×


အျဖစ္အပ်က္ေလာက
ေမာင္ဟစ္မွာ အျဖစ္မရွိ သလို အျပစ္လည္းမရွိပါဘူး။ အေဖ က ေမာင္ဟစ္ကို ““အျဖစ္မရွိတဲ့ ေကာင္”” ဆိုၿပီး ေျပာေလ့ရွိတယ္။ ဘာအျဖစ္မရွိတာလဲဆိုၿပီး ေတြးမိ တယ္။ အေဖ့ကို ေမာင္ဟစ္ေက်းဇူး တင္တယ္။ ေမာင္ဟစ္မွာ အျဖစ္ မရွိေတာ့ဘူးဆိုရင္ အပ်က္လည္း မရွိေတာ့ဘူေပါ့။ ေလာကမွာ ျဖစ္မွ ပ်က္တယ္မဟုတ္လား။ အေဖက အျဖစ္မရွိတဲ့ေကာင္ ေျပာတာကို ေမာင္ဟစ္ တကယ္ပဲ သေဘာက် ပါတယ္။ အျဖစ္မရွိေတာ့ အပ်က္ မရွိဘူး။ အပ်က္မရွိေတာ့ အျပစ္ လည္း မျဖစ္ျပန္ဘူး။ ေကာင္းလိုက္ တာ။
ဂိုးသမားေမာင္ဟစ္
တကယ္ေတာ့ မိသားစုထဲ မွာ ေမာင္ဟစ္က အူေၾကာင္ေၾကာင္ တစ္ေယာက္ပါပဲ။ ဒါေၾကာင့္ အေဖ က ““အျဖစ္မရွိတဲ့ေကာင္””ဆိုၿပီး ေျပာတာေပါ့။ ေမာင္ဟစ္တို႔ မိသားစု ကိုၾကည့္ပါ။ အေမက မိခင္နဲ႔ကေလး ေစာင့္ေရွာက္ေရးအသင္းမွာ အၿမဲ တမ္း ဥက္ၠ႒ျဖစ္တယ္။ အခမ္းအနား ေတြမွာ အေမေျပာတာကို အေဖတို႔ က နားေထာင္ရတယ္။ ေမာင္ဟစ္ အေဖက အေျပးခ်န္ပီယံျဖစ္တယ္။ ေမာင္ဟစ္ အေတာ္ႀကီးတဲ့အထိ ၿမိဳ႕ နယ္အားကစားၿပိဳင္ပြဲေတြမွာ ဒိုင္အ ျဖစ္ တာ၀န္ယူေနေသးတယ္။ အား ကစားပြဲေတြမွာ ဆုေတြအမ်ားႀကီး ရထားတယ္။ အိမ္က ဘီဒိုထဲမွာ အေဖ့ဆုေတြ၊ တံဆိပ္ေတြ အမ်ား ႀကီးရွိတယ္။ ေမာင္ဟစ္ အစ္ကိုက ေတာ့ အခုခ်န္ပီယံ၊ အလ်ားခုန္ အျမင့္ခုန္ အခုန္ခ်န္ပီယံျဖစ္တယ္။ ေမာင္ဟစ္ကေတာ့ ဘာၿပိဳင္ပြဲ၀င္၀င္ ႐ႈံးတယ္။ ဒါေပမဲ့ ေမာင္ဟစ္မွာ သူငယ္ခ်င္းေကာင္းေတြေတာ့ရွိတယ္။ သူတို႔က သူတို႔က ေဘာလံုးအား ကစားမွာ ေတာ္ၾကတယ္။ ““ငါ ဂိုးပဲဖမ္းခ်င္တယ္ကြာ””လို႔ ေျပာကာ သူတို႔အသင္းထဲမွာ ၀င္ရတယ္။ သူ တို႔ပြဲမွာ ေမာင္ဟစ္ဂိုးဖမ္းတာ ေဘာ လံုးေပါင္ၾကားထဲ၀င္သြားလို႔ ဆဲခံ ထိတယ္။ ဂိုးသမားလည္းလိုက္တယ္။ ေမာင္ဟစ္က အရန္အျဖစ္ ေနပါရ ေစဆိုၿပီး တစ္သင္းလံုးကို မုန္႔ေကၽြး ကာ စည္း႐ံုးရတယ္။ ““အရန္တစ္ ေယာက္ေလာက္ ဘာမွမတတ္လည္း ကိစ္ၥမရွိဘူး။ ဒီေကာင္ မုန္႔မွန္မွန္ ၀ယ္ေကၽြးရင္ေတာ့ အသင္းထဲထား လိုက္””ဆိုတဲ့ အသင္းေခါင္းေဆာင္ မွတ္ခ်က္ေၾကာင့္ ေမာင္ဟစ္ အသင္း သား ျဖစ္ခဲ့ရတယ္။
