မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ရန္ကုန္ၿမိဳ႕ ဓမၼပိယေက်ာင္းတိုက္၌ စက္တင္ဘာ ၁၈ ရက္က ေရႊဝါေရာင္ေတာ္လွန္ေရး (၁၁)ႏွစ္ျပည့္အခမ္းအနားက်င္းပေနစဥ္ (ဓာတ္ပံု − စိုင္းေဇာ္)
ကုန္ေစ်းႏႈန္းႀကီးျမင့္မႈ ကုိ လက္ရွိအစုိးရက ေျဖရွင္းေပး ေရးအပါအ၀င္ အခ်က္ေလး ခ်က္ကုိ ေရႊ၀ါေရာင္သံဃာေတာ္ မ်ားက ေရႊ၀ါေရာင္ေတာ္လွန္ေရး (၁၁)ႏွစ္ျပည့္အခမ္းအနားတြင္ ေၾကညာခ်က္ထုတ္ျပန္ ေတာင္း ဆုိသည္။
စက္တင္ဘာ ၁၈ ရက္က သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ က်ိဳကၠဆံ ဓမၼပိယေက်ာင္းတိုက္၌ ျပဳလုပ္သည့္ေရႊ၀ါေရာင္ေတာ္လွန္ေရး (၁၁)ႏွစ္ျပည့္အခမ္းအနားတြင္ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ဖ်က္သိမ္းေရး၊ ျပည္တြင္းစစ္လုံး၀ ရပ္တန္႔ေရး၊ ျပည္သူလူထုဘ၀ စား၀တ္ေနေရးေျပလည္ေရးႏွင့္ ျပည္သူ႔ဘ၀လုံၿခံဳေရး အခ်က္ ေလးခ်က္ကုိ ေရႊ၀ါေရာင္သံဃာ ေတာ္မ်ားက သေဘာထားထုတ္ ျပန္ေတာင္းဆုိသည္။
‘‘ဦးပၪၥင္းတို႔ ၂၀၀၇ ေရႊ၀ါ ေရာင္ေတာ္လွန္ေရးႀကီး ေပၚ ေပါက္လာတာက ေလာင္စာဆီနဲ႔ ကုန္ေစ်းႏႈန္းေတြႀကီးျမင့္တာကစ ၍ ဒကာ၊ ဒကာမေတြက ရပ္တည္ ၿပီးေတာ့မွ ေဆာင္ရြက္ခဲ့တာျဖစ္ပါတယ္။ ဒီကေန႔ တိုက္ဆုိင္စြာနဲ႔ (၁၁)ႏွစ္ျပည့္အခမ္းအနားမွာ ကုန္ေစ်းႏႈန္းေတြ ျမင့္တယ္။ ေလာင္စာဆီေစ်းေတြျမင့္မားေနတယ္။ အဲဒီအေပၚမွာ ေနာက္ဆက္တြဲအေနနဲ႔ ျပည္သူလူထုက ဒုကၡေတြနဲ႔စီးပြားေရးေတြ အဆင္မေျပမႈေတြ၊ကုန္ေစ်းႏႈန္းေတြႀကီးေနတာေၾကာင့္ စား၀တ္ေနေရးအတြက္ ျပည္သူေတြရဲ႕ဘ၀ေတြဟာ ဒီကေန႔အထိနိမ့္က်ေနဆဲ ျဖစ္တယ္။ တာ၀န္ရွိသူေတြကလည္း ျပည္သူလူထုရဲ႕အက်ိဳးစီးပြားကုိ ေရွး႐ႈၿပီးေတာ့ လုပ္ထုိက္တာမွန္သမွ်ကုိ ေဆာင္ရြက္ေပးဖုိ႔ လုိတယ္လုိ႔ေျပာခ်င္ပါတယ္’’ ဟုေရႊ၀ါေရာင္ဦးေဆာင္ဆရာေတာ္ ဦးစႏၵာသီရိက မိန္႔ၾကားသည္။
ေရႊ၀ါေရာင္ေတာ္လွန္ေရး (၁၁)ႏွစ္ျပည့္အခမ္းအနားသို႔ ေရႊ ၀ါေရာင္ေတာ္လွန္ေရးတြင္ပါ၀င္ ခဲ့ေသာ သံဃာေတာ္မ်ားႏွင့္ျပည္ သူ ၃၀၀ ခန္႔တက္ေရာက္ခဲ့သည္။
