ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အင္ဒိုနီးရွားႏိုင္ငံက အသက္ ၁၉ ႏွစ္အ႐ြယ္ အယ္ဒီ ႏိုဗယ္ အဒီလန္း (Aldi Novel Adilang) ဆိုတဲ့ ေကာင္ေလးဟာ ပစိဖိတ္သမုဒၵရာထဲမွာ ၄၉ ရက္ (၇ ပတ္) ေလာက္ၾကာေအာင္ ေမ်ာေနေပမဲ့

ကံေကာင္းစြာနဲ႔ အသက္ရွင္ခဲ့ပါတယ္။


သူစီးလာတဲ့ တဲနဲ႔ဝါးေဖာင္ေလးေပၚက ႀကိဳးေတြကို ျပင္းထန္တဲ့ ေလၾကမ္းေတြက ျပတ္ေတာက္ေစခဲ့လို႔ အင္ဒိုနီးရွားႏိုင္ငံ ေျမာက္ဆူလာေဝစီ ကမ္းေျခရဲ႕ ေျမာက္ဘက္ ၁၆၇၆ မိုင္ (၂၆၉၈ ကီလိုမီတာ) ေလာက္အထိ ေမ်ာပါသြားခဲ့တာပါ။ သူ႕ကို အေနာက္ ပစိဖိတ္သမုဒၵရာထဲက ဂူအမ္ကၽြန္းနားမွာ ပနားမားအလံနဲ႔ သေဘၤာတစ္စီးက ကယ္ဆယ္ႏိုင္ခဲ့တာလို႔ ဆိုပါတယ္။


အယ္ဒီဟာ ေရေသာက္ဖို႔အတြက္ သူ႕အက်ႌမွာ စိုေနတဲ့ေရကို စုပ္ယူ ေသာက္သုံးခဲ့ရတယ္လို႔ ဆိုပါတယ္။ အခုေတာ့ သူ႕ရဲ႕ အဆိုး႐ြားဆုံး အခ်ိန္ေတြကို ျဖတ္ေက်ာ္ႏိုင္ခဲ့ပါၿပီ။ သူ႕ကို ဩဂုတ္လကုန္ပိုင္းက ကယ္ဆယ္ႏိုင္ခဲ့တာ ျဖစ္ၿပီး အဲဒီေနာက္ အနီးဆုံးျဖစ္တဲ့ ဂ်ပန္ကိုေခၚသြားေပးခဲ့ၿပီး ဂ်ပန္ႏိုင္ငံ အိုဆာကာၿမိဳ႕က အင္ဒိုနီးရွား ေကာင္စစ္ဝန္႐ုံးကေန တစ္ဆင့္ စက္တင္ဘာ ၈ ရက္ေန႔မွာေတာ့ သူ႕ရဲ႕ မိသားစုေတြဆီ ျပန္လည္ေရာက္ရွိႏိုင္ခဲ့ပါတယ္။


သေဘၤာႀကီး ၁၀ စီးအထိ ျဖတ္သြားေပမယ့္ သူ႕ကို သတိမထားမိခဲ့ပဲ ေရျပင္ထဲမွာ က်န္ေနခဲ့ခ်ိန္မွာ ေတာ္ေတာ္ေလး စိတ္ဓာတ္မက်ေအာင္ ထိန္းခ်ဳပ္ၿပီး ေရွ႕ဆက္ခဲ့ရတယ္လို႔ ျပန္ေျပာခဲ့ပါတယ္။ သေဘၤာႀကီး တစ္စီးျဖတ္သြားတာ ျမင္တိုင္း ေမၽွာ္လင့္ခ်က္ေတြနဲ႔ ႀကိဳးစားခဲ့ေပမဲ့ သူ႕ကို သတိမထားမိဘဲ ေက်ာ္သြားခဲ့တဲ့အခါ ေၾကာက္လန္႔ခဲ့ရၿပီး မၾကာခဏ ငိုေႂကြးမိတယ္လို႔လဲ ဒီအျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီး ဖြင့္ဟခဲ့ပါတယ္။


