မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

 Gym မေဆာ့တာေတာင္ၾကာၿပီ။

အလုပ္ေတြ အရမ္းမ်ားေနတဲ့ ႏုိင္းႏုိင္း တစ္ေယာက္ အားကစားပုံမွန္မလုပ္ျဖစ္တာ ၾကာၿပီလုိ႔ ဆုိပါတယ္။ အခုလက္ရွိမွာလည္း ဒုဌဝတီကုိ လြန္၍ ရုပ္ရွင္ဇာတ္ကားကို စင္ကာပူက ပရိသတ္ေတြအတြက္ သြားေရာက္ျပသေနတယ္လုိ႔ သိရပါတယ္။

သရုပ္ေဆာင္ ႏုိင္းႏုိင္းက လက္ရွိမွာ ဒုဌဝတီကုိလြန္၍ ရုပ္ရွင္ဇာတ္ကားႀကီးရုံတင္ျပသမွာ ျဖစ္တဲ့အတြက္ စင္ကာပူႏုိင္ငံက ျမန္မာပရိသတ္ ေတြနဲ႔ ေတြ႔ဆုံဖုိ႔  စင္ကာပူႏုိင္ငံကုိေရာက္ရွိေနတာျဖစ္ပါတယ္။ အႏုပညာ အလုပ္ ေတြ ဆက္တုိက္ေဆာင္ရြက္ေနရတာေၾကာင့္ ေလ့က်င့္ခန္းေတြလည္း ပုံမွန္မလုပ္ျဖစ္ဘူး ဆုိၿပီးေတာ့လည္း Duwun Media ကုိ ေျပာျပခဲ့ပါတယ္။

'' ကၽြန္ေတာ္ Gym မေဆာ့ျဖစ္တာ ေတာ္ေတာ္ၾကာၿပီ။ လက္ရွိရုိက္ေနတဲ့ ဇာတ္ကားက Pre Production လုပ္ေနတဲ့ အခ်ိန္က စၿပီးေတာ့ မကစားျဖစ္ေတာ့ဘူး။ ၃ လ၊ ၄ လ ေလာက္ရွိၿပီ။ အစားအေသာက္နဲ႔ ထိန္းတာေပါ့၊ ဒါေပမယ့္ ကုိယ့္ကုိ ခႏၶာကုိယ္ ဝေစမယ့္ အစားအေသာက္ မ်ဳိးေတြေတာ့ ေရွာင္ျဖစ္တယ္'' လုိ႔ ဆုိပါတယ္။



ႏုိင္းႏုိင္းဟာ သူ႔ရဲ႕ ဒီလုိခႏၶာကုိယ္အခ်ဳိးအစားရဖုိ႔က ဝိတ္တုန္းမတဲ့ အေလးခ်ိန္နဲ႔ေတာ့ မသက္ဆုိင္ဘူးလုိ႔ ဆုိပါတယ္။ တကယ္လုိ႔ ဇာတ္ကားရုိက္ကူးတဲ့အခါမွာ လုိအပ္လာၿပီဆုိရင္ေတာ့ ဒါရုိက္တာလုိခ်င္တဲ့ ခႏၶာကုိယ္မ်ဳိးရေအာင္ ႀကိဳးစားတယ္လုိ႔ ဆက္လက္ေျပာျပလာပါတယ္။

'' ေလ့က်င့္ခန္းကေတာ့ အခုထိ ဝိတ္တုံးကုိ မျမင္ရတာ ေတာ္ေတာ္ၾကာၿပီ။ လုံးဝ မ မေတာ့ဘူး၊ ဝိတ္တုန္းမတဲ့ အေလးခ်ိန္နဲ႔ေတာ့ မဆုိင္ပါ ဘူး။ ပုံမွန္ေဆာ့ေနၾက ဝိတ္တုန္းေလာက္ပဲ မ ျဖစ္တာ မ်ားပါတယ္။ တကယ္လုိ႔ ကာရုိက္တာအတြက္ ၾကြက္သားေတြ ႀကီးဖုိ႔ လုိအပ္တယ္ ဆိုရင္ေတာ့ ပိုေဆာ့ရမွာေပါ့'' လို႔ သေဘာက်ရယ္ေမာရင္းေျပာျပခဲ့တာပါ