ေမာင္ဟစ္တို႔ ေဘာအသင္း ဟာ တကယ္ပဲ (ေမာင္ဟစ္ ၀င္ မကစားတာေတာင္) ဒိုင္းဆုႀကီးကို ရသြားတယ္။ တစ္ခါမွ ၿပိဳင္ပြဲမွာ မကစားရတဲ့ အရန္ေဘာသမားေတြ ဟာ ဆုတံဆိပ္ေတြကို ကိုယ္စီလက္ခံ ရတယ္။ ဂုဏ္ျပဳညစာစားပြဲေတြ လည္း တက္ရတယ္။ ဒီေတာ့ ဆု တံဆိပ္ေပးတဲ့အခါ ေမာင္ဟစ္ပါလာ တယ္။ ဓာတ္ပံုေတြ႐ိုက္တဲ့အခါ ေမာင္ဟစ္ပါတယ္။ ဆုတံဆိပ္တစ္ခု ရလာတဲ့ ေမာင္ဟစ္တို႔အေဖကေတာင္ အေတာ္ေတာ္သားပဲဆိုတဲ့ပံုစံနဲ႔ ေမာင္ ဟစ္ကိုၾကည့္တယ္။ ေမာင္ဟစ္ရဲ႕ ဆုတံဆိပ္ဟာ အစ္ကိုႀကီးနဲ႔ အေဖ တို႔အၾကား ဘီဒိုထဲမွာ ေနရာတစ္ ေနရာ ရခဲ့တယ္။ အေဖက ေမာင္ဟစ္ ကိုခ်ီးမြမ္းတယ္။
““ဒီတစ္ခါ ငါ့သားဆုတံ ဆိပ္ရတဲ့အတြက္ အေဖခ်ီးက်ဴးပါ တယ္””
ေမာင္ဟစ္ ၿပံဳးၿပံဳးႀကီး ေပါ့။
““ဒါနဲ႔ ေနစမ္းပါဦးေမာင္ ဟစ္။ မင္းက ဘယ္ေနရာကစားတာ လဲ””
““ကၽြန္ေတာ္…အဲ အင္း ဂိုးဖမ္းပါတယ္အေဖ””
““ေကာင္းတာေပါ့။ မင္း ဂိုးဖမ္းတာ နာမည္ေတာ္ေတာ္ရရဲ႕ လား။ အေတာ္ကာကြယ္ႏိုင္လား။ တို႔ေခတ္တုန္းက ဂိုးတင္ေအာင္ဆို တာ နာမည္အင္မတန္ႀကီးတယ္။ ပင္နယ္တီေတြ ဘာေတြကို ကာကြယ္ ႏိုင္မွ ဂိုးသမားေကာင္းကြ””
““ဟိုေလ၊ ကၽြန္ေတာ္ အ ႀကိမ္ႀကိမ္ ကာကြယ္တာ လူေတြ မသိၾကဘူး။ ဂိုးဖမ္းတာ ေပါင္ၾကား ကေန ေဘာလံုး၀င္သြားေတာ့ ၀ိုင္း ဆဲေတာ့တာပဲ အေဖရယ္””
““ေပါင္ၾကားက ၀င္သြား တယ္ဟုတ္လား””
““ဟိုေလ…တစ္ခါတည္း ပါ အေဖ””
““အင္း…ထားပါေတာ့ က်န္တဲ့ဂိုးေတြကို မင္းကာကြယ္ႏိုင္ လို႔ ဒိုင္းဆုႀကီးကို ရတာေပါ့ဟုတ္ လား””
““ဒီလိုအေဖရဲ႕၊ ကၽြန္ေတာ့္ အသင္းကလူေတြ သည္းမခံတတ္ၾက ဘူး။ သူတို႔ဟာ သူတစ္ပါးကိုျပစ္ တင္ဖို႔ပဲတတ္တယ္””
““အဲဒါ မေကာင္းဘူး””
““ဟုတ္တယ္အေဖ၊ သူတို႔ ကၽြန္ေတာ့္ကိုအျပစ္တင္ရင္း မေကာင္း တာေတြ ေျပာမိမွာစိုးတယ္။ ဒါ ေၾကာင့္ ကၽြန္ေတာ္ဆက္မဖမ္းတာ””
““မင္းက အရန္ဂိုးသမား ေပါ့ဟုတ္လား””
““ဟုတ္ကဲ့အေဖ””
““အေတာ္အျဖစ္မရွိတဲ့ ေကာင္””
ေကာင္းတယ္။ အျဖစ္မရွိ ေတာ့ အပ်က္လည္းမရွိေတာ့ဘူးေပါ့။
သူရဲေကာင္းဆိုတာ
တကယ္ေတာ့ အျဖစ္မျဖစ္ ဘူးဆိုတာကေတာ့ မစြမ္းေဆာင္ႏိုင္ တာကို ေျပာတာပါပဲ။ မစြမ္းေဆာင္ ႏိုင္တာလည္း ေကာင္းတာေတြအမ်ား ႀကီးရွိတယ္။ ေမာင္ဟစ္ၾကည့္ဖူးတဲ့ ႐ုပ္ရွင္ကားတစ္ခုထဲမွာ အေျခာက္ (မိန္းမလ်ာ) တစ္ေယာက္အေၾကာင္း ပါလာတယ္။ အဲဒီအေျခာက္ဟာ စစ္သူရဲေကာင္းႀကီး ျဖစ္လာတဲ့ တကယ့္အျဖစ္အပ်က္ကားပါပဲ။ အဲဒီ အခ်ိန္က ဒုတိယကမ္ၻာစစ္ျဖစ္တဲ့ အခ်ိန္ေပါ့။ အဂၤလန္မွာရွိတဲ့ အဲဒီ အေျခာက္ဟာ မ်ိဳးခ်စ္စိတ္လည္း ျပင္းထန္သတဲ့။ ဒါေပမဲ့ သူ႔ကို လူတကာက လူရာမသြင္းဘူး။ ဒီလို ခြဲျခားဆက္ဆံမႈဟာ ယေန႔ယဥ္ေက်း တယ္ဆိုတဲ့ အသိုင္းအ၀ိုင္းမွာ အမ်ား ႀကီးက်န္ေနေသးတာပဲ။ အဲဒီစစ္ႀကီး ျဖစ္ေနတဲ့အခ်ိန္မွာ ေယာက်္ားမွန္ သမွ် စစ္ထဲ၀င္ေတာ့ သူလည္း စစ္ ထဲ၀င္ဖို႔ ႀကိဳးစားတာေပါ့။ သူ စစ္ တပ္ထဲသြားေလွ်ာက္ေတာ့ ၀ိုင္းရယ္ ၾကတယ္။
