×

 ေသဆုံးသူအေရအတြက္ ျမင့္တက္လာႏုိင္တယ္လို႕ အစုိးရတာဝန္႐ွိသူက ေျပာပါတယ္။

စူပါတုိင္ဖြန္းမုန္တုိင္း မြန္ဂြတ္က ဖိလစ္ပုိင္ေျမာက္ပုိင္း ကုန္းတြင္းပုိင္းေဒသေတြကုိ ယေန႕ (စက္တင္ဘာ ၁၅ ရက္) မနက္အေစာပုိင္းမွစၿပီး ဝင္ေရာက္တုိက္ခတ္ေနခဲ့ရာ မုိးသည္းထန္စြာ႐ြာသြန္းၿပီး ေနရာအႏွံ႕အျပားမွာ လွ်ပ္စစ္ဓာတ္အားနဲ႕ ဆက္သြယ္ေရးလုိင္းမ်ား ျပတ္ေတာက္ခဲ့ေၾကာင္း သိရပါတယ္။

Photo: AFP
စူပါတုိင္ဖြမန္ဂြြတ္ (Super Typhoon Mangkhut) တုိက္ခတ္မႈအတြင္း ေျမၿပဳိမႈေၾကာင့္ ေသဆုံးသူႏွစ္ဦး အပါအဝင္ လူ ၁၄ ဦးထက္မနည္း ေသဆုံးခဲ့တယ္လို႕ ဆုိပါတယ္။

စူပါတုိင္ဖြန္းေၾကာင့္ ေသဆုံးသူအေရအတြက္ ျမင့္တက္လာႏုိင္ေၾကာင္း သဘာဝေဘးအႏၱရာယ္ဆုိင္ရာဌာနမွ အႀကီးအကဲ ရီကာဒုိဂ်ာလတ္က သတင္းေထာက္ေတြကုိ ေျပာခဲ့ပါတယ္။

ျပင္းအားအဆင့္ ၅ (Category 5) အဆင့္႐ွိ အလြန္အားေကာင္းတဲ့ တိုင္ဖြန္းမန္ဂြတ္က ကာဂါယန္းျပည္နယ္ကုိ ယေန႕မနက္အေစာပုိင္းမွာ စတင္ဝင္ေရာက္ခဲ့ၿပီး လူဇြန္ကၽြန္းတစ္ေလွ်ာက္လုံးမွာ ေလျပင္းမ်ားတုိက္ခတ္ၿပီး မုိးသည္းထန္စြာ႐ြာသြန္းမႈေတြ ျဖစ္ေပၚခဲ့ပါတယ္။


Photo: AP
ယခုမုန္တုိင္းဟာ ဖိလစ္ပုိင္ကုိ ၂၀၁၈ ခုႏွစ္အတြင္း ဝင္ေရာက္တုိက္ခတ္ခဲ့တဲ့ ၁၅ ခုေျမာက္နဲ႕ အားအေကာင္းဆုံး မုန္တုိင္းလည္းျဖစ္လာပါတယ္။ စူပါတုိင္ဖြန္းမုန္တုိင္းရဲ႕ ေလတုိက္ႏႈန္းဟာ တစ္နာရီလွ်င္ ၁၁၅ မုိင္မွ အျမင့္ဆုံး ၁၈၉ မုိင္အထိ ေရာက္႐ွိႏုိင္တယ္လုိ႕ ဆုိပါတယ္။

စူပါတုိင္းဖြန္းမန္ဂြတ္ ျဖတ္သန္းတုိက္ခတ္ရာ လမ္းေၾကာင္းတစ္ေလွ်ာက္မွာ သစ္ပင္မ်ားလဲၿပဳိျခင္း၊ ေနအိမ္မ်ားပ်က္စီးျခင္း၊ ဓာတ္အားလုိင္းနဲ႕ တယ္လီဖုန္းလုိင္းတုိင္မ်ား ၿပဳိလဲျခင္း အစ႐ွိတဲ့ ပ်က္စီးဆုံး႐ႈံးမႈေတြ ျဖစ္ေပၚခဲ့ပါတယ္။


Photo: AP
မုန္တုိင္းျဖတ္သန္းရာ လမ္းေၾကာင္းတစ္ေလွ်ာက္မွာ ဖိလစ္ပုိင္ျပည္သူ ၁၀ သန္း ေနထုိင္လ်က္႐ွိၾကၿပီး မုန္တုိင္းအႏၱရာယ္အတြက္ ႀကဳိတင္ျပင္ဆင္မႈနဲ႕ ေ႐ႊ႕ေျပာင္းမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

