×
သမ္မတကြီး ထံပေးစာ
Credit:KKK(momolay)
# Unicode Version ဖြင့် ဖတ်ပါ #
 ဒါရိုက်တာ ဝိုင်းရဲ့ ဇာတ်ကားနာမည်နဲ့တင် ပရိသတ်တွေစိတ်ဝင်စားမှုရရှိထားတဲ့ သမ္မတကြီး ထံပေးစာ ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်ကားဟာလဲ ဖွေးဖွေးရဲ့ ဇာတ်ဖြစ်ပြီး တရားဥပဒေစိုးမိုးခြင်းကို အဓိကဖော်ကျူးထားတဲ့ ဇာတ်ကား တစ်ကားဖြစ်ကာ အမှန်တရားအတွက် ရပ်တည်နိုင်ဖို့ကို ဦးတည်ပေးထားတဲ့ ပညာရရှိစေနိုငိမယ့်ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တယ်။ အဆိုပါရုပ်ရှင်ဇာတ်ကားကို စိန်ဌေးရုပ်ရှင် ထုတ်လုပ်ရေးက ရိုက်ကူးပြီး ဒါရိုက်တာဝိုင်းက ပုံဖော်ထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင် ဇာတ်ကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ဝိုင်းက ” “သမ္မတကြီးထံ ပေးစာ- A Letter To Mr.President” ရုပ်ရှင်ဇာတ်ကားကို လက်ရှိဖြစ်ပေါ်နေတဲ့ တရားရေးမဏ္ဍိုင်တွေ အောက်ခြေမှာဖြစ်နေတဲ့ ကိစ္စရပ်တွေကို သမ္မတကြီးသိရှိအောင် တင်ပြလိုတဲ့ ရည်ရွယ်ချက် နဲ့ ရိုက်ကူးခဲ့တာပါ ” ဆိုပြီး ပြောပြခဲ့ပါတယ်။
အဆိုပါရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ဇာတ်ဝင်ခန်းတစ်ချို့မှာ ဖွေးဖွေး ” တရားဥပဒေ ထက်မှာ ငွေဟာ တစ်ကယ်ဘဲရှိနေပြီလား ?၊ မျှတတဲ့ တရားစီရင်ရေးစနစ်ကြီးက လုံးဝပျက်သုန်းသွားပြီလား ? ” လို့ ဆိုပြီး ရင်ထဲကိုထိစေတဲ့ မေးခွန်းတွေကို Official Teaser ထဲမှာ ကြည့်ပြီး ပရိသတ်တွေ အရမ်းသဘောကြခဲ့ကြပါတယ်။
သမ္မတကြီးထံပေးစာ ရုပ်ရှင်ဇာတ်ကားကို မကြာသေးခင်ကမှ Official Teaser ထွက်ရှိခဲ့ပြီး အဆိုပါရုပ်ရှင်ဇာတ်ကားကြီး ကို ကြည့်ရှု့ကြဖို့ ပရိသတ်ကြီးကတော့ စောင့်မျှော်နေပါပြီ။ သရုပ်ဆောင်တွေအဖြစ် အလင်းရောင်၊ ချမ်းမင်းရဲထွဋ် နဲ့ ဖွေးဖွေး တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး အရမ်းကိုကြည့်လို့ကောင်းမယ့် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်မယ်လို့ မျှော်လင့်နေကြပါတယ်။
ပရိသတ်ကြီးရေ မကြာခင်မှာ ကြည့်ရတော့မယ်နော်။ ခုတေ့ာအမြည်းလေးဘဲ ကြည့်ထားကြပါဦးနော်။
သမ္မတကြီး ထံပေးစာ
ဖိုးသူတော် (www.phothutaw.com)
Credit:KKK(momolay)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top