ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×






#Unicode Version#
Onetea နို့ဆီရေ အရင်တုံးက acc ထဲကအမတယောက်လဲတင်ဖူးတယ် အခုကတော့ ကျွန်မ ကိုယ်တွေ့ပါ နို့ဆီဗူးခွံကိုခွာတော့ အနီဝိုင်းပြထားတဲ့နေရာမှာ အဖတ်လိုက်တွေ့တယ်

ကိုယ်ကလဲ အိမ်ရှင်မဆိုတော့ ငတ်တယ်လေ နို့ဆီခဲနေတာပဲဆိုပြီး ပါးစပ်ထဲ ကောက်ထည့်လိုက်တာ အဲ့ဒိအမပြောသလိုပဲ ရွှေဝါအခဲတောင့်ကြီး ပါးစပ်ထဲမှာရှတတ နဲ့အတော့်ကိုဆိုးတဲ့ ခံစားချက်ကြီးပါ ကျန်တဲ့အခဲကိုလဲ ရိုက်ပြထားပါတယ် ကျွန်မတို့ကလဲ ဖောက်ရလွယ်ကူတယ်ဆိုပြီး Onetea နို့ဆီကိုပဲ သုံးလာခဲ့တာ အခုကတော့ လုံးဝတာ့တာပါပဲ

စားသုံးသူအပေါ်စေတနာမထားတဲ့ Onetea ရဲ့ ရိုက်ချက်ကတော့တကယ့်ကိုပြင်းပါတယ် ၈၀၀ နဲ့မကိုက်ရင် ဈေးကိုတင်ရောင်းပါ အခုလိုလုပ်တာချည်းက လုံးဝကို မဖြစ်သင့်တဲ့ကိစ္စပါ

သက်ဆိုင်ရာအဖွဲ့အစည်းတွေကလဲ ပိုက်ဆံနေရလို့ ရေငုံနှုတ်ပိတ်နေကြတယ်မဟုတ်လား ပုံတပုံချင်းသေချာကြည့်ကြပါကျွန်မကတော့ ဒီ onetea ကိုလုံးဝရှောင်ပါပြီ ကိုယ်တွေ့မို့သတိပေးလိုက်တာပါ မကြုံဖူးတဲ့သူတွေက ဆက်သုံးစွဲမယ်ဆိုရင်တော့ ကိုယ့်စိတ်နဲ့ကိုယ့်ကို ကိုယ့်သဘောအတိုင်းပါ ကျွန်မကိုတော့ foul လာမထုကြပါနဲ့လို့ မေတ္တာရပ်ခံပါတယ်ရှင်

ဖိုးသူတော် (www.phothutaw.com)
Credit: Hnin Myat Soe ဖေ့ဘုတ်မှတဆင့် ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top