ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×




Credit:7daydaily
# Unicode Version ဖြင့် ဖတ်ပါ #
ကျောက်တော်ဒေသခံများ ဆန္ဒဖော်ထုတ်နေစဉ်

 ကျောက်တော်မြို့ နယ် လမ်းမတော်၊ ညောင်ပင်လှ နှင့် ပိန္နဲချောင်းကျေးရွာများတွင် တပ်မတော်က သိမ်းယူထားသည့် လယ်မြေများကို ပြန်လည်ပေး အပ်ရေး စက်တင်ဘာ ၁၆ ရက်က ဒေသခံတောင်သူ ၁၀၀ ကျော် ဆန္ဒ ထုတ်ဖော်တောင်းဆိုသည်။

တပ်သိမ်းမြေကိစ္စနှင့် ပတ် သက်၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က တပ်သိမ်းမြေများပြန်လည်ပေးအပ်ခဲ့ကြောင်း သြဂုတ် ၂၉ ရက်က အမျိုးသားလွှတ်တော်၌ ဖြေကြားခဲ့သော်လည်း လက်တွေ့တွင် မြေယာများပြန်လည်မရသေးကြောင်း ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူတစ်ဦးက ပြောသည်။‘‘လမ်းမတော်၊ ညောင်ပင်လှနှင့် ပိန္နဲချောင်းကျေးရွာမှာ စကခ (၉) နဲ့ ခမရ (၃၇၅) တပ်တွေက ပြီးခဲ့သည့် ၁၉၉၄ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်ထိ မြေဧကပေါင်း ၁,၃၀၀ ကျော်ကို သိမ်းယူခဲ့တယ်။ ဧက ၈၀၀ ကျော်လောက်မှာ အ ဆောက်အအုံတွေ ဆောက်ခဲ့ပေ မယ့် ကျန်တဲ့ ဧက ၅၀၀ ကျော်ကို တောင်သူတွေကို ပြန်ပြီးသီးစားချ ပေးနေတယ်’’ ဟု ၎င်းက ပြော ကြားသည်။

တပ်မတော်က သိမ်းဆည်း ထားသည့် မြေယာများအတွက် ကာလပေါက်ဈေးဖြင့် တွက်ကာ လျော်ကြေးငွေပေးရန် ဆန္ဒထုတ် ဖော်သူများက ဆန္ဒပြုတောင်းဆိုကြသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily#
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top