×

စက္တင္ဘာ ၁၅ႏိုင္လင္းဦးမႏၲေလးခရိုင္ အမရပူရၿမိဳ႕နယ္ စစ္ကိုင္း – ျမစ္ငယ္ကားလမ္း ဆင္ရြာ (ျမင္းမူး) ရြာ ႏွင့္ သူငယ္ေတာ္ရြာ အၾကားတြင္ စက္တင္ဘာလ ၁၄ ရက္ေန႔ နံနက္ ၂ နာရီေက်ာ္ခန္႔ အခ်ိန္က ရဲတပ္သား တစ္ဦးအား ရိုက္နွက္၍ ဆိုင္ကယ္လုယူမႈျဖစ္ပြားခဲ့ေၾကာင္း မႏၲေလးခရိုင္ရဲတပ္ဖြဲ႔မွ သိရသည္။

စစ္ကိုင္းၿမိဳ႕မရဲစခန္း မွ ရဲတပ္သား ေအးေက်ာ္သည္ မႏၲေလး ကြၽဲဆည္ကန္ ကားႀကီးကြင္းသို႔ သူငယ္ခ်င္းျဖစ္သူအား သြားႀကိဳရာ မေတြ႕ရသည့္အတြက္ စစ္ကိုင္းသို႔ တစ္ေယာက္တည္းျပန္လာစဥ္ ဆိုင္ကယ္ (၂) စီးျဖင့္ အနက္ေရာင္ အက်ႌမ်ားဝတ္ဆင္ထားသူ အမည္မသိလူ (၄) ဦးက ေခါင္းကို တုတ္ျဖင့္ရိုက္ခဲ့ျခင္း ျဖစ္သည္။

ထိုသို႔ တုတ္ျဖင့္အရိုက္ခံရသည့္အတြက္ ရဲတပ္သား ေအးေက်ာ္ မွာ လဲက်သြားခဲ့ရာ ဝဲနံေစာင္းသို႔ ခြ်န္ထက္သည့္အရာျဖင့္ ထိုးသြင္းခံခဲ့ရၿပီး ရဲတပ္သား ေအးေက်ာ္ ၏ ဆိုင္ကယ္ကို ယူေဆာင္သြားေၾကာင္း သိရသည္။

ရဲတပ္သားမွာ ဦးေခါင္းေပါက္ၿပဲ ဒဏ္ရာ (၂) ခ်က္ နွင့္ ဝဲဘက္နံေစာင္းထိုးသြင္းဒဏ္ရာမ်ား (စိုးရိမ္ရ) ရရွိခဲ့ၿပီး မႏၲေလးအေထြေထြေရာဂါကုေဆးရံုႀကီးတြင္ ေဆးကုသမႈခံယူေနေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္နွင့္ ပတ္သက္၍ အမည္မသိ လူ (၄) ဦးအား ျမစ္ငယ္ရဲစခန္း မွ (ပ) ၃၉၆/၂၀၁၈ ၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၉၄ ျဖင့္ အမႈဖြင့္ထားၿပီး ျပစ္မႈက်ဴးလြန္သူမ်ားကို အျမန္ဆုံး ဖမ္းဆီးရမိေရး ေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Ko Ko(စစ္ကိူင္း)

#Unicode Version#
စက်တင်ဘာ ၁၅နိုင်လင်းဦးမန္တလေးခရိုင် အမရပူရမြို့နယ် စစ်ကိုင်း – မြစ်ငယ်ကားလမ်း ဆင်ရွာ (မြင်းမူး) ရွာ နှင့် သူငယ်တော်ရွာ အကြားတွင် စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၂ နာရီကျော်ခန့် အချိန်က ရဲတပ်သား တစ်ဦးအား ရိုက်နှက်၍ ဆိုင်ကယ်လုယူမှုဖြစ်ပွားခဲ့ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

စစ်ကိုင်းမြို့မရဲစခန်း မှ ရဲတပ်သား အေးကျော်သည် မန္တလေး ကျွဲဆည်ကန် ကားကြီးကွင်းသို့ သူငယ်ချင်းဖြစ်သူအား သွားကြိုရာ မတွေ့ရသည့်အတွက် စစ်ကိုင်းသို့ တစ်ယောက်တည်းပြန်လာစဉ် ဆိုင်ကယ် (၂) စီးဖြင့် အနက်ရောင် အကျႌများဝတ်ဆင်ထားသူ အမည်မသိလူ (၄) ဦးက ခေါင်းကို တုတ်ဖြင့်ရိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တုတ်ဖြင့်အရိုက်ခံရသည့်အတွက် ရဲတပ်သား အေးကျော် မှာ လဲကျသွားခဲ့ရာ ဝဲနံစောင်းသို့ ချွန်ထက်သည့်အရာဖြင့် ထိုးသွင်းခံခဲ့ရပြီး ရဲတပ်သား အေးကျော် ၏ ဆိုင်ကယ်ကို ယူဆောင်သွားကြောင်း သိရသည်။

ရဲတပ်သားမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာ (၂) ချက် နှင့် ဝဲဘက်နံစောင်းထိုးသွင်းဒဏ်ရာများ (စိုးရိမ်ရ) ရရှိခဲ့ပြီး မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အမည်မသိ လူ (၄) ဦးအား မြစ်ငယ်ရဲစခန်း မှ (ပ) ၃၉၆/၂၀၁၈ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Ko Ko(စစ်ကိူင်း)




 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top