မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×


စာဖတ္သူအေတာ္မ်ားမ်ား ဟာ ယေန႔ေခတ္မွာ စာေဟာင္း ေတြသာ ဖတ္ေနၾကတာမ်ားပါ တယ္။ ပီမိုးနင္း၊ ေရႊဥေဒါင္း၊ ေဇာ္ဂ်ီ၊ မင္းသု၀ဏ္၊ ဒဂုန္တာရာအစရွိတဲ့ စာေရးဆရာႀကီးေတြရဲ႕ စာအုပ္ေတြဟာ အလြန္ေကာင္း မြန္ပါတယ္။ ဒါေပမဲ့ စကားေျပ အေရးအသားအရ အခ်ိန္ၾကာျမင့္ ခဲ့ၿပီ ျဖစ္ပါတယ္။ ဘယ္အရာမဆိုအသစ္ကို မဖန္တီးႏိုင္ရင္၊ အသစ္ကို မမြမ္းမံႏိုင္ရင္ အေဟာင္းေတြ ထဲ အီလည္လည္ျဖစ္ကာ တိုး တက္မႈလည္း ေလ်ာ့နည္းသြားမွာဓမၼတာပါပဲ။ တကယ္တမ္းေျပာ ရရင္ ပီမိုးနင္းကအစ ဒဂုန္တာရာ အလယ္ ပိုင္စိုးေ၀၊ ေနမ်ဳိးတို႔အထိတစ္ခ်ိန္က အသစ္သမားေတြပါ။သူ႕ေခတ္ သူ႕ကာလအရ အသစ္ကိုဖန္တီးေရးသားခဲ့ၾကလို႕ ျမန္မာစကားေျပေရစီးေၾကာင္းမွာ အခ်ဳိး အေကြ႕ေတြ ေပၚေပါက္ခဲ့တာပဲ ျဖစ္ပါတယ္။ ပီမိုးနင္းရဲ႕ ရွင္းလင္း တိက်တဲ့ ၀ါက်တိုေတြ၊ ေဇာ္ဂ်ီ၊ မင္းသု၀ဏ္တို႔ရဲ႕ အက္ေဆးအေရးအသား၊ ဒဂုန္တာရာရဲ႕ ၀တ္လစ္စားလစ္လမ္းမ၊ ေ၀ါ့ဒစၥေနးအျပာတို႔ဟာ သူတို႔ေခတ္ေတြမွာ အသစ္စက္စက္ျဖစ္ခဲ့တာခ်ည္းပါပဲ။ ဒါေၾကာင့္သာ ျမန္မာစကားေျပ အေရးအသားအသစ္ေတြ ထြန္းကားလာတာ ျဖစ္ပါတယ္။

ယေန႔ ေခတ္မွာလည္း  ေအာင္ခင္ျမင့္၊ ခင္ေအာင္ေအး၊ မိုးသက္ဟန္၊ ေမာင္ေဒး၊ ခ်ဳိပိန္းေနာင္အစရွိတဲ့ စာေရးဆရာတခ်ဳိ႕ ဟာ သမား႐ိုးက်ေရးဟန္ကေန ခြဲထြက္ေရးသားလာတာ ေတြ႕ရ ပါတယ္။ ဒါေၾကာင့္ စာေဟာင္း ေတြသာမက ယေန႔ေခတ္ေပၚထြက္ေနတဲ့ စကားေျပအေရးအသားတခ်ဳိ႕နဲ႔ ထိေတြ႕ဖတ္႐ႈမိ ေအာင္ ဒီတစ္ပတ္ဖတ္စရာအျဖစ္ စာအုပ္ႏွစ္အုပ္ကို ေရြးခ်ယ္ေဖာ္ျပ လိုက္ပါတယ္။

