×





Credit:.7daydaily
# Unicode Version ဖြင့် ဖတ်ပါ #
 အမေရိကန်ကော်ဖီဆိုင် The Coffee Bean & Tea Leaf ၏ လေးခုမြောက် မြန်မာပြည်ဆိုင်ခွဲ ကို မြန်မာပလာဇာ၌ စက်တင် ဘာ ၁၅ ရက်က ဖွင့်လှစ်သည်။


မြန်မာနိုင်ငံတွင် ယင်းဆိုင် ခွဲများကို Singapore MyanmarInvestco Limited (SMI)Group က ဖွင့်လှစ်ခြင်းဖြစ်ပြီး ဆိုင်ခွဲသုံး ခုကို ၂၀၁၆၊ ၂၀၁၇ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal-1 နှင့် 3 တွင် ဖွင့်လှစ်ခဲ့သည်။ ထို့အပြင် လာမည့် ဒီဇင်ဘာတွင် ရန်ကုန်မြို့ Jun-ction Square ၌ ငါးဆိုင်မြောက် ဖွင့်လှစ်မည်ဖြစ်ပြီး ၂၀၁၉ တွင် ဆိုင်ခွဲသုံးခု ထပ်မံဖွင့်မည်ဟု SMI Group မှ Franchise Ma-nager ဒေါ်ခင်သီတာစိုးကပြော သည်။

‘‘The Coffee Bean & Tea Leaf က ကမ္ဘာ့ထိပ်တန်းကော်ဖီ ဆိုင်ဖြစ်ပြီးတော့ စင်ကာပူ၊ မလေး ရှား၊ ဗီယက်နမ် စတဲ့ အာရှတိုက် ရဲ့ နိုင်ငံတွေမှာ လူကြိုက်များ တယ်။ အာရှကော်ဖီဆိုင်ဈေး ကွက်မှာ ရှေ့ပြေးဖြစ်နေတယ်။ မြန်မာနိုင်ငံက စားသုံးသူတွေကို ကမ္ဘာ့ထိပ်တန်း ကော်ဖီအရသာ ကို ဝန်ဆောင်မှုပေးသွားမှာပါ’’ဟု ဒေါ်ခင်သီတာစိုးကပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:.7daydaily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top