×

အႏုပညာအေပါင္းအသင္းေတြေတာင္ အ့ံၾသသြားခဲ့ရတယ္တဲ့။
သရုပ္ေဆာင္ အလင္းေရာင္နဲ႔ သရုပ္ေဆာင္ ေမ တုိ႔ရဲ႕ ဓာတ္ပုံတစ္ပုံေၾကာင့္ ပရိသတ္ေတြေရာ၊ သူငယ္ခ်င္းအေပါင္းအသင္း ေတြ ၾကားမွာပါ အံ့ၾသေစခဲ့ရပါတယ္။ ႏွစ္ေယာက္စလုံးကေတာ့ ပရိသတ္အားေပးမႈ ရရွိထားၾကသူေတြပါ။

Photo: A Lin Yaung Facebook
သရုပ္ေဆာင္ အလင္းေရာင္နဲ႔ သရုပ္ေဆာင္ ေမတုိ႔ ႏွစ္ေယာက္ဟာ စက္တင္ဘာလ ၁၅ ရက္ေန႔က ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕မွာ က်င္းပျပဳ လုပ္ခဲ့တဲ့ Chang Carnival presents Waterzonic 2018 ပြဲကုိ သြားေရာက္ေပ်ာ္ခဲ့ၾကတယ္လုိ႔ သိရပါတယ္။ ႏွစ္ေယာက္အတူ ရုိက္ထားတဲ့ ဓာတ္ပုံေၾကာင့္လည္း ပရိသတ္ေတြေရာ၊ အႏုပညာေမာင္ႏွမေတြကပါ အ့ံၾသခဲ့ၾကရပါတယ္။

'' ကဲ ေနာက္ဆံုးေတာ့ သူေရာက္လာရပါၿပီ'' ဆုိၿပီးေတာ့ သရုပ္ေဆာင္ ေမ ကုိ ဖက္ထားၿပီး ႏွစ္ေယာက္အတူ ေပ်ာ္ျမဴးေနၾကတဲ့ ဓာတ္ပုံ ေလးကုိ စက္တင္ဘာလ ၁၆ ရက္ေန႔ မနက္ ၄ နာရီခန္႔က အလင္းေရာင္ရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ တင္ခဲ့တာျဖစ္ပါတယ္။ ဒီဓာတ္ပံုရဲ႕ ေအာက္မွာလည္း ပရိသတ္ေတြေရာ၊ အႏုပညာရွင္ေတြကပါ အမ်ဳိးမ်ဳိး Comment ေပးေနၾကတာကုိ ေတြ႔ရပါတယ္။


Photo: A Lin Yaung Facebook
အလင္းေရာင္နဲ႔ ေမ တုိ႔ ႏွစ္ဦးဟာ လက္ရွိမွာေတာ့ ပရိသတ္အားေပးမႈ မ်ားစြာရရွိထားတဲ့ အႏုပညာရွင္ ႏွစ္ဦးျဖစ္ပါတယ္။ အလင္းေရာင္ဟာ အခုလက္ရွိမွာ ရုပ္ရွင္ဇာတ္ကားႀကီးေတြ ရုိက္ကူးေနရတာျဖစ္ၿပီး သူပါဝင္သရုပ္ေဆာင္ထားတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးေတြလည္း ရုံတင္သြား ဖုိ႔ ရွိေသးတယ္လုိ႔ မီဒီယာေတြရဲ႔ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ဖူးပါတယ္။

                                                    Photo: Candy MayFacebook
သရုပ္ေဆာင္ေမ ကေတာ့ လက္ရွိရုံတင္ျပသေနတဲ့ ခ်ဴဆီ ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးမွာ ပါဝင္သရုပ္ထားတာျဖစ္ပါတယ္။ သူ႔အေနနဲ႔လည္း ရုပ္ရွင္ဇာတ္ကားေတြရုိက္ကူးေနရတာျဖစ္ပါတယ္။ ေမ ဟာ Marry ဆုိတဲ့ တစ္ကုိယ္ေတာ္ ေတးစီးရီး ထြက္ရွိၿပီးခဲ့သလုိ အလင္းေရာင္ကလည္း Oh..My Crush ဆုိတဲ့ တစ္ကုိယ္ေတာ္ ေတးစီးရီး ထြက္ရွိၿပီးခ့ဲပါၿပီ။


