ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

 သူ႕ရဲ႕ အခ်စ္ေရးက အားက်စရာေနာ္။
သာယာေပ်ာ္ရႊင္တဲ့ အခ်စ္ေရးကို ပိုင္ဆိုင္ထားတဲ့ သရုပ္ေဆာင္ ထြန္းထြန္းဟာ အလုပ္ေတြ မအားတဲ့ ၾကားထဲက ခ်စ္သူေလးကို အခ်ိန္ေပး တတ္ သူလည္း ျဖစ္ပါတယ္။ ခ်စ္သူေလးကို  အၿမဲတမ္း အရိပ္တၾကည့္ၾကည့္ရွိေနတတ္သူဆိုရင္လည္း မမွားပါဘူး။

Photo : su sundi oo FB
သာယာေပ်ာ္ရႊင္တဲ့ အခ်စ္ေရးကို ပိုင္ဆိုင္ထားတဲ့ သရုပ္ေဆာင္ ထြန္းထြန္းဟာ အလုပ္ေတြ မအားတဲ့ ၾကားထဲက ခ်စ္သူေလးကို အခ်ိန္ေပး တတ္ သူလည္း ျဖစ္ပါတယ္။ ခ်စ္သူေလးကို အၿမဲတမ္း အရိပ္တၾကည့္ၾကည့္ရွိေနတတ္သူလည္း ျဖစ္ပါတယ္။ သူတို႕ႏွစ္ေယာက္ရဲ႕ ႏွစ္ပတ္ လည္ တိုင္းမွာ ခ်စ္သူေကာင္မေလးအတြက္ ရိုမန္႕တစ္ ဆန္ဆန္ ျပဳလုပ္ေပးတတ္တာလည္း ေတြ႕ရပါတယ္။

ထြန္းထြန္းက ဒီေန႕(စက္တင္ဘာ ၁၉ရက္)မွာ ခ်စ္သူေလးနဲ႕အတူ ငါးစာေကၽြး ကုသိုလ္ယူေနတာ ေတြ႕ရပါတယ္။ သူ႕ရဲ႕ အားလပ္ခ်ိန္တိုင္းကို ခ်စ္သူအတြက္ အခ်ိန္ေပးျဖစ္ေနတာ ေတြ႕ရပါတယ္။ ထြန္းထြန္းတို႕ စံုတြဲေလးရဲ႕ ခ်စ္သူသက္တမ္းဟာ အခုဆိုရင္(၁)နွစ္နဲ႕ (၂)လျပည့္ သြားပါၿပီ။


Photo : su sundi oo FB
အကယ္ဒမီ ဆုရရွိၿပီး ေနာက္ပိုင္း ရုပ္ရွင္ဇာတ္ကားေတြ ဆက္တိုက္ဆိုသလုိ ရိုက္ကူးရလာတဲ့ ထြန္းထြန္းဟာ လက္ရွိမွာ ခ်စ္သူေခ်ာေခ်ာေလး တစ္ေယာက္ကို လည္း ပိုင္ဆိုင္ထားသူပါ။ ထြန္းထြန္းဟာ အခုေနာက္ပိုင္းမွာ ေကာင္မေလးနဲ႕အတူ တြဲရိုက္တဲ့ ဓာတ္ပံုေလးေတြကိုလည္း ပြင့္ပြင့္လင္းလင္း ျပသလာတယ္လို႕ ဆိုရမွာ ပါပဲ။

အခ်စ္ေရးနဲ႕ ပတ္သက္ၿပီး ပရိသတ္ေတြကို ေဖ့စ္ဘြတ္၊ အင္စတာဂရမ္တို႕ကေန အၿမဲတမ္း ေျပာျပေလ့ရွိတဲ့ ထြန္းထြန္းဟာ အသက္ အရြယ္ အလိုက္ ေျပာင္းလဲလာတဲ့ အခ်စ္ေရး ခံစားခ်က္ကိုလည္း ယခုလို ေျပာျပခဲ့ဖူးပါတယ္။


Photo : su sundi oo FB
"ကၽြန္ေတာ့္အခ်စ္ေရးက အမ်ားႀကီး ေျပာျပေနစရာမလိုေတာ့ပါဘူး။ ကၽြန္ေတာ့္ရဲ႕ ေဖ့စ္ဘြတ္နဲ႕ အင္စတာဂရမ္ကိုသာ Follower လုပ္ထားပါ။ အဲ့ဒီမွာ အားလံုးကို ပြင့္ပြင့္လင္းလင္းသိရပါမယ္။အခ်စ္နဲ႕ ပတ္သက္ၿပီး ခံစားခ်က္တို႕ စိတ္အေနအထားတို႕ဆိုတာ အသက္အရြယ္ အလုိက္ ေတာ့ လူတိုင္းေျပာင္းလဲတာပဲဆိုေတာ့ ကၽြန္ေတာ္လည္း လူထဲက လူျဖစ္တဲ့အတြက္ေတာ့ ပိုၿပီးေတာ့ တည္ၿငိမ္ရင့္ က်က္ခ်င္လာ တယ္။ ပိုၿပီးေတာ့ တည္ၿငိမ္ခ်င္တယ္။ အလုပ္ဆိုလည္း အရင္တုန္းကလို မ်ိဳးကေလးလို မလုပ္ေတာ့ဘူး။ " လို႕ ထြန္းထြန္းက Duwun Media ကို ေျဖဆိုခဲ့ဖူးပါတယ္။
 

