မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ေ႐ႊျပည္သာမွ လူငယ္တစ္ဦးအား ျပန္ေပးဆြဲမႈပုံစံမ်ိဳးျဖစ္ပြားေတြ႕ရွိကဝိုင္းဝန္းကူညီေပးၾကပါရန္

၁၃.၉.၂၀၁၈ ရက္ေန႔ ည(၇)နာရီဝန္းက်င္အခ်ိန္ခန႔္က ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊျပည္သာၿမိဳ႕နယ္ အမွတ္ (၅/၄) ရပ္ကြက္ သီရိမဂၤလာပတ္လမ္း အိမ္အမွတ္(၁၁၄) အေဆာင္တြင္ ေနထိုင္ေသာ ေမာင္ခ်မ္းၿငိမ္းသူ(၂၁)ႏွစ္ (ဘ)ဦးတင္လႈိင္ ဗမာ/ဗုဒၶ သည္ (၁၄)လမ္းဆုံတြင္ လူ(၆)ဦးခန႔္မွ ပါးစပ္ပိတ္ကာ ကားျဖင့္တင္ေဆာင္၍ ျပန္ေပးဆြဲမႈ ပုံစံမ်ိဳးျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

၎မိသားစု၏ အေၾကာင္းၾကား အကူညီေတာင္းခံမႈ

အရ ကြၽန္ေတာ္ႏွင့္အတူ ေ႐ႊျပည္သာသို႔ေရာက္ရွိေနေသာ လႈိင္သာယာၿမိဳ႕နယ္(MCRA- SH)မွ ကိုတင့္ေဇာ္ ခင္ေမာင္ေအး(MCRA-SH)ေ႐ႊျပည္သာ တို႔ႏွင့္အတူ ၎ေနအိမ္သို႔သြားေရာက္သတင္းရယူရာတြင္ ————ေမာင္ခ်မ္းၿငိမ္းသူသည္ မေကြးတိုင္း နတ္ေမာက္ၿမိဳ႕နယ္ တမလန္းပင္ေက်း႐ြာ ဇာတိျဖစ္ၿပီး နတ္ေမာက္ၿမိဳ႕တြင္ ဆယ္တန္းေအာင္ၿပီးေနာက္

တကၠသိုလ္ဆက္လက္ တက္ေရာက္ႏိုင္ရန္ ညီမျဖစ္သူ မအိ(၁၉) ႏွစ္ ႏွင့္အတူ ေ႐ႊျပည္သာၿမိဳ႕တြင္ အေဆာင္ဌားေနထိုင္ ၍ လာေရာက္ အလုပ္လုပ္ကိုင္ေနသည္မွာ (၅)လခန႔္ သာရွိေသးေၾကာင္း ေမြးခ်င္း(၄)ေယာက္အနက္အႀကီးဆုံးျဖစ္ၿပီး ေယာက္က်ားေလး(၂)ေယာက္ မိန္းခေလး (၂)ေယာက္ျဖစ္ေၾကာင္းသိရသည္။

လက္ရွိေနအိမ္တြင္ လြန္ခဲ့ေသာ (၇)ရက္ခန႔္က ႐ြာမွေရာက္ရွိေနေသာမိခင္ျဖစ္သူ ေဒၚလွစုံ ႏွင့္ေမာင္ႏွမမ်ား အစုံအလင္ႏွင့္ ႐ြာမွသူငယ္ခ်င္းျဖစ္သူ တင္မ်ိဳးဦးတို႔ရွိေနေၾကာင္းသိရသည္။

ေမာင္ခ်မ္းၿငိမ္းသူသည္ မနက္ပိုင္းတြင္ မရမ္းကုန္းၿမိဳ႕ နယ္ ရဲေဘာ္ေဟာင္းမွတ္တိုင္ေဈးတြင္ ၾကက္သား/ဝက္သားေရာင္းခ်ၿပီး ညေနပိုင္းတြင္ကားေလးဂိတ္တြင္ ဝိုင္းက်ဴရွင္သင္ၾကားေသာအလုပ္ကို လုပ္ကိုင္ေနေၾကာင္း သိရသည္။

