ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

တ႐ုတ္ျပည္ အေရွ႕ေတာင္ဘက္ Fujianျပည္နယ္၊ ေဝးလံေခါင္ဖ်ားတဲ့ ေတာင္ေပၚေဒသရွိ Huaxiမူလတန္းေက်ာင္းမွာ ျဖစ္သည္။ အသက္ ၅၅ႏွစ္ရွိၿပီျဖစ္တဲ့ ဆရာXu Yuhuaအတြက္အသက္ ၈ႏွစ္အ႐ြယ္ေက်ာင္းသားFan Yihaoဟာ တစ္ဦးတည္းေသာက်ာင္းသားျဖစ္ပါတယ္။ဆရာ Xu Yuhau စာသင္လာတဲ့ သက္တမ္း တစ္ေလွ်ာက္မွာေက်ာင္းသား၊ေက်ာင္းသူအမ်ားအျပားဟာ ေတာင္ေပၚေက်ာင္းကေနေျပာင္းေ႐ြ႕သြားၾကပါတယ္။


“ပထမတုန္းကေတာ့ ဒီေက်ာင္းမွာ ေက်ာင္းသား၊ေက်ာင္းသူေပါင္းရာနဲ႔ ခ်ီၿပီးရွိပါတယ္။ဆရာ၊ဆရာမေတြ လည္း ဒါဇင္နဲ႔ခ်ီၿပီးရွိခဲ့ပါတယ္”လို႔ ဆရာ Xuကေျပာျပပါတယ္။ၿမိဳ႕ႀကီးေတြဆီကို မိဘေတြက ေျပာင္းေ႐ြ႕အလုပ္လုပ္ၾကတဲ့အတြက္ ေက်ာင္းသားေတြလည္း ၿမိဳ႕ေက်ာင္းေတြကို ေျပာင္းကုန္ၾကရပါတယ္။ ေက်ာင္းသား အမ်ားစု ေျပာင္းေ႐ြ႕သြားတဲ့ ေက်ာင္းကေတာ့ဒီေတာင္ေပၚေဒသကေနၿပီး ၁၀ကီလိုမီတာေဝးတဲ့ Masha Central Elementary Schoolပဲျဖစ္ပါတယ္။
ေတာင္ေပၚေက်ာင္း ကိုေတာ့ ဆရာတစ္ေယာက္နဲ႔ ေက်ာင္းသားတစ္ေယာက္ပဲ ရွိေတာ့တဲ့အတြက္ စာသင္ေက်ာင္းကေန စာသင္ရပ္ အျဖစ္ေျပာင္းလဲခဲ့ပါေတာ့တယ္။ ေက်ာင္းသား Fan Yihaoဟာ ကံမေကာင္းတဲ့ကေလးတစ္ေယာက္ပါပဲ။ တျခားသူငယ္ခ်င္းေတြကပိုေကာင္းတဲ့ ပညာေရးကို သင္ၾကားေနၾကရခ်ိန္မွာသူဟာေတာ့ သူငယ္ခ်င္းမရွိတဲ့ေက်ာင္းမွာ စာသင္ေနရပါတယ္။ သူ႔အေဖနဲ႔အေမ ကြာရွင္းထားၾကတာပါ။သူဟာ အဖြားအိုႀကီးနဲ႔ က်န္းမာေရးမေကာင္းရွာတဲ့ အေဖနဲ႔အတူေနရတာပါ။ ဒါေၾကာင့္ပဲ သူဟာ ဆရာ Xuရဲ႕ တစ္ဦးတည္းေသာေက်ာင္းသားျဖစ္လာခဲ့ပါတယ္။
Fanအတြက္ စာသင္ၾကားျခင္းနဲ႔ပတ္သတ္ၿပီးလိုအပ္တာေတြကိုေတာ့ ဆရာXuက အားလုံးျပင္ဆင္ေပးပါတယ္။ ပုံမွန္ေက်ာင္းေတြမွာ သင္သလိုပဲ ဆရာ Xuက Fanကို ဘာသာရပ္အားလုံး သင္ၾကားေပးပါတယ္။ “စာသင္ရပ္ကိုေတာ့ ေက်ာင္းသားရွိသေ႐ြ႕ ဖြင့္ထားဦးမွာပါ။ေက်ာင္းသားတစ္ေယာက္မွမရွိေတာ့မွပိတ္မွာပါ “လို႔ Masha Central Elementary Schoolရဲ႕ေက်ာင္းအုပ္ႀကီး Peng Baoping ကေျပာပါတယ္။ “ၿမိဳ႕ေက်ာင္းေတြဆီမေျပာင္းႏိုင္တဲ့ ေက်ာင္းသားေတြအမ်ားအျပားရွိပါတယ္။ ဒီလိုစာသင္ရပ္ေတြကသူတို႔ ပညာသင္ယူႏိုင္ဖို႔ အတြက္ မရွိမျဖစ္ပါပဲ။မသင္မေနရ ပညာေရးကို တတ္ေျမာက္ဖို႔အတြက္စာသင္ရပ္ေတြက လိုအပ္ေနဦးမွာပါပဲ”လို႔လည္းဆရာႀကီး Pengကေျပာ သြားခဲ့ပါတယ္။ ဒီႏွစ္ စက္တင္ဘာလမွာ ေတာ့ FanကMasha Central Elementary Schoolကိုေျပာင္း ေတာ့မွာပါ။”ကြၽန္ေတာ္ကေတာ့ ဒီမွာ ေက်ာင္းသားမရွိေတာ့တဲ့အခါတျခားေနရာ တစ္ခုကို ေျပာင္းၿပီး စာသင္တဲ့အလုပ္ကိုပဲဆက္လုပ္သြား မွာပါ”ဆရာ Xuကေျပာခဲ့ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:We Love Cele
# Unicode Version ျဖင့္ ဖတ္ပါ #
တရုတ်ပြည် အရှေ့တောင်ဘက် Fujianပြည်နယ်၊ ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ဒေသရှိ Huaxiမူလတန်းကျောင်းမှာ ဖြစ်သည်။ အသက် ၅၅နှစ်ရှိပြီဖြစ်တဲ့ ဆရာXu Yuhuaအတွက်အသက် ၈နှစ်အရွယ်ကျောင်းသားFan Yihaoဟာ တစ်ဦးတည်းသောကျာင်းသားဖြစ်ပါတယ်။ဆရာ Xu Yuhau စာသင်လာတဲ့ သက်တမ်း တစ်လျှောက်မှာကျောင်းသား၊ကျောင်းသူအများအပြားဟာ တောင်ပေါ်ကျောင်းကနေပြောင်းရွေ့သွားကြပါတယ်။