Photo : su sundi oo FB
ခ်စ္သူေကာင္မေလးနဲ႕ ခ်စ္သူစျဖစ္ တဲ့ ေန႕ကစၿပီး တစ္ရက္မွ အဆက္အသြယ္ မျပတ္္ခဲ့ဘူးလို႕ ထြန္းထြန္းက သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ေျပာခဲ့ဖူး ပါတယ္။ ထြန္းထြန္းကေတာ့ အခ်စ္ေရးနဲ႕ ပတ္သက္ၿပီး ေအးေအးေဆးေဆး ျဖစ္ေနခဲ့တာ ၾကာပါၿပီ။ အခုေတာ့ သူ႕ရဲ႕ အခ်စ္ေရးနဲ႕ ပတ္သက္ၿပီး ပရိသတ္ေတြ စိတ္ဝင္စားလို႕ ေနပါတယ္။

ဂီတေလာကမွာ Examplez ဆုိတဲ့ နာမည္နဲ႕ မိန္းကေလး ပရိသတ္ေတြရဲ႕ သည္းသည္းလႈပ္ အားေပးျခင္းကို ခံခဲ့ရပါတယ္။ ေနာက္ပိုင္းမွာ ေတာ့ ထြန္းထြန္းဟာ သရုပ္ေဆာင္ပိုင္းသို႕ ဝင္ေရာက္လာ ခဲ့ပါတယ္။
 

Photo : su sundi oo FB
သရုပ္ေဆာင္ဘက္မွာလည္း က်ရာဇာတ္ ရုပ္ကို ပီျပင္စြာ သရုပ္ေဆာင္ႏုိင္ခဲ့သူ တစ္ဦးျဖစ္ၿပီး ဗီဒီယိုဇာတ္ကားေပါင္းမ်ားစြာ ထြက္ရွိခဲ့ပါတယ္။ ဇာတ္ကားရိုက္ကူးမႈေတြနဲ႕ ပတ္သက္ၿပီး ၂၀၁၆ခုႏွစ္ထဲမွာ ဆက္တိုက္ရိုက္ကူးလာရသလို သရုပ္ေဆာင္ဘက္မွာလည္း ပရိသတ္အားေပးသူ တစ္ဦးျဖစ္လာခဲ့ပါတယ္။

၂၀၁၆ခုႏွစ္အကယ္ဒမီ စာရင္းဝင္ ရုပ္ရွင္ဇာတ္ကားျဖစ္တဲ့ ခိုးဆိုးလုႏႈိက္ ရုပ္ရွင္ဇာတ္ကား၊ အုတ္ၾကားျမတ္ေပါက္ ရုပ္ရွင္ဇာတ္ကားတို႕မွာ ပါဝင္ခဲ့သူ တစ္ဦးျဖစ္ၿပီး အုတ္ၾကားျမက္ေပါက္ ဇာတ္ကားနဲ႕ အကယ္ဒမီရရွိသြားခဲ့တာလည္း ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 သူ့ရဲ့ အချစ်ရေးက အားကျစရာနော်။
သာယာပျော်ရွှင်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ထွန်းထွန်းဟာ အလုပ်တွေ မအားတဲ့ ကြားထဲက ချစ်သူလေးကို အချိန်ပေး တတ် သူလည်း ဖြစ်ပါတယ်။ ချစ်သူလေးကို  အမြဲတမ်း အရိပ်တကြည့်ကြည့်ရှိနေတတ်သူဆိုရင်လည်း မမှားပါဘူး။

Photo : su sundi oo FB
သာယာပျော်ရွှင်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ထွန်းထွန်းဟာ အလုပ်တွေ မအားတဲ့ ကြားထဲက ချစ်သူလေးကို အချိန်ပေး တတ် သူလည်း ဖြစ်ပါတယ်။ ချစ်သူလေးကို အမြဲတမ်း အရိပ်တကြည့်ကြည့်ရှိနေတတ်သူလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ နှစ်ပတ် လည် တိုင်းမှာ ချစ်သူကောင်မလေးအတွက် ရိုမန့်တစ် ဆန်ဆန် ပြုလုပ်ပေးတတ်တာလည်း တွေ့ရပါတယ်။