ေရႊ၀ါေရာင္ဦးေဆာင္ဆရာ ေတာ္ဦးဇ၀န(ခ)ဦးမုတ္ဆိတ္က ‘‘ဘယ္အစုိးရမွ ကုန္ေစ်းႏႈန္းႀကီး ေနတာကုိ က်ေအာင္လုပ္မေပး ဘူး။ ကုန္ေစ်းႏႈန္းေတြ တက္ေန တာနဲ႔ပတ္သက္ၿပီး လက္ရွိအစုိး ရက ဘာတစ္ခြန္းမွ မေျပာတာ စိတ္မေကာင္းဘူး။ စား၀တ္ေန ေရးေတြ က်ပ္တည္းေနတဲ့အ တြက္ ဒီလုိအခမ္းအနားေလးလုပ္ တာေတာင္မွ ဦးပၪၥင္းတို႔ကအား နာၿပီးေတာ့ ႀကီးႀကီးမားမားမလုပ္ ႏုိင္ပါဘူး’’ ဟု မိန္႔ၾကားသည္။
၂၀၀၈ ဖြဲ႕စည္းပုံအေျခခံ ဥပေဒကုိအျမန္ဆုံးဖ်က္သိမ္းၿပီး ျပည္သူလူထုအားလုံး၏ သေဘာ ထားဆႏၵႏွင့္ကုိက္ညီေသာအေျခ ခံဥပေဒအသစ္ျဖင့္ အျမန္ဆုံးအ စားထုိးႏုိင္ေရး ေဆာင္ရြက္ရန္ႏွင့္ ေနာက္ဆုံးအၿပီးသတ္အဆုံးအ ျဖတ္အျဖစ္ ရဟန္း၊ ရွင္၊ လူ၊ ေက်ာင္းသား၊ ျပည္သူလူထုအ ေပါင္းတို႔က ၀င္ေရာက္အဆုံးအ ျဖတ္ျပဳႏုိင္ေရး ဘက္ေပါင္းစုံမွ ျပင္ဆင္ထားရန္ ေရႊ၀ါေရာင္သံ ဃာေတာ္မ်ားက တုိက္တြန္းထား သည္။
၂၀၀၇ စက္တင္ဘာတြင္ ကုန္ေစ်းႏႈန္းမ်ားျမင့္တက္လာမႈ၊ စက္သုံးဆီေစ်းႏႈန္းမ်ားကုိ နအဖ အစုိးရက ႐ုတ္တရက္တုိးျမႇင့္ခဲ့မႈ ေၾကာင့္ ပခုကၠဴၿမိဳ႕ရွိသံဃာေတာ္ အခ်ိဳ႕က ၿငိမ္းခ်မ္းစြာေမတၱာပုိ႔စဥ္ လုံၿခံဳေရးတပ္ဖြဲ႕၀င္မ်ားက အ ၾကမ္းဖက္ၿဖိဳခြင္းခဲ့သည္။ ထို႔ ေနာက္ ၂၀၀၇ စက္တင္ဘာ ၁၈ ရက္တြင္ ရန္ကုန္ၿမိဳ႕ သံဃာေတာ္ မ်ားက ဦးေဆာင္ကာ ေရႊတိဂုံေစတီမွ ဆူးေလေစတီအထိ ေမတၱသုတ္ရြတ္ဆုိ၍ စီတန္းလမ္းေလွ်ာက္ ဆႏၵထုတ္ေဖာ္ခဲ့သည္။
သံဃာေတာ္မ်ားအပါအ၀င္ လူပုဂၢိဳလ္မ်ား၏ ဆႏၵထုတ္ေဖာ္မႈ တြင္ ရန္ကုန္ၿမိဳ႕ရွိျပည္သူမ်ားက လည္း ပူးေပါင္းပါ၀င္လာၿပီး ဆႏၵ ျပမႈရွစ္ရက္ေျမာက္၌ စစ္ အစုိးရက အၾကမ္းဖက္ၿဖိဳခြင္းခဲ့ သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:.7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ရန်ကုန်မြို့ ဓမ္မပိယကျောင်းတိုက်၌ စက်တင်ဘာ ၁၈ ရက်က ရွှေဝါရောင်တော်လှန်ရေး (၁၁)နှစ်ပြည့်အခမ်းအနားကျင်းပနေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