““မင္း ေသနတ္တစ္လက္ ေတာင္ မမ,ႏိုင္ဘူးမဟုတ္လား””
ဆိုေတာ့ သူက ““စစ္ထဲ ၀င္တဲ့သူအားလံုး ေသနတ္ပစ္မွာ မဟုတ္ဘဲ။ အျခားေနရာ လုပ္ေနရ တဲ့ တပ္သားေတြကို သူေတြ႕ေနရ တယ္။ ဥပမာ ဓာတ္ဆီပန္႔ကိုင္တဲ့ သူဆိုရင္ ေသနတ္ကိုင္စရာမလိုဘဲ လို႔ သူျငင္းခံုေျပာဆိုတယ္။ အရာရွိ က သူ႔ကို ““မင္း ေရွ႕တန္းလိုက္ရဲ လား””ဆိုေတာ့ သူက ေခါင္းညိတ္ လိုက္တယ္။ စစ္သင္တန္းမွာေတာ့ သူ ဆူခံဆဲခံအေတာ္ထိတယ္။ ဘာ ေၾကာင့္လဲဆိုေတာ့ သူက အျဖစ္မွ မရွိဘဲကိုး။ သင္တန္းၿပီးေတာ့ သူ က ေထာက္ပို႔တပ္မွာ ၀င္လုပ္ရ တယ္။ ကံဆိုးခ်င္ေတာ့ ေရွ႕တန္းကို သြားတဲ့ သူ႔ေထာက္ပို႔တပ္ကို ရန္သူ က ၀င္တိုက္တယ္။ သူ ေခြးေျပး ၀က္ေျပး ေျပးရတယ္။ သူက ေမ့လဲ သြားတယ္။ သူ သတိရလာေတာ့ အေလာင္းေတြၾကားထဲမွာ သူတစ္ ေယာက္သာ အသက္ရွင္က်န္ရစ္ တယ္။ ဒုတိယကမ္ၻာစစ္အၿပီးမွာ သူလည္း အျခားသူေတြနည္းတူ သူရဲေကာင္းဆုရတယ္။ သူက အျဖစ္ မရွိဘူး။ ဒီေတာ့ အပ်က္လည္းမရွိ ဘူး။ သူမ်ားေတြ အျဖစ္ရွိေတာ့ အပ်က္ေတြၾကားထဲ ျဖစ္လာတာကို ေျပာတာပါ။ (ႏိုင္ငံျခားအေၾကာင္း ကိုေျပာတာပါ။ ျမန္မာျပည္က ဘယ္ စစ္ဗိုလ္ကိုမွ မရည္ရြယ္႐ိုးအမွန္ပါ)
ေနာက္က်တာလည္းေကာင္းတာပဲ
ေနာက္တစ္ခု ျမန္မာေတြ ဂုဏ္ယူတာက တယ္လီဗီြးရွင္းေပါ့။ ျမန္မာမွာ အျဖဴအမည္းTV ဆိုတာ တစ္ခါမွမရွိခဲ့ပါဘူး။ ထိုင္းမွာ အျဖဴ အမည္း TV၊ အိႏ္ၵိယမွာ အျဖဴအမည္း TV ဒါေတြနဲ႔စတာပဲ။ ၿပီးေတာ့မွ သူတို႔ ကာလာ TV ကို ဆက္လုပ္ တယ္။ ျမန္မာကေတာ့ တစ္ခါတည္း ကာလာကို စတင္လုပ္ေဆာင္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ အျဖဴအမည္း ေလာက္က ျမန္မာျပည္မွာ TV မရွိ ေသးဘူး။ ဒီေနရာမွာ ျပႆနာအႀကီး ႀကီးျဖစ္လာတယ္။ ဘာလဲဆိုေတာ့ TV အေဟာင္းေတြ ဘာလုပ္မလဲ။ ႐ုပ္သံလႊင့္စက္ေတြေရာ။ ဘယ္လို လုပ္မလဲ။ ႏွေျမာတသၿပီး ဆက္ထား တယ္။ ေမာင္ဟစ္တို႔ ကာလာျဖစ္ ေနခ်ိန္မွာ သူတို႔ အျဖဴအမည္းေတြ နဲ႔ ညားေနဆဲျဖစ္ခဲ့တယ္။ ေနာက္ ဆံုးေတာ့လည္း အျဖဴအမည္းစက္ ေတြ ေျမာင္းထဲေရာက္သြားတာပါပဲ။ တစ္ခ်ိန္က TV မရွိေတာင္ မရွိေလ ေတာ့ ျမန္မာေတြ အျဖစ္မရွိဘူးလို႔ ေျပာခံထိေပမယ့္ ေနာက္ဆံုး အ ေကာင္းဆံုးျဖစ္ခဲ့တယ္မဟုတ္လား။
ကြန္ပ်ဴတာနဲ႔လုပ္ပါဘူး