ပထမစာအုပ္ကေတာ့ မိုး ဆတ္ရဲ႕ ရန္ကုန္၏ ေနာက္ဆံုးေန႔ မ်ား ျဖစ္ၿပီး ဒုတိယအုပ္ကေတာ့ မယ္လြင့္ရဲ႕ ROSELLA တို႔ပဲ ျဖစ္ပါ တယ္။ ဒီႏွစ္အုပ္စလံုးဟာ အထက္ေဖာ္ျပပါအတိုင္း အေတြးသစ္၊ အေရးသစ္နဲ႔ ဖန္တီးထားတာ ဖတ္ ရပါမယ္။ စာေရးသူမိုးဆတ္ရဲ႕ စာ အုပ္မွာဆိုရင္ သီခ်င္းတစ္ပုဒ္ကို ဂစ္တာေကာ့ဒ္ေတြပါ ထည့္သြင္းေရးထားသလို ဇာတ္ေကာင္နား ေထာင္ေနတဲ့ အဂၤလိပ္သီခ်င္းစာ သားေတြ၊ ဖတ္႐ႈေနတဲ့ ကဗ်ာေတြ ကို စကားေျပနဲ႔အတူ ေရာေႏွာေရး ထားတာ ဖတ္ရပါမယ္။ ဒါ့အျပင္ အေပ်ာ္၊ ပန္းၿခံ၊ ႐ုပ္ရွင္၊ အိပ္မက္၊ ၀ိုင္၊ ပင္လယ္ဆိုတဲ့ အခန္းငယ္ ေလးေတြ ခြဲကာ ထူးထူးျခားျခား ေရးထားတာ သတိျပဳမိပါတယ္။ အိပ္မက္ဆိုတဲ့ အခန္းမွာ  ‘သူအိပ္မက္မက္ေနသည္ဆိုတာ အိပ္မက္ထဲမွာတင္ သိေနခဲ့သည္။ ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒီအိပ္မက္ကို သူအႀကိမ္ႀကိမ္ မက္ခဲ့ဖူးလို႔ပင္ ျဖစ္သည္။ အိပ္မက္ထဲမွာ သူ႕အေမကို သူကုန္းပိုးၿပီး ေလွ်ာက္သြားေနသည္။

ရန္ကုန္ၿမိဳ႕ႀကီးတစ္ခုလံုး မီး ေတြပ်က္ၿပီး ေမွာင္မဲေနသည္။ လမ္းမေပၚမွာလည္း ညႇီစို႔စို႔အနံ႔ ထြက္ေနတဲ့ ေရေတြလွ်ံေနသည္။ မႈန္ပ်ပ် အလင္းေရာင္တစ္ခု ေအာက္မွာ ေအးစက္ေနတဲ့ေရ ထဲ စမ္းတ၀ါး၀ါးသူေလွ်ာက္လာခဲ့ သည္။ သူ႕အေမက သူ႕ပခံုးေပၚမွာေလးလံသထက္ ေလးလံလာ သည္။ သူ႕ကိုယ္က ပိုၿပီးပူေႏြး လာၿပီး သူ႕အေမကိုယ္ကပိုၿပီး ေအးစက္လာေနသလိုပဲ။ သူ႕အ ေမရဲ႕ အေလးခ်ိန္နဲ႔ အေအးဓာတ္ က သူ႕အတြက္ မခံမရပ္ႏိုင္ေအာင္ ျဖစ္လာသည္။

အရင္ အေခါက္ေတြလိုပဲ အဲဒီေနရာအေရာက္မွာ သူႏိုးလာ သည္။ ႏိုးလာေတာ့ အခန္းထဲမွာ မီးပ်က္ေနသည္။ အလင္းေရာင္ ပ်ပ်ရွိေနတဲ့ ၀ရန္တာဘက္ကို သူ ထြက္ခဲ့သည္။ ၀ရန္တာမွာ သူရပ္ ေနတာ ေတာ္ေတာ့္ကို ၾကာသြား သည္။ သူ႕အေမဆီ ဖုန္းဆက္ရင္ ေကာင္းမလားလို႔ စိတ္ကူးေသး သည္’လို႔ ေရးထားပါတယ္။

မယ္လြင့္ရဲ႕ စာအုပ္မွာ ခ်ဳိ ပိန္းေနာင္က ‘႐ိုဆယ္လာ’ဟု အမည္တပ္ ထားေသာ အမ်ဳိးသမီးတစ္ေယာက္ကို ကြၽန္မစေတြ႕သည္။ ႐ိုဆယ္လာႏွင့္ ဇာတ္ေၾကာင္းေျပာသူ အမ်ဳိးသားအေၾကာင္း ဖတ္ေနရင္း ကင္မီလီကို ကြၽန္မျမင္ေယာင္မိသည္။ ေမကို ကြၽန္မျမင္ေယာင္မိသည္။ တကယ္ကေတာ့ ေမႏွင့္ ကင္မီလီတို႔ထက္ ေမႏွင့္ ကင္မီလီတို႔ လက္ေအာက္ေမွာက္မွားစြာ ၀င္သြားခဲ့မိေသာ အမ်ဳိးသားမ်ားကို ကြၽန္မျမင္ေယာင္မိသည္ဆိုလွ်င္ ပိုမွန္ပါမည္။

