ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အိႏၵိယႏုိင္ငံမွာ ယေန႔တုိင္ အ႐ုိးစြဲေနတဲ့ ဇာတ္နိမ့္ဇာတ္ျမင့္ ခြဲျခားမႈဟာ အရွိန္အဟုန္ေကာင္းဆဲျဖစ္ပါတယ္။ ဒီလုိခြဲျခားတုိက္ခုိက္မႈေတြကို (၁၉၉၀)ခုႏွစ္ေနာက္ပုိင္းမွာ ပညာတတ္အသုိင္းအဝုိင္း လူငယ္ငယ္လႈပ္ရွားသူေတြက ဦးေဆာင္တုိက္ခုိက္ခဲ့ေပမယ့့္ လြန္ခဲ့ေသာ ႏွစ္ေပါင္းေထာင္ခ်ီကတည္းက အ႐ုိးစြဲလာတဲ့ အစဥ္အလာျဖစ္လုိ႔ အျမစ္မျပတ္ႏုိင္ေသးပါဘူး။

အသက္ခံရတဲ့အမ်ိဳးသားဟာ Pranay Kumar (၂၄)ႏွစ္ျဖစ္ၿပီး သူရဲ႕ဇနီးျဖစ္သူ Amrutha Varshini (၂၃)ႏွစ္ရဲ႕ေရွ႕မွာ လူသတ္သမားက ရက္ရက္စက္စက္ ေတာခုတ္ဓားနဲ႔ ခုတ္သတ္ခဲ့တာပါ။ Amrutha ဟာ သူမရဲ႕ပထမဆုံးကုိယ္ဝန္ကို လြယ္ထားရသူျဖစ္ၿပီး ကုိယ္ဝန္က (၉)ေတာင္ ရွိေနပါၿပီ။

ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလ (၁၄)ရက္က Hyderabad နဲ႔ (၁၅၀)ကီလုိမီတာအေဝးမွာတည္ရွိတဲ့ Miryalguda ၿမိဳ႕မွာ ျဖစ္ပြားခဲ့တာပါ။ ေသဆုံးသူ Kumar နဲ႔ ဇနီးသည္ Amrutha တုိ႔ဟာ အခင္းျဖစ္တဲ့ေန႔က Jyothi Hospital ေဆး႐ုံကေနထြက္လာစဥ္မွာ အခုလုိ လုပ္ႀကံခံရတာပါ။

ရဲတပ္ဖြဲ႕ကေတာ့ လုပ္ႀကံသူဟာ Amrutha နဲ႔ ေဆြမ်ိဳးနီးစပ္ေတာ္သူျဖစ္ၿပီး Kumar ကုိ သူတုိ႔ဇာတ္ျမင့္အမ်ိဳးနဲ႔ လက္ထပ္ခဲ့လုိ႔ အၿငိႇဳးထားတုိက္ခုိက္ခဲ့တာလုိ႔ ရဲတပ္ဖြဲ႕က ယုံၾကည္ပါတယ္။ သုိ႔ေသာ္လည္း ျပစ္မႈက်ဴးလြန္သူကုိ မဖမ္းမိနုိင္ေသးဘဲ၊ ဘယ္သူဘယ္ဝါက က်ဴးလြန္ခဲ့တာကိုေတာင္ ရဲက ေဖာ္ထုတ္ႏုိင္ျခင္း မရွိေသးပါဘူး။

CCTV ထဲမွာေတာ့ လူသတ္သမားဟာ Kumar ရဲ႕လည္ပင္းကို ႐ုတ္တရက္ဓားနဲ႔ပုိင္းခ်ခဲ့တာျဖစ္ၿပီး၊ Kumar ေျမျပင္ေပၚကို လဲက်သြားတာေတာင္မွ သူရဲ႕တုိက္ခုိက္မႈက မရပ္ေသးပါဘူး။ ဇနီးျဖစ္သူ Amrutha က လူသတ္သမားကို ကိုယ္ေလးလက္ဝန္နဲ႔ ဝင္ေရာက္တုိက္ခုိက္ခဲ့ေပမယ့္ မထိေရာက္ခဲ့ပါဘူး။

