မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

၁။ ပထမ ၃ လ ဆိုတာ သေႏၶစတည္ခ်ိန္ကေန ေနာက္ ၁၂ ပါတ္အထိ။
၂။ ဒုတိယ ၃ လ ဆိုတာ ၁၃ ပါတ္ကေန ၂၇ ပါတ္အထိ။
၃။ တတိယ ၃ လ ဆိုတာ ၂၈ ပါတ္ကေန ေမြးတဲ့အထိ။

၁-၁၂ ပါတ္ ကိုယ္ဝန္ မိခင္ေလာင္းမွာ ဘာေတြ ေျပာင္းလဲလာသလဲ။
ေဟာ္မုန္း အေျပာင္းအလဲေတြေၾကာင့္ ကိုယ္ခႏၶာ စနစ္တိုင္းလိုလိုမွာ အေျပာင္းအလဲေတြ အမ်ားႀကီး ျဖစ္လာေစတယ္။
• လစဥ္ရာသီ မလာေတာ့ဘူး။
• စိတ္ပိုင္းေရာ ႐ုပ္ပိုင္းမွာပါ ေျပာင္းလာတယ္။
• ေမာပန္းလြယ္မယ္။
• ရင္သား နာတယ္။ ပိုႀကီးထြားလာမယ္။
• ႏို႔သီးထိပ္ဖ်ားလဲ သိသိသာသာ ျဖစ္လာမယ္။
• အစာမေက်သလို ျဖစ္လာမယ္။ ပ်ိဳ႕ခ်င္- အန္ခ်င္ ျဖစ္မယ္။
• Morning sickness ေခၚၾကတယ္။
• အစားအစာ တစ္မ်ိဳးမ်ိဳးကို တပ္မက္မႈ ခ်ဥ္ျခင္းတပ္တာ ျဖစ္ႏိုင္တယ္။
• စိတ္မူ ေျပာင္းလာႏိုင္တယ္။
• ဝမ္းခ်ဳပ္တတ္တယ္။
• ဆီးခဏခဏသြားခ်င္မယ္။
• ေခါင္းကိုက္မယ္။
• ရင္ပူမယ္။
• ကိုယ္အေလးခ်ိန္ တိုးလာမယ္။ အန္တာ၊ အစာမစားခ်င္တာမ်ားရင္ အေလးခ်ိန္က်ႏိုင္တယ္။
• စားခ်ိန္၊ အိပ္ခ်ိန္ေတြ ေျပာင္းလာတတ္တယ္။ အစားကို နည္းနည္းနဲ႔ ခဏခဏ စားခ်င္လာမယ္။ ကိုယ္ဝန္ရင့္လာတာနဲ႔ ဒီလိုခံစားေနရတာေတြ ေကာင္းလာမယ္။ တခ်ိဳ႕မွာေတာ့ ေတာက္ေလွ်ာက္ ေနမေကာင္း ျဖစ္ေနတတ္တယ္။

ရက္သတၱ(၄)ပါတ္ သေႏၶသား
• ကေလးဦးေႏွာက္နဲ႔ ခါး႐ိုးမႀကီးထဲက အာ႐ုံေၾကာႀကီး စတင္ျဖစ္ေပၚလာၿပီ။
• ႏွလုံးလည္း စတင္ျဖစ္လာၿပီ။
• ေျခ-လက္ျဖစ္လာမဲ့ အရာလည္း ေပၚလာၿပီ။
• သေႏၶသားဟာ တစ္လက္မရဲ႕ ၂၅ ပုံ ၁ ပုံ အရွည္ရွိလာၿပီ။

