ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

တ႐ုတ္ႏိုင္ငံပိုင္သတင္းႏွင့္ မီဒီယာဌာနမ်ားမွေဖာ္ျပခ်က္အရ တ႐ုတ္ႏိုင္ငံအေနာက္ပိုင္း၌ ၿပီးခဲ့တဲ့ၾသဂုတ္လ(၃၀)ရက္ေန႔တြင္ျဖစ္ပြားခဲ့တဲ့ အျမန္လမ္းကားမီးေလာင္မႈတြင္ လူ(၄)ေယာက္အသက္ကို စြမ္းစြမ္းတမံကယ္တင္ေပးခဲ့တဲ့ အသက္(၂၆)ႏွစ္အ႐ြယ္သူနာျပဳမေလး က်ိဳးေဝကို အမ်ားျပည္သူလူထုကေန သူရဲေကာင္းတစ္ဦးအျဖစ္သတ္မွတ္ခ်ီးက်ဴးဂုဏ္ျပဳခဲ့ေၾကာင္းသိရပါတယ္။

ျဖစ္ေၾကာင္းကုန္စင္မွာ တ႐ုတ္ႏိုင္ငံေတာင္ပိုင္းဟူနန္ျပည္နယ္ရွိ Shimen County ၾကက္ေျခနီေဆး႐ုံမွ သူနာျပဳမေလးတစ္ဦးျဖစ္တဲ့က်ိဳးေဝဟာ မဂၤလာေဆာင္ၿပီး ဟန္းနီးမြန္းခရီးထြက္လာစဥ္ သူတို႔လင္မယားစီးနင္းလိုက္ပါလာတဲ့ အေဝးေျပးကားေရွ႕မွ ကားႏွင့္အျခားကားတစ္စီးတို႔ ျပင္းျပင္းထန္ထန္တိုက္မိၿပီး အခင္းျဖစ္ရာေနရာမွာတင္ မီးစတင္ေလာင္ကြၽမ္းခဲ့ပါတယ္။

အဲဒီေနာက္ သူနာျပဳမေလးက်ိဳးေဝဟာ အေဝးေျပးကားေပၚမွခရီးသည္အခ်ိဳ႕ကို ဦးေဆာင္ၿပီး မီးေလာင္ေနတဲ့ကား၂စီးေပၚမွ လူေလးဦးကိုဆြဲထုတ္ကယ္တင္ခဲ့ပါတယ္။ၿပီးေနာက္ အဲဒီလူေလးဦးကို ကားလမ္းနံေဘးမွာ အေရးေပၚသူနာျပဳစုနည္းေတြနဲ႔ အသက္ကယ္တင္ေပးခဲ့ၿပီး ေဆး႐ုံကိုအျမန္ဆုံးတင္ပို႔ကုသခဲ့ပါတယ္။ သက္ဆိုင္ရာအာဏာပိုင္မ်ားမွေျပာၾကားခ်က္အရ အဆိုပါကားမီးေလာင္မႈတြင္ ပိတ္မိေနသူစုစုေပါင္း(၈)ေယာက္ရွိၿပီး ေသဆုံးသူ(၁)ေယာက္ရွိခဲ့ပါတယ္။

အဲဒီထဲမွလူေလးေယာက္ကို သူနာျပဳမေလးက်ိဳးေဝဦးေဆာင္တဲ့အဖြဲ႕မွ ကယ္တင္ႏိုင္ခဲ့ၿပီး အေရးေပၚသူနာျပဳစုေနစဥ္ ကားႏွစ္စီးလုံး ရစရာမရွိေအာင္ မီးေလာင္ေပါက္ကြဲခဲ့ေၾကာင္းသိရပါတယ္
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  myanmarnote

#Unicode Version#

တရုတ်နိုင်ငံပိုင်သတင်းနှင့် မီဒီယာဌာနများမှဖော်ပြချက်အရ တရုတ်နိုင်ငံအနောက်ပိုင်း၌ ပြီးခဲ့တဲ့သြဂုတ်လ(၃၀)ရက်နေ့တွင်ဖြစ်ပွားခဲ့တဲ့ အမြန်လမ်းကားမီးလောင်မှုတွင် လူ(၄)ယောက်အသက်ကို စွမ်းစွမ်းတမံကယ်တင်ပေးခဲ့တဲ့ အသက်(၂၆)နှစ်အရွယ်သူနာပြုမလေး ကျိုးဝေကို အများပြည်သူလူထုကနေ သူရဲကောင်းတစ်ဦးအဖြစ်သတ်မှတ်ချီးကျူးဂုဏ်ပြုခဲ့ကြောင်းသိရပါတယ်။

ဖြစ်ကြောင်းကုန်စင်မှာ တရုတ်နိုင်ငံတောင်ပိုင်းဟူနန်ပြည်နယ်ရှိ Shimen County ကြက်ခြေနီဆေးရုံမှ သူနာပြုမလေးတစ်ဦးဖြစ်တဲ့ကျိုးဝေဟာ မင်္ဂလာဆောင်ပြီး ဟန်းနီးမွန်းခရီးထွက်လာစဉ် သူတို့လင်မယားစီးနင်းလိုက်ပါလာတဲ့ အဝေးပြေးကားရှေ့မှ ကားနှင့်အခြားကားတစ်စီးတို့ ပြင်းပြင်းထန်ထန်တိုက်မိပြီး အခင်းဖြစ်ရာနေရာမှာတင် မီးစတင်လောင်ကျွမ်းခဲ့ပါတယ်။

အဲဒီနောက် သူနာပြုမလေးကျိုးဝေဟာ အဝေးပြေးကားပေါ်မှခရီးသည်အချို့ကို ဦးဆောင်ပြီး မီးလောင်နေတဲ့ကား၂စီးပေါ်မှ လူလေးဦးကိုဆွဲထုတ်ကယ်တင်ခဲ့ပါတယ်။ပြီးနောက် အဲဒီလူလေးဦးကို ကားလမ်းနံဘေးမှာ အရေးပေါ်သူနာပြုစုနည်းတွေနဲ့ အသက်ကယ်တင်ပေးခဲ့ပြီး ဆေးရုံကိုအမြန်ဆုံးတင်ပို့ကုသခဲ့ပါတယ်။ သက်ဆိုင်ရာအာဏာပိုင်များမှပြောကြားချက်အရ အဆိုပါကားမီးလောင်မှုတွင် ပိတ်မိနေသူစုစုပေါင်း(၈)ယောက်ရှိပြီး သေဆုံးသူ(၁)ယောက်ရှိခဲ့ပါတယ်။

အဲဒီထဲမှလူလေးယောက်ကို သူနာပြုမလေးကျိုးဝေဦးဆောင်တဲ့အဖွဲ့မှ ကယ်တင်နိုင်ခဲ့ပြီး အရေးပေါ်သူနာပြုစုနေစဉ် ကားနှစ်စီးလုံး ရစရာမရှိအောင် မီးလောင်ပေါက်ကွဲခဲ့ကြောင်းသိရပါတယ်

ဖိုးသူတော် (www.phothutaw.com)
Credit:  myanmarnote
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top