တုိင္းဖြန္းမန္ဂြတ္ဟာ ဖိလစ္ပုိင္ကုိ ျဖတ္သန္းတုိက္ခတ္ၿပီးေနာက္ တ႐ုတ္ႏုိင္ငံေတာင္ပုိင္းနဲ႕ ဗီယက္နမ္ကုိ ဆက္လက္ ဦးတည္ေ႐ြ႕လ်ားသြားမယ္လုိ႕ ခန္႕မွန္းထားပါတယ္။ ေဟာင္ေကာင္မွာလည္း စူပါတုိင္ဖြန္းမန္ဂြတ္ တိုက္ခတ္မႈအတြက္ ႀကဳိတင္ျပင္ဆင္မႈေတြ ျပဳလုပ္ထားေၾကာင္း သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ အစိုးရတာဝန်ရှိသူက ပြောပါတယ်။

စူပါတိုင်ဖွန်းမုန်တိုင်း မွန်ဂွတ်က ဖိလစ်ပိုင်မြောက်ပိုင်း ကုန်းတွင်းပိုင်းဒေသတွေကို ယနေ့ (စက်တင်ဘာ ၁၅ ရက်) မနက်အစောပိုင်းမှစပြီး ဝင်ရောက်တိုက်ခတ်နေခဲ့ရာ မိုးသည်းထန်စွာရွာသွန်းပြီး နေရာအနှံ့အပြားမှာ လျှပ်စစ်ဓာတ်အားနဲ့ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခဲ့ကြောင်း သိရပါတယ်။

Photo: AFP
စူပါတိုင်ဖွမန်ဂွတ် (Super Typhoon Mangkhut) တိုက်ခတ်မှုအတွင်း မြေပြိုမှုကြောင့် သေဆုံးသူနှစ်ဦး အပါအဝင် လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စူပါတိုင်ဖွန်းကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ အကြီးအကဲ ရီကာဒိုဂျာလတ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ပြင်းအားအဆင့် ၅ (Category 5) အဆင့်ရှိ အလွန်အားကောင်းတဲ့ တိုင်ဖွန်းမန်ဂွတ်က ကာဂါယန်းပြည်နယ်ကို ယနေ့မနက်အစောပိုင်းမှာ စတင်ဝင်ရောက်ခဲ့ပြီး လူဇွန်ကျွန်းတစ်လျှောက်လုံးမှာ လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Photo: AP
ယခုမုန်တိုင်းဟာ ဖိလစ်ပိုင်ကို ၂၀၁၈ ခုနှစ်အတွင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ၁၅ ခုမြောက်နဲ့ အားအကောင်းဆုံး မုန်တိုင်းလည်းဖြစ်လာပါတယ်။ စူပါတိုင်ဖွန်းမုန်တိုင်းရဲ့ လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၁၁၅ မိုင်မှ အမြင့်ဆုံး ၁၈၉ မိုင်အထိ ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

စူပါတိုင်းဖွန်းမန်ဂွတ် ဖြတ်သန်းတိုက်ခတ်ရာ လမ်းကြောင်းတစ်လျှောက်မှာ သစ်ပင်များလဲပြိုခြင်း၊ နေအိမ်များပျက်စီးခြင်း၊ ဓာတ်အားလိုင်းနဲ့ တယ်လီဖုန်းလိုင်းတိုင်များ ပြိုလဲခြင်း အစရှိတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Photo: AP
မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်မှာ ဖိလစ်ပိုင်ပြည်သူ ၁၀ သန်း နေထိုင်လျက်ရှိကြပြီး မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုနဲ့ ရွှေ့ပြောင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

တိုင်းဖွန်းမန်ဂွတ်ဟာ ဖိလစ်ပိုင်ကို ဖြတ်သန်းတိုက်ခတ်ပြီးနောက် တရုတ်နိုင်ငံတောင်ပိုင်းနဲ့ ဗီယက်နမ်ကို ဆက်လက် ဦးတည်ရွေ့လျားသွားမယ်လို့ ခန့်မှန်းထားပါတယ်။ ဟောင်ကောင်မှာလည်း စူပါတိုင်ဖွန်းမန်ဂွတ် တိုက်ခတ်မှုအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top