ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ခႏၱီးၿမိဳ႕ ျပည္သူ႕ေဆးရံုမွာ တက္ေရာက္ေဆးကုသမႈခံယူေနတဲ့ လူနာအမ်ိဳးသမီးတစ္ဦးနဲ႔ သူ႔ကို လူနာေစာင့္ေပးေနတဲ့ ခင္ပြန္းျဖစ္သူဟာ ေဆးရံုအတြင္းမွာပဲ ဓားနဲ႔ထိုးခံရမႈ ယမန္ေန႔ကျဖစ္ပြားခဲ့တယ္လုိ႔ သိရပါတယ္။

လူတစ္ေယာက္က ေဆးရံုအတြင္း လူနာေဆာင္ထဲက ကုတင္အထိ လာေရာက္ကာ လူနာအမ်ဳိးသမီးနဲ႔ သူ႔ခင္ပြန္းကို ဓားနဲ႔ထိုးသြားတာျဖစ္တယ္လုိ႔ သိရပါတယ္။

ခႏၱီးၿမိဳ႕မရဲစခန္းရဲ႕ တာ၀န္က်တာ၀န္မွဴးက “အမႈစစ္ကေတာ့ေသခ်ာေျပာနုိင္မယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ တရားခံကို ဖမ္းမိထားပါျပီ။ ဓားထိုးမႈက်ဴးလြန္တာက အမ်ိဳးသားတစ္ေယာက္ပါ” လို႔ ေပၚျပဴလာနယူးစ္ကိုေျပာပါတယ္။

ဓားနဲ႔ထိုးခံရတဲ့လူနာအမ်ိဳးသမီးဟာ မီးဖြားထားတာမၾကာေသးတဲ့လူနာအမ်ိဳးသမီးျဖစ္တယ္လို႔လည္း သိရပါတယ္။

ခႏၱီးေဆးရံုအုပ္ၾကီး ကို ေပၚျပဴလာနယူးစ္က ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ အစည္းအေ၀းရွိေနတာေၾကာင့္ ဓားထိုးခံရမႈ ျဖစ္စဥ္မွန္ကန္ေၾကာင္းသာအေျဖေပးနုိင္ခဲ့ပါတယ္။

ဘာေၾကာင့္ ျဖစ္ရတယ္ဆိုတဲ့အေၾကာင္းအရာအေသးစိပ္ကိုေတာ့ ရဲတပ္ဖြဲ႔ထံက သိရွိရျခင္းမရွိေသးပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popular

#Unicode Version#
ခန္တီးမြို့ ပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူနေတဲ့ လူနာအမျိုးသမီးတစ်ဦးနဲ့ သူ့ကို လူနာစောင့်ပေးနေတဲ့ ခင်ပွန်းဖြစ်သူဟာ ဆေးရုံအတွင်းမှာပဲ ဓားနဲ့ထိုးခံရမှု ယမန်နေ့ကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လူတစ်ယောက်က ဆေးရုံအတွင်း လူနာဆောင်ထဲက ကုတင်အထိ လာရောက်ကာ လူနာအမျိုးသမီးနဲ့ သူ့ခင်ပွန်းကို ဓားနဲ့ထိုးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ခန္တီးမြို့မရဲစခန်းရဲ့ တာဝန်ကျတာဝန်မှူးက “အမှုစစ်ကတော့သေချာပြောနိုင်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ တရားခံကို ဖမ်းမိထားပါပြီ။ ဓားထိုးမှုကျူးလွန်တာက အမျိုးသားတစ်ယောက်ပါ” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဓားနဲ့ထိုးခံရတဲ့လူနာအမျိုးသမီးဟာ မီးဖွားထားတာမကြာသေးတဲ့လူနာအမျိုးသမီးဖြစ်တယ်လို့လည်း သိရပါတယ်။

ခန္တီးဆေးရုံအုပ်ကြီး ကို ပေါ်ပြူလာနယူးစ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အစည်းအဝေးရှိနေတာကြောင့် ဓားထိုးခံရမှု ဖြစ်စဉ်မှန်ကန်ကြောင်းသာအဖြေပေးနိုင်ခဲ့ပါတယ်။

ဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့အကြောင်းအရာအသေးစိပ်ကိုတော့ ရဲတပ်ဖွဲ့ထံက သိရှိရခြင်းမရှိသေးပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: Popular
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top