×

ငယ္ဘဝျဖတ္သန္းခဲ့ရတဲ့ ကာလေတြမွာ အမွတ္တရ ျဖစ္ရပ္ေတြ အမ်ားႀကီးရွိခဲ့ၾကမွာပါ။ ဒီလိုအမွတ္ရစရာ အေၾကာင္းအရာေတြထဲမွာ ျမန္မာ့အသံ၊ ျမဝတီ ႐ုပ္သံေတြကေန ထုတ္လႊင့္ေပးခဲ့တဲ့ အေနာက္အရပ္သို႔ ခရီးသြားျခင္း (သို႔မဟုတ္) ဝူခုန္းဇာတ္လမ္းတြဲဟာ ငယ္ဘဝပုံရိပ္ေတြကို က်ိန္းေသေပါက္ လြမ္းဆြတ္သတိရေစမွာပါ။ ႏိုင္ငံတကာရဲ႕ ႐ုပ္သံလႊင့္႐ုံေတြမွာ အႀကိမ္ေပါင္း မ်ားစြာျပသခဲ့ၿပီး ကမာၻ႔စံခ်ိန္တင္ အႀကိမ္အေရအတြက္ အမ်ားဆုံးျပသခံခဲ့ရတဲ့ ႐ုပ္သံဇာတ္လမ္းတြဲအျဖစ္ မွတ္တမ္းဝင္ထားခဲ့ပါတယ္။ ဝူခုန္ဇာတ္လမ္းတြဲနဲ႔ပတ္သတ္ၿပီး ပရိသတ္ေတြအတြက္ ဗဟုသုတရစရာ စိတ္ဝင္စားဖြယ္အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ရပါတယ္။

(၁) အငတ္ခံ႐ိုက္ကူခဲ့ရတဲ့ ႐ုပ္ရွင္ဇာတ္လမ္းတြဲ




ဝူခုန္းဇာတ္လမ္းကို ႐ိုက္ကူးဖို႔အတြက္ ဒါ႐ိုက္တာနဲ႔ ဗီဒီယို႐ိုက္ကူးတဲ့ အဖြဲ႕သာမ်ားဟာ စည္းစည္းလုံးလုံးနဲ႔ မိသားစုစိတ္ဓာတ္ျဖင့္႐ိုက္ကူးခဲ့ၾကပါတယ္။ ဒီဇာတ္ကား႐ိုက္ကူးခဲ့ခ်ိန္က ဇာတ္လမ္း႐ိုက္ကူးတဲ့ အဖြဲ႕သားေတြအတြက္ ထမင္းတနပ္အတြက္ ၅မတ္သာရရွိခဲ့ၾကပါတယ္။ ကြမ္က်ိဳနယ္ဘက္ကို သြားေရာက္႐ိုက္ကူးခဲ့ခ်ိန္က စားစရိတ္အလြန္ေဈးႀကီးတဲ့အတြက္ အစားအေသာက္လြန္စြာ ခ်ိဳ႕တဲ့ခဲ့ၾကပါတယ္။ အမ်ိဳးသမီးအဖြဲ႕သားေတြသာ ထမင္းဝခဲ့ၿပီး အမ်ိဳးသားေတြကေတာ့ ဗိုက္ျပည့္ေအာင္မစားခဲ့ရရွာပါဘူး။ ဒါ႐ိုက္တာကိုယ္တိုင္ အိတ္စိုက္ၿပီး ထမင္းေကြၽးခဲ့ရပါတယ္။

