မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ေဒါက္တာေနဇင္လတ္ ေဖ့စ္ဘြတ္ခ္တြင္ ေရးသားခဲ့သည့္ ပို႔စ္

အေမရိကႏွင့္ ဖိလစ္ပိုင္ ႏုိင္ငံတြင္ အင္အားျပင္းမုန္တိုင္း ႏွစ္လံုး တိုက္ခတ္ေနခ်ိန္ သမၼတ ေဟာင္း ဦးသိန္းစိန္ အစိုးရလက္ ထက္ သမၼတအႀကံေပးတစ္ဦးျဖစ္ ၿပီး လက္ရွိ အမ်ိဳးသားတိုးတက္ ေရး ပါတီဥကၠ႒ ေဒါက္တာေနဇင္ လတ္က ျမန္မာႏုိင္ငံသို႔ တိုင္ဖြန္း မုန္တုိင္း ဝင္ေရာက္ရန္ရွိေၾကာင္း လူမႈကြန္ရက္၌ ေရးသားခဲ့ရာ သဘာဝေဘးအႏၲရာယ္ႏွင့္ ပတ္ သက္၍ မဟုတ္မမွန္သတင္းမ်ား ထုတ္လႊင့္သူကို ဥပေဒအရ အ ေရးယူႏုိင္ေၾကာင္း လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေန ရာခ်ထားေရးဝန္ႀကီးဌာန တာဝန္ ရွိသူမ်ားက ေျပာၾကားသည္။

Like လုပ္ထားသူ ခုနစ္ ေသာင္းခန္႔ရွိၿပီး ေဖ့စ္ဘြတ္ခ္၏ အသိအမွတ္ျပဳ အျပာေရာင္အ မွန္ျခစ္ (Bluemark) ရရွိထား ေသာ ေဒါက္တာ ေနဇင္လတ္၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ‘အင္အားအဆင့္ (၅) တုိင္ဖြန္းမုန္ တုိင္း ျမန္မာကို ဝင္ရန္ရွိ၊ တစ္နာရီမိုင္ ၁၈၀ ျပင္ဆင္သတိထားၾကဖို႔ လို’ ဟု စက္တင္ဘာ ၁၄ ရက္ညေနက ေရးတင္ခဲ့သည္။

၎အျပင္ မုန္တိုင္း သတင္းအမွားမ်ား ေရးသားသည့္ လူမႈကြန္ရက္စာမ်က္ႏွာအခ်ိဳ႕ရွိၿပီး ေကာလာဟလပ်ံ႕ႏွံ႔၍ ျပည္သူလူထုအတြင္း စိုးရိမ္ထိတ္လန္႔မႈမ်ားရွိခဲ့ေၾကာင္း လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန၊ ေဘးအႏၲရာယ္ဆုိင္ရာ စီမံခန္႔ခြဲမႈဦးစီးဌာန ၫႊန္ၾကားေရးမွဴးတစ္ဦးက ေျပာသည္။

‘‘အလကားသက္သက္ ျပည္သူဒုကၡေရာက္တယ္။ သတင္းအ မွန္မဟုတ္ဘဲ ျပည္သူေတြၾကား မွာ အထိတ္တလန္႔ျဖစ္တယ္။ ျပည္သူလူထုမေျပာနဲ႔ ဝန္ထမ္း ေတြေတာင္ စိုးရိမ္ခဲ့တာ။ အဲဒီလို သတင္းအမွားထုတ္သူကို ဥပေဒ အရဆုိ ဘယ္သူကမဆို တရားစြဲ ဆိုလို႔ရတယ္’’ဟု အထက္ပါ အရာရွိက ေျပာသည္။

သဘာဝေဘးအႏၲရာယ္ဆုိင္ ရာ စီမံခန္႔ခြဲမႈဥပေဒ အခန္း (၈) ပုဒ္မ ၂၇ တြင္ ‘မည္သူမဆို အမ်ားျပည္သူ အထိတ္တလန္႔ျဖစ္ေစရန္ ရည္ရြယ္ခ်က္ျဖင့္ သဘာဝေဘး အႏၲရာယ္ႏွင့္ စပ္လ်ဥ္း၍ မဟုတ္ မမွန္သတင္းလႊင့္ေၾကာင္း ျပစ္မႈ ထင္ရွားစီရင္ျခင္းခံရလွ်င္ ထိုသူ ကို တစ္ႏွစ္ထက္မပိုေသာ ေထာင္ ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္စလံုးျဖစ္ေစ ခ်မွတ္ရမည္’ ဟု ပါရွိသည္။