“ပထမတုန်းကတော့ ဒီကျောင်းမှာ ကျောင်းသား၊ကျောင်းသူပေါင်းရာနဲ့ ချီပြီးရှိပါတယ်။ဆရာ၊ဆရာမတွေ လည်း ဒါဇင်နဲ့ချီပြီးရှိခဲ့ပါတယ်”လို့ ဆရာ Xuကပြောပြပါတယ်။မြို့ကြီးတွေဆီကို မိဘတွေက ပြောင်းရွေ့အလုပ်လုပ်ကြတဲ့အတွက် ကျောင်းသားတွေလည်း မြို့ကျောင်းတွေကို ပြောင်းကုန်ကြရပါတယ်။ ကျောင်းသား အများစု ပြောင်းရွေ့သွားတဲ့ ကျောင်းကတော့ဒီတောင်ပေါ်ဒေသကနေပြီး ၁၀ကီလိုမီတာဝေးတဲ့ Masha Central Elementary Schoolပဲဖြစ်ပါတယ်။
တောင်ပေါ်ကျောင်း ကိုတော့ ဆရာတစ်ယောက်နဲ့ ကျောင်းသားတစ်ယောက်ပဲ ရှိတော့တဲ့အတွက် စာသင်ကျောင်းကနေ စာသင်ရပ် အဖြစ်ပြောင်းလဲခဲ့ပါတော့တယ်။ ကျောင်းသား Fan Yihaoဟာ ကံမကောင်းတဲ့ကလေးတစ်ယောက်ပါပဲ။ တခြားသူငယ်ချင်းတွေကပိုကောင်းတဲ့ ပညာရေးကို သင်ကြားနေကြရချိန်မှာသူဟာတော့ သူငယ်ချင်းမရှိတဲ့ကျောင်းမှာ စာသင်နေရပါတယ်။ သူ့အဖေနဲ့အမေ ကွာရှင်းထားကြတာပါ။သူဟာ အဖွားအိုကြီးနဲ့ ကျန်းမာရေးမကောင်းရှာတဲ့ အဖေနဲ့အတူနေရတာပါ။ ဒါကြောင့်ပဲ သူဟာ ဆရာ Xuရဲ့ တစ်ဦးတည်းသောကျောင်းသားဖြစ်လာခဲ့ပါတယ်။
Fanအတွက် စာသင်ကြားခြင်းနဲ့ပတ်သတ်ပြီးလိုအပ်တာတွေကိုတော့ ဆရာXuက အားလုံးပြင်ဆင်ပေးပါတယ်။ ပုံမှန်ကျောင်းတွေမှာ သင်သလိုပဲ ဆရာ Xuက Fanကို ဘာသာရပ်အားလုံး သင်ကြားပေးပါတယ်။ “စာသင်ရပ်ကိုတော့ ကျောင်းသားရှိသရွေ့ ဖွင့်ထားဦးမှာပါ။ကျောင်းသားတစ်ယောက်မှမရှိတော့မှပိတ်မှာပါ “လို့ Masha Central Elementary Schoolရဲ့ကျောင်းအုပ်ကြီး Peng Baoping ကပြောပါတယ်။ “မြို့ကျောင်းတွေဆီမပြောင်းနိုင်တဲ့ ကျောင်းသားတွေအများအပြားရှိပါတယ်။ ဒီလိုစာသင်ရပ်တွေကသူတို့ ပညာသင်ယူနိုင်ဖို့ အတွက် မရှိမဖြစ်ပါပဲ။မသင်မနေရ ပညာရေးကို တတ်မြောက်ဖို့အတွက်စာသင်ရပ်တွေက လိုအပ်နေဦးမှာပါပဲ”လို့လည်းဆရာကြီး Pengကပြော သွားခဲ့ပါတယ်။ ဒီနှစ် စက်တင်ဘာလမှာ တော့ FanကMasha Central Elementary Schoolကိုပြောင်း တော့မှာပါ။”ကျွန်တော်ကတော့ ဒီမှာ ကျောင်းသားမရှိတော့တဲ့အခါတခြားနေရာ တစ်ခုကို ပြောင်းပြီး စာသင်တဲ့အလုပ်ကိုပဲဆက်လုပ်သွား မှာပါ”ဆရာ Xuကပြောခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:We Love Cele

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top