၂၀၀၀ ခုႏွစ္အကုန္ကို တတိယေထာင္စုႏွစ္အ၀င္ (Third Millennium) လို႔ေခၚတယ္။ ဒီလို ေထာင္စုႏွစ္ေျပာင္းတဲ့အခါေတြမွာ ကြန္ပ်ဴတာေတြ ျပႆနာတက္ေတာ့ တာပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ေငြ ေၾကးေတြကို သူတို႔ဆီမွာ ကြန္ပ်ဴတာ နဲ႔ စာရင္းလုပ္တယ္။ ကြန္ပ်ဴတာနဲ႔ ေငြေပးေငြယူလုပ္တယ္။ လစာကို လည္း ကြန္ပ်ဴတာကေပးတယ္။ ဒီ ေနရာမွာ ျပႆနာက ရက္စြဲပဲ။ ရက္စြဲကို ၁၉၉၉ ဇန္န၀ါရီတစ္ရက္ ဆိုရင္ (၁-၁-၉၉) လို႔ေရးတယ္။ ၂၀၀၀ ဇန္န၀ါရီလတစ္ရက္ဆိုရင္ (၁-၁-၀၀)လို႔ေရးတယ္။ ဒါေပမဲ့ ကြန္ပ်ဴတာက ၀၀ ကို နားမလည္ ဘူး။ ေငြေၾကးကို ဘယ္လိုလုပ္ၿပီး လႊဲေပးထုတ္ေပးမလဲ။ ဘယ္လိုလုပ္ ၾကမလဲ။
အေကာင္းဆံုးကေတာ့ ဘဏ္ကေန ေငြစက္ၠဴနဲ႔လုပ္ကိုင္ရ ေတာ့ တာေပါ့။ ဒီလိုနဲ႔ ဘဏ္ကေန ေငြစက္ၠဴေတြကို ေဒၚလာဘီလ်ံနဲ႔ ခ်ီၿပီး ႐ိုက္ႏွိပ္ရေလေတာ့တယ္။ ဒီ ေငြေတြဟာ အႏ္ၲရာယ္ႀကီးလွတဲ့အရာ ေတြပဲ။ၿပီးေတာ့ စက္ၠဴဖိုး႐ိုက္ႏွိပ္ခ၊ မင္က်မင္နစစ္ေဆးခ၊ အမ်ားႀကီးကုန္ တယ္။ဒါေပမဲ့မတတ္ႏိုင္ဘူး။ (ေနာက္ ႏွစ္ အဲဒီေငြေတြကို ျပန္ၿပီးဖ်က္ဆီး ရတယ္) ကြန္ပ်ဴတာသံုးၿပီး ေငြထုတ္ တဲ့စနစ္ ဘဏ္ေငြလႊဲတဲ့လုပ္ငန္းနဲ႔ အသားက်ေနတဲ့ အဲဒီႏိုင္ငံေတြဟာ အေတာ္ေလးကို ဒုက္ၡေရာက္ကုန္ တယ္။ ျမန္မာကေတာ့ ေအးေဆးပဲ။ (Millennium) ဘယ္လိုေျပာင္း ေျပာင္း ထမင္းၾကမ္းကို ယပ္ခတ္စား ေနတာေပါ့။ အဲဒီအခ်ိန္က ကြန္ပ်ဴတာ ေတြနဲ႔ ျမန္မာဘဏ္ေတြ အလုပ္မလုပ္ ၾကဘူး။ အခု သူတို႔ ျပႆနာေတြကို ေျဖရွင္းတတ္သြားၿပီ။ ေမာင္ဟစ္တို႔ လည္းကြန္ပ်ဴတာသံုးေနၾကၿပီ။ အဆင္ ေျပတာပဲေပါ့။
နိဂံုး
နိဂံုးခ်ဳပ္ပါေတာ့မယ္။ ဖိုးလမင္းလည္း သူ႕အဆင္းနဲ႔အလင္း နဲ႔၊ဖန္မီးအိမ္လည္း သူ႕အရွိန္နဲ႔ ဂုဏ္ သိမ္နဲ႔ပါပဲ။ အလွကိုယ္စီရွိပါတယ္။
မည္းတူးေနတဲ့ကပ္ၸလီမ ႀကီးရဲ႕အလွကို ကပ္ၸလီထီးႀကီးက ရွာေဖြေတြ႕တယ္။
အလွရွာမေတြ႕ေတာ့ တာ၀န္ က ရပ္စဲတာေတြရွိပါတယ္။ (ေဒၚ သက္သက္ခိုင္တို႔၊ ဦးေက်ာ္ေဇယ် တို႔ကို ရည္ရြယ္တာမဟုတ္ပါဘူး) အဲ အဲ အျဖစ္ရွိေတာ့ အျပစ္လည္း ရွိတာပဲေလ။ လူ႔ေလာကႀကီးဟာ ဒီလိုပဲ၊ ေမာင္ဟစ္မွာေတာ့ အျဖစ္ မရွိဘူး။ အျဖစ္မရွိေတာ့ အပ်က္ လည္းမရွိဘူး။ အျဖစ္မရွိသမွ် အျပစ္ ေတြမရွိဘူး။ ေကာင္းလိုက္တာ။ ေမာင္ဟစ္ေရးတာကို တရားသေဘာ နဲ႔ ဆင္ျခင္ႏိုင္ၾကပါေစ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:weeklyheadline