 လူမႈကြန္ယက္ စာမ်က္ႏွာေတြမွာဆို Gym ေဆာ့တဲ့ သူတုိင္းက ေျခာက္သြားတတ္ၾကတယ္ဆုိတာကုိ ေဝဖန္ေျပာဆုိေနၾကတဲ့အေပၚ ႏုိင္းႏုိင္း က အခုလုိေျပာျပလာပါတယ္။ တကယ္ကုိ ခ်စ္စရာေကာင္းေအာင္ ေျပာတတ္သူပါ။

'' ေျခာက္သြားတယ္ဆုိတာကလည္း မုိးတြင္းမဟုတ္လုိ႔ ျဖစ္မွာေပါ့။ မုိးတြင္းဆုိရင္ေတာ့ မေျခာက္ေတာ့ဘူးေပါ့ေနာ္ အျမဲတမ္း စုိေနလုိ႔ ျဖစ္မွာ ေပါ့။ မုိးေရ ထြက္ခ်ဳိးရင္ေတာ့ ျပန္စုိသြားမွာပါ'' ဆုိၿပီးေတာ့ စက္တင္ဘာလ ၈ ရက္ေန႔ေန႔လည္ပုိင္းက Black Canyon မွာ လုပ္ခဲ့တဲ့  ဒုဌဝတီကုိ လြန္ ၍ မိတ္ဆက္ပြဲမွာ သီးသန္႔ေျဖဆုိခဲ့တာျဖစ္ပါတယ္။



 ႏုိင္းႏုိင္း(Nine Nine) ဟာ ၁၉၉၆ခုႏွစ္ကတည္းက တင္ေဇာ္လတ္နာမည္နဲ႕ ေမာ္ဒယ္ေလာကသို႕ ဝင္ေရာက္ခဲ့ကာ ၁၉၉၇ခုႏွစ္မွာ စႏုိးဝိႈက္ ရုပ္ရွင္ ထုတ္လုပ္ေရးကေန ႏုိင္းႏုိင္းဆိုတဲ့ နာမည္နဲ႕အတူ သူ႕ရဲ႕ အႏုပညာအလုပ္ေတြကို အေကာင္အထည္ ေဖာ္ခြင့္ရခဲ့ပါတယ္။ ၂၀၀၈ခုႏွစ္ ကတည္းက လက္တြဲခဲ့တဲ့ ႏုိင္းႏုိင္းနဲ႕ စႏၵီခ်ိဳတို႕ဟာ ယခုဆိုရင္ သားသမီးေလးဦး ထြန္းကားလို႕ ေနၿပီ ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 Gym မဆော့တာတောင်ကြာပြီ။

အလုပ်တွေ အရမ်းများနေတဲ့ နိုင်းနိုင်း တစ်ယောက် အားကစားပုံမှန်မလုပ်ဖြစ်တာ ကြာပြီလို့ ဆိုပါတယ်။ အခုလက်ရှိမှာလည်း ဒုဌဝတီကို လွန်၍ ရုပ်ရှင်ဇာတ်ကားကို စင်ကာပူက ပရိသတ်တွေအတွက် သွားရောက်ပြသနေတယ်လို့ သိရပါတယ်။

သရုပ်ဆောင် နိုင်းနိုင်းက လက်ရှိမှာ ဒုဌဝတီကိုလွန်၍ ရုပ်ရှင်ဇာတ်ကားကြီးရုံတင်ပြသမှာ ဖြစ်တဲ့အတွက် စင်ကာပူနိုင်ငံက မြန်မာပရိသတ် တွေနဲ့ တွေ့ဆုံဖို့  စင်ကာပူနိုင်ငံကိုရောက်ရှိနေတာဖြစ်ပါတယ်။ အနုပညာ အလုပ် တွေ ဆက်တိုက်ဆောင်ရွက်နေရတာကြောင့် လေ့ကျင့်ခန်းတွေလည်း ပုံမှန်မလုပ်ဖြစ်ဘူး ဆိုပြီးတော့လည်း Duwun Media ကို ပြောပြခဲ့ပါတယ်။

