(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

မိန္းကေလးေတြ အရြယ္ေရာက္လာတာနဲ႔ ဓမၼတာရာသီပန္း ပြင့္လန္းတတ္ၾကတာဟာ ကမၻာဦးအစကတည္းက ျဖစ္ပါတယ္။ဒါဟာ ေရွာင္လြဲၸၸလို႔ မရတဲ့ကိစၥတစ္ခုျဖစ္ပါတယ္။ သိပၸံပညာနဲ႔ ေဆးပညာေတြ မထြန္းကားခင္တုနး္က မိန္းကေလးေတြ  ရာသီပန္းပြင့္လန္းတာကို ညစ္ပတ္တဲ့ ကိစၥတစ္ခု အျဖစ္ရႈတ္ခ်ထားၾကတာတဲ့။ တင္းၾကပ္တဲ့ ေဒသေတြမွာ ရာသီလာတဲ့ မိန္းကေလးေတြကို မေကာင္းဆိုးဝါးမိန္းမေတြ အျဖစ္ ဖယ္က်ဥ္ထားၾကတဲ့ အတြက္ေၾကာင့္ မိန္းကေလးမ်ား အေနျဖင့္ ရာသီလာတဲ့ ကိစၥေတြကို ပြင့္ပြင့္လငး္လင္း ေဆြးေႏြးလို႔မရတာကတစ္ေၾကာင္း၊ အသိပညာဗဟုသုတနည္းတာေၾကာင့္ ရာသီပန္းပြင့္လန္းျခင္းအေၾကာင္းကို ရွင္းလင္းေသခ်ာစြာ မသိတာကတစ္ေၾကာင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဓမၼတာလာျခင္း ကိစၥမွာ မွားယြင္းေနေသာ တစ္ခ်ိဳ႕ အယူအဆေတြရွိခဲ့ပါတယ္။  ျမန္မာအမ်ိဳသမီးေတြဆိုတာ နဂိုကတည္းက အရွက္အေၾကာက္ၾကီးတဲ့သူေတြ မဟုတ္လား။ ခုေခတ္ ဗဟုသုတေတြတိုးတက္လာေပမယ့္လည္း မိရိုးဖလာမွ ဆင္းသက္လာတဲ့ ရာသီနဲ႔ ပက္သက္တဲ့ မွားယြင္းတဲ့ အယူအဆေတြ ရွိေနဆဲပါ။ အဲ့ဒီထဲက ထိပ္ဆံုး (၅) ခုကို ေျပာျပခ်င္ပါတယ္။
၁ ။ ရာသီလာရင္ ေခါင္းမေလွ်ာ္ရဘူး။

ဒါကေတာ့ မိန္းကေလးတိုင္းသိေနတဲ့ ကိစၥပါ။ မ်ိဳးရိုးစဥ္ဆက္ အေမကေန သမီးကိုလက္ဆင့္ကမ္းရင္ကမ္း၊ မဟုတ္ရင္လည္း မိန္းကေလး သူငယ္ခ်င္း အခ်င္းခ်င္း သတိေပးၾကတဲ့ ကိစၥျဖစ္ေနပါတယ္။ ရာသီလာေနတဲ့ မိန္းကေလးတစ္ေယာက္ဟာ ေခါင္းေလွ်ာ္လို႔မရ၊ ေခါင္းေလွ်ာ္ရင္ အေအးပိုမိႏိုင္တယ္၊ ဗိုက္ပိုေအာင့္ႏို္င္တယ္ဆိုတာေတြအားလံုးက အယူအဆ အမွားေတြပဲ ျဖစ္ပါတယ္။ ရာသီလာတဲ့ မိန္းကေလးတစ္ေယာက္ဟာ ပံုမွန္အတိုင္း ေခါင္းေလွ်ာ္ႏိုင္တယ္။ ေရခ်ိဳးႏိုင္တယ္။ ဦးေခါင္းႏွင့္ မ်ိဳးပြားအဂၤါဟာ ဆက္စပ္မႈမရွိပါဘူး။ ေခါင္းေလွ်ာ္လိုက္ရင္ အပူအပုတ္ေတြေတာင္ ကင္းစင္ျပီး သန္႔ရွင္းသြားတယ္ေလေနာ့္။
၂ ။ ရာသီလာေနစဥ္ ေလ့က်င့္ခန္း လုပ္၍မရ။