(၂) တ႐ုတ္ျပည္အႏွံ႔တြင္ ခရီးထြက္ ႐ိုက္ကူးခဲ့ျခင္း




ဝူခုန္ဇာတ္လမ္းတြဲဟာ တ႐ုတ္ျပည္အႏွံအျပားကို အမွန္တကယ္ခရီးထြက္ၿပီး ႐ိုက္ကူးခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီလိုခရီးထြက္ရာမွာ လြယ္ကူေခ်ာေမြ႕ခဲ့တာေတာ့ မဟုတ္ပါဘူး။ ဓားျပမ်ားနဲ႔ ႀကဳံေတြ႕ခဲ့ရတာရွိသလို၊ လမ္းခရီးၾကမ္းတမ္းမႈေတြနဲ႔လည္း ရင္ဆိုင္ခဲ့ရပါတယ္။ ဇာတ္လမ္းထဲမွာပါတဲ့ ဆရာေတာ္ရဲ႕ ျမင္းျဖဴေလးဟာ ေခ်ာက္ထဲက်မယ့္ အႏၲရာယ္နဲ႔ေတာင္ ရင္ဆိုင္ခဲ့ရပါတယ္။ ႐ိုက္ကူေရးအဖြဲ႕သားေတြအားလုံးဟာ ျပည္နယ္ေပါင္း ၂၃ခုကို လည့္ပတ္႐ိုက္ကူးခဲ့ၾကရပါတယ္။ ခရီးလမ္းမွာလည္း ထိခိုက္ဒဏ္ရာျပသနာေတြနဲ႔ ရင္ဆိုင္ခဲ့ၾကရပါတယ္။ ဒါ႐ိုက္တာယန္ေက်း ကိုယ္တိုင္လည္း ေခ်ာက္ထဲက်မယ့္ အႏၲရာယ္နဲ႔ ရင္ဆိုင္ခဲ့ၾကရပါတယ္။

(၃) စတီးႀကိဳးမ်ား ျပတ္က်ျခင္း


ဝူခုန္းဇာတ္လမ္းတြဲကို႐ိုက္ကူးခဲ့စဥ္က ႐ိုက္ကူးေရးစရိတ္ကို ေခြၽတာခဲ့ရတာေၾကာင့္ ေလေပၚပ်ံတဲ့ ဇာတ္ဝင္ခန္းေတြမွာ အသက္အႏၲရာယ္ကာကြယ္ေပးႏိုင္မယ့္ ပစၥည္းေတြနဲ႔ ႐ုပ္ရွင္သုံးစတီးႀကိဳးေတြ ေပါေပါသီသီ မသုံးႏိုင္ခဲ့ၾကပါဘူး။ အျမင့္ပ်ံတဲ့ အခန္းေတြ ႐ိုက္ကူးၾကတဲ့အခါ ႐ိုက္ကြင္းက အဖြဲ႕သားေတြဟာ မၾကာခဏ ျပဳတ္က် ဒဏ္ရာရေလ့ရွိပါတယ္။ ဆားက်င့္ေနရာက သ႐ုပ္ေဆာင္ခဲ့တဲ့ သ႐ုပ္ေဆာင္ဟာ ၁၇၀ကီလိုဂရမ္ အေလးခ်ိန္ရွိတာေၾကာင့္ ႀကိဳးျပတ္က်ၿပီး ဗီဒီယို႐ိုက္ကူးသည့္ စက္ပစၥည္းေတြေပၚ က်ခဲ့တာေၾကာင့္ သတိလစ္သြားခဲ့ရပါတယ္။

(၄) ႀကိဳးဆြဲပညာရပ္ကို ကိုယ္တိုင္သင္ယူခဲ့တဲ့ ဒါ႐ိုက္တာ



ဒီဇာတ္လမ္းတြဲကို ႐ိုက္ကူးဖို႔အတြက္ ဒါ႐ိုက္တာ၂ဦးျဖစ္တဲ့ ယန္ေက်းနဲ႔ဝမ္းက်ိဳဆန္း တို႔ႏွစ္ဦးဟာ ေဟာင္ေကာင္ထိသြားေရာက္ၿပီး စတီးႀကိဳးဆြဲပညာကို ေလ့လာသင္ယူခဲ့ရပါတယ္။ ဒါနဲ႔တင္မလုံေလာက္တာေၾကာင့္ ႐ုပ္ရွင္ေလာကက စတီးႀကိဳးဆြဲ ပညာရွင္ေတြထံ အႀကံဉာဏ္ေတြရယူခဲ့ရပါတယ္။

