ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

အဆိုေတာ္မိုးမိုးကေတာ့ ယခင္က အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အိမ္ေထာင္ေရးၿပိဳကြဲခဲ့ၿပီး ယခုခ်ိန္မွာေတာ့ နားလည္မႈရွိတဲ့ လက္တြဲေဖာ္နဲ႔အတူ သမီးေလးတေယာက္ ရရွိေနေပမယ့္ ယခင္ အိမ္ေထာင္နဲ႔ ရရွိခဲ့တဲ့ သား၂ေယာက္ကို ေတြ႕ခြင့္ရေအာင္ ႀကိဳးစားေနတယ္လို႔ ေျပာပါတယ္။

“ေရွ႕မွာလည္း က်ေနာ္က အမွားေတြ အမ်ားႀကီး ႀကဳံခဲ့တယ္။

မွားခဲ့တဲ့အတြက္ က်န္တဲ့သူေတြ သက္ဆိုင္တဲ့သူေတြကို ေတာင္းပန္ပါတယ္။

က်ေနာ့္အမွားအတြက္ ပရိသတ္ေတြကိုလည္း ေတာင္းပန္ပါတယ္။

မွားခဲ့ဖူးတဲ့အတြက္ ဒီတေခါက္ေတာ့ မမွားေအာင္ ႀကိဳးစားထိန္းသိမ္းၿပီးေတာ့ တန္ဖိုးထားရတဲ့ မိသားစုေလးျဖစ္တဲ့အတြက္ ပိုၿပီးေတာ့ေတာင္ တန္ဖိုးထားရပါတယ္”လို႔ အဆိုေတာ္ မိုးမိုးက ေျပာပါတယ္။

အခုအခ်ိန္မွာ ရရွိေနတဲ့ မိသားစုဘဝေလးကို ပိုၿပီးဂ႐ုတစိုက္နဲ႔ ထိန္းသိမ္းျဖစ္ၿပီး သား၂ေယာက္နဲ႔သာ ျပန္လည္ ေတြ႕ခြင့္ရမယ္ဆို ပိုၿပီးေပ်ာ္႐ႊင္ရမယ္ ဆိုေပမယ့္ သူ႔ရဲ႕အမွားေတြအတြက္ ေတြ႕ခြင့္ မရတာလို႔ ခံယူထားပါတယ္လို႔ ေျပာပါတယ္။

“အခုသမီးေလးလည္း ရလာၿပီဆိုတဲ့အခါက်ေတာ့ ပိုၿပီးေတာ့မိသားစုကို ထိန္းသိမ္းရတယ္။

ေျပာခ်င္တာကေတာ့ အခု ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖစ္ေနရတာက သမီးေလးေၾကာင့္ပါပဲ။ သူ႔အစ္ကိုေတြနဲ႔ ေတြ႕ျဖစ္ေအာင္ ႀကိဳးစားေနပါတယ္။

အခုခ်ိန္ထိေတာ့ ေတြ႕ခြင့္ မရေသးဘူး။ ေတြ႕ခြင့္ရရင္ေတာ့ ေပ်ာ္စရာေကာင္းမွာေပါ့။

က်ေနာ့္အမွားေတြအတြက္ ေတြ႕ခြင့္မရဘူးလို႔ ခံယူထားပါတယ္”လို႔ မိုးမိုးက ေျပာပါတယ္။

ယခုလက္ရွိ အမ်ိဳးသမီးျဖစ္သူက သူ႔ထက္ အသက္ ၁၀ ႏွစ္ေလာက္ငယ္ေပမယ့္ နားလည္မႈရွိၿပီး သားေတြနဲ႔ ေတြ႕ခြင့္ရေအာင္လည္း ႀကိဳးစားေပးတယ္လို႔ ဆိုပါတယ္။

“အခုက်ေနာ့္ရဲ႕ အမ်ိဳးသမီးကလည္း က်ေန္ာ့အေပၚမွာ အႏြံတာခံတယ္။

အနစ္နာခံတယ္။ ေဖးမတယ္။

ကိုယ့္ထက္ ၁၀ ႏွစ္ေလာက္ငယ္ေပမယ့္လည္း တကယ့္ကို အေမတေယာက္လိုေရာ သူငယ္ခ်င္းတေယာက္အေနနဲ႔ေရာ ေဖးမေပးတဲ့အတြက္ ေပ်ာ္႐ႊင္တဲ့ဘဝေလးကို ျပန္ရလာတာပါ။

အဲဒီအတြက္လည္း က်ေနာ္ေက်းဇူးတင္ပါတယ္။ ေရွ႕က သားေတြနဲ႔ ေတြ႕ရေအာင္လည္း ႀကိဳးစားေပးတယ္။

ေတြ႕ခြင့္ရရင္ ဒီထက္ ေပ်ာ္စရာေကာင္းမွာပါ” လို႔ မိုးမိုးက ေျပာပါတယ္။

သမီးေလးကေတာ့ ၆ လ ခန႔္ရွိေနၿပီျဖစ္ၿပီး နာမည္ကိုေတာ့ “မိုးအိပ္မက္လႊာ” လို႔ေပးထားၿပီးေတာ့ စကား မေျပာတတ္ေသးေပမယ့္ သီခ်င္းေလးေတြ ညည္းတတ္ေနၿပီလို႔ သမီးေလးအေၾကာင္းကို ေျပာျပခဲ့ပါတယ္။

“သမီးေလးက ၆ လပဲ ရွိေသးတယ္။ ၾကာသပေတးသမီး မိုးအိပ္မက္လႊာလို႔ ေခၚပါတယ္။

၆လပဲ ရွိေသးေပမယ့္ သီခ်င္းေတြေလွ်ာက္ဆိုေနတာ Facebook မွာ ေတြ႕မွာပါ။ ေလွ်ာက္ဆိုေနတာပါ။