ဒီကေန႔ညေနပိုင္းက ရဲေဘာ္ေဟာင္းေဈးတြင္ မနက္ပိုင္းက က်န္ေသာ ၾကက္သား/ဝက္သားမ်ားကို ညီျဖစ္သူ ေအာင္ေက်ာ္ဦး ႏွင့္ သူငယ္ခ်င္းျဖစ္သူ တင္မ်ိဴးဦး တို႔မွသြားေရာက္ေရာင္းခ်ၿပီး ေမာင္ခ်မ္းၿငိမ္းသူမွာ ေ႐ႊျပည္သာ၌ စာသင္ၾကားေနစဥ္ ခ်မ္းၿငိမ္းသူထံသို႔ ဖုန္းတစ္လုံး ဝင္ေရာက္လာၿပီး ညီျဖစ္သူေမာင္ေအာင္ေက်ာ္ဦးမွာ မိန္းမကိစၥျဖင့္ ရဲအဖမ္းခံထားရေၾကာင္း ေငြ(၁၈)သိန္အား ခ်က္ျခင္းယူၿပီး လာေရာက္ရန္ ေျပာသျဖင့္

၎ မွာ ေငြေၾကးမလုံေလာက္၍ နီးစပ္ရာ ေဆြမ်ိဳး မိတ္ေဆြမ်ားထံေငြေခ်းခဲ့ေသးေၾကာင္း ညီျဖစ္သူအတြက္ စိုးရိမ္ကာ မိသားစုအားစိတ္ပူမည္စိုးသျဖင့္ မေျပာျပေတာ့
ဘဲ ရဲေဘာ္ေဟာင္းေဈးရွိ ညီျဖစ္သူထံ သြားေရာက္ခဲ့ရာ ညီျဖစ္သူက ၎တို႔ဘာမွမျဖစ္ေၾကာင္း ဘယ္ရဲမွလည္း မဖမ္းထားေၾကာင္း ေျပာျပခဲ့သည္။

၎ေနာက္ ေမာင္ခ်မ္းၿငိမ္းသူသည္ ရဲေဘာ္ေဟာင္းမွေ႐ႊျပည္သာသို႔ ျပန္လာရာတြင္ (၁၄)လမ္းဆုံမွတ္တိုင္ ေရာက္ၿပီး ကားေစာင့္ေနစဥ္ လူ(၆)ဦးခန႔္က ပါးစပ္ပိတ္ကာ ကားေပၚတင္၍ ေခၚေဆာင္သြားေၾကာင္းသိရသည္။

ည(၇)နာရီေလာက္မွာ ဖုန္းဆက္လာတယ္ငိုသံႀကီးနဲ႔ေျပာတယ္ ၁၄ လမ္းဆုံမွာ လူ(၆)ဦးက ပါးစပ္ ပိတ္ကာ အတင္းေခၚေဆာင္သြားေၾကာင္း ဘယ္ေနရာေရာက္ေနမွန္းလဲမသိဘူး ေတာအုပ္ေတြလိုေတြ႕ေနရတယ္သူ႔ကိုကားထဲမွာ ေလာ့ခ်ထားတယ္ဟု တစ္အိမ္တည္းအတူေန သူငယ္ခ်င္းျဖစ္သူ တင္မ်ိဳးဦး မွေျပာသည္။

ကြၽန္ေတာ္ကိုလဲ ဖုန္းဆက္ေျပာတယ္ ည(၇)နာရီ ၁၄ မိနစ္ေလာက္က ငိုသံႀကီးနဲ႔ဘဲ သူ႔ကိုကယ္ပါဦးတဲ့လူ(၆)ဦးဖမ္းသြားတယ္တဲ့။ အခုကားထဲမွာတဲ့ ေျပာေနရင္းနဲ႔ဟိုလူေတြလာၿပီးဆိုၿပီး ဖုန္းက်သြားတယ္။ ေနာက္ပိုင္း ျပန္ေခၚေတာ့ ဖုန္းေခၚမရေတာ့ဘူး စက္ပိတ္သြားသည္ ဟု ေဆြမ်ိဳးေတာ္သူ ကိုေက်ာ္စိုး မွ ေျပာသည္။

၎ျဖစ္စဥ္ႏွင့္ပတ္သတ္၍ ေ႐ႊျပည္သာၿမိဳ႕မရဲစခန္းတြင္ တိုင္ၾကားထားၿပီး မနက္(၁၀)နာရီအခ်ိန္တြင္ ထပ္မံ လာေရာက္ရန္ ေျပာၾကားေၾကာင္း မိခင္ျဖစ္သူ ေဒၚလွစုံမွ ေျပာသည္။ ေမာင္ခ်မ္းၿငိမ္းသူမွာ ေက်ာင္းစရိတ္ရရန္ ႏွင့္ မိသားစုအား ရွာေဖြေကြၽးေမြး စုေဆာင္းေနသူ ျဖစ္ၿပီး သူႏွင့္အတူ ေငြ(၁၂)သိန္းခန႔္ပါသြားႏိုင္ေၾကာင္း ႏွင့္ ေမာင္ခ်မ္းၿငိမ္းသူမွာ ႏြဲ႕ေႏွာင္း၍ မိန္းမဆန္ေၾကာင္းသိရသည္။

