(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

အိႏၵိယႏုိင္ငံ အေနာက္ပုိင္းျပည္နယ္မွာ အမ်ဳိးသားႏွစ္ဦးရဲ ့ ျဖားေယာင္းေခၚေဆာင္ခံရကာ ရက္ရက္စက္စက္ မုဒိမ္းက်င့္ခံခဲ့ရတဲ့ အသက္ ၁၂ ႏွစ္အရြယ္ မိန္းကေလးႏွစ္ဦး အနက္ တစ္ဦး ေသဆုံးသြားခဲ့တယ္လုိ ့ သိရပါတယ္။

မဟာရက္ရွ္ထရာျပည္နယ္ ပူေနးၿမိဳ ့မွာရွိတဲ့ သူတုိ ့ အိမ္အနီး ဘုရားေက်ာင္းတစ္ခုမွာ ကစားေနတဲ့ မိန္းကေလးႏွစ္ဦးကုိ အသက္ ၁၇ ႏွစ္နဲ ့၂၂ ႏွစ္အရြယ္ အမ်ဳိးသားေတြက ေခ်ာ့ကလက္ေတြေကၽြးမယ္ဆုိကာ အေ၀းတစ္ေနရာကုိ ျဖားေယာင္းေခၚေဆာင္ သြားခဲ့ၾကတာပါ။ စြပ္စြဲခံရသူႏွစ္ဦးဟာ မိန္းကေလးႏွစ္ဦးကုိ လူသူကင္းမဲ့တဲ့ ေနရာတစ္ခုကုိ ေခၚေဆာင္သြားခဲ့ၾကၿပီးေနာက္ သူတုိ ့ကုိ မုဒိမ္းက်င့္ခဲ့ၾကပါတယ္။ ယင္းျဖစ္ရပ္ဟာ ပူေနးၿမိဳ ့ ဟင္ဂ်ာ၀ါဒီအရပ္မွာ တနဂၤေႏြေန ့က ျဖစ္ပြားခဲ့တာလုိ ့ သိရပါတယ္။

ရက္စက္စြာ အဓမၼျပဳက်င့္ခဲ့ၾကအၿပီးမွာ ျဖစ္ပ်က္ခဲ့တာေတြကုိ တစ္ေယာက္ေယာက္ကုိ ျပန္ေျပာမယ္ဆုိရင္ သူတုိ ့မိသားစု၀င္ေတြကုိ သတ္ပစ္မယ္လုိ ့ ယင္း အမ်ဳိးသားႏွစ္ဦးက ၿခိမ္းေျခာက္ခဲ့ေၾကာင္း ဟင္ဂ်ာ၀ါဒီ ရဲတပ္ဖြဲ ့က ေျပာဆုိပါတယ္။ စိတ္ေျခာက္ျခားေနတဲ့ မိန္းကေလးႏွစ္ဦးအနက္ တစ္ဦးဟာ အိမ္ျပန္ေရာက္ခ်ိန္မွာ သတိလစ္သြားခဲ့ပါတယ္။

သမီးျဖစ္သူ ဘယ္လုိျဖစ္ရပ္ဆုိးႀကဳံခဲ့တယ္ဆုိတာ မသိရေသးတဲ့ မိဘေတြက သူ ့ကုိ ပုဂၢလိက ေဆးရုံတစ္ခုဆီ ေခၚသြားခဲ့ပါတယ္။ ေနာက္ပုိင္းမွာ ဒုတိယေျမာက္ မိန္းကေလးက သတၱိေမြးကာ သူတုိ ့ႀကဳံခဲ့ရတဲ့ ျဖစ္ရပ္ဆုိးကုိ မိဘေတြထံ ျပန္ေျပာျပခဲ့တာပါ။ ေဆးရုံတက္ခဲ့ရတဲ့ မိန္းကေလးဟာ အဓမၼျပဳက်င့္ခံရခ်ိန္က ရခဲ့တဲ့ ဒဏ္ရာေတြေၾကာင့္ ဗုဒၶဟူးေန ့(စက္တင္ဘာ ၁၉) ရက္ေန ့မွာ ေသဆုံးသြားခဲ့ပါတယ္။ ဒုတိယေျမာက္မိန္းကေလး က က်ဴးလြန္ခဲ့တဲ့ အမ်ဳိးသားႏွစ္ဦးကုိ ေဖာ္ထုတ္ ေပးခဲ့တာေၾကာင့္ ၄င္းတုိ ့ကုိ ရဲက ဖမ္းဆီးထားခဲ့ၿပီလုိ ့ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ကိုလင္း

