွိႏိႈင္းျခင္းကေတာ့ ေန႔စဥ္ဘဝမွာ အေရးပါၿပီး အခ်စ္ေရးတစ္ခု အဆင္ေျပေျပနဲ႔ ေရွ႕ဆက္သြားႏိုင္ဖို႔ အရမ္းအႀကံဳးဝင္ပါတယ္။

ဥပမာ အနီးစပ္ဆံုးေျပာရရင္ အိမ္ေထာင္ျပဳၿပီး ကေလးေတြ ရလာတဲ့အခါ ကိုယ္က ကိုယ့္ရဲ႕ တစ္ေန႔တာ အခ်ိန္ထဲကေန နာရီဝက္ေလာက္ေစာၿပီး လုပ္စရာရွိတာလုပ္ ကေလးေတြေက်ာင္းပို႔ဖို႔အတြက္ ျပင္ဆင္သလို သူ႔ဘက္ကလည္း ရံုဆင္းခ်ိန္ထဲက နာရီဝက္ေလာက္ ေစာၿပီး ကေလးေတြကို ေက်ာင္းသြားႀကိဳတဲ့ တာဝန္ယူေပးတာမ်ိဳးေပါ့..

ဒီလိုပါပဲ အခ်စ္ေရးဆိုတာ အရင္တုန္းက ႏွင္းတို႔ေျပာတဲ့အတိုင္း ဘာဆိုဘာမွ မတူတဲ႔ ပတ္ဝန္းက်င္ ႏွစ္ခုက လူသားႏွစ္ေယာက္ ေပါင္းစပ္တာမို႔ အေတြးအျမင္၊ ခံယူခ်က္ စသည္ျဖင့္ မတူညီတာေတြ အမ်ားႀကီးရွိေနမွာပါ။ အဓိကကေတာ့ ျဖစ္လာတဲ့ ျပႆနာေတြကို တစ္ဘက္ေစာင္းနင္း မဆန္ဘဲ တစ္ေယာက္ကို တစ္ေယာက္ ေလးစားမႈရွိၿပီး ေျဖရွင္းၾကရင္ေတာ့ အေကာင္းဆံုးအေျဖ ထြက္လာပါလိမ့္မယ္။

ေယာင္းတို႔အားလံုး အဆင္ေျပၾကပါေစလုိ႔ ဆုေတာင္းရင္း…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hnin Ei Oo (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
‘အချစ်ဆိုတာ ရယူခြင်းမှ မဟုတ်ဘဲ မဏိစန္ဒာ ‘ဆိုတာ အမြဲတမ်း မဟုတ်ပါဘူးနော်။ ယူစရာရှိတာတော့ ယူရပါမယ်  🙄🙄🙄

‘အချစ်ဆိုတာ ပေးဆပ်မှုတစ်ခုပါပဲ’ ဆိုတဲ့ စကားစုကို အချစ်ရေး ဂုရုဆရာကြီးတွေ ပြောဆိုကြတာ ကြားဖူးမှာပေါ့။ ဒါပေမဲ့ အဲဒါ တကယ်ကြီးရော မှန်ရဲ့လား? ကိုယ့်ရဲ့ အနစ်နာခံမှုက ကိုယ့်ကို အရမ်းမထိခိုက်စေဘဲ တခြားလူကို ပျော်ရွှင်စေတယ် ဆိုရင်တော့ ဒီလို အနစ်နာခံတယ်ဆိုတာ အဓိပ္ပာယ်ရှိသေးတယ်။

ဒါပေမဲ့ သူပျော်ဖို့ဆိုတာ တစ်ခုတည်းနဲ့ ကိုယ့်ကိုယ်ကိုယ် အချီကြီး ထိခိုက်စေပြီဆိုရင်တော့ ဒါအချစ်မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် နှစ်ပစ်နေတာမျိုး ဖြစ်နေပါပြီ။ ဟုတ်ပါတယ် အချစ်ဆိုတာ တစ်ခါတလေမှာ ကိုယ့်ဘက်က အလျှော့ပေးလိုက်တာမျိုး၊ နောက်ဆုတ်ပေးလိုက်ရတာမျိုး စသည်ဖြင့် ပေးဆပ်ရတာမျိုးတွေ လိုအပ်တယ်ဆိုပေမဲ့ တကယ်တမ်းတော့ နှစ်ဦးနှစ်ဘက် အပေးအယူလုပ်တတ်ဖို့ ပိုလိုအပ်ပါတယ်။

လူနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ဘယ်လောက်ပဲ ၁၀၀% အချင်းချင်း နားလည်တယ်ပြောပြော၊ တစ်ခါတလေမှာတော့ သဘောထား မတိုက်ဆိုင်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ အဲဒီလို မတိုက်ဆိုင်တဲ့အချိန်မှာ စကားများကြတဲ့အချိန် ပြေပြေလည်လည် ညှိနှိုင်းတာမျိုးမဟုတ်ဘဲ ကိုယ့်ဘက်က တစ်ဖက်သတ် အလျှော့ပေးလိုက်လို့ အဆင်ပြေသွားတာမျိုးဆိုတာ ကိုယ့်ဘက်က စိတ်ပိုင်းဆိုင်ရာ ပေးဆပ်လိုက်တာပါပဲ။ တစ်ခါတလေ ပြေလည်ရာပြေလည်းကြောင်း အလျှော့ပေးလိုက်ရတာက ဘာမှမသိသာပေမဲ့ အမြဲတမ်း ကိုယ်မှားမှားမှန်မှန် သူ့ဘက်က ဘာမှမရှင်းပြဘဲ နင်လျှော့ရင်လျှော့၊ မလျှော့ရင် လမ်းခွဲမယ်ဆိုတဲ့ အကွက်မျိုးလာလုပ်ရင်တော့ လာရာလမ်းအတိုင်းပဲ လှည့်ပြန်ခိုင်းလိုက်ပါ။

