ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

အိႏၵိယႏိုင္ငံမွာ ေသဆံုးသြားတဲ့ ဖခင္အေလာင္းေဘး ငိုေႂကြးေနတဲ့ သနားစဖြယ္ ကေလးငယ္တဦးရဲ႕ ဓာတ္ပံုဟာ အင္တာနက္ လူမႈကြန္ရက္ စာမ်က္ႏွာေတြေပၚမွာ ပ်ံ႔ႏွံ႔သြားခဲ့ၿပီးေနာက္ က႐ုဏာသက္သူေတြဆီက ေထာက္ပံ့ေၾကးေငြ တရက္အတြင္း ႐ူပီး ၃ သန္းေက်ာ္ ရရွိသြားပါတယ္။

တြစ္တာ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာေတာ့ ဒီဓာတ္ပံုကို ျပန္လည္မွ်ေဝမႈ အႀကိမ္ေရ ၇ ေထာင္ေက်ာ္ ရွိေနခဲ့တယ္လို႔ ဘီဘီစီသတင္းမွာ ဒီကေန႔ ေဖာ္ျပပါတယ္။

ေသဆံုးခဲ့သူ အနီးလ္အမည္ရ အသက္ ၂၇ ႏွစ္အရြယ္ ဖခင္ျဖစ္သူဟာ ၿမိဳ႕ေတာ္ ေဒလီရဲ႕ ေရဆိုးေျမာင္းလုပ္သားတဦးျဖစ္ကာ ေျမာင္းထဲျပဳတ္က် ေသဆံုးခဲ့တာ ျဖစ္ပါတယ္။

ခန္႔မွန္းခ်က္ေတြအရ အိႏၵိယႏုိင္ငံမွာ ႏွစ္စဥ္ ေရဆိုးေျမာင္းလုပ္သား ၁၀၀ ေလာက္ ေသဆံုးေနၾကရတယ္လို႔ ဆိုပါတယ္။

အလုပ္သမား အဖြဲ႔အစည္းေတြကေတာ့ ခုလိုေသဆံုးရတာမ်ိဳးေတြဟာ လုပ္ငန္းခြင္တြင္း လံုၿခံဳစိတ္ခ်ရတဲ့ လုပ္ငန္းသံုးကိရိယာေတြ မပံ့ပိုးေပးႏိုင္တာေၾကာင့္လို႔ ဆိုပါတယ္။

ဟင္ဒူစတန္တိုင္းမ္သတင္းစာက သတင္းေထာက္တဦးျဖစ္တဲ့ ရွီဗ္ဆန္နီက ဖခင္အေလာင္းေဘး ငိုေႂကြးေနတဲ့ ကေလးငယ္ဟာ ၁၁ ႏွစ္အရြယ္ သားျဖစ္တယ္လို႔ ေျပာပါတယ္။

“က်ေနာ္က မႈခင္းသတင္းေထာက္တေယာက္ပါ။ က်ေနာ္ ဝမ္းနည္းေၾကကြဲစရာေတြ အမ်ားႀကီး ျမင္ဖူးပါတယ္။ ဒါေပမယ့္ ခုလိုျမင္ကြင္းကေတာ့ တခါမွ မျမင္ဘူးခဲ့တဲ့ အျဖစ္အပ်က္ပါပဲ။”

ဒီဓာတ္ပံုကို သူက အေလာင္းကို မီးမသၿဂႋဳဟ္ခင္မွာ ႐ုိက္ယူထားခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

သူတို႔မိသားစုဟာ ဆင္းရဲလြန္းတာမို႔ မီးသၿဂႋဳဟ္ခေတာင္ မတတ္ႏိုင္ခဲ့တဲ့အတြက္ အိမ္နီးနားခ်င္းေတြက ကူေငြစုေဆာင္းၿပီး ျပဳလုပ္ခဲ့ၾကရတာ ျဖစ္ပါတယ္။

အနီးလ္ရဲ႕ ၄ လအရြယ္ သားတေယာက္ဟာလည္း ေဆးကုသဖို႔ မတတ္ႏုိင္ခဲ့လို႔ နမိုးနီးယားေရာဂါနဲ႔ ၿပီးခဲ့တဲ့ သီတင္းပတ္က ေသဆံုးသြားခဲ့ရတာပါ။

သူ႔မွာ အသက္ ၇ ႏွစ္နဲ႔ ၃ ႏွစ္အရြယ္ သမီး ၂ ေယာက္လည္း ရွိေနပါေသးတယ္။

အနီးလ္ ေသဆံုးခဲ့ရၿပီးေနာက္မွာေတာ့ သတင္းေထာက္ ဆန္နီက ေထာက္ပံ့ေငြရရွိေစဖို႔ သားျဖစ္သူ ငိုေႂကြးေနတဲ့ဓာတ္ပံုကို တြစ္တာေပၚမွာ တင္ခဲ့ရာမွတဆင့္ စိတ္ဝင္စားမႈေတြ ျမင့္တက္ခဲ့ၿပီး ခုလို ေထာက္ပံ့ေငြေတြ ရရွိခဲ့တာ ျဖစ္ပါတယ္။

