×

တစ္ခါတုန္းက အရမ္းကို ခ်မ္းသာတဲ့ သူေဌးၾကီးတစ္ဦးရွိတယ္။ ၿပီးေတာ့ သူ႕မွာ မိန္းမ ေလးေယာက္ယူထားတယ္။ ေလးေယာက္လံုးကလဲ တစ္အိမ္ထဲေနၿပီးေတာ့တစ္ေယာက္နဲ႕ တစ္ေယာက္ကလဲ ခ်စ္ခင္ၾကတယ္။

၄ ေယာက္ေျမာက္မိန္းမကိုေတာ့ သူေဌးၾကီးက အခ်စ္ဆံုးပဲ။ အဲ့မိန္းမကို ၀တ္ေကာင္းစားလွေတြအခ်ိန္တိုင္းဆင္ေပးၿပီးေတာ့ဖ်ားနာတာမ်ိဳးမျဖစ္ရေအာင္ အခ်ိန္ေပးၿပိးေတာ့ ဂရုစုိက္တယ္။သူကဂရုစိုက္ေပမယ့္ သူ႕မိန္းမကေတာ့ သူ႕ကို ဘာမွျပန္မလုပ္ေပးဘူး။ ၃ ေယာက္ေျမာက္မိန္းမကိုလဲ ေတာ္ေတာ္ခ်စ္ရွာတယ္။အဲဒီမိန္းမအတြက္ အခ်ိန္ေတြေပးထားတယ္။ အလုပ္ေတြၾကိဳးစားတယ္။ အဲဒီမိန္းမက သူ႕အတြက္စီးပြားေရးလဲတစ္ဖက္တစ္လမ္းလုပ္ေပးေသးတယ္။သူေဌးၾကီးကေတာ့ အဲဒီမိန္းမက တစ္ျခားတစ္ေယာက္နဲ႕ပါသြားမွာကို အရမ္းစိုးရိမ္တယ္။ ၂ေယာက္ေျမာက္မိန္းမကိုလဲအလြန္ခ်စ္တယ္။သူကအေတြးအေခၚေကာင္းတယ္ စဥ္းစားဆင္ျခင္နိုင္စြမ္းရွိတယ္။တစ္ခါတစ္ေလ သူေဌးၾကီး စိတ္ဓါတ္က်ေနရင္ေတာင္ ေထြးေပြ႕ၿပီး အားေပးတတ္တဲ့သူျဖစ္တယ္။ ပထမမိန္းမကိုေတာ့သူသိပ္ၾကည့္မရဘူး။သူနဲ႕အတူတူသြားလာေနတာကလြဲလို႕ သူ႕ကို ဘာမွမလုပ္ေပးနိုင္ဘူးလို႕ထင္တယ္။ သူ႕မိန္းမကေတာ့ သူ႕ကိုအရမ္းခ်စ္တယ္။ဒါေပမယ့္သူကေတာ့ သိပ္ဂရုမစိုက္ဘူး။

ဒီလိုနဲ႕ တစ္ေန႕မွာေတာ့ သူေဌးၾကီးမွာ ေရာဂါတစ္ခုရပါေလေရာ။ ဆရာ၀န္ကလဲ မၾကာခင္ေသေတာ့မယ္လို႕ေျပာလိုက္တယ္။သူေဌးၾကီး အိပ္ရာေပၚလဲၿပီ။ သူ႕မိန္းမေလးေယာက္က သူ႕ကို ၀ုိင္းျပဳစုၾကတယ္။အဲဒါနဲ႕ သူေဌးၾကီးက ေလးေယာက္ေျမာက္ မိန္းမကို ေမးလိုက္တယ္။ ” ငါေသရင္ တမလြန္မွာ တစ္ေယာက္ထဲ အေဖာ္မဲ့ေနမယ္ ရွင္မေရ မင္းငါနဲ႕ တမလြန္ကိုလိုက္ခဲ့မလား ” လို႕ေမးလိုက္တယ္။သူ႕မိန္းမက သူ႕နားကထြက္သြားတယ္။ ၿပီးေတာ့ ေခါင္းခါျပတယ္။ ဒါနဲ႕ သံုးေယာက္ေျမာက္မိန္းမကို ေမးျပန္တယ္။” မရဘူး ငါ့ဘ၀က ဒီအခ်ိန္မွာေပ်ာ္စရာေကာင္းေနၿပီရွင္ေသရင္ကၽြန္မကေနာက္တစ္ေယာက္ဆီ လိုက္သြားမွာပဲ ” လို႕ေျဖတယ္။ သူေဌးၾကီး အရမ္းကို ခံစားသြားရတယ္။