စားစရာ ကုန္သြားတဲ့အခါ ငါးေတြကို ဖမ္းၿပီးစားခဲ့ရသလို ပင္လယ္ေရကိုပဲ ႀကိတ္မွိတ္ေသာက္ခဲ့ရတာျဖစ္ၿပီး မီးေမႊးဖို႔ ဂက္စ္ကုန္သြားတဲ့အခါမွာလဲ တဲကသစ္သားအကာအရံေတြကို အသုံးျပဳခဲ့ရတယ္လို႔ ဆိုပါတယ္။ ဩဂုတ္လ ၃၁ ရက္ေန႔မွာ သူ႕ရဲ႕ အက်ီၤကို ေဝွ႔ယမ္း အခ်က္ျပတာကို သေဘၤာတစ္စီးရဲ႕ ကပၸတိန္က ေတြ႕ရွိသြားခဲ့တာေၾကာင့္ အခုလို အသက္ရွင္ခြင့္ ႀကဳံခဲ့ရတာ ျဖစ္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Cj (႐ိုးရာေလး)
# Unicode Version ျဖင့္ ဖတ္ပါ #
အင်ဒိုနီးရှားနိုင်ငံက အသက် ၁၉ နှစ်အရွယ် အယ်ဒီ နိုဗယ် အဒီလန်း (Aldi Novel Adilang) ဆိုတဲ့ ကောင်လေးဟာ ပစိဖိတ်သမုဒ္ဒရာထဲမှာ ၄၉ ရက် (၇ ပတ်) လောက်ကြာအောင် မျောနေပေမဲ့

ကံကောင်းစွာနဲ့ အသက်ရှင်ခဲ့ပါတယ်။

သူစီးလာတဲ့ တဲနဲ့ဝါးဖောင်လေးပေါ်က ကြိုးတွေကို ပြင်းထန်တဲ့ လေကြမ်းတွေက ပြတ်တောက်စေခဲ့လို့ အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူလာဝေစီ ကမ်းခြေရဲ့ မြောက်ဘက် ၁၆၇၆ မိုင် (၂၆၉၈ ကီလိုမီတာ) လောက်အထိ မျောပါသွားခဲ့တာပါ။ သူ့ကို အနောက် ပစိဖိတ်သမုဒ္ဒရာထဲက ဂူအမ်ကျွန်းနားမှာ ပနားမားအလံနဲ့ သင်္ဘောတစ်စီးက ကယ်ဆယ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

အယ်ဒီဟာ ရေသောက်ဖို့အတွက် သူ့အင်္ကျီမှာ စိုနေတဲ့ရေကို စုပ်ယူ သောက်သုံးခဲ့ရတယ်လို့ ဆိုပါတယ်။ အခုတော့ သူ့ရဲ့ အဆိုးရွားဆုံး အချိန်တွေကို ဖြတ်ကျော်နိုင်ခဲ့ပါပြီ။ သူ့ကို ဩဂုတ်လကုန်ပိုင်းက ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်ပြီး အဲဒီနောက် အနီးဆုံးဖြစ်တဲ့ ဂျပန်ကိုခေါ်သွားပေးခဲ့ပြီး ဂျပန်နိုင်ငံ အိုဆာကာမြို့က အင်ဒိုနီးရှား ကောင်စစ်ဝန်ရုံးကနေ တစ်ဆင့် စက်တင်ဘာ ၈ ရက်နေ့မှာတော့ သူ့ရဲ့ မိသားစုတွေဆီ ပြန်လည်ရောက်ရှိနိုင်ခဲ့ပါတယ်။

သင်္ဘောကြီး ၁၀ စီးအထိ ဖြတ်သွားပေမယ့် သူ့ကို သတိမထားမိခဲ့ပဲ ရေပြင်ထဲမှာ ကျန်နေခဲ့ချိန်မှာ တော်တော်လေး စိတ်ဓာတ်မကျအောင် ထိန်းချုပ်ပြီး ရှေ့ဆက်ခဲ့ရတယ်လို့ ပြန်ပြောခဲ့ပါတယ်။ သင်္ဘောကြီး တစ်စီးဖြတ်သွားတာ မြင်တိုင်း မျှော်လင့်ချက်တွေနဲ့ ကြိုးစားခဲ့ပေမဲ့ သူ့ကို သတိမထားမိဘဲ ကျော်သွားခဲ့တဲ့အခါ ကြောက်လန့်ခဲ့ရပြီး မကြာခဏ ငိုကြွေးမိတယ်လို့လဲ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဖွင့်ဟခဲ့ပါတယ်။

စားစရာ ကုန်သွားတဲ့အခါ ငါးတွေကို ဖမ်းပြီးစားခဲ့ရသလို ပင်လယ်ရေကိုပဲ ကြိတ်မှိတ်သောက်ခဲ့ရတာဖြစ်ပြီး မီးမွှေးဖို့ ဂက်စ်ကုန်သွားတဲ့အခါမှာလဲ တဲကသစ်သားအကာအရံတွေကို အသုံးပြုခဲ့ရတယ်လို့ ဆိုပါတယ်။ ဩဂုတ်လ ၃၁ ရက်နေ့မှာ သူ့ရဲ့ အကျီၤကို ဝှေ့ယမ်း အချက်ပြတာကို သင်္ဘောတစ်စီးရဲ့ ကပ္ပတိန်က တွေ့ရှိသွားခဲ့တာကြောင့် အခုလို အသက်ရှင်ခွင့် ကြုံခဲ့ရတာ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Cj (ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top