ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

 “ရိုးသား ျကိုးစားတဲ႕လူငယ္ေလးတစ္ေယာက္…”

ဘဏ္တစ္ခုရဲ႕ေဆာက္လုပ္ေရးလုပ္ငန္းကအင္ဂ်င္နီယာ…ဆယ္စုနွစ္ေလာက္ရိုးရိုးသားသား ျကိုးျကိုးစားစားလုပ္ခဲ႕တယ္..အခုအသက္ ၃၈ နွစ္ေရာက္လာေတာ့ General manager ရာထူးကိုရထားေပမဲ႕ကိုယ္ပိုင္အိမ္ တိုက္ခန္းမရွိလို့ ကုမၸဏီကေပးတဲ႕အိမ္ခန္းက်ဥ္းေလးမွာပဲေနရပါတယ္…


ကုမၸဏီကို”လူျကီး” အသစ္ “ဆက္ခံ”ေရာက္ရွိလာတယ္ သူ့အေျကာင္းကိုမသိဘူး သူ့ Bank account ကိုစစ္ျပီး ကန္ထရိုက္ေတြကေငြလြွဲေပးထားတာေတြ႕ တယ္…ဘဏ္ခြဲေတြေဆာက္ေတာ့ အလုပ္သမားခေတြမက်ခင္ လုပ္ငန္းမေနွာင့္ေနွးေအာင္ သူကဘဏ္ကေခ်းေငြထုတ္ျပီး ကန္ထရိုက္ကိုစိုက္ထုတ္ေပးလို့ ကန္ထရိုက္ကျပန္ဆပ္တာကို စစ္တဲ႕သူကမသိဘူး..



လုပ္နည္းလုပ္ဟန္မွန္တာမွားတာထားပါေတာ့ သူ့ကိုလံုးဝေခၚမေမးဘူး ေျဖရွင္းခြင့္မေပးဘူး သူ အလုပ္ျကိုးစားလုပ္လို့ရခဲ႕တဲ႕အဆုတ္ေရာဂါကို ခြင့္ရက္ရွည္ယူျပီးကုေနတံုး အလုပ္ကထုတ္လိုက္တယ္..စစ္ ေမး ေျဖရွင္းခြင့္မေပးဘူးနွစ္ေပါင္းမ်ားစြာလုပ္လာတာကိုမငဲ႕ဘူး


တျခားကုမၸဏီေတြကလစာပိုေပးျပီးေခၚတာေတာင္မွ မသြားဘဲ “မိခင္ကုမၸဏီ” ဆိုတဲ႕သံေယာဇဥ္ျကိုးခ်ည္ထားခံရလို့ကုမၸဏီကိုမစြန့္ခြါခဲ႕တဲ႕ “သူ” အျကီးအက်ယ္စိတ္ဓါတ္က်သြားတယ္ မက်န္းမာေနတာလည္းပါခ်င္ပါမွာေပါ့


သူ့ကိုမွီခိုေနတဲ႕ ဇနီး သားအျကီး ၇ တန္းေက်ာင္းသားေလး ၃နွစ္အရြယ္နဲ႕ ၈ လအရြယ္ကေလးနွစ္ဦး သူေထာက္ပ့ံေပးေနတဲ႕ပင္စင္စားမိဘနွစ္ဦး ဒါေတြသူ့ေခါင္းထဲမစဥ္းစားမိေတာ့ဘူး လူေျဖာင့္ လူမွန္ အက်င့္သိကၡါကိုတန္ဘိုးထားသူေပကိုး မေန့ကေန့လည္မွာ အိမ္ကေရခ်ိုးခန္းမွာသူျကိုးဆြဲခ်ေသသြားတယ္ ဒီေန့ေတာ့ ေျမာက္ဥကၠလာေဆးရံုျကီးအေအးခန္းဇရပ္မွာ သူနဲ႕သူ့မိဘကိုးကြယ္ရာအတိုင္း သရဏဂံုတင္ေပးတယ္


သူ့ဇနီး(ကရင္-ခရစ္ယာန)္ဆနၵအတိုင္းတြံေတးကို ကားနဲ႕သယ္သြားျပီ တြံေတးျမို့မွာခရစ္ယာန္ဘာသာအရဝတ္ျပုကိုးကြယ္ျပီး ဂူသြင္းျမွဳတ္နွံပါလိမ့္မယ္ သူ့အေမနဲ႕အေဖကေတာ့ေျမွာ္ေငးငိုေျကြးနွဳတ္ဆက္ရင္းက်န္ရစ္ခဲ႕ေလရဲ႕ အေလာင္းတင္ကားက ေဝးသထက္ ေဝး..ေဝး..ေဝး..သြား ဇနီး သား သမီး ၃ ေယာက္နဲ႕ မိဘနွစ္ဦးရဲ႕အနာဂတ္က ေရး…ေတး…ေတး…လား ???