႐ိုဆယ္လာသည္ နီဖ်ဥ္းဖ်ဥ္း မိန္းကေလး ျဖစ္သည္။ အေပ်ာ္ မက္ေသာ၊ အစစအရာရာအေပၚ သံေယာဇဥ္ႏွင့္ က႐ုဏာမထား တတ္ေသာ မိန္းကေလးျဖစ္သည္။ ႏႈတ္ခမ္းနီကို စြဲမက္ဖြယ္ျဖစ္ေအာင္ အစဥ္သျဖင့္ ဆိုးတတ္သူ၊ စိတ္ကို ေလအလ်င္လို လႊင့္ပစ္တတ္ ေသာ မိန္းကေလးျဖစ္သည္။ ႐ိုဆယ္လာသည္ တိမ္းမူးဖြယ္ ေကာင္းသည္။

ေလလိုေရာက္လာၿပီး ေလ လိုျပန္ထြက္သြားတတ္ေသာ တ ေစၧသဏၭာန္မိန္းကေလး ျဖစ္ သည္။ လူ႕ေဘာင္စည္းကမ္းမ်ား၊ က်င့္၀တ္မ်ား၊ ပံုစံတက်ပတ္၀န္း က်င္စသည္တို႔မွ ေသြခြာေနေသာ မိန္းကေလး ျဖစ္သည္’လို႔ မိတ္ ဆက္ေရးထားသလို ယေန႔ေခတ္ အေရးအသားမ်ားနဲ႔ ပတ္သက္ၿပီး

‘ျမန္မာႏိုင္ငံတြင္ အစဥ္အ လာကို ေဖာက္ထြက္ႏိုင္ေသာ လူငယ္အမ်ဳိးသမီးစာေရးဆရာ မ်ား နည္းပါးလြန္းပါေသးသည္။ အစဥ္အလာမွ ကြဲထြက္လာေသာ ပံုစံသစ္မ်ားကို ကြၽန္မစိတ္၀င္စား ပါသည္။ ကြၽန္မသည္လည္း လူ ငယ္မ်ားထဲမွ လူငယ္တစ္ဦးပင္ ျဖစ္ေသာေၾကာင့္ ယခုေခတ္ ကြၽန္မတို႔ ႏိုင္ငံအေနအထားႏွင့္ လူငယ္ အမ်ားစုသည္လည္း ကြၽန္မကဲ့သို႔ စိတ္၀င္စားၾကလိမ့္မည္ဟု ကြၽန္မ ထင္မိပါသည္။ ထိုသို႔ဆိုေသာ ေၾကာင့္လည္း အစဥ္အလာကို ေဖာက္ထြက္တိုင္း စိတ္၀င္စားပါ သေလာ၊ အစဥ္အလာကို ေဖာက္ ထြက္တိုင္းေကာင္းသည္ မည္၏ ေလာဟု မေမးၾက၊ မထင္ၾကေစ လိုပါ။ အစဥ္အလာမွ ေဖာက္ ထြက္တိုင္းလည္း အႏုပညာမမည္ ပါ။ အရာရာတိုင္းသည္ ကိုယ့္ခံယူ ခ်က္ႏွင့္ ကိုယ္သာလွ်င္ ေနထုိင္ေန ၾကျခင္း ျဖစ္ပါသည္။ ေကာင္း သည္၊ မေကာင္းသည္ကို ကြၽန္မ မေ၀ဖန္လိုပါ။ အနည္းဆံုးေတာ့ မယ္လြင့္သည္ ေနာင္ႏွစ္ ၂၀ (သို႔မဟုတ္) ႏွစ္ (၃၀)...သူမက်န္ ခဲ့လိမ့္မည္ဟု ကြၽန္မေမွ်ာ္လင့္ေန ပါသည္။

