×

စစ္ကုိင္းတကၠသုိလ္ ဒုတိယ ပါေမာကၡခ်ဳပ္ ေနအိမ္ စက္တင္ဘာလ ၅ ရက္ေန႕ ညေန႕ ၅ နာရီခြဲ အခ်ိန္ခန္႕က ေဖာက္ထြင္းခံခဲ့ရျပီး လက္ဝတ္ရတနာ ပစၥည္းမ်ား က်ပ္သိန္း ၉၀ ေက်ာ္ ခုိးယူခံခဲ့ရေႀကာင္း ရြာသစ္ႀကီးနယ္ေျမရဲစခန္း က သိရသည္။

စစ္ကုိင္းတကၠသုိလ္ ဒုတိယ ပါေမာကၡခ်ဳပ္ သည္ စစ္ကုိင္းၿမဳိ႕၊ ပဲကတုိးရပ္ကြက္၊ စစ္ကုိင္းတကၠသုိလ္ ဝန္း အတြင္းရွိ ေနအိမ္လုိင္းခန္းသုိ႔ တကၠသုိလ္ေက်ာင္းရုံးမွ ျပန္အလာ ေနအိမ္ေနာက္ေဖး ကြ်န္းတံခါး၊သံပန္းတံခါးအေပၚထပ္ရွိ အိပ္ခန္းတံခါး ေသာ့ႏွင့္ အိပ္ခန္းအတြင္းရွိ အဝတ္အစားမ်ား ထည့္ ထားသည့္ အလူမီနီယံ ဘီဒို ေလးဆင့္ပါ ဘီဒုိ တံခါး တုိ႕အား ဖ်က္ဆီးထားေႀကာင္း ေတြ႔ရွိရသျဖင့္ စစ္ေဆးရာ ဘီဒုိ အေပၚဆုံးထပ္ အတြင္းထဲ၌ မိန္းမ ကုိင္ အိပ္အျပာေရာင္ျဖင့္ ထည့္ထားေသာ အိပ္အတြင္းမွ လက္ဝတ္ရတနာပစၥည္း ၆ မ်ဳိး ကာလတန္းဖုိး ေငြက်ပ္ (၉၆၆၀၀၀၀)ခန္႕ ေပ်ာက္ဆုံးခဲ့ေႀကာင္း မႈခင္းမွတ္တမ္းမ်ား အရ သိရသည္။

အဆုိပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ရြာသစ္ႀကီး နယ္ေျမ ရဲစခန္းက (ပ) ၇၅/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၄၅၄ အရ အမႈဖြင့္ ေဆာင္ရြက္ထားျပီး ျပစ္မႈက်ဴးလြန္သူအား အျမန္ဆုံး ဖမ္းဆီးရမိေရးအတြက္ စုံးစမ္းေဖာ္ထုတ္ လ်က္ရွိေႀကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဇယ်ာတုိင္းမ္

#Unicode Version#
စစ်ကိုင်းတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် နေအိမ် စက်တင်ဘာလ ၅ ရက်နေ့ ညနေ့ ၅ နာရီခွဲ အချိန်ခန့်က ဖောက်ထွင်းခံခဲ့ရပြီး လက်ဝတ်ရတနာ ပစ္စည်းများ ကျပ်သိန်း ၉၀ ကျော် ခိုးယူခံခဲ့ရကြောင်း ရွာသစ်ကြီးနယ်မြေရဲစခန်း က သိရသည်။

စစ်ကိုင်းတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် သည် စစ်ကိုင်းမြို့၊ ပဲကတိုးရပ်ကွက်၊ စစ်ကိုင်းတက္ကသိုလ် ဝန်း အတွင်းရှိ နေအိမ်လိုင်းခန်းသို့ တက္ကသိုလ်ကျောင်းရုံးမှ ပြန်အလာ နေအိမ်နောက်ဖေး ကျွန်းတံခါး၊သံပန်းတံခါးအပေါ်ထပ်ရှိ အိပ်ခန်းတံခါး သော့နှင့် အိပ်ခန်းအတွင်းရှိ အဝတ်အစားများ ထည့် ထားသည့် အလူမီနီယံ ဘီဒို လေးဆင့်ပါ ဘီဒို တံခါး တို့အား ဖျက်ဆီးထားကြောင်း တွေ့ရှိရသဖြင့် စစ်ဆေးရာ ဘီဒို အပေါ်ဆုံးထပ် အတွင်းထဲ၌ မိန်းမ ကိုင် အိပ်အပြာရောင်ဖြင့် ထည့်ထားသော အိပ်အတွင်းမှ လက်ဝတ်ရတနာပစ္စည်း ၆ မျိုး ကာလတန်းဖိုး ငွေကျပ် (၉၆၆၀၀၀၀)ခန့် ပျောက်ဆုံးခဲ့ကြောင်း မှုခင်းမှတ်တမ်းများ အရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရွာသစ်ကြီး နယ်မြေ ရဲစခန်းက (ပ) ၇၅/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၅၄ အရ အမှုဖွင့် ဆောင်ရွက်ထားပြီး ပြစ်မှုကျူးလွန်သူအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် စုံးစမ်းဖော်ထုတ် လျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဇေယျာတိုင်းမ်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top