ရာသီလာေနတဲ့ မိန္းကေလးေတြဟာ ျငိမ္ျငိ္မ္ေနရမယ္။ အိမ္တြင္းပုန္းေနရမယ္။ အျပင္ထြက္ျပီး စကားမေျပာရ။ စတာေတြက ေရွးတုန္းကမွားယြင္းတဲ့ အယူအဆေတြသာ။ ရာသီလာျခင္းဟာ သဘာဝတရားၾကီးက ဖန္တီးေပးထားတာျဖစ္ျပီး လူသိမခံႏိုင္ေလာက္ေအာင္ ဆိုးရြားတဲ့ ကိစၥမဟုတ္။ သာမန္ အခ်ိန္ေတြမွာ လုပ္သမွ်အရာအားလံုးကို လုပ္ႏိုင္တဲ့အတြက္ ေလ့က်င့္ခန္းလည္းလုပ္ႏိုင္တယ္ေနာ္။ ေလ့က်င့္ခန္းလုပ္ရင္ ရာသီလာျခင္းေၾကာင့္ ကိုက္ခဲေနတာေတြေတာင္ သက္သာသြားေသးတယ္တ့ဲေနာ္။ ရာသီလာတိုင္းေလ့က်င့္ခန္းလုပ္လို႔မရဘူးဆိုရင္ အိုလံပစ္ျပိဳင္ပြဲ ဝင္ျပိဳင္တဲ့ မမေတြဆို ဘယ္လိုလုပ္မလဲေနာ့။
၃ ။ ရာသီလာေနစဥ္ ကာမဆက္ဆံ၍မရ။

ရာသီလာေနစဥ္ ကာမဆက္ဆံ၍ မရဘူးဆိုတဲ့ မွားယြင္းတဲ့ အယူအဆဟာ ေရွးေခတ္အခါက တင္းၾကပ္ေသာဘာသာေရး အယူအဆမ်ားမွ ဆင္းသက္လာတာလို ႔ ယူဆရတယ္။ ရာသီလာစဥ္ ကာမဆက္ဆံျခင္းဟာ သင့္က်န္းမားေရးကိိုု မထိခိုက္ႏို္င္ပါ။ ကာမဆက္ဆံျခင္းျဖင့္ သင္ကိုက္ခဲေနတာေတာင္သက္သာ သြားႏုိင္တယ္တဲ့။
၄ ။ ရာသီလာေနစဥ္ ကာမဆက္ဆံလွ်င္ ကုိယ္ဝန္မရႏိုင္။

လံုးဝကိုမွားယြင္းတယ္။ သင္ကိုယ္ဝန္ရႏိုင္ဖို႔ မမ်ိဳးဥႏွင့္ သုတ္ပိုးေကာင္တို႔ ထိေတြ႕ရမယ္။ မမိ်ဳးဥဆိုတာ ရာသီစလာျပီး ၁၄ ရက္အတြင္းမွ ေၾကြတာမွန္ေပမယ့္  ရာသီပံုမွန္မလာသူ (သို႔မဟုတ္) လာရင္လည္း ရက္ၾကာၾကာလာတတ္သူျဖစ္ရင္ေတာ့ ရာသီလာခ်ိန္ႏွင့္ မမ်ိဳးဥေၾကြခ်ိန္ ထပ္သြားတတ္တယ္။ ဒါ့ေၾကာင့္ ကိုယ္ဝန္မရခ်င္ရင္ သေႏၶတားေဆးထိုးတာ၊ ေသာက္တာ၊ သားဆက္ျခားပစၥည္းကို သားအိမ္ထဲထည့့္တာ ၊ လက္ေမာင္းထဲထည့္တာနဲ႔ ကြန္ဒံုးသံုးျပီး ကာမဆက္ဆံသင့္တယ္။ ရာသီလာေနခ်ိန္  ကြန္ဒံုးသံုးျပီး ကာမဆက္ဆံရင္ လိင္မွတဆင့္ ကူးစက္တတ္္တ့ဲ ေရာဂါေတြကိုပါ ကာကြယ္ျပီးသားျဖစ္တယ္။ ရက္ေရွာင္နည္းသံုးေနၾကတဲ့ မမေတြ ေသခ်ာတြက္ခ်က္သင့္တယ္ေနာ္။
၅ ။ Tampon (တမ္ပြန္) ကို ပထမဆံုးရာသီလာေသာ အခ်ိ္န္တြင္ မသံုးသင့္ပါ။

