×
Credit: We Love Cele
#Unicode Version#
မြန်မာနိုင်ငံ မှာ ပုံစံမျိုးစုံ နဲ့ ထိမ်းမြားလက်ထပ်မင်္ဂလာပွဲကို ပြုလုပ်ကြပါတယ်။ ငွေကြေးချမ်းသာကြွယ်ဝသူတွေကလည်း ဟိုတယ်တွေမှာ၊ ခန်းမတွေမှာပြုလုပ်ကြသလို ငွေကြေးအကုန်အကျမခံချင်သူတွေကလည်း ဘုန်းကြီးကျောင်း၊ ဓမ္မာရုံတွေနဲ့ အခြားသော နေရာတွေမှာ ပြုလုပ်ကြတာဖြစ်ပါတယ်။
ဒီထဲမှာတော့ သဒ္ဒါတရားထက်သန်စွာနဲ့ လယ်ကွင်းပြင်ကြီးမှာ အကျွေးအမွေးဧည့်ခံပွဲပြုလုပ်ခဲ့တဲ့ မင်္ဂလာပွဲလေးကို ဖော်ပြပေးချင်ပါတယ်။ ဒီပွဲလေးကတော့ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ် ညောင်ဝန်းရွာမှာနေတဲ့ ကိုဇော်ခင် ပဲဖြစ်ပါတယ်။ သူဟာ တမူးစည်ပင်လက်ထောက်အင်ဂျင်နီယာတစ်ဦးဖြစ်သူဖြစ်ပြီး လူဝင်စားတစ်ဦးလည်းဖြစ်တယ်လို့ သိရပါတယ်။ ယခင်ဘဝက မိဘတွေကို လက်ရှိဘဝမှာ မှတ်မိနေပြီး ယခင်ဘဝက ဦးပေ+ဒေါ်မြရှုတို့ရဲ့သားလို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ ညောင်သပြေရွာ ဦးချစ်ဆွေ+ဒေါ်ခင်အေးတို့ရဲ့သားဖြစ်ပြီး အတိတ်ဘဝက မိသားစုဝင်တွေကိုလည်းအားလုံးမှတ်မိရုံမက ပြန်ပါပြောနိုင်တယ်လို့လည်းသိရပါတယ်။ သတို့သမီးဖြစ်သူကတော့ တောင်ကုန်းရွာနေ ဦးကျော်မောင်+ဒေါ်ခါတင်တို့ရဲ့ သမီး မနှင်းမိုး(BA Eco) ဖြစ်ပြီး သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲလေးကိုတော့ ထူးထူးခြားခြား လယ်ကွင်းပြင်မှာအားရပါးရ ကျွေးမွေးပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဧည့်ခံပွဲ ပုံရိပ်များကို ဖော်ပြပေးလိုက်ပါတယ်နော်။
 ဖိုးသူတော် (www.phothutaw.com)
Credit: We Love Cele
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top