iMyanmarHouse.com - Best Property Website for Myanmar
×

ေကာင္ေလးတစ္ေယာက္ဟာ မ်က္လံုးကင္ဆာေရာဂါကို မ်က္ႏွာတစ္ခုလံုးျပန္႔ႏွံ႔ျပီး ရုပ္ဆိုးပန္းဆိုးျဖစ္ေလာက္ေအာင္ခံစားေနရတာေတာင္မွ သူ႔ရဲ႕ခ်စ္သူေကာင္မေလးဟာသူ႔ရဲ႕ေဘးနားကေန ထြက္ခြာသြားျခင္းမရွိခဲ့ပါဘူး။ သစၥာရွင္ေကာင္မေလး ျဖစ္တဲ့ Atittaya Chumkeaw ဟာ သူ႔ရဲ႕အသက္၂၁ႏွစ္ရွိျပီျဖစ္တဲ့ ခ်စ္သူ Pooh Chokchai Kaew ဟာ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနတဲ့ ခ်စ္သူေကာင္ေလးရဲ့ေဘးနားမွာ သစၥာရွိရွိနဲ့ အနားမွာ႐ွိေနေပးခဲ့ပါတယ္

Atittaya ဟာ သူမရဲ႕ လူမွုကြန္ယက္အေကာင့္မွာ “၃ႏွစ္ျပည့္ ခ်စ္သူသက္တမ္းနဲ႔ အရင္တုန္းကလိုပဲ ခ်စ္ေနဆဲပါပဲ။ ” ဆိုတဲ့ ေခါင္းစဥ္နဲ႔ တင္ခဲ့ပါတယ္။

အဆိုပါ Post ဟာ အဖြဲ႔တစ္ခုျဖစ္တဲ့ ‘True Buddhism’ က သူ႔ရဲ႕လူမွဳကြန္ယက္ စာမ်က္ႏွာထက္မွာ တစ္ဆင့္ျပန္လည္မ်ွေ၀ျပီးခ်ိန္မွာေတာ့ ျပန္ျပီး နာမည္ၾကီးသြားခ့ဲပါတယ္။

True Buddhism ကလည္း သူတို႔ရဲ႕အေၾကာင္းကို ဒီလိုပဲမ်ွေ၀ခဲ့ပါတယ္။ “ဒီေကာင္ေလးဟာမ်က္ႏွာတစ္ျပင္လံုးျပန္႔ႏွံ႔သြားခဲ့ျပီး ေနာက္ဆံုးအဆင့္ေရာက္ေနျပီျဖစ္တဲ့ ကင္ဆာကို ခံစားေနရတာပါ။

radiotherapy ဒါမွမဟုတ္ဘဲ chemotherapy နဲ႔ ကုရင္ေတာင္ ကုသလုိ႔မရေတာ့ပါဘူးလို႔ ဆရာ၀န္ကေျပာခဲ့ပါတယ္။ ဒါေပမယ့္လည္း ဒီေကာင္ေလးကေတာ့ ကင္ဆာအၾကိတ္ေပ်ာက္သြားဖို႔ ကံေကာင္းျခင္းေတြျဖစ္လာႏိုင္တယ္လို႔ ေမ်ွာ္လင့္ခ်က္ရွိေနဆဲပါပဲ။”

ဒီ post ကေတာ့ ကင္ဆာေရာဂါသည္ကို ေမ်ွာ္လင့္ခ်က္မဲ့ေစေအာင္ေရးထားတာမ်ိုးမဟုတ္ဘူး။ သူ႔ရဲ႕အနားမွာ ရွိေနေပးတဲ့ ခ်စ္သူေကာင္မေလးကို တကယ္ကိုပဲ ေလးစားမိပါတယ္။ သူမရဲ႕ ခ်စ္သူကိုေပးေနတဲ့ အခ်စ္ေတြက သူမ ေပးႏိုင္တဲ့ အေကာင္းဆံုးအရာေတြပါပဲ လို႔ ေျပာၾကပါတယ္။ ဒီအခ်စ္ေတြက ကံေကာာင္းျခင္းေတြကိုေတာင္ သယ္ေဆာင္လာႏိုင္ပါတယ္။ လို႔ ဆိုၾကပါတယ္။”

သူ႔ရဲ႕ေရာဂါဟာ retinoblastoma လို႔ေခၚတဲ့ အဖ်ားပိုးတစ္မ်ိုး၀င္ေရာက္ရာမွ ျပန္႔ပြားသြားတာျဖစ္ျပီး ကင္ဆာဆဲလ္က သူ႔ရဲ႕တစ္မ်က္ႏွာလံုးျပန္႔ႏွံ႔သြားခဲ့တယ္လို႔ဆိုပါတယ္။ ဆရာ၀န္ေတြက အဆိုးဆံုးအေျခအေနေရာက္ေနေၾကာင္းေျပာျပထားခဲ့ေပမယ့္ လူနာကေတာ့ ေမ်ွာ္လင့္ခ်က္ထားေနဆဲပါပဲ

ဒါေပမယ့္လည္း သူတို႔ရဲ႕ေမ်ွာ္လင့္ခ်က္ေတြဟာ လက္ေလ်ွာ့လိုက္ရပါျပီ။ ေကာင္းေလးျဖစ္သူဟာ စက္တင္ဘာလအေစာပိုင္းမွာပဲ ေသဆံုးသြားခဲ့ပါျပီ။

