ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

အလွနဲ႔ပတ္သက္ရင္ လူတုိင္းဟာ တိမ္းပါးမူးယစ္ၾကေလ့ ရွိပါတယ္။ တစ္စုံတစ္ေယာက္ တကယ္လွၿပီဆုိရင္ လူေတြဟာ အနည္းနဲ႔အမ်ားေတာ့ သတိထားမိၾကတာပါဘဲ။ သမာဓိအား မေကာင္းတဲ့သူေတြကေတာ့ အလြန္လွပတဲ့ အလွမ်ိဳးျမင္လုိက္ရင္ ” ဟာ၊ အမေလး၊ ေခ်ာလုိက္တာ၊ လွလုိက္တာ၊ ဘယ္လုိ ေကာင္မေလးပါလိမ့္ “စသျဖင့္ အာေမဋိတ္ေတြ ျပဳတတ္ၾကပါတယ္။

ဒီလုိပဲ သမာဓိအား ေကာင္းသူေတြေတာ့ သိပ္လွတဲ့သူတစ္ေယာက္ ေတြ႕တဲ့အခါ ” အြန္း လွသားပဲ “လုိ႔ စိတ္က ဆုံးျဖတ္ၿပီး စိတ္မဝင္စားေယာင္ ဟန္ေဆာင္ေကာင္းတတ္ၾကပါတယ္။ လူတုိင္းဟာ အလွအပနဲ႔ အ႐ုပ္ဆုိးတာဆုိရင္ ဘယ္ဟာကုိ ႏွစ္သက္ၾကသလဲ စစ္တမ္းေကာက္မယ္ဆုိပါက အလွကုိ ဦးစားေပမယ့္သူေတြက အေလးသာမယ္ဆုိတာ ေသခ်ာပါတယ္။

လြန္ေလခဲ့ၿပီးေသာ ဒုတိယကမာၻစစ္အတြင္းမွာေတာ့ အလွအပကုိ ေကာင္းေကာင္းအသုံးခ်ၿပီး နာဇီရန္သူေတြကို မိမိတတ္ႏုိင္တဲ့ဘက္က ေခ်မႈန္းခဲ့တဲ့ အမ်ိဳးသမီးသူရဲေကာင္းေတြလည္း ေပၚထြက္ခဲ့ဖူးပါတယ္။ ဒက္ခ်္လုိ႔ေခၚတဲ့ ေဟာ္လန္မွာေတာ့ Freddie Oversteegen ကုိ မရဏနတ္သမီးလုိ႔ေတာင္ တင္စားဂုဏ္ျပဳခဲ့့ရသည္အထိပါ။

Freddie ဟာ ပုံမွာျမင္ေတြ႕ရတဲ့အတုိင္း အလြန္လွပၿပီး ပရိယာယ္ၾကြယ္လွတဲ့ မိန္းမပ်ိဳေလးတစ္ေယာက္ပါ။ သူမရဲ႕ အစ္မနာမည္ကေတာ့ Truus ျဖစ္ၿပီး ညီအစ္မႏွစ္ေယာက္စလုံးရဲ႕ အလွသတင္းဟာ Amsterdam အနီးက Haarlem ရြာကေလးကုိေတာင္ ေက်ာ္ၿပီး၊ အနယ္နယ္အရပ္ရပ္က လူပ်ိဳကာလသားေတြၾကားမွာ ေရပန္းစားခဲ့ပါတယ္။

Freddie ကုိ (၁၉၂၅)ခုႏွစ္ စက္တင္ဘာလ(၆)ရက္မွာ ေမြးဖြားခဲ့ၿပီး ငယ္စဥ္ကတည္းက ဝံသာႏုစိတ္ဓာတ္ျပင္းထန္လြန္းလုိ႔ ဒက္ခ်္ကာကြယ္ေရးေပ်ာက္က်ားတပ္ထဲကို အသက္(၁၄)ႏွစ္ကတည္းက ဝင္ေရာက္ၿပီး လွ်ိဳ႕ဝွက္စစ္ပညာသင္ၾကားခဲ့ပါတယ္။ ဒီလုိနဲ႔ ဆယ္ေက်ာ္သက္အရြယ္မွာပင္ လူပ်ိဳတုိ႔အသည္းစြဲျဖစ္လာသည္ႏွင့္အမွ် Freddie က သူမရဲ႕အလွကုိ ႏုိင္ငံအတြက္ အသုံးခ်ဖုိ႔ ဆုံးျဖတ္ခဲ့တာပါ။

