ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

 သင္အလုပ္သစ္တစ္ခုကို စဝင္ၿပီဆိုရင္ ပထမဆုံးလုပ္မိတဲ့အရာက ဘာျဖစ္မလဲ… ပထမဆုံး လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ မိတ္ဆက္မယ္။ ဒုတိယက သင့္အလုပ္နဲ႔ပတ္သက္ၿပီး ေျပာမယ္။ စတာေတြေပါ့ေနာ္… အမွန္တကယ္ေတာ့ ဒီအရာေတြထက္

သင့္႐ုံးခန္းမွာရွိတဲ့ ဘက္တီးရီးယားေတြနဲ႔ အရင္ေတြ႕ဆုံရမွာပါ။ ကၽြန္မတို႔အလုပ္လုပ္တဲ့ ေနရာေတြမွာ ဘက္တီးရီးယားေတြ ေပါက္ဖြားေနတတ္ပါတယ္။ ဘက္တီးရီးယားေတြဟာ ကၽြန္မတို႔ရဲ႕လက္ေတြမွာ ကပ္ပါလာၿပီး တျခားေနရာေတြကို ကူးစက္တတ္ပါတယ္။ ႐ုံးပတ္ဝန္းက်င္မွာ ဘက္တီးရီးယားေတြ ရွိေနတတ္တာ အံ့ဩစရာေတာ့ မေကာင္းပါဘူး။ ႐ုံးကို လူေတြ အမ်ားႀကီးလာၾကၿပီးေတာ့ ႐ုံးေတာ္ေတာ္မ်ားမ်ားမွာ မီးဖိုေခ်ာင္ရွိတတ္ၾကပါတယ္။ အိမ္သာ၊ ေရခ်ိဳးခန္းကိုလည္း မၽွသုံးၾကရပါတယ္။ ဒီလိုေနရာေတြထဲမွာမွ ဘက္တီးရီးယား အေပါက္ပြားဆုံးေနရာေတြကေတာ့….

ေဘစင္နဲ႔ လက္ကိုင္ေတြ

မိုက္က႐ိုေဝ့ဖ္မီးဖိုလက္ကိုင္ေတြ၊ ေဘစင္နဲ႔ ေရပိုက္ေခါင္းေတြဟာ ဘက္တီးရီးယား ေပါက္ပြားမႈအမ်ားဆုံး ေနရာေတြ ျဖစ္ပါတယ္။ မိုက္က႐ိုေဝ့ဖ္ ၄၈ ရာခိုင္ႏႈန္းနဲ႔ ေဘစင္ ၇၅ ရာခိုင္ႏႈန္းအပါအဝင္ ဒီပစၥည္းေတြအမ်ားစုဟာ အလြန္ညစ္ညမ္းပါတယ္။

အလုပ္စားပြဲေတြ

ဘက္တီးရီးယား အေပါက္ပြားဆုံးေနရာက မီးဖိုေခ်ာင္ျဖစ္ေပမဲ့ သင့္ရဲ႕အလုပ္စားပြဲဟာလည္း ႀကီးႀကီးမားမား သက္ေရာက္မႈရွိႏိုင္ပါတယ္။ ၿပီးေတာ့ အလုပ္စားပြဲမွာထိုင္ၿပီး တစ္ေနကုန္အခ်ိန္ကုန္ဆုံးရပါတယ္။ ပ်မ္းမၽွအားျဖင့္ စားပြဲခုံတစ္ခုံဟာ အိမ္သာခုံတစ္ခုံထက္ေတာင္ ဘက္တီးရီးယားေတြ အဆ ၄၀၀ ေလာက္ ပိုၿပီး ေပါက္ဖြားႏိုင္ပါတယ္။ အဲဒါေၾကာင့္ အလုပ္စားပြဲမွာ ေန႔လည္စာ မစားသင့္ပါဘူး။

ေရခြက္၊ ေကာ္ဖီခြက္ေတြ

မီးဖိုေခ်ာင္ထဲမွာဆိုရင္ ႐ုံးသုံးေကာ္ဖီခြက္ေတြရဲ႕ ၉၀ ရာခိုင္ႏႈန္းေလာက္ဟာ ပိုးမႊားေတြနဲ႔ ျပည့္ေနတတ္ပါတယ္။ ဒီေရခြက္ေတြ၊ ေကာ္ဖီခြက္ေတြရဲ႕ ၂၀ ရာခိုင္ႏႈန္းေလာက္ဟာ ညစ္ညမ္းေနတတ္ပါတယ္။

စက္ကိရိယာေတြ

နည္းပညာေတြ ဖြံ႕ၿဖိဳးလာတာနဲ႔အမၽွ ကမၻာႀကီးဟာ စကၠဴလြတ္အသုံးျပဳရတဲ့စက္ေတြ ထြက္ေပၚလာၾကပါတယ္။ ႐ုံးေတြမွာ မိတၳဴကူးစက္ေတြ၊ ပရင္တာစက္ေတြဟာ အသုံးျပဳတာမ်ားလာပါတယ္။ ဒါေၾကာင့္ ဒီစက္ေတြရဲ႕ မ်က္ႏွာျပင္ေတြမွာလည္း ဘက္တီးရီးယားပိုးမႊားေတြ ေပါက္ဖြားေနတတ္ပါတယ္။