သူချစ်ဖို့အတွက် အဖြေမရှိတဲ့ ပုစ္ဆာတွေကို တစ်ယောက်တည်း အဖြေထုတ်နေစရာမလိုပါဘူးနော်။ နောက်တစ်ခု ကိုယ်က သူ့ကိုချစ်ရင် အရာအားလုံး ပေးဆပ်နိုင်ရမယ်ဆိုတဲ့ စကားစုက ကိုယ့်ဘဝ တိုးတက်မှုနဲ့ ဆိုင်တဲ့ ဆုံးဖြတ်ချက်တချို့၊ ကိုယ့်လုပ်ငန်းခွင်ကို ထိခိုက်မယ့် အရာတချို့ကို မဆိုလိုပါဘူးနော်။ (ဥပမာ ကိုယ်ကနိုင်ငံခြားသွားပြီး ပညာသွားသင်ရမယ်၊ အလုပ်လုပ်ရမယ် ဆိုပေမဲ့ သူ့ဘက်က တစ်ယောက်တည်း မနေခဲ့နိုင်လို့ လွမ်းတဲ့ဒဏ်ကို မခံနိုင်လို့ဆိုပြီး ဆွဲထား၊ ပြုထားတဲ့ အခါမျိုးမှာလည်း ကိုယ်က သူ့ကြောင့် သွားမယ့်ကိစ္စကို စွန့်လွှတ်လိုက်စရာမလိုပါဘူး။ သူလိုက်ခဲ့မယ်ဆိုရင် တစ်မျိုးပေါ့။ နောက်ပြီး သူ့မိဘ နေမကောင်းဖြစ်နေလို့ဆိုပြီး ရှိသမျှ အလုပ်တွေ အကုန်ဖျက် သူ့အိမ်သွား တစ်နေကုန်အချိန်တွေပေးပြီး ပြုစု၊ ဘာနောက်ကြောင်းမှ ပြန်လှည့်မကြည့် ဆိုတာမျိုးကလည်း မဟုတ်သေးဘူးလေ) နောက်တစ်ခု ကိုယ်နဲ့ ယူတောင်မယူရသေးဘူး သူ့ရဲ့ ရှိရှိသမျှသော အိမ်နဲ့ တခြားဝေယျာဝစ္စတွေကို သိမ်းကြုံးပြီး လုပ်ပေးနေရတယ်ဆိုရင်လည်း ပြန်စဉ်းစားဖို့ လိုအပ်နေပါပြီ။ (အိမ်မှုကိစ္စဆိုတာ တစ်ဦးတစ်ယောက်တည်းရဲ့ တာဝန်မဟုတ်ပါဘူးနော်။ ဒါကိုလည်း သတိချပ်မိပါစေ။)

တကယ်တော့ အချစ်ဆိုတာ ညှိနှိုင်းခြင်း အနုပညာရပ်ထဲက တစ်ခုပါပဲ။ အနစ်နာခံတယ်၊ ပေးဆပ်တယ်ဆိုတာ တစ်ဖက်သတ်ဆန်ပေမဲ့ ညှိနှိုင်းမှုတွေကတော့ မျှတပါတယ်။ ပေးဆပ်တယ်ဆိုတာ ဘဝရဲ့ကြီးမားတဲ့ အချိုးအကွေ့တွေမှာပဲ အသုံးတည့်ပေမဲ့ ညှိနှိုင်းခြင်းကတော့ နေ့စဉ်ဘဝမှာ အရေးပါပြီး အချစ်ရေးတစ်ခု အဆင်ပြေပြေနဲ့ ရှေ့ဆက်သွားနိုင်ဖို့ အရမ်းအကြုံးဝင်ပါတယ်။

ဥပမာ အနီးစပ်ဆုံးပြောရရင် အိမ်ထောင်ပြုပြီး ကလေးတွေ ရလာတဲ့အခါ ကိုယ်က ကိုယ့်ရဲ့ တစ်နေ့တာ အချိန်ထဲကနေ နာရီဝက်လောက်စောပြီး လုပ်စရာရှိတာလုပ် ကလေးတွေကျောင်းပို့ဖို့အတွက် ပြင်ဆင်သလို သူ့ဘက်ကလည်း ရုံဆင်းချိန်ထဲက နာရီဝက်လောက် စောပြီး ကလေးတွေကို ကျောင်းသွားကြိုတဲ့ တာဝန်ယူပေးတာမျိုးပေါ့..

ဒီလိုပါပဲ အချစ်ရေးဆိုတာ အရင်တုန်းက နှင်းတို့ပြောတဲ့အတိုင်း ဘာဆိုဘာမှ မတူတဲ့ ပတ်ဝန်းကျင် နှစ်ခုက လူသားနှစ်ယောက် ပေါင်းစပ်တာမို့ အတွေးအမြင်၊ ခံယူချက် စသည်ဖြင့် မတူညီတာတွေ အများကြီးရှိနေမှာပါ။ အဓိကကတော့ ဖြစ်လာတဲ့ ပြဿနာတွေကို တစ်ဘက်စောင်းနင်း မဆန်ဘဲ တစ်ယောက်ကို တစ်ယောက် လေးစားမှုရှိပြီး ဖြေရှင်းကြရင်တော့ အကောင်းဆုံးအဖြေ ထွက်လာပါလိမ့်မယ်။

ယောင်းတို့အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းရင်း…

ဖိုးသူတော် (www.phothutaw.com)
Credit: Hnin Ei Oo (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top