ေတြ႕ရွိက ကူညီဆက္သြယ္ေပးပါရန္

ကိုကိုခိုင္-09-961900733

တင္မ်ိဳးဦး-09-897262244
ဖိုးသူေတာ္ (www.phothutaw.com)
Credit:ကိုကိုခိုင္-ဥကၠဌ(MCRA-SH)အမွန္တရားသတင္းဂ်ာနယ္ေ႐ႊျပည္သာၿမိဳ႕နယ္႐ုံး
# Unicode Version ျဖင့္ ဖတ္ပါ #
ရွှေပြည်သာမှ လူငယ်တစ်ဦးအား ပြန်ပေးဆွဲမှုပုံစံမျိုးဖြစ်ပွားတွေ့ရှိကဝိုင်းဝန်းကူညီပေးကြပါရန်

၁၃.၉.၂၀၁၈ ရက်နေ့ ည(၇)နာရီဝန်းကျင်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ် (၅/၄) ရပ်ကွက် သီရိမင်္ဂလာပတ်လမ်း အိမ်အမှတ်(၁၁၄) အဆောင်တွင် နေထိုင်သော မောင်ချမ်းငြိမ်းသူ(၂၁)နှစ် (ဘ)ဦးတင်လှိုင် ဗမာ/ဗုဒ္ဓ သည် (၁၄)လမ်းဆုံတွင် လူ(၆)ဦးခန့်မှ ပါးစပ်ပိတ်ကာ ကားဖြင့်တင်ဆောင်၍ ပြန်ပေးဆွဲမှု ပုံစံမျိုးဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းမိသားစု၏ အကြောင်းကြား အကူညီတောင်းခံမှု

အရ ကျွန်တော်နှင့်အတူ ရွှေပြည်သာသို့ရောက်ရှိနေသော လှိုင်သာယာမြို့နယ်(MCRA- SH)မှ ကိုတင့်ဇော် ခင်မောင်အေး(MCRA-SH)ရွှေပြည်သာ တို့နှင့်အတူ ၎င်းနေအိမ်သို့သွားရောက်သတင်းရယူရာတွင် ————မောင်ချမ်းငြိမ်းသူသည် မကွေးတိုင်း နတ်မောက်မြို့နယ် တမလန်းပင်ကျေးရွာ ဇာတိဖြစ်ပြီး နတ်မောက်မြို့တွင် ဆယ်တန်းအောင်ပြီးနောက်

တက္ကသိုလ်ဆက်လက် တက်ရောက်နိုင်ရန် ညီမဖြစ်သူ မအိ(၁၉) နှစ် နှင့်အတူ ရွှေပြည်သာမြို့တွင် အဆောင်ဌားနေထိုင် ၍ လာရောက် အလုပ်လုပ်ကိုင်နေသည်မှာ (၅)လခန့် သာရှိသေးကြောင်း မွေးချင်း(၄)ယောက်အနက်အကြီးဆုံးဖြစ်ပြီး ယောက်ကျားလေး(၂)ယောက် မိန်းခလေး (၂)ယောက်ဖြစ်ကြောင်းသိရသည်။

လက်ရှိနေအိမ်တွင် လွန်ခဲ့သော (၇)ရက်ခန့်က ရွာမှရောက်ရှိနေသောမိခင်ဖြစ်သူ ဒေါ်လှစုံ နှင့်မောင်နှမများ အစုံအလင်နှင့် ရွာမှသူငယ်ချင်းဖြစ်သူ တင်မျိုးဦးတို့ရှိနေကြောင်းသိရသည်။

မောင်ချမ်းငြိမ်းသူသည် မနက်ပိုင်းတွင် မရမ်းကုန်းမြို့ နယ် ရဲဘော်ဟောင်းမှတ်တိုင်ဈေးတွင် ကြက်သား/ဝက်သားရောင်းချပြီး ညနေပိုင်းတွင်ကားလေးဂိတ်တွင် ဝိုင်းကျူရှင်သင်ကြားသောအလုပ်ကို လုပ်ကိုင်နေကြောင်း သိရသည်။

