မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×




# Unicode Version ဖြင့် ဖတ်ပါ #
အသက် (၂၄) နှစ်အရွယ် သူခိုးမလေး စတီဖနီ ဘရူဒိုအင်ဟာ (၂၀၁၄) ခုနှစ်က အိမ်ပေါင်း (၄၂) အိမ်က ဒေါ်လာ (၈၀,၀၀၀) တန်ဖိုးရှိတဲ့ ပစ္စည်းတွေခိုးယူခဲ့ပါတယ်။ ဒါ့အပြင် တရားမဝင် လက်နက်သုံးမျိုး ကိုင်ဆောင်မှု၊ အသက်မပြည့်သေးတဲ့ ကလေးသုံးယောက်ကို သူ(မ)ရဲ့ခိုးမှုမှာ ပါဝင်စေမှု တို့နဲ့လည်း တရားစွဲဆိုခံခဲ့ရပါတယ်။

ဒါပေမဲ့ သူ(မ)ဟာ Montreal ဂျာနယ်မှာ ဘစ်ကနီနဲ့ဓါတ်ပုံရိုက်ခဲ့ရာကနေ သူ(မ)ရဲ့ ဓါတ်ပုံတွေ လူမှုမီဒီယာမှာ ပျံ့သွားပြီးနောက်မှာတော့ သူ(မ)ဟာ ကမ္ဘာ့ဆက်ဆီအကျဆုံးသူခိုးအဖြစ် ထင်ရှားလာတာဖြစ်ပါတယ်။ သူနာပြုကျောင်းတက်နေသူဖြစ်တဲ့ သူ(မ)ဟာ ပြစ်မှုပေါင်း (၁၁၄) မှုဖြင့်တရားစွဲဆိုခံခဲ့ရပါတယ်။ အဲ့ဒီအပြစ်တွေအတွက် ရက်ပေါင်း (၉၀) ထောင်ဒဏ်ကျခံခဲ့ရပါတယ်။

အပြစ်ဒဏ်ခံခဲ့ရပြီးနောက် သူ(မ)ဟာ B Models Managemennt မော်ဒယ်အေဂျင်စီနဲ့ စာချုပ်ချုပ် ဆိုခဲ့တယ်လို့သိရပါတယ်။ (၂၀၁၅) ခုနှစ်မှာတော့ ပေါ်ပြူလာအဖြစ်ဆုံး ဂျာနယ်တစ်ခုမှာ Sexy Thief အဖြစ် ဖော်ပြခံခဲ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: မိုးစက်လေး / MyanmarNote
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top