စကားေတာင္ မေျပာတတ္ေသးဘူး။ ေတာ္ေတာ္ေတာ့လည္တယ္”လို႔ မိုးမိုးက ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဧရာဝတီ

#Unicode Version#
အဆိုတော်မိုးမိုးကတော့ ယခင်က အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ရေးပြိုကွဲခဲ့ပြီး ယခုချိန်မှာတော့ နားလည်မှုရှိတဲ့ လက်တွဲဖော်နဲ့အတူ သမီးလေးတယောက် ရရှိနေပေမယ့် ယခင် အိမ်ထောင်နဲ့ ရရှိခဲ့တဲ့ သား၂ယောက်ကို တွေ့ခွင့်ရအောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။

“ရှေ့မှာလည်း ကျနော်က အမှားတွေ အများကြီး ကြုံခဲ့တယ်။

မှားခဲ့တဲ့အတွက် ကျန်တဲ့သူတွေ သက်ဆိုင်တဲ့သူတွေကို တောင်းပန်ပါတယ်။

ကျနော့်အမှားအတွက် ပရိသတ်တွေကိုလည်း တောင်းပန်ပါတယ်။

မှားခဲ့ဖူးတဲ့အတွက် ဒီတခေါက်တော့ မမှားအောင် ကြိုးစားထိန်းသိမ်းပြီးတော့ တန်ဖိုးထားရတဲ့ မိသားစုလေးဖြစ်တဲ့အတွက် ပိုပြီးတော့တောင် တန်ဖိုးထားရပါတယ်”လို့ အဆိုတော် မိုးမိုးက ပြောပါတယ်။

အခုအချိန်မှာ ရရှိနေတဲ့ မိသားစုဘဝလေးကို ပိုပြီးဂရုတစိုက်နဲ့ ထိန်းသိမ်းဖြစ်ပြီး သား၂ယောက်နဲ့သာ ပြန်လည် တွေ့ခွင့်ရမယ်ဆို ပိုပြီးပျော်ရွှင်ရမယ် ဆိုပေမယ့် သူ့ရဲ့အမှားတွေအတွက် တွေ့ခွင့် မရတာလို့ ခံယူထားပါတယ်လို့ ပြောပါတယ်။

“အခုသမီးလေးလည်း ရလာပြီဆိုတဲ့အခါကျတော့ ပိုပြီးတော့မိသားစုကို ထိန်းသိမ်းရတယ်။

ပြောချင်တာကတော့ အခု ပျော်ပျော်ရွှင်ရွှင် ဖြစ်နေရတာက သမီးလေးကြောင့်ပါပဲ။ သူ့အစ်ကိုတွေနဲ့ တွေ့ဖြစ်အောင် ကြိုးစားနေပါတယ်။

အခုချိန်ထိတော့ တွေ့ခွင့် မရသေးဘူး။ တွေ့ခွင့်ရရင်တော့ ပျော်စရာကောင်းမှာပေါ့။

ကျနော့်အမှားတွေအတွက် တွေ့ခွင့်မရဘူးလို့ ခံယူထားပါတယ်”လို့ မိုးမိုးက ပြောပါတယ်။

ယခုလက်ရှိ အမျိုးသမီးဖြစ်သူက သူ့ထက် အသက် ၁၀ နှစ်လောက်ငယ်ပေမယ့် နားလည်မှုရှိပြီး သားတွေနဲ့ တွေ့ခွင့်ရအောင်လည်း ကြိုးစားပေးတယ်လို့ ဆိုပါတယ်။

“အခုကျနော့်ရဲ့ အမျိုးသမီးကလည်း ကျနေ်ာ့အပေါ်မှာ အနွံတာခံတယ်။

အနစ်နာခံတယ်။ ဖေးမတယ်။

ကိုယ့်ထက် ၁၀ နှစ်လောက်ငယ်ပေမယ့်လည်း တကယ့်ကို အမေတယောက်လိုရော သူငယ်ချင်းတယောက်အနေနဲ့ရော ဖေးမပေးတဲ့အတွက် ပျော်ရွှင်တဲ့ဘဝလေးကို ပြန်ရလာတာပါ။

အဲဒီအတွက်လည်း ကျနော်ကျေးဇူးတင်ပါတယ်။ ရှေ့က သားတွေနဲ့ တွေ့ရအောင်လည်း ကြိုးစားပေးတယ်။

တွေ့ခွင့်ရရင် ဒီထက် ပျော်စရာကောင်းမှာပါ” လို့ မိုးမိုးက ပြောပါတယ်။

သမီးလေးကတော့ ၆ လ ခန့်ရှိနေပြီဖြစ်ပြီး နာမည်ကိုတော့ “မိုးအိပ်မက်လွှာ” လို့ပေးထားပြီးတော့ စကား မပြောတတ်သေးပေမယ့် သီချင်းလေးတွေ ညည်းတတ်နေပြီလို့ သမီးလေးအကြောင်းကို ပြောပြခဲ့ပါတယ်။

“သမီးလေးက ၆ လပဲ ရှိသေးတယ်။ ကြာသပတေးသမီး မိုးအိပ်မက်လွှာလို့ ခေါ်ပါတယ်။

၆လပဲ ရှိသေးပေမယ့် သီချင်းတွေလျှောက်ဆိုနေတာ Facebook မှာ တွေ့မှာပါ။ လျှောက်ဆိုနေတာပါ။

စကားတောင် မပြောတတ်သေးဘူး။ တော်တော်တော့လည်တယ်”လို့ မိုးမိုးက ပြောပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: ဧရာဝတီ


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top