ရက္သတၱ(၈) ပါတ္ သေႏၶသား
• အဓိကအဂၤါအစိတ္အပိုင္းေတြ ျဖစ္ေပၚလာၿပီ။ ကိုယ္ရယ္-ေခါင္းရယ္ ရွိလာၿပီ။
• ႏွလုံးခုန္တာ စည္းခ်က္က်က် ၾကားရၿပီ။
• ေျခေတြ-လက္ေတြ ရွည္လာၿပီ။ လက္ေခ်ာင္းေလးေတြ ပီျပင္လာၿပီ။
• ေယာက်္ားေလး-မိန္းကေလး ခြဲျခားျဖစ္လာၿပီ။
• မ်က္လုံးက မ်က္ႏွာေရွ႕ထြက္ျပဴလာၿပီး၊ မ်က္ရစ္ေပၚလာၿပီ။
• ခ်က္က်ိဳးကိုေကာင္းေကာင္းျမင္လာရၿပီ။
• ရက္သတၱ (၈) ပါတ္အကုန္မွာ သေႏၶသားက ကေလးငယ္ေလး၊ လူသားေလးလို ပီျပင္လာၿပီ။တစ္လက္မအထိ ရွည္လာၿပီ။ အေလးခ်ိန္ တေအာင္စရဲ႕ ၈ပုံ ၁ ပုံ ရွိလာၿပီ။ (၁ေအာင္စ= ၂၈. ၃ ဂရမ္)

ရက္သတၱ(၁၂) ပါတ္ သေႏၶသား
• အာ႐ုံေၾကာေတြနဲ႔ ႂကြက္သားေတြ တြဲလုပ္ႏိုင္လာၿပီ။
• လက္သီးဆုပ္တတ္လာၿပီ။
• အျပင္ပန္းအရ ေယာက်္ားလိင္အဂၤါ၊ မိန္းမလိင္အဂၤါေတြ ျမင္လာႏိုင္ၿပီ။ ပထမ ၃ လေနာက္မွာ (အာလ္ထြာေဆာင္း) ႐ိုက္ရင္ ေမြးမဲ့ကေလးရဲ႕ လိင္အဂၤါကို သိႏိုင္ၿပီ။
• မ်က္ခြံေတြ ႀကီးထြားလာေနတဲ့ မ်က္လုံးကို ကာကြယ္တဲ့အေနနဲ႔ ပိတ္ထားမယ္။ ၂၈ ပါတ္ထိ မဖြင့္ဘူး။
• ဦးေခါင္း ဖြံ႕ထြားေနတာ ေႏွးလိုက္ၿပီ။ ကိုယ္ပိုင္းက ပိုႀကီးထြားလာမယ္။ ၃ လက္မအထိ ရွည္လာၿပီ။ တစ္ေအာင္စအထိ ေလးလံလာၿပီ။

ရက္သတၱ(၁၃-၂၈) ပါတ္ သေႏၶသားကိုယ္ဝန္ ဒုတိယ (၃) လ
• မ်ားေသာအားျဖင့္ ကိုယ္ဝန္ဒုတိယပါတ္ဟာ ပထမပါတ္ထက္ ေနရထိုင္ရ သက္သာေကာင္းမြန္ၾကတယ္။ ပ်ိဳ႕ခ်င္၊ အန္ခ်င္တာေတြ အားကုန္တာေတြ ေပ်ာက္သြားၿပီ။ အသစ္အေျပာင္းအလဲေတြေတာ့ ရွိလာမယ္။ ဗိုက္ေဖာင္းလာတာက ပိုသိသာလာမယ္။ အထဲက ကေလးလႈပ္တာ သိလာမယ္။ ကေလးက ေျခနဲ႔ကန္တာလဲ သတိထားမိမယ္။