သံုးလို႔ရပါတယ္။ အေနာက္ႏိုင္ငံေတြမွာ ရာသီလာရင္ မိန္းမကိုယ္ထဲ Tamစon လို႔ေခၚတဲ့ ဂြမ္းလိပ္ရွည္ရွည္ေလးေတြထည့္ျပီးအသံုးမ်ားၾကတယ္။ တစ္ခ်ိဳ႕ သူေတြ ယူဆတာက ရာသီပထမဆံုးလာတဲ့အခါ Tampon မထည့္သင့္လို႕ေျပာၾကတယ္။ အဲ့လိုေျပာတာက Tampon ထည့္ရင္ ရာသီလာတာကို ထိခိ္ုက္ေစႏုိင္တာေၾကာင့္ မဟုတ္ဘဲ စစလာတဲ့ အခ်ိန္မွာ  Tampon ကို ေသခ်ာမွန္မွန္ကန္ကန္ မထည့္ႏို္င္မွာစိုးလို႔ ျဖစ္ပါတယ္။

ဒါေတြကေတာ့ ရာသီလာျခင္းနဲ႔ ပက္သက္တဲ့ မွားယြင္းေသာ အယူအဆေတြျဖစ္ပါတယ္။ ေရွာင္လြဲလို႕ မရတဲ့ ရာသီလာတဲ့ ကိစၥမွာ မိန္းကေလးတို႔ဒီေဆာင္းပါးေလးဖတ္ျပီး မွားယြင္းတဲ့ အယူအဆေတြနဲ႔ ကင္းေဝးနိင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hellosayarwon

#Unicode Version#
မိန်းကလေးတွေ အရွယ်ရောက်လာတာနဲ့ ဓမ္မတာရာသီပန်း ပွင့်လန်းတတ်ကြတာဟာ ကမ္ဘာဦးအစကတည်းက ဖြစ်ပါတယ်။ဒါဟာ ရှောင်လွဲ္ပ္ပလို့ မရတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ သိပ္ပံပညာနဲ့ ဆေးပညာတွေ မထွန်းကားခင်တုန်းက မိန်းကလေးတွေ  ရာသီပန်းပွင့်လန်းတာကို ညစ်ပတ်တဲ့ ကိစ္စတစ်ခု အဖြစ်ရှုတ်ချထားကြတာတဲ့။ တင်းကြပ်တဲ့ ဒေသတွေမှာ ရာသီလာတဲ့ မိန်းကလေးတွေကို မကောင်းဆိုးဝါးမိန်းမတွေ အဖြစ် ဖယ်ကျဉ်ထားကြတဲ့ အတွက်ကြောင့် မိန်းကလေးများ အနေဖြင့် ရာသီလာတဲ့ ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့မရတာကတစ်ကြောင်း၊ အသိပညာဗဟုသုတနည်းတာကြောင့် ရာသီပန်းပွင့်လန်းခြင်းအကြောင်းကို ရှင်းလင်းသေချာစွာ မသိတာကတစ်ကြောင်း အကြောင်းအမျိုးမျိုးကြောင့် ဓမ္မတာလာခြင်း ကိစ္စမှာ မှားယွင်းနေသော တစ်ချို့ အယူအဆတွေရှိခဲ့ပါတယ်။  မြန်မာအမျိုသမီးတွေဆိုတာ နဂိုကတည်းက အရှက်အကြောက်ကြီးတဲ့သူတွေ မဟုတ်လား။ ခုခေတ် ဗဟုသုတတွေတိုးတက်လာပေမယ့်လည်း မိရိုးဖလာမှ ဆင်းသက်လာတဲ့ ရာသီနဲ့ ပက်သက်တဲ့ မှားယွင်းတဲ့ အယူအဆတွေ ရှိနေဆဲပါ။ အဲ့ဒီထဲက ထိပ်ဆုံး (၅) ခုကို ပြောပြချင်ပါတယ်။
၁ ။ ရာသီလာရင် ခေါင်းမလျှော်ရဘူး။

