ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေတာ္မီ နဲ႔ ဂ်င္မ္ဆိုတဲ့သူငယ္ခ်င္းႏွစ္ေယာက္ဟာ ကုမၸဏီတစ္ခုရဲ႕ အေရာင္းဝန္ထမ္းအျဖစ္ ရာထူးအတူတူ၊ လစာအတူတူနဲ႔ လုပ္ကိုင္ၾကပါတယ္။ သုံးႏွစ္ေလာက္အၾကာမွာေတာ့ ကုမၸဏီရဲ႕ မန္ေနဂ်ာျဖစ္သူက ႏွစ္ေယာက္ထဲမွာတစ္ေယာက္ျဖစ္တဲ့ ေတာ္မီကို

သာမန္အေရာင္းဝန္ထမ္း အျဖစ္ကေနၿပီးေတာ့ ရာထူးအဆင့္တစ္ခု တိုးျမႇင့္ေပးလိုက္ပါတယ္။ က်န္တစ္ေယာက္ျဖစ္တဲ့ ဂ်င္မ္ကိုေတာ့ ရာထူးမတိုးေပးခဲ့ပါဘူး။

ဂ်င္မ္က အခုလို သူငယ္ခ်င္းျဖစ္သူ တစ္ေယာက္တည္း ရာထူးတိုးသြားတဲ့အေပၚ မမၽွတဘူးလို႔ ခံစားမိတဲ့အတြက္ မန္ေနဂ်ာျဖစ္တဲ့သူကို အခုလိုပဲ ျပန္လည္ေမးခြန္းထုတ္ခဲ့ပါတယ္။ "ကၽြန္ေတာ္တို႔ႏွစ္ေယာက္လုံး အလုပ္လုပ္တဲ့ ေနရာလည္းတူတယ္။ တာဝန္ယူရတဲ့အပိုင္းလည္းတူတယ္။ ဒါေပမဲ့ ေတာ္မီတစ္ေယာက္တည္း ဘာလို႔ရာထူးတိုးရတာလဲ။ ဆရာအေနနဲ႔ ျပန္ၿပီး သုံးသပ္ေပးပါဦး" လို႔ ေျပာလိုက္ပါတယ္။ အဲဒီအခါ မန္ေနဂ်ာျဖစ္သူက "ေကာင္းၿပီေလ။ မင္းေရာ ေတာ္မီေရာ အလုပ္လုပ္တဲ့အခါ ပင္ပင္ပန္းပန္း ႀကိဳးႀကိဳးစားစားလုပ္ၾကတယ္ဆိုတာကို ငါသိပါတယ္။ ေတာ္မီနဲ႔ မင္း ဘယ္လို ကြာျခားလဲ ငါျပန္စမ္းစစ္ၾကည့္ပါ့မယ္။ ပထမဦးဆုံး ငါ့ကို အနီးနားမွာ ဖရဲသီးေရာင္းတဲ့ဆိုင္မ်ားရွိေနလားဆိုတာ ရွာၾကည့္ေပးပါ" လို႔ ေျပာလိုက္ပါတယ္။