#Unicode Version#
အိန္ဒိယနိုင်ငံ အနောက်ပိုင်းပြည်နယ်မှာ အမျိုးသားနှစ်ဦးရဲ့ ဖြားယောင်းခေါ်ဆောင်ခံရကာ ရက်ရက်စက်စက် မုဒိမ်းကျင့်ခံခဲ့ရတဲ့ အသက် ၁၂ နှစ်အရွယ် မိန်းကလေးနှစ်ဦး အနက် တစ်ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

မဟာရက်ရှ်ထရာပြည်နယ် ပူနေးမြို့မှာရှိတဲ့ သူတို့ အိမ်အနီး ဘုရားကျောင်းတစ်ခုမှာ ကစားနေတဲ့ မိန်းကလေးနှစ်ဦးကို အသက် ၁၇ နှစ်နဲ့၂၂ နှစ်အရွယ် အမျိုးသားတွေက ချော့ကလက်တွေကျွေးမယ်ဆိုကာ အဝေးတစ်နေရာကို ဖြားယောင်းခေါ်ဆောင် သွားခဲ့ကြတာပါ။ စွပ်စွဲခံရသူနှစ်ဦးဟာ မိန်းကလေးနှစ်ဦးကို လူသူကင်းမဲ့တဲ့ နေရာတစ်ခုကို ခေါ်ဆောင်သွားခဲ့ကြပြီးနောက် သူတို့ကို မုဒိမ်းကျင့်ခဲ့ကြပါတယ်။ ယင်းဖြစ်ရပ်ဟာ ပူနေးမြို့ ဟင်ဂျာဝါဒီအရပ်မှာ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ရက်စက်စွာ အဓမ္မပြုကျင့်ခဲ့ကြအပြီးမှာ ဖြစ်ပျက်ခဲ့တာတွေကို တစ်ယောက်ယောက်ကို ပြန်ပြောမယ်ဆိုရင် သူတို့မိသားစုဝင်တွေကို သတ်ပစ်မယ်လို့ ယင်း အမျိုးသားနှစ်ဦးက ခြိမ်းခြောက်ခဲ့ကြောင်း ဟင်ဂျာဝါဒီ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ စိတ်ခြောက်ခြားနေတဲ့ မိန်းကလေးနှစ်ဦးအနက် တစ်ဦးဟာ အိမ်ပြန်ရောက်ချိန်မှာ သတိလစ်သွားခဲ့ပါတယ်။

သမီးဖြစ်သူ ဘယ်လိုဖြစ်ရပ်ဆိုးကြုံခဲ့တယ်ဆိုတာ မသိရသေးတဲ့ မိဘတွေက သူ့ကို ပုဂ္ဂလိက ဆေးရုံတစ်ခုဆီ ခေါ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒုတိယမြောက် မိန်းကလေးက သတ္တိမွေးကာ သူတို့ကြုံခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကို မိဘတွေထံ ပြန်ပြောပြခဲ့တာပါ။ ဆေးရုံတက်ခဲ့ရတဲ့ မိန်းကလေးဟာ အဓမ္မပြုကျင့်ခံရချိန်က ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဗုဒ္ဓဟူးနေ့(စက်တင်ဘာ ၁၉) ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။ ဒုတိယမြောက်မိန်းကလေး က ကျူးလွန်ခဲ့တဲ့ အမျိုးသားနှစ်ဦးကို ဖော်ထုတ် ပေးခဲ့တာကြောင့် ၎င်းတို့ကို ရဲက ဖမ်းဆီးထားခဲ့ပြီလို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: ကိုလင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top