ႏွစ္ေယာက္ေျမာက္ မိန္းမကို ေမးျပန္တယ္။” စိတ္မေကာင္းပါဘူး ငါနင္နဲ႕အတူလိုက္မေသနိင္ဘူးငါနင့္ကိုေတာ့အုတ္ဂူအထိလိုက္ပို႕ပါ့မယ္” သူေဌးၾကီး လံုး၀စိတ္ထိခိုက္သြားတယ္ ၿပီးေတာ့ ပထမမိန္းမကို လွည့္ၾကည့္တယ္။ ပထမမိန္းမကေတာ့ေကာင္းၿပီကၽြန္မလိုက္ခဲ့မယ္”လို႕ေျဖလိုက္တယ္။သူေဌးၾကီးလဲ ပထမမိန္းမကို ၀မး္သာအားရေပြ႕ဖက္လိုက္တယ္။ ပံုျပင္ေလးၿပီးသြားတဲ့အခါ အဖိုးအိုက သူ႕ေျမးကို ရွင္းျပတယ္” ငါ့ေျမး ဒီပံုျပင္ထဲကေလးေယာက္ေျမာက္မိန္းမဆိုတာ တျခားမဟုတ္ဘူး… ငါတို႕ရဲ႕ခႏၶာကိုယ္ပဲ။ငါတို႕ဟာကိုယ့္ခႏၶာကိုအလွအပေတြဆင္၊မဖ်ားနာေအာင္ဂရုစိုက္တာေတာင္မွ ေသရင္ငါတို႕နဲ႕အတူလိုက္နိုင္မွာမဟုတ္ဘူး

တတိယမိန္းမကေတာ့စီးပြားဥစၥာကိုရည္ညြန္းတယ္။ငါတို႕ဘယ္ေလာက္ရွာခဲ့ရွာခဲ့ ငါတို႕ေသရင္ ကိုယ့္သားသမီး၊အျခားလူေတြဆီပါသြားမယ္။ ငါတို႕နဲ႕အတူလိုက္နိုင္မွာမဟုတ္ဘူး။ ဒုတိယမိန္းမကေတာ့ ငါတို႕မိသားစုေတြနဲ႕ သူငယ္ခ်င္းေတြပဲ။ သူတို႕က ငါတို႕ကိုအရာအားလံုးမွာ ကူညီေပမယ့္ ငါတို႕ေသတဲ့အခါ လိုက္ပဲပို႕နိုင္မယ္ သူတို႕ကေတာ့ လိုက္နိုင္မွာမဟုတ္ဘူး။ ပထမမိန္းမကေတာ့ ငါတို႕ရဲ႕ လုပ္ခဲ႔မိတဲ႔ကုသုိလ္အကုသုိလ္ပဲ တစ္နည္းအားျဖင့္ေျပာရရင္ နာမ္ပဲ။ငါတို႕က သူ႕ကို သတိမထားမိေပမယ့္ သူကေတာ့ ငါတို႕နဲ႕အတူတူ သံသရာတစ္ေလွ်ာက္လံုး လိုက္ပါလာလိမ့္မယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Writer

#Unicode Version#
တစ်ခါတုန်းက အရမ်းကို ချမ်းသာတဲ့ သူဌေးကြီးတစ်ဦးရှိတယ်။ ပြီးတော့ သူ့မှာ မိန်းမ လေးယောက်ယူထားတယ်။ လေးယောက်လုံးကလဲ တစ်အိမ်ထဲနေပြီးတော့တစ်ယောက်နဲ့ တစ်ယောက်ကလဲ ချစ်ခင်ကြတယ်။

၄ ယောက်မြောက်မိန်းမကိုတော့ သူဌေးကြီးက အချစ်ဆုံးပဲ။ အဲ့မိန်းမကို ဝတ်ကောင်းစားလှတွေအချိန်တိုင်းဆင်ပေးပြီးတော့ဖျားနာတာမျိုးမဖြစ်ရအောင် အချိန်ပေးပြိးတော့ ဂရုစိုက်တယ်။သူကဂရုစိုက်ပေမယ့် သူ့မိန်းမကတော့ သူ့ကို ဘာမှပြန်မလုပ်ပေးဘူး။ ၃ ယောက်မြောက်မိန်းမကိုလဲ တော်တော်ချစ်ရှာတယ်။အဲဒီမိန်းမအတွက် အချိန်တွေပေးထားတယ်။ အလုပ်တွေကြိုးစားတယ်။ အဲဒီမိန်းမက သူ့အတွက်စီးပွားရေးလဲတစ်ဖက်တစ်လမ်းလုပ်ပေးသေးတယ်။သူဌေးကြီးကတော့ အဲဒီမိန်းမက တစ်ခြားတစ်ယောက်နဲ့ပါသွားမှာကို အရမ်းစိုးရိမ်တယ်။ ၂ယောက်မြောက်မိန်းမကိုလဲအလွန်ချစ်တယ်။သူကအတွေးအခေါ်ကောင်းတယ် စဉ်းစားဆင်ခြင်နိုင်စွမ်းရှိတယ်။တစ်ခါတစ်လေ သူဌေးကြီး စိတ်ဓါတ်ကျနေရင်တောင် ထွေးပွေ့ပြီး အားပေးတတ်တဲ့သူဖြစ်တယ်။ ပထမမိန်းမကိုတော့သူသိပ်ကြည့်မရဘူး။သူနဲ့အတူတူသွားလာနေတာကလွဲလို့ သူ့ကို ဘာမှမလုပ်ပေးနိုင်ဘူးလို့ထင်တယ်။ သူ့မိန်းမကတော့ သူ့ကိုအရမ်းချစ်တယ်။ဒါပေမယ့်သူကတော့ သိပ်ဂရုမစိုက်ဘူး။