ခဏေနေတာ့ ဂ်င္မ္ ျပန္ေရာက္လာၿပီး " အနီးနားက ေဈးတစ္ခုမွာေတာ့ ဆရာလိုခ်င္တဲ့ ဖရဲသီးေတြ ေရာင္းတယ္ ဆရာ" လို႔ ေျပာလိုက္တဲ့အခါ မန္ေနဂ်ာက " ေအး။ တစ္စိတ္ကို ဘယ္ေလာက္ေရာင္းလဲကြ " ျပန္ေမးလိုက္ျပန္တယ္။ အဲဒီအခါ ဂ်င္မ္လည္း ေဈးကို ေနာက္ထပ္တစ္ေခါက္ျပန္သြားရၿပီး ျပန္ေရာက္တဲ့အခါမွာေတာ့ "၁ကီလိုရမ္ကို ၁၂ ေဒၚလာေပးရပါတယ္" လို႔ ေျပာလိုက္ပါတယ္။ " "အိုေက …ေကာင္းၿပီ" လို႔ မန္ေနဂ်ာကေျပာၿပီး ရာထူးတိုးေပးလိုက္တဲ့ေတာ္မီကို ေခၚလိုက္ပါတယ္။ ေတာ္မီေရာက္လာေတာ့ ဂ်င္မ္ကို ေျပာခဲ့တဲ့အတိုင္း ဖရဲသီး ဘယ္မွာဝယ္လို႔ရမလဲ ရွာခိုင္းလိုက္ပါတယ္။ ေတာ္မီ ျပန္ေရာက္လာတဲ့အခါမွာေတာ့ "ဆရာ အနီးနားက ေဈးတစ္ခုမွာေတာ့ ဖရဲသီးေရာင္းေနတဲ့ ဆိုင္တစ္ဆိုင္ကို ေတြ႕ခဲ့ပါတယ္။ ၁ကီလိုဂရမ္ကို ၁၂ ေဒၚလာ၊ ၁ဝကီလိုဂရမ္ဝယ္မယ္ဆိုရင္ေတာ့ ေဒၚလာ ၁၀ဝနဲ႔ ေရာင္းခ်ေပးေနပါတယ္။ တစ္လုံးမွာ ပ်မ္းမၽွ ၁၅ ကီလိုဂရမ္ရွိၿပီး ဖရဲသီးအလုံး ၄၀ ေလာက္က်န္ေသးတယ္" လို႔ ေျပာလိုက္ပါတယ္။ ေတာ္မီရဲ႕စကားအဆုံးမွာေတာ့ ဂ်င္မ္က "ကၽြန္ေတာ့္ လိုအပ္ခ်က္ေတြကို နားလည္သေဘာေပါက္ပါၿပီဆရာ။ ကၽြန္ေတာ္သူငယ္ခ်င္းဆီကေနၿပီးေတာ့ ျပန္လည္သင္ယူဖို႔လိုအပ္တယ္ဆိုတာကိုလည္း နားလည္ပါၿပီ။ ဆရာ့ရဲ႕ ဆုံးျဖတ္ခ်က္မွန္ကန္ပါတယ္" လို႔ ေျပာလိုက္ပါတယ္။
ဒီအေၾကာင္းအရာေလးကေန ေပးခ်င္တဲ့ အဓိကသင္ခန္းစာကေတာ့ ကိုယ့္အားနည္းခ်က္၊ လိုအပ္ခ်က္ေတြကို အျခားသူကမေထာက္ျပခင္ သိရွိေအာင္လုပ္ဖို႔လိုအပ္ၿပီး ေအာင္ျမင္တဲ့လူတစ္ေယာက္ျဖစ္ခ်င္တယ္ဆိုရင္ေတာ့ ပတ္ဝန္းက်င္ေလ့လာမႈေကာင္းဖို႔လည္း လိုအပ္ပါတယ္။ သင့္ရဲ႕ လုပ္ငန္းတာဝန္နဲ႔ ပတ္သက္ၿပီးေတာ့ ေလ့လာမႈေကာင္းျခင္း၊ ဘယ္အရာကိုမဆို တိတိက်က်ခိုင္ခိုင္မာမာသိရွိျခင္းတို႔က သင့္ကို အျခားသူနဲ႔ယွဥ္ရင္ ပိုၿပီးေအာင္ျမင္ေစႏိုင္မွာ ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:yoyarlay
# Unicode Version ျဖင့္ ဖတ္ပါ #
တော်မီ နဲ့ ဂျင်မ်ဆိုတဲ့သူငယ်ချင်းနှစ်ယောက်ဟာ ကုမ္ပဏီတစ်ခုရဲ့ အရောင်းဝန်ထမ်းအဖြစ် ရာထူးအတူတူ၊ လစာအတူတူနဲ့ လုပ်ကိုင်ကြပါတယ်။ သုံးနှစ်လောက်အကြာမှာတော့ ကုမ္ပဏီရဲ့ မန်နေဂျာဖြစ်သူက နှစ်ယောက်ထဲမှာတစ်ယောက်ဖြစ်တဲ့ တော်မီကို

သာမန်အရောင်းဝန်ထမ်း အဖြစ်ကနေပြီးတော့ ရာထူးအဆင့်တစ်ခု တိုးမြှင့်ပေးလိုက်ပါတယ်။ ကျန်တစ်ယောက်ဖြစ်တဲ့ ဂျင်မ်ကိုတော့ ရာထူးမတိုးပေးခဲ့ပါဘူး။

ဂျင်မ်က အခုလို သူငယ်ချင်းဖြစ်သူ တစ်ယောက်တည်း ရာထူးတိုးသွားတဲ့အပေါ် မမျှတဘူးလို့ ခံစားမိတဲ့အတွက် မန်နေဂျာဖြစ်တဲ့သူကို အခုလိုပဲ ပြန်လည်မေးခွန်းထုတ်ခဲ့ပါတယ်။ "ကျွန်တော်တို့နှစ်ယောက်လုံး အလုပ်လုပ်တဲ့ နေရာလည်းတူတယ်။ တာဝန်ယူရတဲ့အပိုင်းလည်းတူတယ်။ ဒါပေမဲ့ တော်မီတစ်ယောက်တည်း ဘာလို့ရာထူးတိုးရတာလဲ။ ဆရာအနေနဲ့ ပြန်ပြီး သုံးသပ်ပေးပါဦး" လို့ ပြောလိုက်ပါတယ်။ အဲဒီအခါ မန်နေဂျာဖြစ်သူက "ကောင်းပြီလေ။ မင်းရော တော်မီရော အလုပ်လုပ်တဲ့အခါ ပင်ပင်ပန်းပန်း ကြိုးကြိုးစားစားလုပ်ကြတယ်ဆိုတာကို ငါသိပါတယ်။ တော်မီနဲ့ မင်း ဘယ်လို ကွာခြားလဲ ငါပြန်စမ်းစစ်ကြည့်ပါ့မယ်။ ပထမဦးဆုံး ငါ့ကို အနီးနားမှာ ဖရဲသီးရောင်းတဲ့ဆိုင်များရှိနေလားဆိုတာ ရှာကြည့်ပေးပါ" လို့ ပြောလိုက်ပါတယ်။

