×

ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဗီယက္နမ္သမၼတ မစၥတာက်န္ဒုိင္ကြမ္ ေတြ႕ဆုံေဆြးေႏြးေနစဥ္ (ဓာတ္ပံု − Myanmar State Counsellor Office)

ႏုိင္ငံေတာ္၏အ တိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္း စုၾကည္သည္ ဗီယက္နမ္သမၼတ က်န္ဒိုင္ကြမ္ႏွင့္ ယမန္ေန႔တြင္ ဟႏြိဳင္းၿမိဳ႕ရွိ သမၼတအိမ္ေတာ္၌  ေတြ႕ဆံုခဲ့ေၾကာင္းအတိုင္ပင္ခံ႐ံုး ကသတင္းထုတ္ျပန္သည္။

ေတြ႕ဆံုပြဲ၌ ႏွစ္ႏုိင္ငံဆက္ဆံ ေရးႏွင့္ ပူးေပါင္းေဆာင္ရြက္မႈတိုး ျမႇင့္ေရး၊ ႏွစ္ႏုိင္ငံအၾကားကုန္ သြယ္ေရးႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈျမႇင့္ တင္ေရး၊ ႏွစ္ႏုိင္ငံၿမိဳ႕မ်ားအၾကား   ညီအစ္မၿမိဳ႕ေတာ္မ်ားတိုးခ်ဲ႕တည္ ေထာင္ေရးကိစၥရပ္မ်ား ေဆြြး ေႏြးခဲ့သည္ဟုဆိုသည္။

ဆက္လက္၍ ႏွစ္ႏုိင္ငံျပည္  သူမ်ားအၾကားအျပန္အလွန္ထိ ေတြ႕ဆက္ဆံေရးႏွင့္ ခရီးသြား လာမႈတိုးျမႇင့္ေရး၊ ျမန္မာႏုိင္ငံ ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္ အမ်ိဳး  သားျပန္လည္သင့္ျမတ္ေရးႀကိဳး ပမ္းအားထုတ္မႈတြင္ ဗီယက္ နမ္ႏုိင္ငံက ဆက္လက္ေထာက္ခံ မည့္  ကိစၥရပ္မ်ားေဆြးေႏြးခဲ့ ေၾကာင္းထုတ္ျပန္ခ်က္၌ ေဖာ္ျပ သည္။  ထို႔အျပင္ ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္သည္ ယမန္ေန႔နံနက္တြင္  ကမၻာ့စီးပြားေရး  ဖိုရမ္ဥကၠ႒ မစၥတာေဘာ့ဂ္ဘရန္ ေဒးႏွင့္ ေတြ႕ဆုံေမးျမန္းမႈအစီအ စဥ္တြင္  ပါ၀င္ခဲ့ၿပီးျမန္မာႏုိင္ငံ၏ ဒီမုိကေရစီ အသြင္ကူးေျပာင္းမႈ၊  ၿငိမ္းခ်မ္းေရး၊ လံုၿခံဳေရးႏွင့္ တည္ ၿငိမ္ေရး၊ ရခိုင္ျပည္နယ္အေျခအ ေန၊ ႏုိင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈအေျခ အေနတို႔ကိုရွင္းလင္းေျပာၾကားခဲ့ ေၾကာင္း ႏုိင္ငံျခားေရး၀န္ႀကီးဌာန  က သတင္းထုတ္ျပန္သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:.7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗီယက်နမ်သမ္မတ မစ္စတာကျန်ဒိုင်ကွမ် တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ − Myanmar State Counsellor Office)

နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်သည် ဗီယက်နမ်သမ္မတ ကျန်ဒိုင်ကွမ်နှင့် ယမန်နေ့တွင် ဟနွိုင်းမြို့ရှိ သမ္မတအိမ်တော်၌  တွေ့ဆုံခဲ့ကြောင်းအတိုင်ပင်ခံရုံး ကသတင်းထုတ်ပြန်သည်။

တွေ့ဆုံပွဲ၌ နှစ်နိုင်ငံဆက်ဆံ ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုး မြှင့်ရေး၊ နှစ်နိုင်ငံအကြားကုန် သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့် တင်ရေး၊ နှစ်နိုင်ငံမြို့များအကြား   ညီအစ်မမြို့တော်များတိုးချဲ့တည် ထောင်ရေးကိစ္စရပ်များ ဆွေး နွေးခဲ့သည်ဟုဆိုသည်။

ဆက်လက်၍ နှစ်နိုင်ငံပြည်  သူများအကြားအပြန်အလှန်ထိ တွေ့ဆက်ဆံရေးနှင့် ခရီးသွား လာမှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုး  သားပြန်လည်သင့်မြတ်ရေးကြိုး ပမ်းအားထုတ်မှုတွင် ဗီယက် နမ်နိုင်ငံက ဆက်လက်ထောက်ခံ မည့်  ကိစ္စရပ်များဆွေးနွေးခဲ့ ကြောင်းထုတ်ပြန်ချက်၌ ဖော်ပြ သည်။  ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယမန်နေ့နံနက်တွင်  ကမ္ဘာ့စီးပွားရေး  ဖိုရမ်ဥက္ကဋ္ဌ မစ္စတာဘော့ဂ်ဘရန် ဒေးနှင့် တွေ့ဆုံမေးမြန်းမှုအစီအ စဉ်တွင်  ပါဝင်ခဲ့ပြီးမြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၊  ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည် ငြိမ်ရေး၊ ရခိုင်ပြည်နယ်အခြေအ နေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခြေ အနေတို့ကိုရှင်းလင်းပြောကြားခဲ့ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန  က သတင်းထုတ်ပြန်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:.7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top