မယ္လြင့္ႏွင့္ ကြၽန္မအေရး အသားပိုင္းေရာ အေၾကာင္းအရာ ပိုင္းပါ ကိုင္တြယ္ပံုတစ္ခုမွ မတူ ညီၾကပါ။ တူညီသည္က တစ္ခ်က္တည္းရွိပါသည္။

ကြၽန္မတို႔ ဘာမက္ေဆ့ခ်္မွ မေပးပါ’လို႔ ေျပာထားပါတယ္။ ယခုစာအုပ္ႏွစ္အုပ္လံုးကို တန္ဖိုး ၂,၀၀၀ က်ပ္စီနဲ႔ စာအုပ္ဆိုင္ေတြမွာ ၀ယ္ယူႏိုင္ပါတယ္
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily.
# Unicode Version ျဖင့္ ဖတ္ပါ #
စာဖတ်သူအတော်များများ ဟာ ယနေ့ခေတ်မှာ စာဟောင်း တွေသာ ဖတ်နေကြတာများပါ တယ်။ ပီမိုးနင်း၊ ရွှေဥဒေါင်း၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဒဂုန်တာရာအစရှိတဲ့ စာရေးဆရာကြီးတွေရဲ့ စာအုပ်တွေဟာ အလွန်ကောင်း မွန်ပါတယ်။ ဒါပေမဲ့ စကားပြေ အရေးအသားအရ အချိန်ကြာမြင့် ခဲ့ပြီ ဖြစ်ပါတယ်။ ဘယ်အရာမဆိုအသစ်ကို မဖန်တီးနိုင်ရင်၊ အသစ်ကို မမွမ်းမံနိုင်ရင် အဟောင်းတွေ ထဲ အီလည်လည်ဖြစ်ကာ တိုး တက်မှုလည်း လျော့နည်းသွားမှာဓမ္မတာပါပဲ။ တကယ်တမ်းပြော ရရင် ပီမိုးနင်းကအစ ဒဂုန်တာရာ အလယ် ပိုင်စိုးဝေ၊ နေမျိုးတို့အထိတစ်ချိန်က အသစ်သမားတွေပါ။သူ့ခေတ် သူ့ကာလအရ အသစ်ကိုဖန်တီးရေးသားခဲ့ကြလို့ မြန်မာစကားပြေရေစီးကြောင်းမှာ အချိုး အကွေ့တွေ ပေါ်ပေါက်ခဲ့တာပဲ ဖြစ်ပါတယ်။ ပီမိုးနင်းရဲ့ ရှင်းလင်း တိကျတဲ့ ဝါကျတိုတွေ၊ ဇော်ဂျီ၊ မင်းသုဝဏ်တို့ရဲ့ အက်ဆေးအရေးအသား၊ ဒဂုန်တာရာရဲ့ ဝတ်လစ်စားလစ်လမ်းမ၊ ဝေါ့ဒစ္စနေးအပြာတို့ဟာ သူတို့ခေတ်တွေမှာ အသစ်စက်စက်ဖြစ်ခဲ့တာချည်းပါပဲ။ ဒါကြောင့်သာ မြန်မာစကားပြေ အရေးအသားအသစ်တွေ ထွန်းကားလာတာ ဖြစ်ပါတယ်။

ယနေ့ ခေတ်မှာလည်း  အောင်ခင်မြင့်၊ ခင်အောင်အေး၊ မိုးသက်ဟန်၊ မောင်ဒေး၊ ချိုပိန်းနောင်အစရှိတဲ့ စာရေးဆရာတချို့ ဟာ သမားရိုးကျရေးဟန်ကနေ ခွဲထွက်ရေးသားလာတာ တွေ့ရ ပါတယ်။ ဒါကြောင့် စာဟောင်း တွေသာမက ယနေ့ခေတ်ပေါ်ထွက်နေတဲ့ စကားပြေအရေးအသားတချို့နဲ့ ထိတွေ့ဖတ်ရှုမိ အောင် ဒီတစ်ပတ်ဖတ်စရာအဖြစ် စာအုပ်နှစ်အုပ်ကို ရွေးချယ်ဖော်ပြ လိုက်ပါတယ်။