# Unicode Version ျဖင့္ ဖတ္ပါ #
အဖြစ်အပျက်လောက
မောင်ဟစ်မှာ အဖြစ်မရှိ သလို အပြစ်လည်းမရှိပါဘူး။ အဖေ က မောင်ဟစ်ကို ““အဖြစ်မရှိတဲ့ ကောင်”” ဆိုပြီး ပြောလေ့ရှိတယ်။ ဘာအဖြစ်မရှိတာလဲဆိုပြီး တွေးမိ တယ်။ အဖေ့ကို မောင်ဟစ်ကျေးဇူး တင်တယ်။ မောင်ဟစ်မှာ အဖြစ် မရှိတော့ဘူးဆိုရင် အပျက်လည်း မရှိတော့ဘူပေါ့။ လောကမှာ ဖြစ်မှ ပျက်တယ်မဟုတ်လား။ အဖေက အဖြစ်မရှိတဲ့ကောင် ပြောတာကို မောင်ဟစ် တကယ်ပဲ သဘောကျ ပါတယ်။ အဖြစ်မရှိတော့ အပျက် မရှိဘူး။ အပျက်မရှိတော့ အပြစ် လည်း မဖြစ်ပြန်ဘူး။ ကောင်းလိုက် တာ။
ဂိုးသမားမောင်ဟစ်
တကယ်တော့ မိသားစုထဲ မှာ မောင်ဟစ်က အူကြောင်ကြောင် တစ်ယောက်ပါပဲ။ ဒါကြောင့် အဖေ က ““အဖြစ်မရှိတဲ့ကောင်””ဆိုပြီး ပြောတာပေါ့။ မောင်ဟစ်တို့ မိသားစု ကိုကြည့်ပါ။ အမေက မိခင်နဲ့ကလေး စောင့်ရှောက်ရေးအသင်းမှာ အမြဲ တမ်း ဥက်္ကဋ္ဌဖြစ်တယ်။ အခမ်းအနား တွေမှာ အမေပြောတာကို အဖေတို့ က နားထောင်ရတယ်။ မောင်ဟစ် အဖေက အပြေးချန်ပီယံဖြစ်တယ်။ မောင်ဟစ် အတော်ကြီးတဲ့အထိ မြို့ နယ်အားကစားပြိုင်ပွဲတွေမှာ ဒိုင်အ ဖြစ် တာဝန်ယူနေသေးတယ်။ အား ကစားပွဲတွေမှာ ဆုတွေအများကြီး ရထားတယ်။ အိမ်က ဘီဒိုထဲမှာ အဖေ့ဆုတွေ၊ တံဆိပ်တွေ အများ ကြီးရှိတယ်။ မောင်ဟစ် အစ်ကိုက တော့ အခုချန်ပီယံ၊ အလျားခုန် အမြင့်ခုန် အခုန်ချန်ပီယံဖြစ်တယ်။ မောင်ဟစ်ကတော့ ဘာပြိုင်ပွဲဝင်ဝင် ရှုံးတယ်။ ဒါပေမဲ့ မောင်ဟစ်မှာ သူငယ်ချင်းကောင်းတွေတော့ရှိတယ်။ သူတို့က သူတို့က ဘောလုံးအား ကစားမှာ တော်ကြတယ်။ ““ငါ ဂိုးပဲဖမ်းချင်တယ်ကွာ””လို့ ပြောကာ သူတို့အသင်းထဲမှာ ဝင်ရတယ်။ သူ တို့ပွဲမှာ မောင်ဟစ်ဂိုးဖမ်းတာ ဘော လုံးပေါင်ကြားထဲဝင်သွားလို့ ဆဲခံ ထိတယ်။ ဂိုးသမားလည်းလိုက်တယ်။ မောင်ဟစ်က အရန်အဖြစ် နေပါရ စေဆိုပြီး တစ်သင်းလုံးကို မုန့်ကျွေး ကာ စည်းရုံးရတယ်။ ““အရန်တစ် ယောက်လောက် ဘာမှမတတ်လည်း ကိစ်္စမရှိဘူး။ ဒီကောင် မုန့်မှန်မှန် ဝယ်ကျွေးရင်တော့ အသင်းထဲထား လိုက်””ဆိုတဲ့ အသင်းခေါင်းဆောင် မှတ်ချက်ကြောင့် မောင်ဟစ် အသင်း သား ဖြစ်ခဲ့ရတယ်။