ရက္သတၱ(၁၆) ပါတ္ သေႏၶသား
• ေညာင္းတာ၊ ကိုက္တာ၊ ခါးနာတာ ျဖစ္လာမယ္။ ေပါင္- ေျခသလုံးေတြ နာႏိုင္တယ္။
• ဗိုက္၊ ေပါင္၊ ရင္သား၊ တင္ပါးေတြမွာ အေၾကာျပတ္တဲ့ အရာေတြ ထင္လာမယ္။
• ရင္သားထိပ္က အေရာင္ပိုမဲလာမယ္။
• ခ်က္ကေန ေအာက္တည့္တည့္တန္းေနတဲ့ ခပ္မဲမဲ မ်ဥ္းေၾကာင္းထင္လာမယ္။
• ပါး၊ ႏွာေခါင္း၊ အေပၚႏႈတ္ခမ္း၊ နဖူး စတဲ့ေနရာမွာ အေရာင္ရင့္တဲ့ အစက္အေပ်ာက္ေတြ ေပၚလာႏိုင္တယ္။
• မ်က္ႏွာ ဘယ္ဘက္နဲ႔ ညာဘက္ ခပ္ဆင္ဆင္တူတူျဖစ္လို႔ ကိုယ္ဝန္ေဆာင္မ်က္ႏွာဖုံးလို႔ ေခၚၾကတယ္။
• လက္ေတြမွာ ထုံက်င္က်င္ ျဖစ္လာတာကို Carpal tunnel syndrome (ကာပယ္လ္-တာနယ္လ္-ဆင္ဒ႐ုမ္း) ေခၚတယ္။
• ဗိုက္၊ လက္ဖဝါး၊ ေျခဖဝါးေတြ ယားႏိုင္တယ္။ တကယ္လို႔ ပ်ိဳ႕-အန္တာ၊ အသား-ဆီးဝါတာ၊ အစားပ်က္တာ၊ အားကုန္တာေတြနဲ႔ ယားတာ တြဲျဖစ္ရင္ေတာ့ ဆရာဝန္ျပပါ။ အသည္းကို စစ္ေဆးဖို႔ လိုမယ္။
• ေျခသလုံး၊ လက္၊ မ်က္ႏွာေတြ ေရာင္ႏိုင္တယ္။ တကယ္လို႔ ေရာင္တာက မ်ားတယ္။ ဆီးအနည္ပါေနမယ္။ ကိုယ္အေလးခ်ိန္တိုးတာ မ်ားေနမယ္ဆိုရင္ ဆရာဝန္ျပပါ။

ရက္သတၱ(၁၆) ပါတ္ သေႏၶသား
• ႂကြက္သားေတြ၊ အ႐ိုးေတြ ပိုျဖစ္ေပၚလာၾကၿပီ။ အ႐ိုးစနစ္က ပိုျပည့္စုံလာၿပီ။
• အေရျပားလည္း ျဖစ္လာၿပီး ပါးလြန္းလို႔ ဒိုးယိုေပါက္ျမင္ရသေလာက္ဘဲ။
• Meconium ငယ္ခ်ီးဆိုတာ ျဖစ္လာၿပီ။ အူေတြက စလႈပ္ရွားလာေနၿပီ။
• ပါးစပ္က စုပ္တဲ့ တုံ႔ျပန္မႈ စလုပ္ႏိုင္လာၿပီ။
• အရွည္ ၄-၅ လက္မနဲ႔ အေလးခ်ိန္ ၃ ေအာင္စ ရွိလာၿပီ။

ရက္သတၱ (၂၀) ပတ္ သေႏၶသား
• ပိုလႈပ္ရွားတတ္လာၿပီ။
• Lanugo ေခၚတဲ့ ကိုယ္ေမႊးႏုေလးေတြက တစ္ကိုယ္လုံးဖုံးေနၿပီ။ Vernix ေခၚတဲ့ ဖေယာင္းလို အရာလည္း ရွိလာၿပီ။
• မ်က္ခုံးေမႊး၊ မ်က္ေတာင္ေမႊး၊ လက္သည္း-ေျခသည္းေတြ ျဖစ္လာၿပီ။
• အၾကားအာ႐ုံ ရွိလာၿပီ။ မ်ိဳခ်တတ္လာၿပီ။
• ၆ လက္မရွည္ၿပီး ၉ ေအာင္စ ေလးလာၿပီ။
ရက္သတၱ (၂၄) ပါတ္ သေႏၶသား
• Bone marrow ႐ိုးတြင္းျခင္ဆီ ျဖစ္လာလို႔ ေသြးဥေတြ ထုတ္လုပ္လာၿပီ။
• Taste buds လွ်ာမွာ အရသာခံႏိုင္တဲ့ အဖုေလးေတြ ျဖစ္လာၿပီ။
• လက္ေဗြ၊ ေျခေဗြေတြ ျဖစ္လာၿပီ။
• ေခါင္းမွာ တကယ့္ဆံပင္ ျဖစ္လာၿပီ။
• အဆုတ္ေတြ ျဖစ္လာၿပီ။ အလုပ္ေတာ့ မလုပ္ေသးဘူး။
• Startle reflex ေခၚတဲ့ ႐ုတ္တရက္တစ္ခုခုကေန ထိခိုက္ေစသလိုမ်ိဳး သက္ေရာက္မႈ ရွိတာကို အလိုလို တုံ႔ျပန္ႏိုင္စြမ္းဆိုတာ ရွိလာၿပီ။ ဥပမာ- မ်က္စိကို ကာကြယ္ဖို႔ မ်က္ေတာင္ပိတ္ပစ္တာမ်ိဳး။ လက္ေတြကလည္း အဲလိုသေဘာလုပ္တတ္လာၿပီ။ ဦးေႏွာက္ ေအာက္ေျခကေန လုပ္ေပးတာျဖစ္တယ္။
• အိပ္တတ္၊ ႏိုးတတ္လာၿပီ။
• ေယာက်ာ္ေလးဆိုရင္ ဗိုက္ထဲမွာ စျဖစ္ခဲ့တဲ့ က်ားအစိဟာ ကပ္ပဲ့အိတ္ထဲ ဆင္းလာၿပီ။
• မိန္းကေလးဆိုရင္ သားအိမ္၊ မ်ိဳးဥအိမ္ေတြ ေနသားတက် ျဖစ္လာၿပီ။
• အရပ္က ၁၂ လက္မရွည္ၿပီ။ အဆီကို စုေဆာင္းတတ္လာလို႔ ကိုယ္အေလးခ်ိန္တက္လာမယ္။ ၁ ေပါင္ခြဲ ေလးလာၿပီ။

