×

ပစိဖိတ္သမုဒၵရာကို တနာရီ မိုင္ ၁၄ဝ ႏႈန္းျဖင့္ ျဖတ္သန္းလာသည့္ Mangkhut တိုင္ဖြန္းမုန္တိုင္း ေကာင္းကင္ဓာတ္ပုံ။
ပစိဖိတ္သမုဒၵရာကို တနာရီ မိုင္ ၁၄ဝ ႏႈန္းနဲ႔ ျဖတ္သန္းလာတဲ့ တိုင္ဖြန္းမုန္တိုင္း Mangkhut ဟာ ဆက္လက္ အင္အားေကာင္းေနဆဲျဖစ္ၿပီး၊ ဖိလစ္ပိုင္ႏိုင္ငံ အေရွ႕ေျမာက္ဘက္ကမ္းေျခက လူေနထူထပ္ရာ ျပည္နယ္ေတြဆီ ဦးတည္ေရြ႕လ်ားေနပါတယ္။

အဲဒီေဒသမွာေနထိုင္သူ လူတစ္သန္းခြဲေက်ာ္ကေတာ့ ေဘးလြတ္ရာကို ေရႊ႕ေျပာင္းၿပီး ျဖစ္ပါတယ္။

ေလတိုက္ႏႈန္း အရမ္းျပင္းထန္မယ့္ အဲဒီဆူပါတိုင္ဖြန္းမုန္တိုင္းဟာ လူေပါင္း ေလးသန္းေလာက္ေနထိုင္တဲ့ ျပည္နယ္ေတြကို ျဖတ္သန္းသြားဖို႔ရွိၿပီး ျပင္းအားအဆင့္ (၅) ေလာက္ရွိတယ္လို႔ ဟာဝိုင္ယီကြ်န္းရွိ တိုင္ဖုန္းအႏၲရာယ္ ပူးတြဲသတိေပးဌာနက သတ္မွတ္ထားပါတယ္။

မုန္တိုင္းဟာ ဖိလစ္ပိုင္ႏိုင္ငံကို ျဖတ္သန္းၿပီးေနာက္ တနလၤာေန႔မနက္ပိုင္းမွာ တရုတ္ျပည္မႀကီး၊ ေဟာင္ေကာင္ကၽြန္းေတာင္ပိုင္းနဲ႔ ဟိုင္နန္ကၽြန္းေျမာက္ပိုင္းေတြကို ေလတိုက္ႏႈန္း တစ္နာရီ ၁ဝ၉ မိုင္နဲ႔ ျဖတ္သန္းမယ္လို႔ ဆိုပါတယ္။

တရုတ္ႏိုင္ငံ ကြမ္တုန္ျပည္နယ္မွာ ကယ္ဆယ္ေရးစခန္းေပါင္း ၃၈ဝဝ နီးပါး ေဆာက္လုပ္ထားၿပီး မုန္တိုင္းျဖတ္သန္းမယ့္ေဒသမွာ ေနထိုင္သူ တစ္သိန္းေက်ာ္ဟာ အဲဒီစခန္းေတြဆီ ေျပာင္းေရႊ႕ေနၾကၿပီ ျဖစ္ပါတယ္။

အဲဒီျပည္နယ္ေတြအတြင္းက ငါးဖမ္းေလွ ၃ ေသာင္း ၆ ေထာင္ေက်ာ္ကို ကမ္းျပန္ကပ္ၾကဖို႔ေခၚထားၿပီး က်န္ေက်ာင္းနဲ႔ ေမာင္မီးၿမိဳ႕ႀကီးေတြအၾကား ေျပးဆြဲေနတဲ့ ရထားခရီးစဥ္ေတြ၊ ကြမ္တုန္နဲ႔ ဟိုင္နန္ျပည္နယ္ကို ေျပးဆြဲေနတဲ့ ကူးတို႔သေဘၤာေတြကိုလည္း ရပ္ဆိုင္းထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: RFA Burmese
https://www.facebook.com/rfaburmese/
#Unicode Version#
ပစိဖိတ်သမုဒ္ဒရာကို တနာရီ မိုင် ၁၄ဝ နှုန်းဖြင့် ဖြတ်သန်းလာသည့် Mangkhut တိုင်ဖွန်းမုန်တိုင်း ကောင်းကင်ဓာတ်ပုံ။
ပစိဖိတ်သမုဒ္ဒရာကို တနာရီ မိုင် ၁၄ဝ နှုန်းနဲ့ ဖြတ်သန်းလာတဲ့ တိုင်ဖွန်းမုန်တိုင်း Mangkhut ဟာ ဆက်လက် အင်အားကောင်းနေဆဲဖြစ်ပြီး၊ ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက်ဘက်ကမ်းခြေက လူနေထူထပ်ရာ ပြည်နယ်တွေဆီ ဦးတည်ရွေ့လျားနေပါတယ်။

အဲဒီဒေသမှာနေထိုင်သူ လူတစ်သန်းခွဲကျော်ကတော့ ဘေးလွတ်ရာကို ရွှေ့ပြောင်းပြီး ဖြစ်ပါတယ်။

လေတိုက်နှုန်း အရမ်းပြင်းထန်မယ့် အဲဒီဆူပါတိုင်ဖွန်းမုန်တိုင်းဟာ လူပေါင်း လေးသန်းလောက်နေထိုင်တဲ့ ပြည်နယ်တွေကို ဖြတ်သန်းသွားဖို့ရှိပြီး ပြင်းအားအဆင့် (၅) လောက်ရှိတယ်လို့ ဟာဝိုင်ယီကျွန်းရှိ တိုင်ဖုန်းအန္တရာယ် ပူးတွဲသတိပေးဌာနက သတ်မှတ်ထားပါတယ်။

မုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံကို ဖြတ်သန်းပြီးနောက် တနင်္လာနေ့မနက်ပိုင်းမှာ တရုတ်ပြည်မကြီး၊ ဟောင်ကောင်ကျွန်းတောင်ပိုင်းနဲ့ ဟိုင်နန်ကျွန်းမြောက်ပိုင်းတွေကို လေတိုက်နှုန်း တစ်နာရီ ၁ဝ၉ မိုင်နဲ့ ဖြတ်သန်းမယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ ကွမ်တုန်ပြည်နယ်မှာ ကယ်ဆယ်ရေးစခန်းပေါင်း ၃၈ဝဝ နီးပါး ဆောက်လုပ်ထားပြီး မုန်တိုင်းဖြတ်သန်းမယ့်ဒေသမှာ နေထိုင်သူ တစ်သိန်းကျော်ဟာ အဲဒီစခန်းတွေဆီ ပြောင်းရွှေ့နေကြပြီ ဖြစ်ပါတယ်။

အဲဒီပြည်နယ်တွေအတွင်းက ငါးဖမ်းလှေ ၃ သောင်း ၆ ထောင်ကျော်ကို ကမ်းပြန်ကပ်ကြဖို့ခေါ်ထားပြီး ကျန်ကျောင်းနဲ့ မောင်မီးမြို့ကြီးတွေအကြား ပြေးဆွဲနေတဲ့ ရထားခရီးစဉ်တွေ၊ ကွမ်တုန်နဲ့ ဟိုင်နန်ပြည်နယ်ကို ပြေးဆွဲနေတဲ့ ကူးတို့သင်္ဘောတွေကိုလည်း ရပ်ဆိုင်းထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: RFA Burmese
https://www.facebook.com/rfaburmese/




 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top