ဆန္နီကေတာ့ ဒီေထာက္ပံ့ေငြေတြနဲ႔ ေသဆံုးသူ အနီးလ္ရဲ႕ ကေလးေတြ ေက်ာင္းသြားႏိုင္ဖုိ႔ ေမွ်ာ္လင့္တယ္လို႔ ဆိုပါတယ္။

“လူေတြက လႉဒါန္းကူညီမႈ လုပ္ၾကရင္း သူတို႔မွာ ခုေတာ့ အနာဂတ္ဆိုတာ ရွိလာခဲ့ၿပီေလ။”

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

#Unicode Version#

အိန္ဒိယနိုင်ငံမှာ သေဆုံးသွားတဲ့ ဖခင်အလောင်းဘေး ငိုကြွေးနေတဲ့ သနားစဖွယ် ကလေးငယ်တဦးရဲ့ ဓာတ်ပုံဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီးနောက် ကရုဏာသက်သူတွေဆီက ထောက်ပံ့ကြေးငွေ တရက်အတွင်း ရူပီး ၃ သန်းကျော် ရရှိသွားပါတယ်။

တွစ်တာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ ဒီဓာတ်ပုံကို ပြန်လည်မျှဝေမှု အကြိမ်ရေ ၇ ထောင်ကျော် ရှိနေခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

သေဆုံးခဲ့သူ အနီးလ်အမည်ရ အသက် ၂၇ နှစ်အရွယ် ဖခင်ဖြစ်သူဟာ မြို့တော် ဒေလီရဲ့ ရေဆိုးမြောင်းလုပ်သားတဦးဖြစ်ကာ မြောင်းထဲပြုတ်ကျ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ခန့်မှန်းချက်တွေအရ အိန္ဒိယနိုင်ငံမှာ နှစ်စဉ် ရေဆိုးမြောင်းလုပ်သား ၁၀၀ လောက် သေဆုံးနေကြရတယ်လို့ ဆိုပါတယ်။

အလုပ်သမား အဖွဲ့အစည်းတွေကတော့ ခုလိုသေဆုံးရတာမျိုးတွေဟာ လုပ်ငန်းခွင်တွင်း လုံခြုံစိတ်ချရတဲ့ လုပ်ငန်းသုံးကိရိယာတွေ မပံ့ပိုးပေးနိုင်တာကြောင့်လို့ ဆိုပါတယ်။

ဟင်ဒူစတန်တိုင်းမ်သတင်းစာက သတင်းထောက်တဦးဖြစ်တဲ့ ရှီဗ်ဆန်နီက ဖခင်အလောင်းဘေး ငိုကြွေးနေတဲ့ ကလေးငယ်ဟာ ၁၁ နှစ်အရွယ် သားဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်က မှုခင်းသတင်းထောက်တယောက်ပါ။ ကျနော် ဝမ်းနည်းကြေကွဲစရာတွေ အများကြီး မြင်ဖူးပါတယ်။ ဒါပေမယ့် ခုလိုမြင်ကွင်းကတော့ တခါမှ မမြင်ဘူးခဲ့တဲ့ အဖြစ်အပျက်ပါပဲ။”

ဒီဓာတ်ပုံကို သူက အလောင်းကို မီးမသြင်္ဂိုဟ်ခင်မှာ ရိုက်ယူထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့မိသားစုဟာ ဆင်းရဲလွန်းတာမို့ မီးသြင်္ဂိုဟ်ခတောင် မတတ်နိုင်ခဲ့တဲ့အတွက် အိမ်နီးနားချင်းတွေက ကူငွေစုဆောင်းပြီး ပြုလုပ်ခဲ့ကြရတာ ဖြစ်ပါတယ်။

အနီးလ်ရဲ့ ၄ လအရွယ် သားတယောက်ဟာလည်း ဆေးကုသဖို့ မတတ်နိုင်ခဲ့လို့ နမိုးနီးယားရောဂါနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က သေဆုံးသွားခဲ့ရတာပါ။

သူ့မှာ အသက် ၇ နှစ်နဲ့ ၃ နှစ်အရွယ် သမီး ၂ ယောက်လည်း ရှိနေပါသေးတယ်။

အနီးလ် သေဆုံးခဲ့ရပြီးနောက်မှာတော့ သတင်းထောက် ဆန်နီက ထောက်ပံ့ငွေရရှိစေဖို့ သားဖြစ်သူ ငိုကြွေးနေတဲ့ဓာတ်ပုံကို တွစ်တာပေါ်မှာ တင်ခဲ့ရာမှတဆင့် စိတ်ဝင်စားမှုတွေ မြင့်တက်ခဲ့ပြီး ခုလို ထောက်ပံ့ငွေတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဆန်နီကတော့ ဒီထောက်ပံ့ငွေတွေနဲ့ သေဆုံးသူ အနီးလ်ရဲ့ ကလေးတွေ ကျောင်းသွားနိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

“လူတွေက လှူဒါန်းကူညီမှု လုပ်ကြရင်း သူတို့မှာ ခုတော့ အနာဂတ်ဆိုတာ ရှိလာခဲ့ပြီလေ။”

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top