တတိယ(၃)လပိုင္း ရက္သတၱ(၂၉-၄၀) ပါတ္
• အသက္ရွဴရတာ နည္းနည္းခက္လာမယ္။ ကိုယ္လက္သန႔္ရွင္းဖို႔ ခဏခဏ သြားရမယ္။ ႀကီးထြားလာတဲ့ကေလးက ဆီးအိမ္နဲ႔ အစာေဟာင္းအိမ္ေတြကို ဖိလာလို႔ ျဖစ္ရတယ္။
• စိတ္ပိုင္းခံစားရတာ ေျပာင္းလာမယ္။ ကေလးအတြက္ စိုးရိမ္တာေရာ ဝမ္းေျမာက္တာပါ စိတ္ထဲမွာ လႊမ္းမိုးလာမယ္။
• ရင္ပူမယ္။
• ေျခ-လက္-မ်က္ႏွာ ပိုေရာင္လာတတ္တယ္။
• လိပ္ေခါင္းရွိလာမယ္။
• ရင္သားက တင္း-နာမယ္။ ညႇစ္ၾကည့္ရင္ Pre-milk ႏို႔ဦးရည္ၾကည္ေခၚတဲ့ Colostrums ထြက္မယ္။
• ခ်က္ကစူလာမယ္။
• အိပ္ရတာ ခက္လာမယ္။
• သားအိမ္ဝက ေျပာင္းလာမယ္။ ပိုပါးၿပီး ေပ်ာ့လာမယ္။ Effacing ေခၚတယ္။

ကိုယ္ဝန္ ၃၂ ပါတ္
• ကေလးအ႐ိုးေတြအားလုံး ျဖစ္ေျမာက္လာၿပီ။ ေပ်ာ့ေနေသးတယ္။
• ေျခကန္တာ သန္လာၿပီ။
• အလင္းေရာင္ရရင္ မ်က္စိမွိတ္ တတ္-ဖြင့္တတ္ၿပီ။
• အေရးပါတဲ့ (ကယ္လ္စီယမ္) နဲ႔ သံဓာတ္ေတြကို ေလွာင္ထားႏိုင္လာၿပီ။
• အရင္ကရွိေနခဲ့တဲ့ Lanugo အေရျပားႏုေလးေတြေနရာ တကယ့္အေရျပား အစားထိုးလာၿပီ။
• အေလးခ်ိန္က တိုးသထက္တိုးလာတယ္။ ၇ ရက္တပတ္မွာ ၈ ေအာင္စႏႈန္း တိုးလာမယ္။ အခုဆိုရင္ ၁၅- ၁၇ လက္မအရပ္ရွိၿပီ။ ၄ ေပါင္၊၄ ေပါင္ခြဲ ေလးလာၿပီ။

ကိုယ္ဝန္ ၃၆ ပါတ္
• အေပၚဖုံး Vernix ဖေယာင္းလႊာ ပိုထူလာမယ္။
• အဆီပိုမ်ားမယ္။ သားအိမ္ထဲမွာ သူကပိုႀကီးလာလို႔ အရင္ကေလာက္ လႈပ္ရွားမရျဖစ္လာတယ္။ ၁၆-၁၉ လက္မနဲ႔ ၆-၆.၅ ေပါင္ရွိလာၿပီ။

