ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×









Credit:7daydaily
# Unicode Version ဖြင့် ဖတ်ပါ #
နေပြည်တော်မြို့လယ်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အရပူရ))

တက္ကသိုလ်ကျောင်း သား၊ ကျောင်းသူများသာ ဝင် ရောက်ပြိုင်ဆိုင်ခွင့်ရရှိမည့် ဆိုက် ဘာလုံခြုံရေးပြိုင်ပွဲကို ၂၀၁၉ ဇန် နဝါရီတွင် နေပြည်တော်၌ ကျင်း ပမည်ဟု မြန်မာကွန်ပျူတာ အ ရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (MMC ERT) က ကြေညာသည်။


လူငယ်များ၏ ဆိုက်ဘာလုံ ခြုံရေးဆိုင်ရာ အသိအမြင်နှင့် ကျွမ်းကျင်မှုတိုးတက်လာရန်ရည်  ရွယ်ကျင်းပခြင်းဖြစ်သည်ဟု ကြေ ညာချက်တွင် ဖော်ပြထားသည်။ ပြိုင်ပွဲတွင်အနိုင်ရရှိသူကို ၂၀၁၉ အတွင်း စင်ကာပူနိုင်ငံ၌ ကျင်းပ မည့် ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်သည်။

ယင်းပြိုင်ပွဲနှင့် ပတ်သက် သည့် စည်းမျဉ်းစည်းကမ်းများအ ပါအဝင် အခြားအသေးစိတ်အ ချက်အလက်များကို မြန်မာကွန် ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့ က ထုတ်ပြန်ပြောဆိုခြင်းမရှိပေ။

ပုံမှန်အားဖြင့် ဆိုက်ဘာလုံ ခြုံရေးပြိုင်ပွဲကို တစ်နှစ်လျှင်တစ် ကြိမ် ရန်ကုန်မြို့တွင်ကျင်းပခဲ့ သော်လည်း နယ်ဒေသများမှ လူ ငယ်များ လက်လှမ်းမီနိုင်သည့် တည်နေရာကို ရွေးချယ်ကာ တစ် နှစ်လျှင် နှစ်ကြိမ်တိုးမြှင့်ကျင်းပ ရန် အစီအစဉ်ရှိကြောင်း အမျိုး သားဆိုက်ဘာလုံခြုံရေးဗဟိုဌာန ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးက ပြောသည်။

ယခုလတတိယပတ် (၉)ကြိမ်မြောက်ဆိုက်ဘာလုံခြုံရေး ပြိုင်ပွဲတွင် အိမ်နီးချင်းနိုင်ငံများနှင့်အတူ မြန်မာနိုင်ငံကိုယ်စားပြုအသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

မြန်မာနိုင်ငံ ကိုယ်စားပြု ဆိုက်ဘာလုံခြုံရေးပညာရှင်များ သည် ဂျပန်အပါအဝင်အာဆီယံ နိုင်ငံများ၌ နှစ်စဉ်သွားရောက်ယှဉ် ပြိုင်လေ့ရှိသော်လည်း ဆုရရှိမှုအ ခြေအနေများကို သက်ဆိုင်ရာအ ဖွဲ့အစည်းများက ထုတ်ပြန်ခြင်းမရှိခဲ့ပေ။

ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top