အဲဒီစုံတြဲဟာ မိဘေတြသေဘာမတူတဲ့ၾကားက ၿပီးခဲ့တဲ့လကမွ ေလာေလာလက္လက္ လက္ထပ္ထားသူေတြပါ။ လူသတ္သမားက ေနရာကေန ထြက္ေျပးလြတ္ေျမာက္သြားခဲ့ပါတယ္။ လာေလာဆယ္ေတာ့ ရဲက လူသတ္သမားကို ရွာေနတယ္လုိ႔ သိရပါတယ္။

source : mirror.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
အိန္ဒိယနိုင်ငံမှာ ယနေ့တိုင် အရိုးစွဲနေတဲ့ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှုဟာ အရှိန်အဟုန်ကောင်းဆဲဖြစ်ပါတယ်။ ဒီလိုခွဲခြားတိုက်ခိုက်မှုတွေကို (၁၉၉၀)ခုနှစ်နောက်ပိုင်းမှာ ပညာတတ်အသိုင်းအဝိုင်း လူငယ်ငယ်လှုပ်ရှားသူတွေက ဦးဆောင်တိုက်ခိုက်ခဲ့ပေမယ့် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကတည်းက အရိုးစွဲလာတဲ့ အစဉ်အလာဖြစ်လို့ အမြစ်မပြတ်နိုင်သေးပါဘူး။

အသက်ခံရတဲ့အမျိုးသားဟာ Pranay Kumar (၂၄)နှစ်ဖြစ်ပြီး သူရဲ့ဇနီးဖြစ်သူ Amrutha Varshini (၂၃)နှစ်ရဲ့ရှေ့မှာ လူသတ်သမားက ရက်ရက်စက်စက် တောခုတ်ဓားနဲ့ ခုတ်သတ်ခဲ့တာပါ။ Amrutha ဟာ သူမရဲ့ပထမဆုံးကိုယ်ဝန်ကို လွယ်ထားရသူဖြစ်ပြီး ကိုယ်ဝန်က (၉)တောင် ရှိနေပါပြီ။

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၄)ရက်က Hyderabad နဲ့ (၁၅၀)ကီလိုမီတာအဝေးမှာတည်ရှိတဲ့ Miryalguda မြို့မှာ ဖြစ်ပွားခဲ့တာပါ။ သေဆုံးသူ Kumar နဲ့ ဇနီးသည် Amrutha တို့ဟာ အခင်းဖြစ်တဲ့နေ့က Jyothi Hospital ဆေးရုံကနေထွက်လာစဉ်မှာ အခုလို လုပ်ကြံခံရတာပါ။

ရဲတပ်ဖွဲ့ကတော့ လုပ်ကြံသူဟာ Amrutha နဲ့ ဆွေမျိုးနီးစပ်တော်သူဖြစ်ပြီး Kumar ကို သူတို့ဇာတ်မြင့်အမျိုးနဲ့ လက်ထပ်ခဲ့လို့ အငြှိုးထားတိုက်ခိုက်ခဲ့တာလို့ ရဲတပ်ဖွဲ့က ယုံကြည်ပါတယ်။ သို့သော်လည်း ပြစ်မှုကျူးလွန်သူကို မဖမ်းမိနိုင်သေးဘဲ၊ ဘယ်သူဘယ်ဝါက ကျူးလွန်ခဲ့တာကိုတောင် ရဲက ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

CCTV ထဲမှာတော့ လူသတ်သမားဟာ Kumar ရဲ့လည်ပင်းကို ရုတ်တရက်ဓားနဲ့ပိုင်းချခဲ့တာဖြစ်ပြီး၊ Kumar မြေပြင်ပေါ်ကို လဲကျသွားတာတောင်မှ သူရဲ့တိုက်ခိုက်မှုက မရပ်သေးပါဘူး။ ဇနီးဖြစ်သူ Amrutha က လူသတ်သမားကို ကိုယ်လေးလက်ဝန်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပေမယ့် မထိရောက်ခဲ့ပါဘူး။

အဲဒီစုံတွဲဟာ မိဘတွေသဘောမတူတဲ့ကြားက ပြီးခဲ့တဲ့လကမှ လောလောလက်လက် လက်ထပ်ထားသူတွေပါ။ လူသတ်သမားက နေရာကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ လာလောဆယ်တော့ ရဲက လူသတ်သမားကို ရှာနေတယ်လို့ သိရပါတယ်။

source : mirror.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top