(၅) ကင္မရာ႐ိုက္ကူးသူအျဖစ္ အားလုံးတာဝန္ယူခဲ့



ဒီဇာတ္လမ္းတြဲမွာ ပင္တိုင္သ႐ုပ္ေဆာင္ ၄ဦးလုံးဟာ အထူးအခြင့္အေရးေတြ မရခဲ့ပဲ မွန္ထိုးမီးထိုးအျပင္ ကိုယ္တိုင္ကင္မရာကိုင္ၿပီး ႐ိုက္ကူးခဲ့ရတာျဖစ္ပါတယ္။ ဒါ့အျပင္ စတန႔္အစားထိုးျခင္းမရွိပဲ ပင္တိုင္သ႐ုပ္ေဆာင္ေတြကိုယ္တိုင္ ပါဝင္သ႐ုပ္ေဆာင္ခဲ့တာေၾကာင့္ အျမင့္ျပဳတ္က်ခဲ့တဲ့ အႀကိမ္ေတြလည္း မ်ားစြာႀကဳံေတြ႕ခဲ့ၾကရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit::Nanmalgyi
# Unicode Version ျဖင့္ ဖတ္ပါ #
ငယ်ဘဝဖြတ်သန်းခဲ့ရတဲ့ ကာလတွေမှာ အမှတ်တရ ဖြစ်ရပ်တွေ အများကြီးရှိခဲ့ကြမှာပါ။ ဒီလိုအမှတ်ရစရာ အကြောင်းအရာတွေထဲမှာ မြန်မာ့အသံ၊ မြဝတီ ရုပ်သံတွေကနေ ထုတ်လွှင့်ပေးခဲ့တဲ့ အနောက်အရပ်သို့ ခရီးသွားခြင်း (သို့မဟုတ်) ဝူခုန်းဇာတ်လမ်းတွဲဟာ ငယ်ဘဝပုံရိပ်တွေကို ကျိန်းသေပေါက် လွမ်းဆွတ်သတိရစေမှာပါ။ နိုင်ငံတကာရဲ့ ရုပ်သံလွှင့်ရုံတွေမှာ အကြိမ်ပေါင်း များစွာပြသခဲ့ပြီး ကမ္ဘာ့စံချိန်တင် အကြိမ်အရေအတွက် အများဆုံးပြသခံခဲ့ရတဲ့ ရုပ်သံဇာတ်လမ်းတွဲအဖြစ် မှတ်တမ်းဝင်ထားခဲ့ပါတယ်။ ဝူခုန်ဇာတ်လမ်းတွဲနဲ့ပတ်သတ်ပြီး ပရိသတ်တွေအတွက် ဗဟုသုတရစရာ စိတ်ဝင်စားဖွယ်အချက်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) အငတ်ခံရိုက်ကူခဲ့ရတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲ

ဝူခုန်းဇာတ်လမ်းကို ရိုက်ကူးဖို့အတွက် ဒါရိုက်တာနဲ့ ဗီဒီယိုရိုက်ကူးတဲ့ အဖွဲ့သာများဟာ စည်းစည်းလုံးလုံးနဲ့ မိသားစုစိတ်ဓာတ်ဖြင့်ရိုက်ကူးခဲ့ကြပါတယ်။ ဒီဇာတ်ကားရိုက်ကူးခဲ့ချိန်က ဇာတ်လမ်းရိုက်ကူးတဲ့ အဖွဲ့သားတွေအတွက် ထမင်းတနပ်အတွက် ၅မတ်သာရရှိခဲ့ကြပါတယ်။ ကွမ်ကျိုနယ်ဘက်ကို သွားရောက်ရိုက်ကူးခဲ့ချိန်က စားစရိတ်အလွန်ဈေးကြီးတဲ့အတွက် အစားအသောက်လွန်စွာ ချို့တဲ့ခဲ့ကြပါတယ်။ အမျိုးသမီးအဖွဲ့သားတွေသာ ထမင်းဝခဲ့ပြီး အမျိုးသားတွေကတော့ ဗိုက်ပြည့်အောင်မစားခဲ့ရရှာပါဘူး။ ဒါရိုက်တာကိုယ်တိုင် အိတ်စိုက်ပြီး ထမင်းကျွေးခဲ့ရပါတယ်။