မောင်ဟစ်တို့ ဘောအသင်း ဟာ တကယ်ပဲ (မောင်ဟစ် ဝင် မကစားတာတောင်) ဒိုင်းဆုကြီးကို ရသွားတယ်။ တစ်ခါမှ ပြိုင်ပွဲမှာ မကစားရတဲ့ အရန်ဘောသမားတွေ ဟာ ဆုတံဆိပ်တွေကို ကိုယ်စီလက်ခံ ရတယ်။ ဂုဏ်ပြုညစာစားပွဲတွေ လည်း တက်ရတယ်။ ဒီတော့ ဆု တံဆိပ်ပေးတဲ့အခါ မောင်ဟစ်ပါလာ တယ်။ ဓာတ်ပုံတွေရိုက်တဲ့အခါ မောင်ဟစ်ပါတယ်။ ဆုတံဆိပ်တစ်ခု ရလာတဲ့ မောင်ဟစ်တို့အဖေကတောင် အတော်တော်သားပဲဆိုတဲ့ပုံစံနဲ့ မောင် ဟစ်ကိုကြည့်တယ်။ မောင်ဟစ်ရဲ့ ဆုတံဆိပ်ဟာ အစ်ကိုကြီးနဲ့ အဖေ တို့အကြား ဘီဒိုထဲမှာ နေရာတစ် နေရာ ရခဲ့တယ်။ အဖေက မောင်ဟစ် ကိုချီးမွမ်းတယ်။
““ဒီတစ်ခါ ငါ့သားဆုတံ ဆိပ်ရတဲ့အတွက် အဖေချီးကျူးပါ တယ်””
မောင်ဟစ် ပြုံးပြုံးကြီး ပေါ့။
““ဒါနဲ့ နေစမ်းပါဦးမောင် ဟစ်။ မင်းက ဘယ်နေရာကစားတာ လဲ””
““ကျွန်တော်…အဲ အင်း ဂိုးဖမ်းပါတယ်အဖေ””
““ကောင်းတာပေါ့။ မင်း ဂိုးဖမ်းတာ နာမည်တော်တော်ရရဲ့ လား။ အတော်ကာကွယ်နိုင်လား။ တို့ခေတ်တုန်းက ဂိုးတင်အောင်ဆို တာ နာမည်အင်မတန်ကြီးတယ်။ ပင်နယ်တီတွေ ဘာတွေကို ကာကွယ် နိုင်မှ ဂိုးသမားကောင်းကွ””
““ဟိုလေ၊ ကျွန်တော် အ ကြိမ်ကြိမ် ကာကွယ်တာ လူတွေ မသိကြဘူး။ ဂိုးဖမ်းတာ ပေါင်ကြား ကနေ ဘောလုံးဝင်သွားတော့ ဝိုင်း ဆဲတော့တာပဲ အဖေရယ်””
““ပေါင်ကြားက ဝင်သွား တယ်ဟုတ်လား””
““ဟိုလေ…တစ်ခါတည်း ပါ အဖေ””
““အင်း…ထားပါတော့ ကျန်တဲ့ဂိုးတွေကို မင်းကာကွယ်နိုင် လို့ ဒိုင်းဆုကြီးကို ရတာပေါ့ဟုတ် လား””
““ဒီလိုအဖေရဲ့၊ ကျွန်တော့် အသင်းကလူတွေ သည်းမခံတတ်ကြ ဘူး။ သူတို့ဟာ သူတစ်ပါးကိုပြစ် တင်ဖို့ပဲတတ်တယ်””
““အဲဒါ မကောင်းဘူး””
““ဟုတ်တယ်အဖေ၊ သူတို့ ကျွန်တော့်ကိုအပြစ်တင်ရင်း မကောင်း တာတွေ ပြောမိမှာစိုးတယ်။ ဒါ ကြောင့် ကျွန်တော်ဆက်မဖမ်းတာ””
““မင်းက အရန်ဂိုးသမား ပေါ့ဟုတ်လား””
““ဟုတ်ကဲ့အဖေ””
““အတော်အဖြစ်မရှိတဲ့ ကောင်””
ကောင်းတယ်။ အဖြစ်မရှိ တော့ အပျက်လည်းမရှိတော့ဘူးပေါ့။
သူရဲကောင်းဆိုတာ
တကယ်တော့ အဖြစ်မဖြစ် ဘူးဆိုတာကတော့ မစွမ်းဆောင်နိုင် တာကို ပြောတာပါပဲ။ မစွမ်းဆောင် နိုင်တာလည်း ကောင်းတာတွေအများ ကြီးရှိတယ်။ မောင်ဟစ်ကြည့်ဖူးတဲ့ ရုပ်ရှင်ကားတစ်ခုထဲမှာ အခြောက် (မိန်းမလျာ) တစ်ယောက်အကြောင်း ပါလာတယ်။ အဲဒီအခြောက်ဟာ စစ်သူရဲကောင်းကြီး ဖြစ်လာတဲ့ တကယ့်အဖြစ်အပျက်ကားပါပဲ။ အဲဒီ အချိန်က ဒုတိယကမ်္ဘာစစ်ဖြစ်တဲ့ အချိန်ပေါ့။ အင်္ဂလန်မှာရှိတဲ့ အဲဒီ အခြောက်ဟာ မျိုးချစ်စိတ်လည်း ပြင်းထန်သတဲ့။ ဒါပေမဲ့ သူ့ကို လူတကာက လူရာမသွင်းဘူး။ ဒီလို ခွဲခြားဆက်ဆံမှုဟာ ယနေ့ယဉ်ကျေး တယ်ဆိုတဲ့ အသိုင်းအဝိုင်းမှာ အများ ကြီးကျန်နေသေးတာပဲ။ အဲဒီစစ်ကြီး ဖြစ်နေတဲ့အချိန်မှာ ယောကျ်ားမှန် သမျှ စစ်ထဲဝင်တော့ သူလည်း စစ် ထဲဝင်ဖို့ ကြိုးစားတာပေါ့။ သူ စစ် တပ်ထဲသွားလျှောက်တော့ ဝိုင်းရယ် ကြတယ်။