ဘာပဲျဖစ္ေနပါေစ..စတင္ေတြ႔ဆံုခဲ့တဲ့အခ်ိန္မွ စတင္ကာ ေနာက္ဆံုးထြက္သက္အထိ အနားမွာေနေပးခဲ့တဲ့ေကာင္မေလးရဲ႕သစၥရွိမွုကိုေတာ့ မခ်ီးက်ဴးပဲမေနနိုင္ေအာင္ျဖစ္ခဲ့မိပါတယ္။ ေကာင္းရာမြန္ရာဘံုဘ၀ကိုေရာက္ရွိပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္။
 
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Atittaya Chumkeaw facebook page

#Unicode Version#

ကောင်လေးတစ်ယောက်ဟာ မျက်လုံးကင်ဆာရောဂါကို မျက်နှာတစ်ခုလုံးပြန့်နှံ့ပြီး ရုပ်ဆိုးပန်းဆိုးဖြစ်လောက်အောင်ခံစားနေရတာတောင်မှ သူ့ရဲ့ချစ်သူကောင်မလေးဟာသူ့ရဲ့ဘေးနားကနေ ထွက်ခွာသွားခြင်းမရှိခဲ့ပါဘူး။ သစ္စာရှင်ကောင်မလေး ဖြစ်တဲ့ Atittaya Chumkeaw ဟာ သူ့ရဲ့အသက်၂၁နှစ်ရှိပြီဖြစ်တဲ့ ချစ်သူ Pooh Chokchai Kaew ဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ချစ်သူကောင်လေးရဲ့ဘေးနားမှာ သစ္စာရှိရှိနဲ့ အနားမှာရှိနေပေးခဲ့ပါတယ်

Atittaya ဟာ သူမရဲ့ လူမှုကွန်ယက်အကောင့်မှာ “၃နှစ်ပြည့် ချစ်သူသက်တမ်းနဲ့ အရင်တုန်းကလိုပဲ ချစ်နေဆဲပါပဲ။ ” ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ခဲ့ပါတယ်။

အဆိုပါ Post ဟာ အဖွဲ့တစ်ခုဖြစ်တဲ့ ‘True Buddhism’ က သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာ တစ်ဆင့်ပြန်လည်မျှဝေပြီးချိန်မှာတော့ ပြန်ပြီး နာမည်ကြီးသွားခဲ့ပါတယ်။

True Buddhism ကလည်း သူတို့ရဲ့အကြောင်းကို ဒီလိုပဲမျှဝေခဲ့ပါတယ်။ “ဒီကောင်လေးဟာမျက်နှာတစ်ပြင်လုံးပြန့်နှံ့သွားခဲ့ပြီး နောက်ဆုံးအဆင့်ရောက်နေပြီဖြစ်တဲ့ ကင်ဆာကို ခံစားနေရတာပါ။

radiotherapy ဒါမှမဟုတ်ဘဲ chemotherapy နဲ့ ကုရင်တောင် ကုသလို့မရတော့ပါဘူးလို့ ဆရာဝန်ကပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီကောင်လေးကတော့ ကင်ဆာအကြိတ်ပျောက်သွားဖို့ ကံကောင်းခြင်းတွေဖြစ်လာနိုင်တယ်လို့ မျှော်လင့်ချက်ရှိနေဆဲပါပဲ။”

ဒီ post ကတော့ ကင်ဆာရောဂါသည်ကို မျှော်လင့်ချက်မဲ့စေအောင်ရေးထားတာမျိုးမဟုတ်ဘူး။ သူ့ရဲ့အနားမှာ ရှိနေပေးတဲ့ ချစ်သူကောင်မလေးကို တကယ်ကိုပဲ လေးစားမိပါတယ်။ သူမရဲ့ ချစ်သူကိုပေးနေတဲ့ အချစ်တွေက သူမ ပေးနိုင်တဲ့ အကောင်းဆုံးအရာတွေပါပဲ လို့ ပြောကြပါတယ်။ ဒီအချစ်တွေက ကံကောာင်းခြင်းတွေကိုတောင် သယ်ဆောင်လာနိုင်ပါတယ်။ လို့ ဆိုကြပါတယ်။”

သူ့ရဲ့ရောဂါဟာ retinoblastoma လို့ခေါ်တဲ့ အဖျားပိုးတစ်မျိုးဝင်ရောက်ရာမှ ပြန့်ပွားသွားတာဖြစ်ပြီး ကင်ဆာဆဲလ်က သူ့ရဲ့တစ်မျက်နှာလုံးပြန့်နှံ့သွားခဲ့တယ်လို့ဆိုပါတယ်။ ဆရာဝန်တွေက အဆိုးဆုံးအခြေအနေရောက်နေကြောင်းပြောပြထားခဲ့ပေမယ့် လူနာကတော့ မျှော်လင့်ချက်ထားနေဆဲပါပဲ

ဒါပေမယ့်လည်း သူတို့ရဲ့မျှော်လင့်ချက်တွေဟာ လက်လျှော့လိုက်ရပါပြီ။ ကောင်းလေးဖြစ်သူဟာ စက်တင်ဘာလအစောပိုင်းမှာပဲ သေဆုံးသွားခဲ့ပါပြီ။

ဘာပဲဖြစ်နေပါစေ..စတင်တွေ့ဆုံခဲ့တဲ့အချိန်မှ စတင်ကာ နောက်ဆုံးထွက်သက်အထိ အနားမှာနေပေးခဲ့တဲ့ကောင်မလေးရဲ့သစ္စရှိမှုကိုတော့ မချီးကျူးပဲမနေနိုင်အောင်ဖြစ်ခဲ့မိပါတယ်။ ကောင်းရာမွန်ရာဘုံဘဝကိုရောက်ရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Atittaya Chumkeaw facebook page
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top