ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×












Credit:myanmarload
# Unicode Version ဖြင့် ဖတ်ပါ #
မြင်သူတိုင်းမကြွေဘဲ မနေနိုင်လောက်တဲ့ မှော်ဆန်တဲ့အလှပိုင်ရှင်မလေး မိုးဟေကို

မိုးလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်အချစ်တော် နာမည်ကျော်သရုပ်ဆောင် မင်းသမီးချောမိုးဟေကိုကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအချောအလှမင်းသမီးတွေထဲမှာ တစ်ဦးအပါအဝင်ပါပဲ..။

 အနုပညာအလုပ်တွေနဲ့ အနည်းငယ် အလှမ်းဝေးနေတဲ့ အချစ်တော် မိုးဟေကိုကတော့ အခမ်းအနားပွဲတော်တော်များများကိုတော့ တတ်ရောက်ဖြစ်နေတာ တွေ့ရပါတယ်..။

အခမ်းအနားပွဲတွေမှာသာ ရံဖန်ရံခါ ပရိသတ်တွေ တွေ့ရတဲ့ မိုးကတော့ စက်တင်ဘာ(7)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အခမ်းအနားပွဲလေး တစ်ခုကိုလည်း တတ်ကြွတဲ့ ခြေလှမ်းတွေနဲ့ ကျော့ရှင်းလှပစွာ တတ်ရောက်လာခဲ့ပြန်ပါတယ်..။

 အနက်ရောင်ဖက်ရှင်လေးနဲ့ အခမ်းအနားပွဲတတ်ရောက်လာတဲ့ သူမရဲ့ ပုံရိပ်လေးတွေဟာ ပုရိသတွေရဲ့ အသည်းတွေကို ခြွေယူရုံသာမက မိန်းကလေးပရိသတ်တွေကပါ လည်ပြန်ငေးရတဲ့ ညို့အားပြင်းပြီး ဆွဲဆောင်မှုရှိတဲ့ သူမရဲ့ ထူးခြားတဲ့ အလှတရားလေးတွေကတော့ ယနေ့တိုင် ပရိသတ်တွေကို ဖမ်းစားထားဆဲပါပဲ..။

အနုအပညာအလုပ်တွေနည်းပါးနေတဲ့အတွက် ပရိသတ်တွေကတော့ သူမရဲ့လှုပ်ရှားမှုလေးတွေကို လွမ်းနေရသလို အခုလိုအခမ်းအနားပွဲလေးတွေမှာ ပြုံးရွှင်ရယ်မောနေတဲ့ မိုးရဲ့ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အလွမ်းပြေစေမှာပါပဲနော်..။

 ကျော့ရှင်းလှပစွာ ပွဲတတ်လာတဲ့ မိုးရဲ့ ပုံရိပ်လေးတွေနဲ့အတူ လွမ်းနေတဲ့ ပရိသတ်တွေ အလွမ်းလေးတွေပြေစေမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။
ဖိုးသူတော် (www.phothutaw.com)
Credit:myanmarload
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top