၃၇-၄၀ ပါတ္
• ၃၇ ပါတ္ျပည့္ရင္ လေစ့ၿပီလို႔ ေျပာႏိုင္တယ္။
• အမ်ားဆုံးကိုယ္ဝန္ေတြမွာ ကေလးေခါင္းက ေအာက္ဖက္မွာ သတ္သတ္မွတ္မွတ္ရွိလာၿပီ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Dr. တင့္ေဆြ, Healthcare Journal

#Unicode Version#
၁။ ပထမ ၃ လ ဆိုတာ သန္ဓေစတည်ချိန်ကနေ နောက် ၁၂ ပါတ်အထိ။
၂။ ဒုတိယ ၃ လ ဆိုတာ ၁၃ ပါတ်ကနေ ၂၇ ပါတ်အထိ။
၃။ တတိယ ၃ လ ဆိုတာ ၂၈ ပါတ်ကနေ မွေးတဲ့အထိ။

၁-၁၂ ပါတ် ကိုယ်ဝန် မိခင်လောင်းမှာ ဘာတွေ ပြောင်းလဲလာသလဲ။
ဟော်မုန်း အပြောင်းအလဲတွေကြောင့် ကိုယ်ခန္ဓာ စနစ်တိုင်းလိုလိုမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်လာစေတယ်။
• လစဉ်ရာသီ မလာတော့ဘူး။
• စိတ်ပိုင်းရော ရုပ်ပိုင်းမှာပါ ပြောင်းလာတယ်။
• မောပန်းလွယ်မယ်။
• ရင်သား နာတယ်။ ပိုကြီးထွားလာမယ်။
• နို့သီးထိပ်ဖျားလဲ သိသိသာသာ ဖြစ်လာမယ်။
• အစာမကျေသလို ဖြစ်လာမယ်။ ပျို့ချင်- အန်ချင် ဖြစ်မယ်။
• Morning sickness ခေါ်ကြတယ်။
• အစားအစာ တစ်မျိုးမျိုးကို တပ်မက်မှု ချဉ်ခြင်းတပ်တာ ဖြစ်နိုင်တယ်။
• စိတ်မူ ပြောင်းလာနိုင်တယ်။
• ဝမ်းချုပ်တတ်တယ်။
• ဆီးခဏခဏသွားချင်မယ်။
• ခေါင်းကိုက်မယ်။
• ရင်ပူမယ်။
• ကိုယ်အလေးချိန် တိုးလာမယ်။ အန်တာ၊ အစာမစားချင်တာများရင် အလေးချိန်ကျနိုင်တယ်။
• စားချိန်၊ အိပ်ချိန်တွေ ပြောင်းလာတတ်တယ်။ အစားကို နည်းနည်းနဲ့ ခဏခဏ စားချင်လာမယ်။ ကိုယ်ဝန်ရင့်လာတာနဲ့ ဒီလိုခံစားနေရတာတွေ ကောင်းလာမယ်။ တချို့မှာတော့ တောက်လျှောက် နေမကောင်း ဖြစ်နေတတ်တယ်။

ရက်သတ္တ(၄)ပါတ် သန္ဓေသား
• ကလေးဦးနှောက်နဲ့ ခါးရိုးမကြီးထဲက အာရုံကြောကြီး စတင်ဖြစ်ပေါ်လာပြီ။
• နှလုံးလည်း စတင်ဖြစ်လာပြီ။
• ခြေ-လက်ဖြစ်လာမဲ့ အရာလည်း ပေါ်လာပြီ။
• သန္ဓေသားဟာ တစ်လက်မရဲ့ ၂၅ ပုံ ၁ ပုံ အရှည်ရှိလာပြီ။