““မင်း သေနတ်တစ်လက် တောင် မမ,နိုင်ဘူးမဟုတ်လား””
ဆိုတော့ သူက ““စစ်ထဲ ဝင်တဲ့သူအားလုံး သေနတ်ပစ်မှာ မဟုတ်ဘဲ။ အခြားနေရာ လုပ်နေရ တဲ့ တပ်သားတွေကို သူတွေ့နေရ တယ်။ ဥပမာ ဓာတ်ဆီပန့်ကိုင်တဲ့ သူဆိုရင် သေနတ်ကိုင်စရာမလိုဘဲ လို့ သူငြင်းခုံပြောဆိုတယ်။ အရာရှိ က သူ့ကို ““မင်း ရှေ့တန်းလိုက်ရဲ လား””ဆိုတော့ သူက ခေါင်းညိတ် လိုက်တယ်။ စစ်သင်တန်းမှာတော့ သူ ဆူခံဆဲခံအတော်ထိတယ်။ ဘာ ကြောင့်လဲဆိုတော့ သူက အဖြစ်မှ မရှိဘဲကိုး။ သင်တန်းပြီးတော့ သူ က ထောက်ပို့တပ်မှာ ဝင်လုပ်ရ တယ်။ ကံဆိုးချင်တော့ ရှေ့တန်းကို သွားတဲ့ သူ့ထောက်ပို့တပ်ကို ရန်သူ က ဝင်တိုက်တယ်။ သူ ခွေးပြေး ဝက်ပြေး ပြေးရတယ်။ သူက မေ့လဲ သွားတယ်။ သူ သတိရလာတော့ အလောင်းတွေကြားထဲမှာ သူတစ် ယောက်သာ အသက်ရှင်ကျန်ရစ် တယ်။ ဒုတိယကမ်္ဘာစစ်အပြီးမှာ သူလည်း အခြားသူတွေနည်းတူ သူရဲကောင်းဆုရတယ်။ သူက အဖြစ် မရှိဘူး။ ဒီတော့ အပျက်လည်းမရှိ ဘူး။ သူများတွေ အဖြစ်ရှိတော့ အပျက်တွေကြားထဲ ဖြစ်လာတာကို ပြောတာပါ။ (နိုင်ငံခြားအကြောင်း ကိုပြောတာပါ။ မြန်မာပြည်က ဘယ် စစ်ဗိုလ်ကိုမှ မရည်ရွယ်ရိုးအမှန်ပါ)
နောက်ကျတာလည်းကောင်းတာပဲ
နောက်တစ်ခု မြန်မာတွေ ဂုဏ်ယူတာက တယ်လီဗွီးရှင်းပေါ့။ မြန်မာမှာ အဖြူအမည်းTV ဆိုတာ တစ်ခါမှမရှိခဲ့ပါဘူး။ ထိုင်းမှာ အဖြူ အမည်း TV၊ အိန်္ဒိယမှာ အဖြူအမည်း TV ဒါတွေနဲ့စတာပဲ။ ပြီးတော့မှ သူတို့ ကာလာ TV ကို ဆက်လုပ် တယ်။ မြန်မာကတော့ တစ်ခါတည်း ကာလာကို စတင်လုပ်ဆောင်တယ်။ ဘာကြောင့်လဲဆိုတော့ အဖြူအမည်း လောက်က မြန်မာပြည်မှာ TV မရှိ သေးဘူး။ ဒီနေရာမှာ ပြဿနာအကြီး ကြီးဖြစ်လာတယ်။ ဘာလဲဆိုတော့ TV အဟောင်းတွေ ဘာလုပ်မလဲ။ ရုပ်သံလွှင့်စက်တွေရော။ ဘယ်လို လုပ်မလဲ။ နှမြောတသပြီး ဆက်ထား တယ်။ မောင်ဟစ်တို့ ကာလာဖြစ် နေချိန်မှာ သူတို့ အဖြူအမည်းတွေ နဲ့ ညားနေဆဲဖြစ်ခဲ့တယ်။ နောက် ဆုံးတော့လည်း အဖြူအမည်းစက် တွေ မြောင်းထဲရောက်သွားတာပါပဲ။ တစ်ချိန်က TV မရှိတောင် မရှိလေ တော့ မြန်မာတွေ အဖြစ်မရှိဘူးလို့ ပြောခံထိပေမယ့် နောက်ဆုံး အ ကောင်းဆုံးဖြစ်ခဲ့တယ်မဟုတ်လား။
ကွန်ပျူတာနဲ့လုပ်ပါဘူး
