ရန္ကုန္ ၁၉ ၿမိဳ႕နယ္မွာ လာမယ့္အပတ္ထဲ ၃၆ နာရီၾကာ ေရျပတ္မယ္လို႔ စည္ပင္သာယာေရး ေကာ္မတီက ေၾကညာထားပါတယ္။

ရန္ကုန္ကို ေရေပးေဝေနတဲ့ ေလွာ္ကား ကြန္ကရစ္ပိုက္လိုင္းႀကီး အစားထိုးလဲလွယ္ဖို႔ အတြက္ မရမ္းကုန္းၿမိဳ႕နယ္၊ ေက်ာက္ေတာ္ႀကီးဘုရားနားမွာ ေရျဖတ္ေတာက္ၿပီး လုပ္မယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ စက္တင္ဘာ ၁၃ ရက္မနက္ ၁၀ နာရီကေန ၁၄ ရက္ ည ၁၀ နာရီအခ်ိန္ထိ ေရႊျပည္သာ၊ အင္းစိန္၊ မဂၤလာဒံု၊ မရမ္းကုန္း၊ လိႈင္သာယာ၊ လိႈင္၊ ကမာရြတ္၊ ရန္ကင္း၊ ဗဟန္း၊ တာေမြ၊ သာေကတ၊ ေဒါပံု၊ မဂၤလာေတာင္ၫြန္႔၊ ပုဇြန္ေတာင္၊ ဗိုလ္တေထာင္၊ ေက်ာက္တံတား၊ ပန္းပဲတန္း၊ လသာနဲ႔ လမ္းမေတာ္ၿမိဳ႕နယ္ေတြမွာ ေရျပတ္ေတာက္တာ၊ ေရအားနည္းတာေတြ ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ ေရကို ႀကိဳတင္စုေဆာင္းထားၾကဖို႔နဲ႔ ေရလိုအပ္ခ်က္ရွိတယ္ဆိုရင္ ခ႐ိုင္မႉးေတြဆီကို ဆက္သြယ္ၿပီး ေရသယ္ယာဥ္ေတြ ေတာင္းခံႏိုင္တယ္လို႔လည္း ေၾကညာထား ပါတယ္။

ဆက္သြယ္ႏိုင္တဲ့ ဖုန္းနံပါတ္ေတြကေတာ့ အေရွ႕ပိုင္းခ႐ိုင္မႉး ဖုန္း – ၀၉ ၂၅၀ ၂၈၃ ၈၂၃၊ အေနာက္ပိုင္း ခ႐ိုင္မႉး ဖုန္း – ၀၉ ၂၅၀ ၂၈၃ ၈၁၂၊ ေတာင္ပိုင္းခ႐ိုင္မႉး ဖုန္း – ၀၉ ၅၀ ၅၄ ၅၆၅၊ ေျမာက္ပိုင္းခ႐ိုင္မႉး ဖုန္း – ၀၉ ၅၀ ၈၁ ၂၂၉ တို႔ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

# Unicode Version ျဖင့္ ဖတ္ပါ #

ရန်ကုန် ၁၉ မြို့နယ်မှာ လာမယ့်အပတ်ထဲ ၃၆ နာရီကြာ ရေပြတ်မယ်လို့ စည်ပင်သာယာရေး ကော်မတီက ကြေညာထားပါတယ်။

ရန်ကုန်ကို ရေပေးဝေနေတဲ့ လှော်ကား ကွန်ကရစ်ပိုက်လိုင်းကြီး အစားထိုးလဲလှယ်ဖို့ အတွက် မရမ်းကုန်းမြို့နယ်၊ ကျောက်တော်ကြီးဘုရားနားမှာ ရေဖြတ်တောက်ပြီး လုပ်မယ်လို့ ဆိုပါတယ်။

ဒါကြောင့် စက်တင်ဘာ ၁၃ ရက်မနက် ၁၀ နာရီကနေ ၁၄ ရက် ည ၁၀ နာရီအချိန်ထိ ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ လှိုင်သာယာ၊ လှိုင်၊ ကမာရွတ်၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ သာကေတ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းပဲတန်း၊ လသာနဲ့ လမ်းမတော်မြို့နယ်တွေမှာ ရေပြတ်တောက်တာ၊ ရေအားနည်းတာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရေကို ကြိုတင်စုဆောင်းထားကြဖို့နဲ့ ရေလိုအပ်ချက်ရှိတယ်ဆိုရင် ခရိုင်မှူးတွေဆီကို ဆက်သွယ်ပြီး ရေသယ်ယာဉ်တွေ တောင်းခံနိုင်တယ်လို့လည်း ကြေညာထား ပါတယ်။

ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်တွေကတော့ အရှေ့ပိုင်းခရိုင်မှူး ဖုန်း – ၀၉ ၂၅၀ ၂၈၃ ၈၂၃၊ အနောက်ပိုင်း ခရိုင်မှူး ဖုန်း – ၀၉ ၂၅၀ ၂၈၃ ၈၁၂၊ တောင်ပိုင်းခရိုင်မှူး ဖုန်း – ၀၉ ၅၀ ၅၄ ၅၆၅၊ မြောက်ပိုင်းခရိုင်မှူး ဖုန်း – ၀၉ ၅၀ ၈၁ ၂၂၉ တို့ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top