ရက်သတ္တ(၈) ပါတ် သန္ဓေသား
• အဓိကအင်္ဂါအစိတ်အပိုင်းတွေ ဖြစ်ပေါ်လာပြီ။ ကိုယ်ရယ်-ခေါင်းရယ် ရှိလာပြီ။
• နှလုံးခုန်တာ စည်းချက်ကျကျ ကြားရပြီ။
• ခြေတွေ-လက်တွေ ရှည်လာပြီ။ လက်ချောင်းလေးတွေ ပီပြင်လာပြီ။
• ယောကျ်ားလေး-မိန်းကလေး ခွဲခြားဖြစ်လာပြီ။
• မျက်လုံးက မျက်နှာရှေ့ထွက်ပြူလာပြီး၊ မျက်ရစ်ပေါ်လာပြီ။
• ချက်ကျိုးကိုကောင်းကောင်းမြင်လာရပြီ။
• ရက်သတ္တ (၈) ပါတ်အကုန်မှာ သန္ဓေသားက ကလေးငယ်လေး၊ လူသားလေးလို ပီပြင်လာပြီ။တစ်လက်မအထိ ရှည်လာပြီ။ အလေးချိန် တအောင်စရဲ့ ၈ပုံ ၁ ပုံ ရှိလာပြီ။ (၁အောင်စ= ၂၈. ၃ ဂရမ်)

ရက်သတ္တ(၁၂) ပါတ် သန္ဓေသား
• အာရုံကြောတွေနဲ့ ကြွက်သားတွေ တွဲလုပ်နိုင်လာပြီ။
• လက်သီးဆုပ်တတ်လာပြီ။
• အပြင်ပန်းအရ ယောကျ်ားလိင်အင်္ဂါ၊ မိန်းမလိင်အင်္ဂါတွေ မြင်လာနိုင်ပြီ။ ပထမ ၃ လနောက်မှာ (အာလ်ထွာဆောင်း) ရိုက်ရင် မွေးမဲ့ကလေးရဲ့ လိင်အင်္ဂါကို သိနိုင်ပြီ။
• မျက်ခွံတွေ ကြီးထွားလာနေတဲ့ မျက်လုံးကို ကာကွယ်တဲ့အနေနဲ့ ပိတ်ထားမယ်။ ၂၈ ပါတ်ထိ မဖွင့်ဘူး။
• ဦးခေါင်း ဖွံ့ထွားနေတာ နှေးလိုက်ပြီ။ ကိုယ်ပိုင်းက ပိုကြီးထွားလာမယ်။ ၃ လက်မအထိ ရှည်လာပြီ။ တစ်အောင်စအထိ လေးလံလာပြီ။

ရက်သတ္တ(၁၃-၂၈) ပါတ် သန္ဓေသားကိုယ်ဝန် ဒုတိယ (၃) လ
• များသောအားဖြင့် ကိုယ်ဝန်ဒုတိယပါတ်ဟာ ပထမပါတ်ထက် နေရထိုင်ရ သက်သာကောင်းမွန်ကြတယ်။ ပျို့ချင်၊ အန်ချင်တာတွေ အားကုန်တာတွေ ပျောက်သွားပြီ။ အသစ်အပြောင်းအလဲတွေတော့ ရှိလာမယ်။ ဗိုက်ဖောင်းလာတာက ပိုသိသာလာမယ်။ အထဲက ကလေးလှုပ်တာ သိလာမယ်။ ကလေးက ခြေနဲ့ကန်တာလဲ သတိထားမိမယ်။

ရက်သတ္တ(၁၆) ပါတ် သန္ဓေသား
• ညောင်းတာ၊ ကိုက်တာ၊ ခါးနာတာ ဖြစ်လာမယ်။ ပေါင်- ခြေသလုံးတွေ နာနိုင်တယ်။
• ဗိုက်၊ ပေါင်၊ ရင်သား၊ တင်ပါးတွေမှာ အကြောပြတ်တဲ့ အရာတွေ ထင်လာမယ်။
• ရင်သားထိပ်က အရောင်ပိုမဲလာမယ်။
• ချက်ကနေ အောက်တည့်တည့်တန်းနေတဲ့ ခပ်မဲမဲ မျဉ်းကြောင်းထင်လာမယ်။
• ပါး၊ နှာခေါင်း၊ အပေါ်နှုတ်ခမ်း၊ နဖူး စတဲ့နေရာမှာ အရောင်ရင့်တဲ့ အစက်အပျောက်တွေ ပေါ်လာနိုင်တယ်။
• မျက်နှာ ဘယ်ဘက်နဲ့ ညာဘက် ခပ်ဆင်ဆင်တူတူဖြစ်လို့ ကိုယ်ဝန်ဆောင်မျက်နှာဖုံးလို့ ခေါ်ကြတယ်။
• လက်တွေမှာ ထုံကျင်ကျင် ဖြစ်လာတာကို Carpal tunnel syndrome (ကာပယ်လ်-တာနယ်လ်-ဆင်ဒရုမ်း) ခေါ်တယ်။
• ဗိုက်၊ လက်ဖဝါး၊ ခြေဖဝါးတွေ ယားနိုင်တယ်။ တကယ်လို့ ပျို့-အန်တာ၊ အသား-ဆီးဝါတာ၊ အစားပျက်တာ၊ အားကုန်တာတွေနဲ့ ယားတာ တွဲဖြစ်ရင်တော့ ဆရာဝန်ပြပါ။ အသည်းကို စစ်ဆေးဖို့ လိုမယ်။
• ခြေသလုံး၊ လက်၊ မျက်နှာတွေ ရောင်နိုင်တယ်။ တကယ်လို့ ရောင်တာက များတယ်။ ဆီးအနည်ပါနေမယ်။ ကိုယ်အလေးချိန်တိုးတာ များနေမယ်ဆိုရင် ဆရာဝန်ပြပါ။