ပထမစာအုပ်ကတော့ မိုး ဆတ်ရဲ့ ရန်ကုန်၏ နောက်ဆုံးနေ့ များ ဖြစ်ပြီး ဒုတိယအုပ်ကတော့ မယ်လွင့်ရဲ့ ROSELLA တို့ပဲ ဖြစ်ပါ တယ်။ ဒီနှစ်အုပ်စလုံးဟာ အထက်ဖော်ပြပါအတိုင်း အတွေးသစ်၊ အရေးသစ်နဲ့ ဖန်တီးထားတာ ဖတ် ရပါမယ်။ စာရေးသူမိုးဆတ်ရဲ့ စာ အုပ်မှာဆိုရင် သီချင်းတစ်ပုဒ်ကို ဂစ်တာကော့ဒ်တွေပါ ထည့်သွင်းရေးထားသလို ဇာတ်ကောင်နား ထောင်နေတဲ့ အင်္ဂလိပ်သီချင်းစာ သားတွေ၊ ဖတ်ရှုနေတဲ့ ကဗျာတွေ ကို စကားပြေနဲ့အတူ ရောနှောရေး ထားတာ ဖတ်ရပါမယ်။ ဒါ့အပြင် အပျော်၊ ပန်းခြံ၊ ရုပ်ရှင်၊ အိပ်မက်၊ ဝိုင်၊ ပင်လယ်ဆိုတဲ့ အခန်းငယ် လေးတွေ ခွဲကာ ထူးထူးခြားခြား ရေးထားတာ သတိပြုမိပါတယ်။ အိပ်မက်ဆိုတဲ့ အခန်းမှာ  ‘သူအိပ်မက်မက်နေသည်ဆိုတာ အိပ်မက်ထဲမှာတင် သိနေခဲ့သည်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအိပ်မက်ကို သူအကြိမ်ကြိမ် မက်ခဲ့ဖူးလို့ပင် ဖြစ်သည်။ အိပ်မက်ထဲမှာ သူ့အမေကို သူကုန်းပိုးပြီး လျှောက်သွားနေသည်။

ရန်ကုန်မြို့ကြီးတစ်ခုလုံး မီး တွေပျက်ပြီး မှောင်မဲနေသည်။ လမ်းမပေါ်မှာလည်း ညှီစို့စို့အနံ့ ထွက်နေတဲ့ ရေတွေလျှံနေသည်။ မှုန်ပျပျ အလင်းရောင်တစ်ခု အောက်မှာ အေးစက်နေတဲ့ရေ ထဲ စမ်းတဝါးဝါးသူလျှောက်လာခဲ့ သည်။ သူ့အမေက သူ့ပခုံးပေါ်မှာလေးလံသထက် လေးလံလာ သည်။ သူ့ကိုယ်က ပိုပြီးပူနွေး လာပြီး သူ့အမေကိုယ်ကပိုပြီး အေးစက်လာနေသလိုပဲ။ သူ့အ မေရဲ့ အလေးချိန်နဲ့ အအေးဓာတ် က သူ့အတွက် မခံမရပ်နိုင်အောင် ဖြစ်လာသည်။

အရင် အခေါက်တွေလိုပဲ အဲဒီနေရာအရောက်မှာ သူနိုးလာ သည်။ နိုးလာတော့ အခန်းထဲမှာ မီးပျက်နေသည်။ အလင်းရောင် ပျပျရှိနေတဲ့ ဝရန်တာဘက်ကို သူ ထွက်ခဲ့သည်။ ဝရန်တာမှာ သူရပ် နေတာ တော်တော့်ကို ကြာသွား သည်။ သူ့အမေဆီ ဖုန်းဆက်ရင် ကောင်းမလားလို့ စိတ်ကူးသေး သည်’လို့ ရေးထားပါတယ်။

မယ်လွင့်ရဲ့ စာအုပ်မှာ ချို ပိန်းနောင်က ‘ရိုဆယ်လာ’ဟု အမည်တပ် ထားသော အမျိုးသမီးတစ်ယောက်ကို ကျွန်မစတွေ့သည်။ ရိုဆယ်လာနှင့် ဇာတ်ကြောင်းပြောသူ အမျိုးသားအကြောင်း ဖတ်နေရင်း ကင်မီလီကို ကျွန်မမြင်ယောင်မိသည်။ မေကို ကျွန်မမြင်ယောင်မိသည်။ တကယ်ကတော့ မေနှင့် ကင်မီလီတို့ထက် မေနှင့် ကင်မီလီတို့ လက်အောက်မှောက်မှားစွာ ဝင်သွားခဲ့မိသော အမျိုးသားများကို ကျွန်မမြင်ယောင်မိသည်ဆိုလျှင် ပိုမှန်ပါမည်။