ခဏနေတော့ ဂျင်မ် ပြန်ရောက်လာပြီး " အနီးနားက ဈေးတစ်ခုမှာတော့ ဆရာလိုချင်တဲ့ ဖရဲသီးတွေ ရောင်းတယ် ဆရာ" လို့ ပြောလိုက်တဲ့အခါ မန်နေဂျာက " အေး။ တစ်စိတ်ကို ဘယ်လောက်ရောင်းလဲကွ " ပြန်မေးလိုက်ပြန်တယ်။ အဲဒီအခါ ဂျင်မ်လည်း ဈေးကို နောက်ထပ်တစ်ခေါက်ပြန်သွားရပြီး ပြန်ရောက်တဲ့အခါမှာတော့ "၁ကီလိုရမ်ကို ၁၂ ဒေါ်လာပေးရပါတယ်" လို့ ပြောလိုက်ပါတယ်။ " "အိုကေ …ကောင်းပြီ" လို့ မန်နေဂျာကပြောပြီး ရာထူးတိုးပေးလိုက်တဲ့တော်မီကို ခေါ်လိုက်ပါတယ်။ တော်မီရောက်လာတော့ ဂျင်မ်ကို ပြောခဲ့တဲ့အတိုင်း ဖရဲသီး ဘယ်မှာဝယ်လို့ရမလဲ ရှာခိုင်းလိုက်ပါတယ်။ တော်မီ ပြန်ရောက်လာတဲ့အခါမှာတော့ "ဆရာ အနီးနားက ဈေးတစ်ခုမှာတော့ ဖရဲသီးရောင်းနေတဲ့ ဆိုင်တစ်ဆိုင်ကို တွေ့ခဲ့ပါတယ်။ ၁ကီလိုဂရမ်ကို ၁၂ ဒေါ်လာ၊ ၁ဝကီလိုဂရမ်ဝယ်မယ်ဆိုရင်တော့ ဒေါ်လာ ၁၀ဝနဲ့ ရောင်းချပေးနေပါတယ်။ တစ်လုံးမှာ ပျမ်းမျှ ၁၅ ကီလိုဂရမ်ရှိပြီး ဖရဲသီးအလုံး ၄၀ လောက်ကျန်သေးတယ်" လို့ ပြောလိုက်ပါတယ်။ တော်မီရဲ့စကားအဆုံးမှာတော့ ဂျင်မ်က "ကျွန်တော့် လိုအပ်ချက်တွေကို နားလည်သဘောပေါက်ပါပြီဆရာ။ ကျွန်တော်သူငယ်ချင်းဆီကနေပြီးတော့ ပြန်လည်သင်ယူဖို့လိုအပ်တယ်ဆိုတာကိုလည်း နားလည်ပါပြီ။ ဆရာ့ရဲ့ ဆုံးဖြတ်ချက်မှန်ကန်ပါတယ်" လို့ ပြောလိုက်ပါတယ်။

ဒီအကြောင်းအရာလေးကနေ ပေးချင်တဲ့ အဓိကသင်ခန်းစာကတော့ ကိုယ့်အားနည်းချက်၊ လိုအပ်ချက်တွေကို အခြားသူကမထောက်ပြခင် သိရှိအောင်လုပ်ဖို့လိုအပ်ပြီး အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ ပတ်ဝန်းကျင်လေ့လာမှုကောင်းဖို့လည်း လိုအပ်ပါတယ်။ သင့်ရဲ့ လုပ်ငန်းတာဝန်နဲ့ ပတ်သက်ပြီးတော့ လေ့လာမှုကောင်းခြင်း၊ ဘယ်အရာကိုမဆို တိတိကျကျခိုင်ခိုင်မာမာသိရှိခြင်းတို့က သင့်ကို အခြားသူနဲ့ယှဉ်ရင် ပိုပြီးအောင်မြင်စေနိုင်မှာ ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:yoyarlay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top