ရက်သတ္တ(၁၆) ပါတ် သန္ဓေသား
• ကြွက်သားတွေ၊ အရိုးတွေ ပိုဖြစ်ပေါ်လာကြပြီ။ အရိုးစနစ်က ပိုပြည့်စုံလာပြီ။
• အရေပြားလည်း ဖြစ်လာပြီး ပါးလွန်းလို့ ဒိုးယိုပေါက်မြင်ရသလောက်ဘဲ။
• Meconium ငယ်ချီးဆိုတာ ဖြစ်လာပြီ။ အူတွေက စလှုပ်ရှားလာနေပြီ။
• ပါးစပ်က စုပ်တဲ့ တုံ့ပြန်မှု စလုပ်နိုင်လာပြီ။
• အရှည် ၄-၅ လက်မနဲ့ အလေးချိန် ၃ အောင်စ ရှိလာပြီ။

ရက်သတ္တ (၂၀) ပတ် သန္ဓေသား
• ပိုလှုပ်ရှားတတ်လာပြီ။
• Lanugo ခေါ်တဲ့ ကိုယ်မွှေးနုလေးတွေက တစ်ကိုယ်လုံးဖုံးနေပြီ။ Vernix ခေါ်တဲ့ ဖယောင်းလို အရာလည်း ရှိလာပြီ။
• မျက်ခုံးမွှေး၊ မျက်တောင်မွှေး၊ လက်သည်း-ခြေသည်းတွေ ဖြစ်လာပြီ။
• အကြားအာရုံ ရှိလာပြီ။ မျိုချတတ်လာပြီ။
• ၆ လက်မရှည်ပြီး ၉ အောင်စ လေးလာပြီ။
ရက်သတ္တ (၂၄) ပါတ် သန္ဓေသား
• Bone marrow ရိုးတွင်းခြင်ဆီ ဖြစ်လာလို့ သွေးဥတွေ ထုတ်လုပ်လာပြီ။
• Taste buds လျှာမှာ အရသာခံနိုင်တဲ့ အဖုလေးတွေ ဖြစ်လာပြီ။
• လက်ဗွေ၊ ခြေဗွေတွေ ဖြစ်လာပြီ။
• ခေါင်းမှာ တကယ့်ဆံပင် ဖြစ်လာပြီ။
• အဆုတ်တွေ ဖြစ်လာပြီ။ အလုပ်တော့ မလုပ်သေးဘူး။
• Startle reflex ခေါ်တဲ့ ရုတ်တရက်တစ်ခုခုကနေ ထိခိုက်စေသလိုမျိုး သက်ရောက်မှု ရှိတာကို အလိုလို တုံ့ပြန်နိုင်စွမ်းဆိုတာ ရှိလာပြီ။ ဥပမာ- မျက်စိကို ကာကွယ်ဖို့ မျက်တောင်ပိတ်ပစ်တာမျိုး။ လက်တွေကလည်း အဲလိုသဘောလုပ်တတ်လာပြီ။ ဦးနှောက် အောက်ခြေကနေ လုပ်ပေးတာဖြစ်တယ်။
• အိပ်တတ်၊ နိုးတတ်လာပြီ။
• ယောကျာ်လေးဆိုရင် ဗိုက်ထဲမှာ စဖြစ်ခဲ့တဲ့ ကျားအစိဟာ ကပ်ပဲ့အိတ်ထဲ ဆင်းလာပြီ။
• မိန်းကလေးဆိုရင် သားအိမ်၊ မျိုးဥအိမ်တွေ နေသားတကျ ဖြစ်လာပြီ။
• အရပ်က ၁၂ လက်မရှည်ပြီ။ အဆီကို စုဆောင်းတတ်လာလို့ ကိုယ်အလေးချိန်တက်လာမယ်။ ၁ ပေါင်ခွဲ လေးလာပြီ။