လက္ကိုင္ဖုန္း

စကၠဴလြတ္ေတြကို အသုံးျပဳရတဲ့ စက္ေတြလိုပဲ ႐ုံးအလုပ္သမားေတြမွာလည္း စားပြဲတင္လက္ကိုင္ဖုန္းတစ္လုံးေတာ့ ရွိၾကမွာပါပဲ။ လက္ကိုင္ဖုန္းဆိုတာ ပါးစပ္၊ နား႐ြက္ေတြနဲ႔ ပုံမွန္လိုလို ထိေတြ႕ေနရတဲ့အရာ ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:YoYarLay
 # Unicode Version ျဖင့္ ဖတ္ပါ #
သင်အလုပ်သစ်တစ်ခုကို စဝင်ပြီဆိုရင် ပထမဆုံးလုပ်မိတဲ့အရာက ဘာဖြစ်မလဲ… ပထမဆုံး လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆက်မယ်။ ဒုတိယက သင့်အလုပ်နဲ့ပတ်သက်ပြီး ပြောမယ်။ စတာတွေပေါ့နော်… အမှန်တကယ်တော့ ဒီအရာတွေထက်

သင့်ရုံးခန်းမှာရှိတဲ့ ဘက်တီးရီးယားတွေနဲ့ အရင်တွေ့ဆုံရမှာပါ။ ကျွန်မတို့အလုပ်လုပ်တဲ့ နေရာတွေမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားနေတတ်ပါတယ်။ ဘက်တီးရီးယားတွေဟာ ကျွန်မတို့ရဲ့လက်တွေမှာ ကပ်ပါလာပြီး တခြားနေရာတွေကို ကူးစက်တတ်ပါတယ်။ ရုံးပတ်ဝန်းကျင်မှာ ဘက်တီးရီးယားတွေ ရှိနေတတ်တာ အံ့ဩစရာတော့ မကောင်းပါဘူး။ ရုံးကို လူတွေ အများကြီးလာကြပြီးတော့ ရုံးတော်တော်များများမှာ မီးဖိုချောင်ရှိတတ်ကြပါတယ်။ အိမ်သာ၊ ရေချိုးခန်းကိုလည်း မျှသုံးကြရပါတယ်။ ဒီလိုနေရာတွေထဲမှာမှ ဘက်တီးရီးယား အပေါက်ပွားဆုံးနေရာတွေကတော့….

ဘေစင်နဲ့ လက်ကိုင်တွေ

မိုက်ကရိုဝေ့ဖ်မီးဖိုလက်ကိုင်တွေ၊ ဘေစင်နဲ့ ရေပိုက်ခေါင်းတွေဟာ ဘက်တီးရီးယား ပေါက်ပွားမှုအများဆုံး နေရာတွေ ဖြစ်ပါတယ်။ မိုက်ကရိုဝေ့ဖ် ၄၈ ရာခိုင်နှုန်းနဲ့ ဘေစင် ၇၅ ရာခိုင်နှုန်းအပါအဝင် ဒီပစ္စည်းတွေအများစုဟာ အလွန်ညစ်ညမ်းပါတယ်။

အလုပ်စားပွဲတွေ

ဘက်တီးရီးယား အပေါက်ပွားဆုံးနေရာက မီးဖိုချောင်ဖြစ်ပေမဲ့ သင့်ရဲ့အလုပ်စားပွဲဟာလည်း ကြီးကြီးမားမား သက်ရောက်မှုရှိနိုင်ပါတယ်။ ပြီးတော့ အလုပ်စားပွဲမှာထိုင်ပြီး တစ်နေကုန်အချိန်ကုန်ဆုံးရပါတယ်။ ပျမ်းမျှအားဖြင့် စားပွဲခုံတစ်ခုံဟာ အိမ်သာခုံတစ်ခုံထက်တောင် ဘက်တီးရီးယားတွေ အဆ ၄၀၀ လောက် ပိုပြီး ပေါက်ဖွားနိုင်ပါတယ်။ အဲဒါကြောင့် အလုပ်စားပွဲမှာ နေ့လည်စာ မစားသင့်ပါဘူး။

ရေခွက်၊ ကော်ဖီခွက်တွေ

မီးဖိုချောင်ထဲမှာဆိုရင် ရုံးသုံးကော်ဖီခွက်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ ပိုးမွှားတွေနဲ့ ပြည့်နေတတ်ပါတယ်။ ဒီရေခွက်တွေ၊ ကော်ဖီခွက်တွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်ဟာ ညစ်ညမ်းနေတတ်ပါတယ်။

စက်ကိရိယာတွေ

နည်းပညာတွေ ဖွံ့ဖြိုးလာတာနဲ့အမျှ ကမ္ဘာကြီးဟာ စက္ကူလွတ်အသုံးပြုရတဲ့စက်တွေ ထွက်ပေါ်လာကြပါတယ်။ ရုံးတွေမှာ မိတ္ထူကူးစက်တွေ၊ ပရင်တာစက်တွေဟာ အသုံးပြုတာများလာပါတယ်။ ဒါကြောင့် ဒီစက်တွေရဲ့ မျက်နှာပြင်တွေမှာလည်း ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားနေတတ်ပါတယ်။

လက်ကိုင်ဖုန်း

စက္ကူလွတ်တွေကို အသုံးပြုရတဲ့ စက်တွေလိုပဲ ရုံးအလုပ်သမားတွေမှာလည်း စားပွဲတင်လက်ကိုင်ဖုန်းတစ်လုံးတော့ ရှိကြမှာပါပဲ။ လက်ကိုင်ဖုန်းဆိုတာ ပါးစပ်၊ နားရွက်တွေနဲ့ ပုံမှန်လိုလို ထိတွေ့နေရတဲ့အရာ ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:YoYarLay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top