ဒါကတော့ မိန်းကလေးတိုင်းသိနေတဲ့ ကိစ္စပါ။ မျိုးရိုးစဉ်ဆက် အမေကနေ သမီးကိုလက်ဆင့်ကမ်းရင်ကမ်း၊ မဟုတ်ရင်လည်း မိန်းကလေး သူငယ်ချင်း အချင်းချင်း သတိပေးကြတဲ့ ကိစ္စဖြစ်နေပါတယ်။ ရာသီလာနေတဲ့ မိန်းကလေးတစ်ယောက်ဟာ ခေါင်းလျှော်လို့မရ၊ ခေါင်းလျှော်ရင် အအေးပိုမိနိုင်တယ်၊ ဗိုက်ပိုအောင့်နိုင်တယ်ဆိုတာတွေအားလုံးက အယူအဆ အမှားတွေပဲ ဖြစ်ပါတယ်။ ရာသီလာတဲ့ မိန်းကလေးတစ်ယောက်ဟာ ပုံမှန်အတိုင်း ခေါင်းလျှော်နိုင်တယ်။ ရေချိုးနိုင်တယ်။ ဦးခေါင်းနှင့် မျိုးပွားအင်္ဂါဟာ ဆက်စပ်မှုမရှိပါဘူး။ ခေါင်းလျှော်လိုက်ရင် အပူအပုတ်တွေတောင် ကင်းစင်ပြီး သန့်ရှင်းသွားတယ်လေနော့်။
၂ ။ ရာသီလာနေစဉ် လေ့ကျင့်ခန်း လုပ်၍မရ။

ရာသီလာနေတဲ့ မိန်းကလေးတွေဟာ ငြိမ်ငြိမ်နေရမယ်။ အိမ်တွင်းပုန်းနေရမယ်။ အပြင်ထွက်ပြီး စကားမပြောရ။ စတာတွေက ရှေးတုန်းကမှားယွင်းတဲ့ အယူအဆတွေသာ။ ရာသီလာခြင်းဟာ သဘာဝတရားကြီးက ဖန်တီးပေးထားတာဖြစ်ပြီး လူသိမခံနိုင်လောက်အောင် ဆိုးရွားတဲ့ ကိစ္စမဟုတ်။ သာမန် အချိန်တွေမှာ လုပ်သမျှအရာအားလုံးကို လုပ်နိုင်တဲ့အတွက် လေ့ကျင့်ခန်းလည်းလုပ်နိုင်တယ်နော်။ လေ့ကျင့်ခန်းလုပ်ရင် ရာသီလာခြင်းကြောင့် ကိုက်ခဲနေတာတွေတောင် သက်သာသွားသေးတယ်တဲ့နော်။ ရာသီလာတိုင်းလေ့ကျင့်ခန်းလုပ်လို့မရဘူးဆိုရင် အိုလံပစ်ပြိုင်ပွဲ ဝင်ပြိုင်တဲ့ မမတွေဆို ဘယ်လိုလုပ်မလဲနော့။
၃ ။ ရာသီလာနေစဉ် ကာမဆက်ဆံ၍မရ။