သူမဟာ ရဲရင့္ၿပီးလွပတဲ့ အစ္မျဖစ္သူ Truus နဲ႔အတူ တံတားမ်ားကို ေဖာက္ခြဲျခင္း၊ ရန္သူအသုံးျပဳေနတဲ့ ရထားလမ္းမ်ားကို ဖ်က္ဆီးေဖာက္ခြဲျခင္း၊ ဂ်ဴးကေလးငယ္မ်ားကို ကယ္ဆယ္ျခင္း၊ ဂ်ာမန္မ်ားကို သုတ္သင္ရွင္းလင္းျခင္း စတာေတြကို သူမတုိ႔တတ္ႏုိင္သေလာက္ ႀကိဳးစားေဆာင္ရြက္ခဲ့ပါတယ္။ သူမဟာ စက္ဘီးတစ္စီးနဲ႔ေလွ်ာက္သြားၿပီး ႐ုိင္ဖယ္ကိုလည္း ေတာင္းထဲမွာ ဝွက္ယူသြားေလ့ရွိပါတယ္။

Freddie ဟာ ဘားတစ္ခုမွာ နာဇီေတြကို ” ရွင္တုိ႔ မနက္ျဖန္ ကၽြန္မနဲ႔ ေတာထဲကို လွည့္လည္သြားလာခ်င္တယ္ဆုိရင္ ကၽြန္မက ဖိတ္ပါတယ္ “လုိ႔ ေခၚလုိက္ေတာ့ နာဇီေတြ အကုန္ေခါင္းေထာင္သြားခဲ့တယ္လုိ႔ ဆုိပါတယ္။ ဒီလုိနဲ႔ သူမရဲ႕အစ္မနဲ႔အတူ နာဇီေတြကို အရက္မူးေအာင္တုိက္ၿပီး ေသနတ္နဲ႔ပစ္သတ္သုတ္သင္ခဲ့တာပါ။ သူမက ဒါကို ရက္စက္တယ္လုိ႔ မထင္ပါဘူးတဲ့။

Freddie က ” ဒါက လုိအပ္လုိ႔ ရက္စက္ယုတ္မာခဲ့ရတာပါ … ကၽြန္မတုိ႔တစ္ေတြကို တစ္ခ်ိန္လုံးဒုကၡေပးခဲ့တဲ့သူေတြကို ကၽြန္မတုိ႔ တက္ႏုိင္သေလာက္ ရွင္းခဲ့တာပါ ‘လုိ႔ ေျပာခဲ့ပါတယ္။ Freddie ဟာ ၿပီးခဲ့တဲ့စက္တင္ဘာလ (၅)ရက္ေန႔ကမွာ ေသဆုံးခဲ့တာပါ။ ဒါဟာ သူမရဲ႕အသက္ (၉၃)ႏွစ္ျပည့္ဖုိ႔ တစ္ရက္အလုိမွာ ေသဆုံးသြားတဲ့သေဘာပါ။ သူမကို အခမ္းအနားနဲ႔ သၿဂႋဳဟ္ခဲ့ပါတယ္။

source : dailymail.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
အလှနဲ့ပတ်သက်ရင် လူတိုင်းဟာ တိမ်းပါးမူးယစ်ကြလေ့ ရှိပါတယ်။ တစ်စုံတစ်ယောက် တကယ်လှပြီဆိုရင် လူတွေဟာ အနည်းနဲ့အများတော့ သတိထားမိကြတာပါဘဲ။ သမာဓိအား မကောင်းတဲ့သူတွေကတော့ အလွန်လှပတဲ့ အလှမျိုးမြင်လိုက်ရင် ” ဟာ၊ အမလေး၊ ချောလိုက်တာ၊ လှလိုက်တာ၊ ဘယ်လို ကောင်မလေးပါလိမ့် “စသဖြင့် အာမေဋိတ်တွေ ပြုတတ်ကြပါတယ်။

ဒီလိုပဲ သမာဓိအား ကောင်းသူတွေတော့ သိပ်လှတဲ့သူတစ်ယောက် တွေ့တဲ့အခါ ” အွန်း လှသားပဲ “လို့ စိတ်က ဆုံးဖြတ်ပြီး စိတ်မဝင်စားယောင် ဟန်ဆောင်ကောင်းတတ်ကြပါတယ်။ လူတိုင်းဟာ အလှအပနဲ့ အရုပ်ဆိုးတာဆိုရင် ဘယ်ဟာကို နှစ်သက်ကြသလဲ စစ်တမ်းကောက်မယ်ဆိုပါက အလှကို ဦးစားပေမယ့်သူတွေက အလေးသာမယ်ဆိုတာ သေချာပါတယ်။