တတိယ(၃)လပိုင်း ရက်သတ္တ(၂၉-၄၀) ပါတ်
• အသက်ရှူရတာ နည်းနည်းခက်လာမယ်။ ကိုယ်လက်သန့်ရှင်းဖို့ ခဏခဏ သွားရမယ်။ ကြီးထွားလာတဲ့ကလေးက ဆီးအိမ်နဲ့ အစာဟောင်းအိမ်တွေကို ဖိလာလို့ ဖြစ်ရတယ်။
• စိတ်ပိုင်းခံစားရတာ ပြောင်းလာမယ်။ ကလေးအတွက် စိုးရိမ်တာရော ဝမ်းမြောက်တာပါ စိတ်ထဲမှာ လွှမ်းမိုးလာမယ်။
• ရင်ပူမယ်။
• ခြေ-လက်-မျက်နှာ ပိုရောင်လာတတ်တယ်။
• လိပ်ခေါင်းရှိလာမယ်။
• ရင်သားက တင်း-နာမယ်။ ညှစ်ကြည့်ရင် Pre-milk နို့ဦးရည်ကြည်ခေါ်တဲ့ Colostrums ထွက်မယ်။
• ချက်ကစူလာမယ်။
• အိပ်ရတာ ခက်လာမယ်။
• သားအိမ်ဝက ပြောင်းလာမယ်။ ပိုပါးပြီး ပျော့လာမယ်။ Effacing ခေါ်တယ်။

ကိုယ်ဝန် ၃၂ ပါတ်
• ကလေးအရိုးတွေအားလုံး ဖြစ်မြောက်လာပြီ။ ပျော့နေသေးတယ်။
• ခြေကန်တာ သန်လာပြီ။
• အလင်းရောင်ရရင် မျက်စိမှိတ် တတ်-ဖွင့်တတ်ပြီ။
• အရေးပါတဲ့ (ကယ်လ်စီယမ်) နဲ့ သံဓာတ်တွေကို လှောင်ထားနိုင်လာပြီ။
• အရင်ကရှိနေခဲ့တဲ့ Lanugo အရေပြားနုလေးတွေနေရာ တကယ့်အရေပြား အစားထိုးလာပြီ။
• အလေးချိန်က တိုးသထက်တိုးလာတယ်။ ရ ရက်တပတ်မှာ ၈ အောင်စနှုန်း တိုးလာမယ်။ အခုဆိုရင် ၁၅- ၁၇ လက်မအရပ်ရှိပြီ။ ၄ ပေါင်၊၄ ပေါင်ခွဲ လေးလာပြီ။

ကိုယ်ဝန် ၃၆ ပါတ်
• အပေါ်ဖုံး Vernix ဖယောင်းလွှာ ပိုထူလာမယ်။
• အဆီပိုများမယ်။ သားအိမ်ထဲမှာ သူကပိုကြီးလာလို့ အရင်ကလောက် လှုပ်ရှားမရဖြစ်လာတယ်။ ၁၆-၁၉ လက်မနဲ့ ၆-၆.၅ ပေါင်ရှိလာပြီ။

၃၇-၄၀ ပါတ်
• ၃၇ ပါတ်ပြည့်ရင် လစေ့ပြီလို့ ပြောနိုင်တယ်။
• အများဆုံးကိုယ်ဝန်တွေမှာ ကလေးခေါင်းက အောက်ဖက်မှာ သတ်သတ်မှတ်မှတ်ရှိလာပြီ။
ဖိုးသူတော် (www.phothutaw.com)
Credit:  Dr. တင့်ဆွေ, Healthcare Journal



 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top