‘‘မုန္တုိင္းသတင္းကို ဖြေန ၾကတယ္။ ကြၽန္ေတာ္တုိ႔လည္း သတင္းအမွားေတြပါဆိုတာကို ျပန္ေျဖရွင္းေနရတယ္’’ဟု ေဘး အႏၲရာယ္ဆုိင္ရာ စီမံခန္႔ခြဲမႈဦးစီး ဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္ တာကိုကိုႏိုင္က ေျပာသည္။

မုန္တုိင္းေကာလာဟလျပန္႔ ေနေသာေၾကာင့္ မိုးေလဝသပညာ ရွင္ ေဒါက္တာထြန္းလြင္ႏွင့္ မိုး ဇလဌာန လူမႈကြန္ရက္စာမ်က္ ႏွာတြင္ ဝင္ေရာက္ေမးျမန္းသူမ်ားလည္းရွိသည္။ တုိင္ဖြန္းမုန္တုိင္း Mongkhut သည္ ဖိလစ္ပိုင္ႏုိင္ငံသို႔ ဝင္ေရာက္ၿပီးပါ က အားေလ်ာ့သြားႏိုင္ကာ ျမန္မာ အတြက္ မုန္တုိင္းအႏၲရာယ္မရွိ ေၾကာင္း ေဒါက္တာထြန္းလြင္ႏွင့္ မိုးဇလဌာနက ျပန္လည္ေျဖၾကား ခဲ့သည္။

ေဒါက္တာ ေနဇင္လတ္ သည္ လြန္ခဲ့ေသာ ၂ ႏွစ္ခန္႔က လည္း ျမန္္မာႏုိင္ငံတြင္ ငလ်င္ ႀကီး လႈပ္ေတာ့မည္ဟူေသာ သတင္းအမွားကို ေရးသားျဖန္႔ေဝ ဖူးသည္။ မုန္တုိင္းသတင္းကို မည္သည့္အတြက္ေၾကာင့္ တင္ခဲ့ သည္ကို ေမးျမန္းရန္ ေဒါက္တာ ေနဇင္လတ္၏ ဖုန္းသို႔ ယမန္ေန႔ က 7Day Daily သတင္းစာက ဆက္သြယ္ေသာ္လည္း မရခဲ့ ေပ။ အမွန္တကယ္ မုန္တိုင္းဝင္ ေရာက္ေနေသာ ႏိုင္ငံသည္ ဖိလစ္ ပိုင္ႏွင့္ အေမရိကန္ႏုိင္ငံ ျဖစ္ သည္။ မုန္တုိင္းအႏၲရာယ္ လံုးဝ မရွိဘဲ ဘဂၤလားပင္လယ္ေအာ္မွ ေလဖိအားနည္းရပ္ဝန္း အရွိန္ ေၾကာင့္ ေနျပည္ေတာ္၊ မႏၲေလး တုိင္းေဒသႀကီး၊ ရန္ကုန္တုိင္း ေဒသႀကီး၊ ဧရာဝတီတိုင္းေဒသ ႀကီးႏွင့္ မြန္ျပည္နယ္တုိ႔တြင္ ေနရာကြက္ မုိးႀကီးႏုိင္ေၾကာင္း မိုးဇလ က သတိေပးထားသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ဒေါက်တာနေဇင်လတ် ဖေ့စ်ဘွတ်ခ်တွင် ရေးသားခဲ့သည့် ပို့စ်

အမေရိကနှင့် ဖိလစ်ပိုင် နိုင်ငံတွင် အင်အားပြင်းမုန်တိုင်း နှစ်လုံး တိုက်ခတ်နေချိန် သမ္မတ ဟောင်း ဦးသိန်းစိန် အစိုးရလက် ထက် သမ္မတအကြံပေးတစ်ဦးဖြစ် ပြီး လက်ရှိ အမျိုးသားတိုးတက် ရေး ပါတီဥက္ကဋ္ဌ ဒေါက်တာနေဇင် လတ်က မြန်မာနိုင်ငံသို့ တိုင်ဖွန်း မုန်တိုင်း ဝင်ရောက်ရန်ရှိကြောင်း လူမှုကွန်ရက်၌ ရေးသားခဲ့ရာ သဘာဝဘေးအန္တရာယ်နှင့် ပတ် သက်၍ မဟုတ်မမှန်သတင်းများ ထုတ်လွှင့်သူကို ဥပဒေအရ အ ရေးယူနိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန တာဝန် ရှိသူများက ပြောကြားသည်။