ဒီကနေ့ညနေပိုင်းက ရဲဘော်ဟောင်းဈေးတွင် မနက်ပိုင်းက ကျန်သော ကြက်သား/ဝက်သားများကို ညီဖြစ်သူ အောင်ကျော်ဦး နှင့် သူငယ်ချင်းဖြစ်သူ တင်မျိူးဦး တို့မှသွားရောက်ရောင်းချပြီး မောင်ချမ်းငြိမ်းသူမှာ ရွှေပြည်သာ၌ စာသင်ကြားနေစဉ် ချမ်းငြိမ်းသူထံသို့ ဖုန်းတစ်လုံး ဝင်ရောက်လာပြီး ညီဖြစ်သူမောင်အောင်ကျော်ဦးမှာ မိန်းမကိစ္စဖြင့် ရဲအဖမ်းခံထားရကြောင်း ငွေ(၁၈)သိန်အား ချက်ခြင်းယူပြီး လာရောက်ရန် ပြောသဖြင့်

၎င်း မှာ ငွေကြေးမလုံလောက်၍ နီးစပ်ရာ ဆွေမျိုး မိတ်ဆွေများထံငွေချေးခဲ့သေးကြောင်း ညီဖြစ်သူအတွက် စိုးရိမ်ကာ မိသားစုအားစိတ်ပူမည်စိုးသဖြင့် မပြောပြတော့
ဘဲ ရဲဘော်ဟောင်းဈေးရှိ ညီဖြစ်သူထံ သွားရောက်ခဲ့ရာ ညီဖြစ်သူက ၎င်းတို့ဘာမှမဖြစ်ကြောင်း ဘယ်ရဲမှလည်း မဖမ်းထားကြောင်း ပြောပြခဲ့သည်။

၎င်းနောက် မောင်ချမ်းငြိမ်းသူသည် ရဲဘော်ဟောင်းမှရွှေပြည်သာသို့ ပြန်လာရာတွင် (၁၄)လမ်းဆုံမှတ်တိုင် ရောက်ပြီး ကားစောင့်နေစဉ် လူ(၆)ဦးခန့်က ပါးစပ်ပိတ်ကာ ကားပေါ်တင်၍ ခေါ်ဆောင်သွားကြောင်းသိရသည်။

ည(၇)နာရီလောက်မှာ ဖုန်းဆက်လာတယ်ငိုသံကြီးနဲ့ပြောတယ် ၁၄ လမ်းဆုံမှာ လူ(၆)ဦးက ပါးစပ် ပိတ်ကာ အတင်းခေါ်ဆောင်သွားကြောင်း ဘယ်နေရာရောက်နေမှန်းလဲမသိဘူး တောအုပ်တွေလိုတွေ့နေရတယ်သူ့ကိုကားထဲမှာ လော့ချထားတယ်ဟု တစ်အိမ်တည်းအတူနေ သူငယ်ချင်းဖြစ်သူ တင်မျိုးဦး မှပြောသည်။

ကျွန်တော်ကိုလဲ ဖုန်းဆက်ပြောတယ် ည(၇)နာရီ ၁၄ မိနစ်လောက်က ငိုသံကြီးနဲ့ဘဲ သူ့ကိုကယ်ပါဦးတဲ့လူ(၆)ဦးဖမ်းသွားတယ်တဲ့။ အခုကားထဲမှာတဲ့ ပြောနေရင်းနဲ့ဟိုလူတွေလာပြီးဆိုပြီး ဖုန်းကျသွားတယ်။ နောက်ပိုင်း ပြန်ခေါ်တော့ ဖုန်းခေါ်မရတော့ဘူး စက်ပိတ်သွားသည် ဟု ဆွေမျိုးတော်သူ ကိုကျော်စိုး မှ ပြောသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သတ်၍ ရွှေပြည်သာမြို့မရဲစခန်းတွင် တိုင်ကြားထားပြီး မနက်(၁၀)နာရီအချိန်တွင် ထပ်မံ လာရောက်ရန် ပြောကြားကြောင်း မိခင်ဖြစ်သူ ဒေါ်လှစုံမှ ပြောသည်။ မောင်ချမ်းငြိမ်းသူမှာ ကျောင်းစရိတ်ရရန် နှင့် မိသားစုအား ရှာဖွေကျွေးမွေး စုဆောင်းနေသူ ဖြစ်ပြီး သူနှင့်အတူ ငွေ(၁၂)သိန်းခန့်ပါသွားနိုင်ကြောင်း နှင့် မောင်ချမ်းငြိမ်းသူမှာ နွဲ့နှောင်း၍ မိန်းမဆန်ကြောင်းသိရသည်။

တွေ့ရှိက ကူညီဆက်သွယ်ပေးပါရန်

ကိုကိုခိုင်-09-961900733

တင်မျိုးဦး-09-897262244
ဖိုးသူတော် (www.phothutaw.com)
Credit:ကိုကိုခိုင်-ဥက္ကဌ(MCRA-SH)အမှန်တရားသတင်းဂျာနယ်ရွှေပြည်သာမြို့နယ်ရုံး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top