ဒီလိုနဲ့ တစ်နေ့မှာတော့ သူဌေးကြီးမှာ ရောဂါတစ်ခုရပါလေရော။ ဆရာဝန်ကလဲ မကြာခင်သေတော့မယ်လို့ပြောလိုက်တယ်။သူဌေးကြီး အိပ်ရာပေါ်လဲပြီ။ သူ့မိန်းမလေးယောက်က သူ့ကို ဝိုင်းပြုစုကြတယ်။အဲဒါနဲ့ သူဌေးကြီးက လေးယောက်မြောက် မိန်းမကို မေးလိုက်တယ်။ ” ငါသေရင် တမလွန်မှာ တစ်ယောက်ထဲ အဖော်မဲ့နေမယ် ရှင်မရေ မင်းငါနဲ့ တမလွန်ကိုလိုက်ခဲ့မလား ” လို့မေးလိုက်တယ်။သူ့မိန်းမက သူ့နားကထွက်သွားတယ်။ ပြီးတော့ ခေါင်းခါပြတယ်။ ဒါနဲ့ သုံးယောက်မြောက်မိန်းမကို မေးပြန်တယ်။” မရဘူး ငါ့ဘဝက ဒီအချိန်မှာပျော်စရာကောင်းနေပြီရှင်သေရင်ကျွန်မကနောက်တစ်ယောက်ဆီ လိုက်သွားမှာပဲ ” လို့ဖြေတယ်။ သူဌေးကြီး အရမ်းကို ခံစားသွားရတယ်။

နှစ်ယောက်မြောက် မိန်းမကို မေးပြန်တယ်။” စိတ်မကောင်းပါဘူး ငါနင်နဲ့အတူလိုက်မသေနိင်ဘူးငါနင့်ကိုတော့အုတ်ဂူအထိလိုက်ပို့ပါ့မယ်” သူဌေးကြီး လုံးဝစိတ်ထိခိုက်သွားတယ် ပြီးတော့ ပထမမိန်းမကို လှည့်ကြည့်တယ်။ ပထမမိန်းမကတော့ကောင်းပြီကျွန်မလိုက်ခဲ့မယ်”လို့ဖြေလိုက်တယ်။သူဌေးကြီးလဲ ပထမမိန်းမကို ဝမ်းသာအားရပွေ့ဖက်လိုက်တယ်။ ပုံပြင်လေးပြီးသွားတဲ့အခါ အဖိုးအိုက သူ့မြေးကို ရှင်းပြတယ်” ငါ့မြေး ဒီပုံပြင်ထဲကလေးယောက်မြောက်မိန်းမဆိုတာ တခြားမဟုတ်ဘူး… ငါတို့ရဲ့ခန္ဓာကိုယ်ပဲ။ငါတို့ဟာကိုယ့်ခန္ဓာကိုအလှအပတွေဆင်၊မဖျားနာအောင်ဂရုစိုက်တာတောင်မှ သေရင်ငါတို့နဲ့အတူလိုက်နိုင်မှာမဟုတ်ဘူး

တတိယမိန်းမကတော့စီးပွားဥစ္စာကိုရည်ညွန်းတယ်။ငါတို့ဘယ်လောက်ရှာခဲ့ရှာခဲ့ ငါတို့သေရင် ကိုယ့်သားသမီး၊အခြားလူတွေဆီပါသွားမယ်။ ငါတို့နဲ့အတူလိုက်နိုင်မှာမဟုတ်ဘူး။ ဒုတိယမိန်းမကတော့ ငါတို့မိသားစုတွေနဲ့ သူငယ်ချင်းတွေပဲ။ သူတို့က ငါတို့ကိုအရာအားလုံးမှာ ကူညီပေမယ့် ငါတို့သေတဲ့အခါ လိုက်ပဲပို့နိုင်မယ် သူတို့ကတော့ လိုက်နိုင်မှာမဟုတ်ဘူး။ ပထမမိန်းမကတော့ ငါတို့ရဲ့ လုပ်ခဲ့မိတဲ့ကုသိုလ်အကုသိုလ်ပဲ တစ်နည်းအားဖြင့်ပြောရရင် နာမ်ပဲ။ငါတို့က သူ့ကို သတိမထားမိပေမယ့် သူကတော့ ငါတို့နဲ့အတူတူ သံသရာတစ်လျှောက်လုံး လိုက်ပါလာလိမ့်မယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top