Like လုပ်ထားသူ ခုနစ် သောင်းခန့်ရှိပြီး ဖေ့စ်ဘွတ်ခ်၏ အသိအမှတ်ပြု အပြာရောင်အ မှန်ခြစ် (Bluemark) ရရှိထား သော ဒေါက်တာ နေဇင်လတ်၏ လူမှုကွန်ရက်စာမျက်နှာတွင် ‘အင်အားအဆင့် (၅) တိုင်ဖွန်းမုန် တိုင်း မြန်မာကို ဝင်ရန်ရှိ၊ တစ်နာရီမိုင် ၁၈၀ ပြင်ဆင်သတိထားကြဖို့ လို’ ဟု စက်တင်ဘာ ၁၄ ရက်ညနေက ရေးတင်ခဲ့သည်။

၎င်းအပြင် မုန်တိုင်း သတင်းအမှားများ ရေးသားသည့် လူမှုကွန်ရက်စာမျက်နှာအချို့ရှိပြီး ကောလာဟလပျံ့နှံ့၍ ပြည်သူလူထုအတွင်း စိုးရိမ်ထိတ်လန့်မှုများရှိခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

‘‘အလကားသက်သက် ပြည်သူဒုက္ခရောက်တယ်။ သတင်းအ မှန်မဟုတ်ဘဲ ပြည်သူတွေကြား မှာ အထိတ်တလန့်ဖြစ်တယ်။ ပြည်သူလူထုမပြောနဲ့ ဝန်ထမ်း တွေတောင် စိုးရိမ်ခဲ့တာ။ အဲဒီလို သတင်းအမှားထုတ်သူကို ဥပဒေ အရဆို ဘယ်သူကမဆို တရားစွဲ ဆိုလို့ရတယ်’’ဟု အထက်ပါ အရာရှိက ပြောသည်။

သဘာဝဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုဥပဒေ အခန်း (၈) ပုဒ်မ ၂၇ တွင် ‘မည်သူမဆို အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် သဘာဝဘေး အန္တရာယ်နှင့် စပ်လျဉ်း၍ မဟုတ် မမှန်သတင်းလွှင့်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူ ကို တစ်နှစ်ထက်မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်’ ဟု ပါရှိသည်။

‘‘မုန်တိုင်းသတင်းကို ဖွနေ ကြတယ်။ ကျွန်တော်တို့လည်း သတင်းအမှားတွေပါဆိုတာကို ပြန်ဖြေရှင်းနေရတယ်’’ဟု ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက် တာကိုကိုနိုင်က ပြောသည်။

မုန်တိုင်းကောလာဟလပြန့် နေသောကြောင့် မိုးလေဝသပညာ ရှင် ဒေါက်တာထွန်းလွင်နှင့် မိုး ဇလဌာန လူမှုကွန်ရက်စာမျက် နှာတွင် ဝင်ရောက်မေးမြန်းသူများလည်းရှိသည်။ တိုင်ဖွန်းမုန်တိုင်း Mongkhut သည် ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်ပြီးပါ က အားလျော့သွားနိုင်ကာ မြန်မာ အတွက် မုန်တိုင်းအန္တရာယ်မရှိ ကြောင်း ဒေါက်တာထွန်းလွင်နှင့် မိုးဇလဌာနက ပြန်လည်ဖြေကြား ခဲ့သည်။

ဒေါက်တာ နေဇင်လတ် သည် လွန်ခဲ့သော ၂ နှစ်ခန့်က လည်း မြန်မာနိုင်ငံတွင် ငလျင် ကြီး လှုပ်တော့မည်ဟူသော သတင်းအမှားကို ရေးသားဖြန့်ဝေ ဖူးသည်။ မုန်တိုင်းသတင်းကို မည်သည့်အတွက်ကြောင့် တင်ခဲ့ သည်ကို မေးမြန်းရန် ဒေါက်တာ နေဇင်လတ်၏ ဖုန်းသို့ ယမန်နေ့ က 7Day Daily သတင်းစာက ဆက်သွယ်သော်လည်း မရခဲ့ ပေ။ အမှန်တကယ် မုန်တိုင်းဝင် ရောက်နေသော နိုင်ငံသည် ဖိလစ် ပိုင်နှင့် အမေရိကန်နိုင်ငံ ဖြစ် သည်။ မုန်တိုင်းအန္တရာယ် လုံးဝ မရှိဘဲ ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်း အရှိန် ကြောင့် နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက် မိုးကြီးနိုင်ကြောင်း မိုးဇလ က သတိပေးထားသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top