'' ကျွန်တော် Gym မဆော့ဖြစ်တာ တော်တော်ကြာပြီ။ လက်ရှိရိုက်နေတဲ့ ဇာတ်ကားက Pre Production လုပ်နေတဲ့ အချိန်က စပြီးတော့ မကစားဖြစ်တော့ဘူး။ ၃ လ၊ ၄ လ လောက်ရှိပြီ။ အစားအသောက်နဲ့ ထိန်းတာပေါ့၊ ဒါပေမယ့် ကိုယ့်ကို ခန္ဓာကိုယ် ဝစေမယ့် အစားအသောက် မျိုးတွေတော့ ရှောင်ဖြစ်တယ်'' လို့ ဆိုပါတယ်။


နိုင်းနိုင်းဟာ သူ့ရဲ့ ဒီလိုခန္ဓာကိုယ်အချိုးအစားရဖို့က ဝိတ်တုန်းမတဲ့ အလေးချိန်နဲ့တော့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။ တကယ်လို့ ဇာတ်ကားရိုက်ကူးတဲ့အခါမှာ လိုအပ်လာပြီဆိုရင်တော့ ဒါရိုက်တာလိုချင်တဲ့ ခန္ဓာကိုယ်မျိုးရအောင် ကြိုးစားတယ်လို့ ဆက်လက်ပြောပြလာပါတယ်။

'' လေ့ကျင့်ခန်းကတော့ အခုထိ ဝိတ်တုံးကို မမြင်ရတာ တော်တော်ကြာပြီ။ လုံးဝ မ မတော့ဘူး၊ ဝိတ်တုန်းမတဲ့ အလေးချိန်နဲ့တော့ မဆိုင်ပါ ဘူး။ ပုံမှန်ဆော့နေကြ ဝိတ်တုန်းလောက်ပဲ မ ဖြစ်တာ များပါတယ်။ တကယ်လို့ ကာရိုက်တာအတွက် ကြွက်သားတွေ ကြီးဖို့ လိုအပ်တယ် ဆိုရင်တော့ ပိုဆော့ရမှာပေါ့'' လို့ သဘောကျရယ်မောရင်းပြောပြခဲ့တာပါ

 လူမှုကွန်ယက် စာမျက်နှာတွေမှာဆို Gym ဆော့တဲ့ သူတိုင်းက ခြောက်သွားတတ်ကြတယ်ဆိုတာကို ဝေဖန်ပြောဆိုနေကြတဲ့အပေါ် နိုင်းနိုင်း က အခုလိုပြောပြလာပါတယ်။ တကယ်ကို ချစ်စရာကောင်းအောင် ပြောတတ်သူပါ။

'' ခြောက်သွားတယ်ဆိုတာကလည်း မိုးတွင်းမဟုတ်လို့ ဖြစ်မှာပေါ့။ မိုးတွင်းဆိုရင်တော့ မခြောက်တော့ဘူးပေါ့နော် အမြဲတမ်း စိုနေလို့ ဖြစ်မှာ ပေါ့။ မိုးရေ ထွက်ချိုးရင်တော့ ပြန်စိုသွားမှာပါ'' ဆိုပြီးတော့ စက်တင်ဘာလ ၈ ရက်နေ့နေ့လည်ပိုင်းက Black Canyon မှာ လုပ်ခဲ့တဲ့  ဒုဌဝတီကို လွန် ၍ မိတ်ဆက်ပွဲမှာ သီးသန့်ဖြေဆိုခဲ့တာဖြစ်ပါတယ်။


 နိုင်းနိုင်း(Nine Nine) ဟာ ၁၉၉၆ခုနှစ်ကတည်းက တင်ဇော်လတ်နာမည်နဲ့ မော်ဒယ်လောကသို့ ဝင်ရောက်ခဲ့ကာ ၁၉၉၇ခုနှစ်မှာ စနိုးဝှိုက် ရုပ်ရှင် ထုတ်လုပ်ရေးကနေ နိုင်းနိုင်းဆိုတဲ့ နာမည်နဲ့အတူ သူ့ရဲ့ အနုပညာအလုပ်တွေကို အကောင်အထည် ဖော်ခွင့်ရခဲ့ပါတယ်။ ၂၀၀၈ခုနှစ် ကတည်းက လက်တွဲခဲ့တဲ့ နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ဟာ ယခုဆိုရင် သားသမီးလေးဦး ထွန်းကားလို့ နေပြီ ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top