Photo: A Lin Yaung Facebook
သရုပ္ေဆာင္ အလင္းေရာင္ကုိေရာ၊ သရုပ္ေဆာင္ ေမ ကုိပါ ပရိသတ္ေတြက ဗီဒီယုိဇာတ္ကားေတြကေနတဆင့္ အားေပးလာခဲ့ၾက တာျဖစ္ ပါတယ္။ အဲ့ဒီေနာက္ အႏုပညာသက္တမ္း ၾကာလာတာနဲ႔ အမွ် ႏွစ္ေယာက္စလုံးရဲ႕ အႏုပညာအရည္အေသြးေတြကုိ ပရိသတ္ေတြလက္ခံလာ ၾကတာပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
အနုပညာအပေါင်းအသင်းတွေတောင် အံ့သြသွားခဲ့ရတယ်တဲ့။
သရုပ်ဆောင် အလင်းရောင်နဲ့ သရုပ်ဆောင် မေ တို့ရဲ့ ဓာတ်ပုံတစ်ပုံကြောင့် ပရိသတ်တွေရော၊ သူငယ်ချင်းအပေါင်းအသင်း တွေ ကြားမှာပါ အံ့သြစေခဲ့ရပါတယ်။ နှစ်ယောက်စလုံးကတော့ ပရိသတ်အားပေးမှု ရရှိထားကြသူတွေပါ။

Photo: A Lin Yaung Facebook
သရုပ်ဆောင် အလင်းရောင်နဲ့ သရုပ်ဆောင် မေတို့ နှစ်ယောက်ဟာ စက်တင်ဘာလ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပပြု လုပ်ခဲ့တဲ့ Chang Carnival presents Waterzonic 2018 ပွဲကို သွားရောက်ပျော်ခဲ့ကြတယ်လို့ သိရပါတယ်။ နှစ်ယောက်အတူ ရိုက်ထားတဲ့ ဓာတ်ပုံကြောင့်လည်း ပရိသတ်တွေရော၊ အနုပညာမောင်နှမတွေကပါ အံ့သြခဲ့ကြရပါတယ်။

'' ကဲ နောက်ဆုံးတော့ သူရောက်လာရပါပြီ'' ဆိုပြီးတော့ သရုပ်ဆောင် မေ ကို ဖက်ထားပြီး နှစ်ယောက်အတူ ပျော်မြူးနေကြတဲ့ ဓာတ်ပုံ လေးကို စက်တင်ဘာလ ၁၆ ရက်နေ့ မနက် ၄ နာရီခန့်က အလင်းရောင်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ခဲ့တာဖြစ်ပါတယ်။ ဒီဓာတ်ပုံရဲ့ အောက်မှာလည်း ပရိသတ်တွေရော၊ အနုပညာရှင်တွေကပါ အမျိုးမျိုး Comment ပေးနေကြတာကို တွေ့ရပါတယ်။

Photo: A Lin Yaung Facebook
အလင်းရောင်နဲ့ မေ တို့ နှစ်ဦးဟာ လက်ရှိမှာတော့ ပရိသတ်အားပေးမှု များစွာရရှိထားတဲ့ အနုပညာရှင် နှစ်ဦးဖြစ်ပါတယ်။ အလင်းရောင်ဟာ အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာဖြစ်ပြီး သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရုံတင်သွား ဖို့ ရှိသေးတယ်လို့ မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo: Candy MayFacebook
သရုပ်ဆောင်မေ ကတော့ လက်ရှိရုံတင်ပြသနေတဲ့ ချူဆီ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ထားတာဖြစ်ပါတယ်။ သူ့အနေနဲ့လည်း ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေရတာဖြစ်ပါတယ်။ မေ ဟာ Marry ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီး ထွက်ရှိပြီးခဲ့သလို အလင်းရောင်ကလည်း Oh..My Crush ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီး ထွက်ရှိပြီးခဲ့ပါပြီ။

Photo: A Lin Yaung Facebook
သရုပ်ဆောင် အလင်းရောင်ကိုရော၊ သရုပ်ဆောင် မေ ကိုပါ ပရိသတ်တွေက ဗီဒီယိုဇာတ်ကားတွေကနေတဆင့် အားပေးလာခဲ့ကြ တာဖြစ် ပါတယ်။ အဲ့ဒီနောက် အနုပညာသက်တမ်း ကြာလာတာနဲ့ အမျှ နှစ်ယောက်စလုံးရဲ့ အနုပညာအရည်အသွေးတွေကို ပရိသတ်တွေလက်ခံလာ ကြတာပါ။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top