ရိုဆယ်လာသည် နီဖျဉ်းဖျဉ်း မိန်းကလေး ဖြစ်သည်။ အပျော် မက်သော၊ အစစအရာရာအပေါ် သံယောဇဉ်နှင့် ကရုဏာမထား တတ်သော မိန်းကလေးဖြစ်သည်။ နှုတ်ခမ်းနီကို စွဲမက်ဖွယ်ဖြစ်အောင် အစဉ်သဖြင့် ဆိုးတတ်သူ၊ စိတ်ကို လေအလျင်လို လွှင့်ပစ်တတ် သော မိန်းကလေးဖြစ်သည်။ ရိုဆယ်လာသည် တိမ်းမူးဖွယ် ကောင်းသည်။

လေလိုရောက်လာပြီး လေ လိုပြန်ထွက်သွားတတ်သော တ စ္ဆေသဏ္ဌာန်မိန်းကလေး ဖြစ် သည်။ လူ့ဘောင်စည်းကမ်းများ၊ ကျင့်ဝတ်များ၊ ပုံစံတကျပတ်ဝန်း ကျင်စသည်တို့မှ သွေခွာနေသော မိန်းကလေး ဖြစ်သည်’လို့ မိတ် ဆက်ရေးထားသလို ယနေ့ခေတ် အရေးအသားများနဲ့ ပတ်သက်ပြီး

‘မြန်မာနိုင်ငံတွင် အစဉ်အ လာကို ဖောက်ထွက်နိုင်သော လူငယ်အမျိုးသမီးစာရေးဆရာ များ နည်းပါးလွန်းပါသေးသည်။ အစဉ်အလာမှ ကွဲထွက်လာသော ပုံစံသစ်များကို ကျွန်မစိတ်ဝင်စား ပါသည်။ ကျွန်မသည်လည်း လူ ငယ်များထဲမှ လူငယ်တစ်ဦးပင် ဖြစ်သောကြောင့် ယခုခေတ် ကျွန်မတို့ နိုင်ငံအနေအထားနှင့် လူငယ် အများစုသည်လည်း ကျွန်မကဲ့သို့ စိတ်ဝင်စားကြလိမ့်မည်ဟု ကျွန်မ ထင်မိပါသည်။ ထိုသို့ဆိုသော ကြောင့်လည်း အစဉ်အလာကို ဖောက်ထွက်တိုင်း စိတ်ဝင်စားပါ သလော၊ အစဉ်အလာကို ဖောက် ထွက်တိုင်းကောင်းသည် မည်၏ လောဟု မမေးကြ၊ မထင်ကြစေ လိုပါ။ အစဉ်အလာမှ ဖောက် ထွက်တိုင်းလည်း အနုပညာမမည် ပါ။ အရာရာတိုင်းသည် ကိုယ့်ခံယူ ချက်နှင့် ကိုယ်သာလျှင် နေထိုင်နေ ကြခြင်း ဖြစ်ပါသည်။ ကောင်း သည်၊ မကောင်းသည်ကို ကျွန်မ မဝေဖန်လိုပါ။ အနည်းဆုံးတော့ မယ်လွင့်သည် နောင်နှစ် ၂၀ (သို့မဟုတ်) နှစ် (၃၀)...သူမကျန် ခဲ့လိမ့်မည်ဟု ကျွန်မမျှော်လင့်နေ ပါသည်။

မယ်လွင့်နှင့် ကျွန်မအရေး အသားပိုင်းရော အကြောင်းအရာ ပိုင်းပါ ကိုင်တွယ်ပုံတစ်ခုမှ မတူ ညီကြပါ။ တူညီသည်က တစ်ချက်တည်းရှိပါသည်။

ကျွန်မတို့ ဘာမက်ဆေ့ချ်မှ မပေးပါ’လို့ ပြောထားပါတယ်။ ယခုစာအုပ်နှစ်အုပ်လုံးကို တန်ဖိုး ၂,၀၀၀ ကျပ်စီနဲ့ စာအုပ်ဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်
ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily.
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top