ထွန်းထွန်းက ဒီနေ့(စက်တင်ဘာ ၁၉ရက်)မှာ ချစ်သူလေးနဲ့အတူ ငါးစာကျွေး ကုသိုလ်ယူနေတာ တွေ့ရပါတယ်။ သူ့ရဲ့ အားလပ်ချိန်တိုင်းကို ချစ်သူအတွက် အချိန်ပေးဖြစ်နေတာ တွေ့ရပါတယ်။ ထွန်းထွန်းတို့ စုံတွဲလေးရဲ့ ချစ်သူသက်တမ်းဟာ အခုဆိုရင်(၁)နှစ်နဲ့ (၂)လပြည့် သွားပါပြီ။

Photo : su sundi oo FB
အကယ်ဒမီ ဆုရရှိပြီး နောက်ပိုင်း ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးရလာတဲ့ ထွန်းထွန်းဟာ လက်ရှိမှာ ချစ်သူချောချောလေး တစ်ယောက်ကို လည်း ပိုင်ဆိုင်ထားသူပါ။ ထွန်းထွန်းဟာ အခုနောက်ပိုင်းမှာ ကောင်မလေးနဲ့အတူ တွဲရိုက်တဲ့ ဓာတ်ပုံလေးတွေကိုလည်း ပွင့်ပွင့်လင်းလင်း ပြသလာတယ်လို့ ဆိုရမှာ ပါပဲ။

အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ဖေ့စ်ဘွတ်၊ အင်စတာဂရမ်တို့ကနေ အမြဲတမ်း ပြောပြလေ့ရှိတဲ့ ထွန်းထွန်းဟာ အသက် အရွယ် အလိုက် ပြောင်းလဲလာတဲ့ အချစ်ရေး ခံစားချက်ကိုလည်း ယခုလို ပြောပြခဲ့ဖူးပါတယ်။

Photo : su sundi oo FB
"ကျွန်တော့်အချစ်ရေးက အများကြီး ပြောပြနေစရာမလိုတော့ပါဘူး။ ကျွန်တော့်ရဲ့ ဖေ့စ်ဘွတ်နဲ့ အင်စတာဂရမ်ကိုသာ Follower လုပ်ထားပါ။ အဲ့ဒီမှာ အားလုံးကို ပွင့်ပွင့်လင်းလင်းသိရပါမယ်။အချစ်နဲ့ ပတ်သက်ပြီး ခံစားချက်တို့ စိတ်အနေအထားတို့ဆိုတာ အသက်အရွယ် အလိုက် တော့ လူတိုင်းပြောင်းလဲတာပဲဆိုတော့ ကျွန်တော်လည်း လူထဲက လူဖြစ်တဲ့အတွက်တော့ ပိုပြီးတော့ တည်ငြိမ်ရင့် ကျက်ချင်လာ တယ်။ ပိုပြီးတော့ တည်ငြိမ်ချင်တယ်။ အလုပ်ဆိုလည်း အရင်တုန်းကလို မျိုးကလေးလို မလုပ်တော့ဘူး။ " လို့ ထွန်းထွန်းက Duwun Media ကို ဖြေဆိုခဲ့ဖူးပါတယ်။

Photo : su sundi oo FB
ချစ်သူကောင်မလေးနဲ့ ချစ်သူစဖြစ် တဲ့ နေ့ကစပြီး တစ်ရက်မှ အဆက်အသွယ် မပြတ်ခဲ့ဘူးလို့ ထွန်းထွန်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောခဲ့ဖူး ပါတယ်။ ထွန်းထွန်းကတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး အေးအေးဆေးဆေး ဖြစ်နေခဲ့တာ ကြာပါပြီ။ အခုတော့ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေ စိတ်ဝင်စားလို့ နေပါတယ်။

ဂီတလောကမှာ Examplez ဆိုတဲ့ နာမည်နဲ့ မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ တော့ ထွန်းထွန်းဟာ သရုပ်ဆောင်ပိုင်းသို့ ဝင်ရောက်လာ ခဲ့ပါတယ်။

Photo : su sundi oo FB
သရုပ်ဆောင်ဘက်မှာလည်း ကျရာဇာတ် ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး ဗီဒီယိုဇာတ်ကားပေါင်းများစွာ ထွက်ရှိခဲ့ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေနဲ့ ပတ်သက်ပြီး ၂၀၁၆ခုနှစ်ထဲမှာ ဆက်တိုက်ရိုက်ကူးလာရသလို သရုပ်ဆောင်ဘက်မှာလည်း ပရိသတ်အားပေးသူ တစ်ဦးဖြစ်လာခဲ့ပါတယ်။

၂၀၁၆ခုနှစ်အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ခိုးဆိုးလုနှိုက် ရုပ်ရှင်ဇာတ်ကား၊ အုတ်ကြားမြတ်ပေါက် ရုပ်ရှင်ဇာတ်ကားတို့မှာ ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး အုတ်ကြားမြက်ပေါက် ဇာတ်ကားနဲ့ အကယ်ဒမီရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top