မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

မႏၲေလး အမရပူရၿမိဳ႕နယ္ ငယ္တိုးေက်းရြာအုပ္စု၊ ေရႊလြန္းရြာျပင္သခၤ်ိဳင္းအတြင္း အမ်ိဳးသားႏွစ္ဦး ဒဏ္ရာေတြနဲ႔လဲက်ေသဆံုးေနတဲ႔ ျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ႔ပါတယ္။

ေသဆံုးသူအမ်ိဳးသားႏွစ္ဦးအနက္ တစ္ဦးဟာ အမရပူရေဒသခံ အသက္ေျခာက္ဆယ္အရြယ္ လူႀကီးတစ္ဦးျဖစ္တယ္လို႔ ေဒသခံေတြေျပာစကားအရသိရၿပီး က်န္တစ္ဦးကေတာ့ အမည္မသိစံုစမ္းစစ္ေဆးဆဲျဖစ္တယ္လို႔ သိရပါတယ္။

အေလာင္းေတြကို ဒီကေန႔မနက္ ၁၀ နာရီအခ်ိန္ခန္႔က အနီးအနားျဖတ္သြားျဖတ္လာေတြကေတြ႕ရွိလို႔ နယ္ေျမအပိုင္ရဲစခန္းဆီ သတင္းေပးပို႔မႈအရ အမရပူရၿမိဳ႕နယ္ရဲမွဴးယာယီရဲမွဴးသိန္း၀င္းဦးေဆာင္မႈနဲ႔တာ၀န္ရွိသူေတြ သြားေရာက္စစ္ေဆးခဲ႔တယ္လို႔လည္းသိရ ၿပီး ျဖစ္စဥ္နဲ႔ပတ္သက္လုိ႔ အမရပူရၿမိဳ႕နယ္ၿမိဳ႕မရဲစခန္းဆီဆက္သြယ္ေမးျမန္းရာမွာ စစ္ေဆးေဆာင္ရြက္ေနဆဲပဲျဖစ္တယ္လို႔ တာ၀န္က်ရဲ အရာရွိတစ္ဦးကျပန္လည္ေျဖၾကားေပးပါတယ္။

အေလာင္းေတြ႕ရွိစစ္ေဆးမႈအရ အသက္ေျခာက္ဆယ္အရြယ္လူႀကီးမွာ ၀ဲမ်က္ခံုးေအာက္ညိဳမဲေပါက္ၿပဲဒဏ္ရာ၊ ၀ဲပါးျပင္ေပါက္ၿပဲ ဒဏ္ရာ၊ ေမးေအာက္ေပါက္ၿပဲဒဏ္ရာေတြနဲ႔ေသဆံုးလ်က္၊ အမည္မသိအမ်ိဳးသားဟာ ၀ဲနဖူးေပါက္ၿပဲဒဏ္ရာ၊ ၀ဲမ်က္ခံုးေအာက္ညိဳပဲ ေပါက္ၿပဲဒဏ္ရာ၊ ၀ဲႏႈတ္ခမ္းေပါက္ၿပဲဒဏ္ရာေတြနဲ႔ေသဆံုးလ်က္ ေတြ႕ရွိရတာျဖစ္တယ္လုိ႔သိရပါတယ္။

​ေစာ​ေထြး

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popular News Journal
# Unicode Version ျဖင့္ ဖတ္ပါ #
မန္တလေး အမရပူရမြို့နယ် ငယ်တိုးကျေးရွာအုပ်စု၊ ရွှေလွန်းရွာပြင်သင်္ချိုင်းအတွင်း အမျိုးသားနှစ်ဦး ဒဏ်ရာတွေနဲ့လဲကျသေဆုံးနေတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။

သေဆုံးသူအမျိုးသားနှစ်ဦးအနက် တစ်ဦးဟာ အမရပူရဒေသခံအသက်ခြောက်ဆယ်အရွယ်လူကြီးတစ်ဦးဖြစ်တယ်လို့ ဒေသခံတွေပြောစကားအရသိရပြီး ကျန်တစ်ဦးကတော့ အမည်မသိစုံစမ်းစစ်ဆေးဆဲဖြစ်တယ်လို့ သိရပါတယ်။

အလောင်းတွေကို ဒီကနေ့မနက် ၁၀ နာရီအချိန်ခန့်က အနီးအနားဖြတ်သွားဖြတ်လာတွေကတွေ့ရှိလို့ နယ်မြေအပိုင်ရဲစခန်းဆီ သတင်းပေးပို့မှုအရ အမရပူရမြို့နယ်ရဲမှူးယာယီရဲမှူးသိန်းဝင်းဦးဆောင်မှုနဲ့တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့တယ်လို့လည်းသိရ ပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့ အမရပူရမြို့နယ်မြို့မရဲစခန်းဆီဆက်သွယ်မေးမြန်းရာမှာ စစ်ဆေးဆောင်ရွက်နေဆဲပဲဖြစ်တယ်လို့ တာဝန်ကျရဲ အရာရှိတစ်ဦးကပြန်လည်ဖြေကြားပေးပါတယ်။

အလောင်းတွေ့ရှိစစ်ဆေးမှုအရ အသက်ခြောက်ဆယ်အရွယ်လူကြီးမှာ ဝဲမျက်ခုံးအောက်ညိုမဲပေါက်ပြဲဒဏ်ရာ၊ ဝဲပါးပြင်ပေါက်ပြဲ ဒဏ်ရာ၊ မေးအောက်ပေါက်ပြဲဒဏ်ရာတွေနဲ့သေဆုံးလျက်၊ အမည်မသိအမျိုးသားဟာ ဝဲနဖူးပေါက်ပြဲဒဏ်ရာ၊ ဝဲမျက်ခုံးအောက်ညိုပဲ ပေါက်ပြဲဒဏ်ရာ၊ ဝဲနှုတ်ခမ်းပေါက်ပြဲဒဏ်ရာတွေနဲ့သေဆုံးလျက် တွေ့ရှိရတာဖြစ်တယ်လို့သိရပါတယ်။

စောထွေး

ဖိုးသူတော် (www.phothutaw.com)
Credit: Popular News Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top