ဆိုတော့ ??
အစာချေစနစ်ကို
ကောင်းမွန်စေပါတယ် ။ အစာချေအင်ဇိုင်းတွေကို လှုံ့ဆော်ပေးလို့ အစာဖြိုခွဲ
ဝမ်းမှန်စေပါတယ် ။
Credit : lwin pyin
#Unicode Version#
နွေရာသီရောက်လာတော့ အေးခဲနေတဲ့ ရေခဲ ရေကို ပိုသောက်ချင်ကြတာပါပဲ ။ ရိုးရိုးသောက်ရေ ဟာ ချွေးပေါက်တွေပွင့်စေတယ် ။ အသားအရေကို နူးညံ့ချောမွေ့စေပါတယ် ။ ရေခဲရေကတော့ ဆန့်ကျင်ဘက်ပါပဲ ။ ချွေးပေါက်တွေ ပိတ်စေပြီး အသားအရေကို ရေခဲရေ သို့မဟုတ် ရေခဲပါတဲ့ရေ ဘာလို့ မသောက်သင့်သလဲ ဆိုတော့ ??
ရေခဲရေက သောက်လိုက်တဲ့အခါ အရသာက အေးမြပြီး လန်းဆန်းသွားသလို ခံစားရပါလိမ့်မယ် ။ အစားအသောက်စားနေတဲ့အခါလည်း တွန့်စေပါတယ် ။ရေခဲရေဟာ အစာချေ လမ်းကြောင်းထဲ မှာ ရေခဲရဲ့ အေးတဲ့ သဘာဝအရ အစာချေလမ်းကြောင်းရဲ့ သွေးကြောတွေကို ကျဉ်းစေပြီး အစာစုပ်ယူမှု ၊ ရေဓာတ်ကို လုံလောက်စွာစုပ်ယူမှုကို ဟန့်တားပါတယ် ။ အစာချေလမ်းကြောင်းဟာ ခန္ဓာကိုယ်က လိုအပ်တဲ့ စွမ်းအင်တည်ဆောက်ဖို့ အစာအာဟာရတွေကို စုပ်ယူဖို့ကိုလည်း အနှောက်အယှက်ဖြစ်စေ ပါတယ်။ ရေဓာတ်ဆုံးရှုံးရတာလည်း အပါအဝင်ပေါ့ ။ အစာစားပြီး တဲ့အခါမှာ ရေခဲရေ /ရေအေး သောက် တဲ့အခါ သင့်ခန္ဓာကိုယ်က အချွဲတွေ အများကြီး ထုတ်လွှတ်ပါတယ် ။ သင့်ရဲ့ ခန္ဓာကိုယ် ခုခံစွမ်းအားစနစ် (immune system ) ကလည်း ပုံမှန်လုပ်ဆောင်မှု အားနည်းတဲ့ အတွက် အအေးမိ ဖျားနာတာ မျိုးတွေ ဖြစ်လွယ်ပါတယ် ။
ရေခဲရေနဲ့ ဆိုဒါကို အစာစားပြီး တဲ့နောက်မှာ သောက်ရင် ကိုယ်အလေးချိန်တက်စေပါတယ်။ ခန္ဓာကိုယ်ရဲ့ အဆီဖြိုခွဲတဲ့ ဖြစ်စဉ်တွေ နှေးကွေးပြီး တစ်ရှုးတွေ အင်္ဂါတွေမှာ အဆီတွေ စုပုံစေလို့ပါပဲ။ ရေခဲရေဟာ သင့်ကျန်းမာရေးအတွက် ကောင်းစေတယ် လို့ ထင်နေရင်တော့ မှားနေတာပဲ ဖြစ်ပါတယ်။
ပုံမှန်ရေအေး သို့မဟုတ် ခပ်နွေးနွေးရေကတော့ လိုအပ်တဲ့ရေဓာတ်ကို အပြည့်အဝ ရရှိစေပါတယ် ။
အစာချေစနစ်ကို ကောင်းမွန်စေပါတယ် ။ အစာချေအင်ဇိုင်းတွေကို လှံု့ဆော်ပေးလို့ အစာဖြိုခွဲ မှုကို ကောင်းမွန်စေတဲ့အခါ လိုအပ်တဲ့ စွမ်းအင်ထုတ်လုပ်မှုလည်း ရရှိစေမှာပါ ။ သံပုရာရည် ခပ်နွေးနွေးလေး တစ်ခွက်ကို မနက်ပိုင်းမှာ သောက်ခြင်းကလည်း ဝမ်းမှန်စေပါတယ် ။
သွေးလှည့်ပတ်မှု စနစ်ကိုကောင်းမွန်စေပြီး ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို ချေဖျက်တဲ့ ဓာတ်ပြုခြင်းတွေမှာ အထောက်အကူပြုပါတယ် ။ စိတ်ကြည်လင်လန်းဆန်းစေပြီး သင့်ရဲ့ အချိုဓာတ်ကို အငမ်းမရစားချင်နေမှုတွေလည်း လျော့ကျစေမှာ ဖြစ်ပါတယ် ။
ဖိုးသူတော် (www.phothutaw.com)
Credit : lwin pyin
Home
»
ကျန်းမာရေး
»
စားသောက်ဖွယ်
»
ဗဟုသုတ
» သင့်စိတ်က တောင်းဆိုနေတဲ့ ရေခဲ ရေလေးတစ်ခွက်က သင့်အတွက် မကောင်းပါဘူး
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။