×




Credit:.7daydaily
# Unicode Version ဖြင့် ဖတ်ပါ #
အမေရိကန်အ ဆိုတော် ကယ်လီကလက်ခ်ဆင် သည် ၎င်း၏ Meaning of Life အယ်လ်ဘမ်ပရိုမိုးရှင်းအတွက် ၂၀၁၉ တွင်စတင်၍မြောက်အမေ ရိက ဂီတခရီးစဉ်ဖျော်ဖြေမည်ဟု ကြေညာခဲ့သည်။

အသက် (၃၆) နှစ်အရွယ် ကယ်လီကလက်ခ်ဆင်သည် ရှစ် ခုမြောက် အယ်လ်ဘမ် Meaning of Life ကို ၂၀၁၇ တွင် ဖြန့်ချိခဲ့ပြီး ထိုအယ်လ်ဘမ်သည် အမေရိကန် ၏ အရောင်းရဆုံးတေးအယ်လ် ဘမ်စာရင်းတွင် နံပါတ်(၃)အထိ ရပ်တည်နိုင်ခဲ့သည်။

ကယ်လီကလက်ခ်ဆင် သည်အဆိုပါမြောက်အမေရိက ဂီတခရီးစဉ်ကို ၂၀၁၉ ဇန်နဝါရီ ၂၄ ရက်မှ မတ်လ ၃၀ ရက်အထိ ဖျော်ဖြေမည်ဖြစ်ပြီး ခရီးစဉ် တစ်လျှောက် ဖျော်ဖြေမည့်မြို့ များအနက် လော့စ်အန်ဂျလိစ်၊ ချီ ကာဂို၊ ဒါးလက်စ်နှင့် ဘော်စတွန် တို့ပါဝင်သည်။

အမေရိကန်အိုင်ဒေါသီချင်း ပြိုင်ပွဲ ပထမဆုံး Season ၏ အနိုင်ရရှိသူအဖြစ် လူသိများ သော ကယ်လီကလက်ခ်ဆင်  သည် ဂီတသက်တမ်းတစ် လျှောက် ထူးချွန်ဆုများစွာချီးမြင့် ခံရပြီးလက်ရှိတွင် The Voice  သီချင်းဆိုပြိုင်ပွဲ၌ အကဲဖြတ် ဒိုင်အဖြစ်ပါဝင်နေသည်
ဖိုးသူတော် (www.phothutaw.com)
Credit:.7daydaily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top