လွန်လေခဲ့ပြီးသော ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ အလှအပကို ကောင်းကောင်းအသုံးချပြီး နာဇီရန်သူတွေကို မိမိတတ်နိုင်တဲ့ဘက်က ချေမှုန်းခဲ့တဲ့ အမျိုးသမီးသူရဲကောင်းတွေလည်း ပေါ်ထွက်ခဲ့ဖူးပါတယ်။ ဒက်ချ်လို့ခေါ်တဲ့ ဟော်လန်မှာတော့ Freddie Oversteegen ကို မရဏနတ်သမီးလို့တောင် တင်စားဂုဏ်ပြုခဲ့ရသည်အထိပါ။

Freddie ဟာ ပုံမှာမြင်တွေ့ရတဲ့အတိုင်း အလွန်လှပပြီး ပရိယာယ်ကြွယ်လှတဲ့ မိန်းမပျိုလေးတစ်ယောက်ပါ။ သူမရဲ့ အစ်မနာမည်ကတော့ Truus ဖြစ်ပြီး ညီအစ်မနှစ်ယောက်စလုံးရဲ့ အလှသတင်းဟာ Amsterdam အနီးက Haarlem ရွာကလေးကိုတောင် ကျော်ပြီး၊ အနယ်နယ်အရပ်ရပ်က လူပျိုကာလသားတွေကြားမှာ ရေပန်းစားခဲ့ပါတယ်။

Freddie ကို (၁၉၂၅)ခုနှစ် စက်တင်ဘာလ(၆)ရက်မှာ မွေးဖွားခဲ့ပြီး ငယ်စဉ်ကတည်းက ဝံသာနုစိတ်ဓာတ်ပြင်းထန်လွန်းလို့ ဒက်ချ်ကာကွယ်ရေးပျောက်ကျားတပ်ထဲကို အသက်(၁၄)နှစ်ကတည်းက ဝင်ရောက်ပြီး လျှို့ဝှက်စစ်ပညာသင်ကြားခဲ့ပါတယ်။ ဒီလိုနဲ့ ဆယ်ကျော်သက်အရွယ်မှာပင် လူပျိုတို့အသည်းစွဲဖြစ်လာသည်နှင့်အမျှ Freddie က သူမရဲ့အလှကို နိုင်ငံအတွက် အသုံးချဖို့ ဆုံးဖြတ်ခဲ့တာပါ။

သူမဟာ ရဲရင့်ပြီးလှပတဲ့ အစ်မဖြစ်သူ Truus နဲ့အတူ တံတားများကို ဖောက်ခွဲခြင်း၊ ရန်သူအသုံးပြုနေတဲ့ ရထားလမ်းများကို ဖျက်ဆီးဖောက်ခွဲခြင်း၊ ဂျူးကလေးငယ်များကို ကယ်ဆယ်ခြင်း၊ ဂျာမန်များကို သုတ်သင်ရှင်းလင်းခြင်း စတာတွေကို သူမတို့တတ်နိုင်သလောက် ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ သူမဟာ စက်ဘီးတစ်စီးနဲ့လျှောက်သွားပြီး ရိုင်ဖယ်ကိုလည်း တောင်းထဲမှာ ဝှက်ယူသွားလေ့ရှိပါတယ်။

Freddie ဟာ ဘားတစ်ခုမှာ နာဇီတွေကို ” ရှင်တို့ မနက်ဖြန် ကျွန်မနဲ့ တောထဲကို လှည့်လည်သွားလာချင်တယ်ဆိုရင် ကျွန်မက ဖိတ်ပါတယ် “လို့ ခေါ်လိုက်တော့ နာဇီတွေ အကုန်ခေါင်းထောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ သူမရဲ့အစ်မနဲ့အတူ နာဇီတွေကို အရက်မူးအောင်တိုက်ပြီး သေနတ်နဲ့ပစ်သတ်သုတ်သင်ခဲ့တာပါ။ သူမက ဒါကို ရက်စက်တယ်လို့ မထင်ပါဘူးတဲ့။

Freddie က ” ဒါက လိုအပ်လို့ ရက်စက်ယုတ်မာခဲ့ရတာပါ … ကျွန်မတို့တစ်တွေကို တစ်ချိန်လုံးဒုက္ခပေးခဲ့တဲ့သူတွေကို ကျွန်မတို့ တက်နိုင်သလောက် ရှင်းခဲ့တာပါ ‘လို့ ပြောခဲ့ပါတယ်။ Freddie ဟာ ပြီးခဲ့တဲ့စက်တင်ဘာလ (၅)ရက်နေ့ကမှာ သေဆုံးခဲ့တာပါ။ ဒါဟာ သူမရဲ့အသက် (၉၃)နှစ်ပြည့်ဖို့ တစ်ရက်အလိုမှာ သေဆုံးသွားတဲ့သဘောပါ။ သူမကို အခမ်းအနားနဲ့ သြင်္ဂိုဟ်ခဲ့ပါတယ်။

source : dailymail.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top