(၂) တရုတ်ပြည်အနှံ့တွင် ခရီးထွက် ရိုက်ကူးခဲ့ခြင်း

ဝူခုန်ဇာတ်လမ်းတွဲဟာ တရုတ်ပြည်အနှံအပြားကို အမှန်တကယ်ခရီးထွက်ပြီး ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုခရီးထွက်ရာမှာ လွယ်ကူချောမွေ့ခဲ့တာတော့ မဟုတ်ပါဘူး။ ဓားပြများနဲ့ ကြုံတွေ့ခဲ့ရတာရှိသလို၊ လမ်းခရီးကြမ်းတမ်းမှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ ဇာတ်လမ်းထဲမှာပါတဲ့ ဆရာတော်ရဲ့ မြင်းဖြူလေးဟာ ချောက်ထဲကျမယ့် အန္တရာယ်နဲ့တောင် ရင်ဆိုင်ခဲ့ရပါတယ်။ ရိုက်ကူရေးအဖွဲ့သားတွေအားလုံးဟာ ပြည်နယ်ပေါင်း ၂၃ခုကို လည့်ပတ်ရိုက်ကူးခဲ့ကြရပါတယ်။ ခရီးလမ်းမှာလည်း ထိခိုက်ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ ဒါရိုက်တာယန်ကျေး ကိုယ်တိုင်လည်း ချောက်ထဲကျမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။

(၃) စတီးကြိုးများ ပြတ်ကျခြင်း

ဝူခုန်းဇာတ်လမ်းတွဲကိုရိုက်ကူးခဲ့စဉ်က ရိုက်ကူးရေးစရိတ်ကို ချွေတာခဲ့ရတာကြောင့် လေပေါ်ပျံတဲ့ ဇာတ်ဝင်ခန်းတွေမှာ အသက်အန္တရာယ်ကာကွယ်ပေးနိုင်မယ့် ပစ္စည်းတွေနဲ့ ရုပ်ရှင်သုံးစတီးကြိုးတွေ ပေါပေါသီသီ မသုံးနိုင်ခဲ့ကြပါဘူး။ အမြင့်ပျံတဲ့ အခန်းတွေ ရိုက်ကူးကြတဲ့အခါ ရိုက်ကွင်းက အဖွဲ့သားတွေဟာ မကြာခဏ ပြုတ်ကျ ဒဏ်ရာရလေ့ရှိပါတယ်။ ဆားကျင့်နေရာက သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်ဟာ ၁၇၀ကီလိုဂရမ် အလေးချိန်ရှိတာကြောင့် ကြိုးပြတ်ကျပြီး ဗီဒီယိုရိုက်ကူးသည့် စက်ပစ္စည်းတွေပေါ် ကျခဲ့တာကြောင့် သတိလစ်သွားခဲ့ရပါတယ်။

(၄) ကြိုးဆွဲပညာရပ်ကို ကိုယ်တိုင်သင်ယူခဲ့တဲ့ ဒါရိုက်တာ

ဒီဇာတ်လမ်းတွဲကို ရိုက်ကူးဖို့အတွက် ဒါရိုက်တာ၂ဦးဖြစ်တဲ့ ယန်ကျေးနဲ့ဝမ်းကျိုဆန်း တို့နှစ်ဦးဟာ ဟောင်ကောင်ထိသွားရောက်ပြီး စတီးကြိုးဆွဲပညာကို လေ့လာသင်ယူခဲ့ရပါတယ်။ ဒါနဲ့တင်မလုံလောက်တာကြောင့် ရုပ်ရှင်လောကက စတီးကြိုးဆွဲ ပညာရှင်တွေထံ အကြံဉာဏ်တွေရယူခဲ့ရပါတယ်။

(၅) ကင်မရာရိုက်ကူးသူအဖြစ် အားလုံးတာဝန်ယူခဲ့

ဒီဇာတ်လမ်းတွဲမှာ ပင်တိုင်သရုပ်ဆောင် ၄ဦးလုံးဟာ အထူးအခွင့်အရေးတွေ မရခဲ့ပဲ မှန်ထိုးမီးထိုးအပြင် ကိုယ်တိုင်ကင်မရာကိုင်ပြီး ရိုက်ကူးခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် စတန့်အစားထိုးခြင်းမရှိပဲ ပင်တိုင်သရုပ်ဆောင်တွေကိုယ်တိုင် ပါဝင်သရုပ်ဆောင်ခဲ့တာကြောင့် အမြင့်ပြုတ်ကျခဲ့တဲ့ အကြိမ်တွေလည်း များစွာကြုံတွေ့ခဲ့ကြရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit::Nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top