၂၀၀၀ ခုနှစ်အကုန်ကို တတိယထောင်စုနှစ်အဝင် (Third Millennium) လို့ခေါ်တယ်။ ဒီလို ထောင်စုနှစ်ပြောင်းတဲ့အခါတွေမှာ ကွန်ပျူတာတွေ ပြဿနာတက်တော့ တာပဲ။ ဘာကြောင့်လဲဆိုတော့ ငွေ ကြေးတွေကို သူတို့ဆီမှာ ကွန်ပျူတာ နဲ့ စာရင်းလုပ်တယ်။ ကွန်ပျူတာနဲ့ ငွေပေးငွေယူလုပ်တယ်။ လစာကို လည်း ကွန်ပျူတာကပေးတယ်။ ဒီ နေရာမှာ ပြဿနာက ရက်စွဲပဲ။ ရက်စွဲကို ၁၉၉၉ ဇန်နဝါရီတစ်ရက် ဆိုရင် (၁-၁-၉၉) လို့ရေးတယ်။ ၂၀၀၀ ဇန်နဝါရီလတစ်ရက်ဆိုရင် (၁-၁-၀၀)လို့ရေးတယ်။ ဒါပေမဲ့ ကွန်ပျူတာက ၀၀ ကို နားမလည် ဘူး။ ငွေကြေးကို ဘယ်လိုလုပ်ပြီး လွှဲပေးထုတ်ပေးမလဲ။ ဘယ်လိုလုပ် ကြမလဲ။
အကောင်းဆုံးကတော့ ဘဏ်ကနေ ငွေစက်္ကူနဲ့လုပ်ကိုင်ရ တော့ တာပေါ့။ ဒီလိုနဲ့ ဘဏ်ကနေ ငွေစက်္ကူတွေကို ဒေါ်လာဘီလျံနဲ့ ချီပြီး ရိုက်နှိပ်ရလေတော့တယ်။ ဒီ ငွေတွေဟာ အန်္တရာယ်ကြီးလှတဲ့အရာ တွေပဲ။ပြီးတော့ စက်္ကူဖိုးရိုက်နှိပ်ခ၊ မင်ကျမင်နစစ်ဆေးခ၊ အများကြီးကုန် တယ်။ဒါပေမဲ့မတတ်နိုင်ဘူး။ (နောက် နှစ် အဲဒီငွေတွေကို ပြန်ပြီးဖျက်ဆီး ရတယ်) ကွန်ပျူတာသုံးပြီး ငွေထုတ် တဲ့စနစ် ဘဏ်ငွေလွှဲတဲ့လုပ်ငန်းနဲ့ အသားကျနေတဲ့ အဲဒီနိုင်ငံတွေဟာ အတော်လေးကို ဒုက်္ခရောက်ကုန် တယ်။ မြန်မာကတော့ အေးဆေးပဲ။ (Millennium) ဘယ်လိုပြောင်း ပြောင်း ထမင်းကြမ်းကို ယပ်ခတ်စား နေတာပေါ့။ အဲဒီအချိန်က ကွန်ပျူတာ တွေနဲ့ မြန်မာဘဏ်တွေ အလုပ်မလုပ် ကြဘူး။ အခု သူတို့ ပြဿနာတွေကို ဖြေရှင်းတတ်သွားပြီ။ မောင်ဟစ်တို့ လည်းကွန်ပျူတာသုံးနေကြပြီ။ အဆင် ပြေတာပဲပေါ့။
နိဂုံး
နိဂုံးချုပ်ပါတော့မယ်။ ဖိုးလမင်းလည်း သူ့အဆင်းနဲ့အလင်း နဲ့၊ဖန်မီးအိမ်လည်း သူ့အရှိန်နဲ့ ဂုဏ် သိမ်နဲ့ပါပဲ။ အလှကိုယ်စီရှိပါတယ်။
မည်းတူးနေတဲ့ကပ်္ပလီမ ကြီးရဲ့အလှကို ကပ်္ပလီထီးကြီးက ရှာဖွေတွေ့တယ်။
အလှရှာမတွေ့တော့ တာဝန် က ရပ်စဲတာတွေရှိပါတယ်။ (ဒေါ် သက်သက်ခိုင်တို့၊ ဦးကျော်ဇေယျ တို့ကို ရည်ရွယ်တာမဟုတ်ပါဘူး) အဲ အဲ အဖြစ်ရှိတော့ အပြစ်လည်း ရှိတာပဲလေ။ လူ့လောကကြီးဟာ ဒီလိုပဲ၊ မောင်ဟစ်မှာတော့ အဖြစ် မရှိဘူး။ အဖြစ်မရှိတော့ အပျက် လည်းမရှိဘူး။ အဖြစ်မရှိသမျှ အပြစ် တွေမရှိဘူး။ ကောင်းလိုက်တာ။ မောင်ဟစ်ရေးတာကို တရားသဘော နဲ့ ဆင်ခြင်နိုင်ကြပါစေ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:weeklyheadline
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top