ကုန်ဈေးနှုန်းကြီးမြင့်မှု ကို လက်ရှိအစိုးရက ဖြေရှင်းပေး ရေးအပါအဝင် အချက်လေး ချက်ကို ရွှေဝါရောင်သံဃာတော် များက ရွှေဝါရောင်တော်လှန်ရေး (၁၁)နှစ်ပြည့်အခမ်းအနားတွင် ကြေညာချက်ထုတ်ပြန် တောင်း ဆိုသည်။

စက်တင်ဘာ ၁၈ ရက်က သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံ ဓမ္မပိယကျောင်းတိုက်၌ ပြုလုပ်သည့်ရွှေဝါရောင်တော်လှန်ရေး (၁၁)နှစ်ပြည့်အခမ်းအနားတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ပြည်တွင်းစစ်လုံး၀ ရပ်တန့်ရေး၊ ပြည်သူလူထုဘ၀ စားဝတ်နေရေးပြေလည်ရေးနှင့် ပြည်သူ့ဘဝလုံခြုံရေး အချက် လေးချက်ကို ရွှေဝါရောင်သံဃာ တော်များက သဘောထားထုတ် ပြန်တောင်းဆိုသည်။

‘‘ဦးပဉ္စင်းတို့ ၂၀၀၇ ရွှေဝါ ရောင်တော်လှန်ရေးကြီး ပေါ် ပေါက်လာတာက လောင်စာဆီနဲ့ ကုန်ဈေးနှုန်းတွေကြီးမြင့်တာကစ ၍ ဒကာ၊ ဒကာမတွေက ရပ်တည် ပြီးတော့မှ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ တိုက်ဆိုင်စွာနဲ့ (၁၁)နှစ်ပြည့်အခမ်းအနားမှာ ကုန်ဈေးနှုန်းတွေ မြင့်တယ်။ လောင်စာဆီဈေးတွေမြင့်မားနေတယ်။ အဲဒီအပေါ်မှာ နောက်ဆက်တွဲအနေနဲ့ ပြည်သူလူထုက ဒုက္ခတွေနဲ့စီးပွားရေးတွေ အဆင်မပြေမှုတွေ၊ကုန်ဈေးနှုန်းတွေကြီးနေတာကြောင့် စားဝတ်နေရေးအတွက် ပြည်သူတွေရဲ့ဘဝတွေဟာ ဒီကနေ့အထိနိမ့်ကျနေဆဲ ဖြစ်တယ်။ တာဝန်ရှိသူတွေကလည်း ပြည်သူလူထုရဲ့အကျိုးစီးပွားကို ရှေးရှုပြီးတော့ လုပ်ထိုက်တာမှန်သမျှကို ဆောင်ရွက်ပေးဖို့ လိုတယ်လို့ပြောချင်ပါတယ်’’ ဟုရွှေဝါရောင်ဦးဆောင်ဆရာတော် ဦးစန္ဒာသီရိက မိန့်ကြားသည်။

ရွှေဝါရောင်တော်လှန်ရေး (၁၁)နှစ်ပြည့်အခမ်းအနားသို့ ရွှေ ဝါရောင်တော်လှန်ရေးတွင်ပါဝင် ခဲ့သော သံဃာတော်များနှင့်ပြည် သူ ၃၀၀ ခန့်တက်ရောက်ခဲ့သည်။

ရွှေဝါရောင်ဦးဆောင်ဆရာ တော်ဦးဇဝန(ခ)ဦးမုတ်ဆိတ်က ‘‘ဘယ်အစိုးရမှ ကုန်ဈေးနှုန်းကြီး နေတာကို ကျအောင်လုပ်မပေး ဘူး။ ကုန်ဈေးနှုန်းတွေ တက်နေ တာနဲ့ပတ်သက်ပြီး လက်ရှိအစိုး ရက ဘာတစ်ခွန်းမှ မပြောတာ စိတ်မကောင်းဘူး။ စားဝတ်နေ ရေးတွေ ကျပ်တည်းနေတဲ့အ တွက် ဒီလိုအခမ်းအနားလေးလုပ် တာတောင်မှ ဦးပဉ္စင်းတို့ကအား နာပြီးတော့ ကြီးကြီးမားမားမလုပ် နိုင်ပါဘူး’’ ဟု မိန့်ကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုအမြန်ဆုံးဖျက်သိမ်းပြီး ပြည်သူလူထုအားလုံး၏ သဘော ထားဆန္ဒနှင့်ကိုက်ညီသောအခြေ ခံဥပဒေအသစ်ဖြင့် အမြန်ဆုံးအ စားထိုးနိုင်ရေး ဆောင်ရွက်ရန်နှင့် နောက်ဆုံးအပြီးသတ်အဆုံးအ ဖြတ်အဖြစ် ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူလူထုအ ပေါင်းတို့က ဝင်ရောက်အဆုံးအ ဖြတ်ပြုနိုင်ရေး ဘက်ပေါင်းစုံမှ ပြင်ဆင်ထားရန် ရွှေဝါရောင်သံ ဃာတော်များက တိုက်တွန်းထား သည်။

၂၀၀၇ စက်တင်ဘာတွင် ကုန်ဈေးနှုန်းများမြင့်တက်လာမှု၊ စက်သုံးဆီဈေးနှုန်းများကို နအဖ အစိုးရက ရုတ်တရက်တိုးမြှင့်ခဲ့မှု ကြောင့် ပခုက္ကူမြို့ရှိသံဃာတော် အချို့က ငြိမ်းချမ်းစွာမေတ္တာပို့စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက အ ကြမ်းဖက်ဖြိုခွင်းခဲ့သည်။ ထို့ နောက် ၂၀၀၇ စက်တင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့ သံဃာတော် များက ဦးဆောင်ကာ ရွှေတိဂုံစေတီမှ ဆူးလေစေတီအထိ မေတ္တသုတ်ရွတ်ဆို၍ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည်။

သံဃာတော်များအပါအဝင် လူပုဂ္ဂိုလ်များ၏ ဆန္ဒထုတ်ဖော်မှု တွင် ရန်ကုန်မြို့ရှိပြည်သူများက လည်း ပူးပေါင်းပါဝင်လာပြီး ဆန္ဒ ပြမှုရှစ်ရက်မြောက်၌ စစ် အစိုးရက အကြမ်းဖက်ဖြိုခွင်းခဲ့ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:.7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top