မွတ္ခ်က္-Aung Ko Ko ေဖ့ဘုတ္အေကာင့္မွတဆင့္ကူးယူေဖာ္ျပထားျခင္းျဖစ္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:we love cele
# Unicode Version ျဖင့္ ဖတ္ပါ #
 “ရိုးသား ကြိုးစားတဲ့လူငယ်လေးတစ်ယောက်…”

ဘဏ်တစ်ခုရဲ့ဆောက်လုပ်ရေးလုပ်ငန်းကအင်ဂျင်နီယာ…ဆယ်စုနှစ်လောက်ရိုးရိုးသားသား ကြိုးကြိုးစားစားလုပ်ခဲ့တယ်..အခုအသက် ၃၈ နှစ်ရောက်လာတော့ General manager ရာထူးကိုရထားပေမဲ့ကိုယ်ပိုင်အိမ် တိုက်ခန်းမရှိလို့ ကုမ္ပဏီကပေးတဲ့အိမ်ခန်းကျဉ်းလေးမှာပဲနေရပါတယ်…

ကုမ္ပဏီကို”လူကြီး” အသစ် “ဆက်ခံ”ရောက်ရှိလာတယ် သူ့အကြောင်းကိုမသိဘူး သူ့ Bank account ကိုစစ်ပြီး ကန်ထရိုက်တွေကငွေလွှဲပေးထားတာတွေ့ တယ်…ဘဏ်ခွဲတွေဆောက်တော့ အလုပ်သမားခတွေမကျခင် လုပ်ငန်းမနှောင့်နှေးအောင် သူကဘဏ်ကချေးငွေထုတ်ပြီး ကန်ထရိုက်ကိုစိုက်ထုတ်ပေးလို့ ကန်ထရိုက်ကပြန်ဆပ်တာကို စစ်တဲ့သူကမသိဘူး..

လုပ်နည်းလုပ်ဟန်မှန်တာမှားတာထားပါတော့ သူ့ကိုလုံးဝခေါ်မမေးဘူး ဖြေရှင်းခွင့်မပေးဘူး သူ အလုပ်ကြိုးစားလုပ်လို့ရခဲ့တဲ့အဆုတ်ရောဂါကို ခွင့်ရက်ရှည်ယူပြီးကုနေတုံး အလုပ်ကထုတ်လိုက်တယ်..စစ် မေး ဖြေရှင်းခွင့်မပေးဘူးနှစ်ပေါင်းများစွာလုပ်လာတာကိုမငဲ့ဘူး

တခြားကုမ္ပဏီတွေကလစာပိုပေးပြီးခေါ်တာတောင်မှ မသွားဘဲ “မိခင်ကုမ္ပဏီ” ဆိုတဲ့သံယောဇဉ်ကြိုးချည်ထားခံရလို့ကုမ္ပဏီကိုမစွန့်ခွါခဲ့တဲ့ “သူ” အကြီးအကျယ်စိတ်ဓါတ်ကျသွားတယ် မကျန်းမာနေတာလည်းပါချင်ပါမှာပေါ့

သူ့ကိုမှီခိုနေတဲ့ ဇနီး သားအကြီး ၇ တန်းကျောင်းသားလေး ၃နှစ်အရွယ်နဲ့ ၈ လအရွယ်ကလေးနှစ်ဦး သူထောက်ပံ့ပေးနေတဲ့ပင်စင်စားမိဘနှစ်ဦး ဒါတွေသူ့ခေါင်းထဲမစဉ်းစားမိတော့ဘူး လူဖြောင့် လူမှန် အကျင့်သိက္ခါကိုတန်ဘိုးထားသူပေကိုး မနေ့ကနေ့လည်မှာ အိမ်ကရေချိုးခန်းမှာသူကြိုးဆွဲချသေသွားတယ် ဒီနေ့တော့ မြောက်ဥက္ကလာဆေးရုံကြီးအအေးခန်းဇရပ်မှာ သူနဲ့သူ့မိဘကိုးကွယ်ရာအတိုင်း သရဏဂုံတင်ပေးတယ်

သူ့ဇနီး(ကရင်-ခရစ်ယာန)်ဆန္ဒအတိုင်းတွံတေးကို ကားနဲ့သယ်သွားပြီ တွံတေးမြို့မှာခရစ်ယာန်ဘာသာအရဝတ်ပြုကိုးကွယ်ပြီး ဂူသွင်းမြှုတ်နှံပါလိမ့်မယ် သူ့အမေနဲ့အဖေကတော့မြှော်ငေးငိုကြွေးနှုတ်ဆက်ရင်းကျန်ရစ်ခဲ့လေရဲ့ အလောင်းတင်ကားက ဝေးသထက် ဝေး..ဝေး..ဝေး..သွား ဇနီး သား သမီး ၃ ယောက်နဲ့ မိဘနှစ်ဦးရဲ့အနာဂတ်က ရေး…တေး…တေး…လား ???

မှတ်ချက်-Aung Ko Ko ဖေ့ဘုတ်အကောင့်မှတဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:we love cele
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top