ရာသီလာနေစဉ် ကာမဆက်ဆံ၍ မရဘူးဆိုတဲ့ မှားယွင်းတဲ့ အယူအဆဟာ ရှေးခေတ်အခါက တင်းကြပ်သောဘာသာရေး အယူအဆများမှ ဆင်းသက်လာတာလို့ ယူဆရတယ်။ ရာသီလာစဉ် ကာမဆက်ဆံခြင်းဟာ သင့်ကျန်းမားရေးကို မထိခိုက်နိုင်ပါ။ ကာမဆက်ဆံခြင်းဖြင့် သင်ကိုက်ခဲနေတာတောင်သက်သာ သွားနိုင်တယ်တဲ့။
၄ ။ ရာသီလာနေစဉ် ကာမဆက်ဆံလျှင် ကိုယ်ဝန်မရနိုင်။

လုံးဝကိုမှားယွင်းတယ်။ သင်ကိုယ်ဝန်ရနိုင်ဖို့ မမျိုးဥနှင့် သုတ်ပိုးကောင်တို့ ထိတွေ့ရမယ်။ မမျိုးဥဆိုတာ ရာသီစလာပြီး ၁၄ ရက်အတွင်းမှ ကြွေတာမှန်ပေမယ့်  ရာသီပုံမှန်မလာသူ (သို့မဟုတ်) လာရင်လည်း ရက်ကြာကြာလာတတ်သူဖြစ်ရင်တော့ ရာသီလာချိန်နှင့် မမျိုးဥကြွေချိန် ထပ်သွားတတ်တယ်။ ဒါ့ကြောင့် ကိုယ်ဝန်မရချင်ရင် သန္ဓေတားဆေးထိုးတာ၊ သောက်တာ၊ သားဆက်ခြားပစ္စည်းကို သားအိမ်ထဲထည့်တာ ၊ လက်မောင်းထဲထည့်တာနဲ့ ကွန်ဒုံးသုံးပြီး ကာမဆက်ဆံသင့်တယ်။ ရာသီလာနေချိန်  ကွန်ဒုံးသုံးပြီး ကာမဆက်ဆံရင် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပြီးသားဖြစ်တယ်။ ရက်ရှောင်နည်းသုံးနေကြတဲ့ မမတွေ သေချာတွက်ချက်သင့်တယ်နော်။
၅ ။ Tampon (တမ်ပွန်) ကို ပထမဆုံးရာသီလာသော အချိန်တွင် မသုံးသင့်ပါ။

သုံးလို့ရပါတယ်။ အနောက်နိုင်ငံတွေမှာ ရာသီလာရင် မိန်းမကိုယ်ထဲ Tamစon လို့ခေါ်တဲ့ ဂွမ်းလိပ်ရှည်ရှည်လေးတွေထည့်ပြီးအသုံးများကြတယ်။ တစ်ချို့ သူတွေ ယူဆတာက ရာသီပထမဆုံးလာတဲ့အခါ Tampon မထည့်သင့်လို့ပြောကြတယ်။ အဲ့လိုပြောတာက Tampon ထည့်ရင် ရာသီလာတာကို ထိခိုက်စေနိုင်တာကြောင့် မဟုတ်ဘဲ စစလာတဲ့ အချိန်မှာ  Tampon ကို သေချာမှန်မှန်ကန်ကန် မထည့်နိုင်မှာစိုးလို့ ဖြစ်ပါတယ်။

ဒါတွေကတော့ ရာသီလာခြင်းနဲ့ ပက်သက်တဲ့ မှားယွင်းသော အယူအဆတွေဖြစ်ပါတယ်။ ရှောင်လွဲလို့ မရတဲ့ ရာသီလာတဲ့ ကိစ္စမှာ မိန်းကလေးတို့ဒီဆောင်းပါးလေးဖတ်ပြီး မှားယွင်းတဲ့ အယူအဆတွေနဲ့ ကင်းဝေးနိင်ကြပါစေ။


ဖိုးသူတော် (www.phothutaw.com)
Credit: Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top